သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးတဲ့ မဲ႐ံုလုပ္သား ပညာေရးဝန္ထမ္းေတြအတြက္ ကူညီေထာက္ပံ့မယ္


ရန္ကုန္ၿမိဳ႕ မဲ႐ံုတခုတြင္ ဆႏၵမဲမ်ားေရတြက္ေနသည့္ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ (ႏိုဝင္ဘာ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြမွာ မဲ႐ုံတာ၀န္ယူခဲ့တဲ့ ပညာေရး၀န္ထမ္းေတြထဲက ေရာဂါပုိးကူးစက္ခံရသူေတြကုိ က်န္းမာေရးစရိတ္အျဖစ္ ကူညီေထာက္ပံ့ဖုိ႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ေရြးေကာက္ပဲြကာလ မဲ႐ုံေတြမွာ တာ၀န္ယူရင္း လူအမ်ားနဲ႔ ထိေတြ႔ဆက္ဆံခဲ့ၾကရတဲ့ ေက်ာင္းဆရာ၊ ဆရာမေတြၾကား ကုိဗစ္ေရာဂါ ကူးစက္မႈေတြ ႀကံဳခဲ့ရတာေၾကာင့္ အကူအညီေပးတဲ့ အေနနဲ႔ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဆရာ၊ ဆရာမမ်ားအဖဲြ႔ခ်ဳပ္က ေထာက္ပံ့ေပးေနတာပါ။ ေရာဂါကူးစက္ခံၾကရတဲ့ ပညာေရး၀န္ထမ္းေတြအတြက္ တဘက္တလမ္းက အေထာက္အကူျဖစ္ေအာင္ ရည္ရြယ္ၿပီး ကူညီေနတာလို႔လည္း ျမန္မာႏုိင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က အတြင္းေရးမွဴး ေဒါက္တာေဇာ္မ်ဳိးလိႈင္က ေျပာပါတယ္။

“သူတို႔ လိုတာ သံုးဖို႔အတြက္ က်ေနာ္တို႔ ဂုဏ္ျပဳေငြေပါ့ေနာ္ တစ္ေယာက္ကို ၅၀,၀၀၀ လိုက္ၿပီး ဂုဏ္ျပဳပါတယ္ခင္ဗ်။ အခုမနက္ စာရင္းတက္ထပ္ေပါင္းရင္ ၄၀ ေက်ာ္လာပါၿပီခင္ဗ်ာ။ ဂုဏ္ျပဳတာေတာ့ ႐ိုး႐ုိးေလးပါ... က်ေနာ္တို႔ ပညာေရးမိသားစုေတြက ဒီတိုင္းျပည္တာဝန္ထမ္းေဆာင္ရင္းနဲ႔ ဒီအသက္အႏၱရာယ္ အရမ္းနီးတဲ့ေရာဂါကုိ ကူးစက္ခံလိုက္ရတဲ့အတြက္ ဒီဆရာ၊ ဆရာမေတြက အသက္စြန္႔ခံၿပီး တိုင္းျပည္တာဝန္ ထမ္းေဆာင္ေပးတဲ့အတြက္ က်ေနာ္တို႔အေနနဲ႔ အဖြဲ႕ခ်ဳပ္ကေန ဂုဏ္ျပဳတဲ့ သေဘာပါခင္ဗ်ာ။”

ေရြးေကာက္ပြဲကာလမွာ တာဝန္ထမ္းေဆာင္ရင္း ေရာဂါကူးစက္ခံရတဲ့ ပညာေရး၀န္ထမ္း ၄၀ ထက္မနည္း ရွိေနၿပီး အမ်ားစုကေတာ့ ရန္ကုန္တုိင္းက ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ မဲ႐ုံေတြမွာ တာ၀န္ယူခဲ့ၿပီးေနာက္ ေရာဂါကူးစက္သူ ပညာေရး၀န္ထမ္း ၃၀ ေက်ာ္ ရွိေနတဲ့ ရန္ကုန္တုိင္းအတြင္း ေသဆုံးသူအနည္းဆုံး ၁ ဦး ရွိခဲ့သလုိ၊ ေရာဂါလကၡဏာ ျပင္းထန္သူ တခ်ဳိ႕လည္း ရွိေနတယ္လုိ႔ ေဒါက္တာေဇာ္မ်ဳိးလိႈင္က ေျပာပါတယ္။

“အနည္းအက်ဥ္းကေတာ့ စိုးရိမ္ရတဲ့အေနအထားေတာ့ ၾကားရတယ္၊ စိုးရိမ္တယ္ဆိုတာလည္း စကားေျပာရင္း ေမာတဲ့ အေနအထားေလာက္ေရာက္တာေပါ့ေနာ္။ အဲ့ဒီမွာေတာ့ က်ေနာ္တို႔ေတြ႕ရတဲ့အထဲဆိုရင္ အသက္ ၅၈ ႏွစ္အရြယ္ တစ္ေယာက္ဆိုရင္လည္း ကံေကာင္းစြာပဲ အိမ္ျပန္ခြင့္ရလာပါၿပီ။ ေနာက္ က်ေနာ္တို႔ရထားတဲ့ သတင္းထဲမွာေတာ့ ဗိုလ္တေထာင္ဘက္က ဆရာမႀကီးကေတာ့ အသက္ဆံုးပါးသြားၿပီလို႔ က်ေနာ္တို႔ သတင္းရပါတယ္။ သူ႔မိသားစုနဲ႔ ဆက္သြယ္ဖို႔ က်ေနာ္တို႔ ႀကိဳးစားေနပါတယ္။”

ကုိဗစ္ေရာဂါကူးစက္သူေတြကုိ ေထာက္ပံ့တဲ့ အစီအစဥ္အေပၚမွာေတာ့ လုပ္ေဖာ္ကုိင္ဖက္ ပညာေရး၀န္ထမ္းေတြကလည္း ႀကိဳဆုိလုိက္ၾကပါတယ္။ ဒီအစီအစဥ္ဟာ ပညာေရး၀န္ထမ္းေတြအတြက္ ခြန္အားျဖစ္ေစတယ္လုိ႔လည္း မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က အေျခခံပညာ အထက္တန္း ေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္စန္းေဝက ေျပာပါတယ္။

“က်မတို႔ ေက်ာင္းမွာက မဲ႐ုံ ၂ ခုေပါ့၊ အဲ့မွာေတာ့ က်မတို႔ေက်ာင္းက ဆရာ၊ ဆရာမေတြေတာ့ positive တစ္ေယာက္မွမရွိဘူးေပါ့ေလ။ ဒါေပမဲ့ အဲ့လိုမ်ဳိးရွိခဲ့တဲ့ ေနရာေတြထဲကေနၿပီးေတာ့ အဲ့ဒီလိုေထာက္ပံ့ေပးတာ ဘာတို႔ဆိုရင္ေတာ့ ေက်းဇူးတင္စရာေကာင္းတယ္ေပါ့။ သူတို႔လည္း အားျဖစ္တာေပါ့ရွင္။ သူတို႔ကို ျပန္ၿပီးၾကည့္႐ႈတဲ့အတြက္ေၾကာင့္မို႔လို႔ ပိုၿပီးေတာ့ ခြန္အားရွိေစတယ္ေပါ့ရွင္... က်မထင္တာေပါ့။ ဘယ္သူမဆို ဆရာမေတြက အစ က်မတို႔ ေက်ာင္းအုပ္ေတြေပါ့။ ဟာ... ဆရာမေတြက ေတာ္လိုက္တာ ဒါေလးလုပ္လုိ႔ရွိရင္ ေကာင္းလိုက္တာ စကားေလးနဲ႔ပဲ အားေပးလိုက္ရင္ သူတို႔ေတြ အရမ္းအားတက္ၾကတယ္ ဆရာမေတြကေလ။”

ကုိဗစ္ေရာဂါပုိး ကူးစက္ခံရသူ ပညာေရး၀န္ထမ္းေတြ အေနနဲ႔လည္း ဆက္သြယ္လာၾကဖုိ႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္က တုိက္တြန္းထားသလုိ၊ အစီအစဥ္မွာ အလွဴရွင္ေတြ ပူေပါင္းပါဝင္ဖို႔လည္း ဖိတ္ေခၚထားပါတယ္။ မဲ႐ုံေတြမွာ တာ၀န္ယူခဲ့ၿပီးေနာက္ ေရာဂါကူးစက္ခံရသူ ပညာေရး၀န္ထမ္းေတြရဲ႕ အခ်က္အလက္ေတြကုိ စုေဆာင္းၿပီးရင္လည္း သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြထံ ေပးပို႔သြားမွာျဖစ္တယ္လုိ႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ အတြင္းေရးမွဴး ေဒါက္တာေဇာ္မ်ဳိးလိႈင္က ေျပာပါတယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲအတြင္း ႏိုင္ငံအဝန္းက မဲ႐ုံေတြမွာ တာဝန္ယူခဲ့တဲ့ ဆရာ၊ ဆရာမ အေရအတြက္ကေတာ့ ၂၀၀,၀၀၀ နီးပါး ရွိတယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးတဲ့ မဲရုံလုပ်သား ပညာရေးဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မယ်

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူခဲ့တဲ့ ပညာရေးဝန်ထမ်းတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေကို ကျန်းမာရေးစရိတ်အဖြစ် ကူညီထောက်ပံ့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ယူရင်း လူအများနဲ့ ထိတွေ့ဆက်ဆံခဲ့ကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေကြား ကိုဗစ်ရောဂါ ကူးစက်မှုတွေ ကြုံခဲ့ရတာကြောင့် အကူအညီပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထောက်ပံ့ပေးနေတာပါ။ ရောဂါကူးစက်ခံကြရတဲ့ ပညာရေးဝန်ထမ်းတွေအတွက် တဘက်တလမ်းက အထောက်အကူဖြစ်အောင် ရည်ရွယ်ပြီး ကူညီနေတာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“သူတို့ လိုတာ သုံးဖို့အတွက် ကျနော်တို့ ဂုဏ်ပြုငွေပေါ့နော် တစ်ယောက်ကို ၅၀,၀၀၀ လိုက်ပြီး ဂုဏ်ပြုပါတယ်ခင်ဗျ။ အခုမနက် စာရင်းတက်ထပ်ပေါင်းရင် ၄၀ ကျော်လာပါပြီခင်ဗျာ။ ဂုဏ်ပြုတာတော့ ရိုးရိုးလေးပါ... ကျနော်တို့ ပညာရေးမိသားစုတွေက ဒီတိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ ဒီအသက်အန္တရာယ် အရမ်းနီးတဲ့ရောဂါကို ကူးစက်ခံလိုက်ရတဲ့အတွက် ဒီဆရာ၊ ဆရာမတွေက အသက်စွန့်ခံပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ပေးတဲ့အတွက် ကျနော်တို့အနေနဲ့ အဖွဲ့ချုပ်ကနေ ဂုဏ်ပြုတဲ့ သဘောပါခင်ဗျာ။”

ရွေးကောက်ပွဲကာလမှာ တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံရတဲ့ ပညာရေးဝန်ထမ်း ၄၀ ထက်မနည်း ရှိနေပြီး အများစုကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့လည်း ပြောပါတယ်။ မဲရုံတွေမှာ တာဝန်ယူခဲ့ပြီးနောက် ရောဂါကူးစက်သူ ပညာရေးဝန်ထမ်း ၃၀ ကျော် ရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း သေဆုံးသူအနည်းဆုံး ၁ ဦး ရှိခဲ့သလို၊ ရောဂါလက္ခဏာ ပြင်းထန်သူ တချို့လည်း ရှိနေတယ်လို့ ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

“အနည်းအကျဉ်းကတော့ စိုးရိမ်ရတဲ့အနေအထားတော့ ကြားရတယ်၊ စိုးရိမ်တယ်ဆိုတာလည်း စကားပြောရင်း မောတဲ့ အနေအထားလောက်ရောက်တာပေါ့နော်။ အဲ့ဒီမှာတော့ ကျနော်တို့တွေ့ရတဲ့အထဲဆိုရင် အသက် ၅၈ နှစ်အရွယ် တစ်ယောက်ဆိုရင်လည်း ကံကောင်းစွာပဲ အိမ်ပြန်ခွင့်ရလာပါပြီ။ နောက် ကျနော်တို့ရထားတဲ့ သတင်းထဲမှာတော့ ဗိုလ်တထောင်ဘက်က ဆရာမကြီးကတော့ အသက်ဆုံးပါးသွားပြီလို့ ကျနော်တို့ သတင်းရပါတယ်။ သူ့မိသားစုနဲ့ ဆက်သွယ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

ကိုဗစ်ရောဂါကူးစက်သူတွေကို ထောက်ပံ့တဲ့ အစီအစဉ်အပေါ်မှာတော့ လုပ်ဖော်ကိုင်ဖက် ပညာရေးဝန်ထမ်းတွေကလည်း ကြိုဆိုလိုက်ကြပါတယ်။ ဒီအစီအစဉ်ဟာ ပညာရေးဝန်ထမ်းတွေအတွက် ခွန်အားဖြစ်စေတယ်လို့လည်း မွန်ပြည်နယ် မော်လမြိုင်မြို့က အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝေက ပြောပါတယ်။

“ကျမတို့ ကျောင်းမှာက မဲရုံ ၂ ခုပေါ့၊ အဲ့မှာတော့ ကျမတို့ကျောင်းက ဆရာ၊ ဆရာမတွေတော့ positive တစ်ယောက်မှမရှိဘူးပေါ့လေ။ ဒါပေမဲ့ အဲ့လိုမျိုးရှိခဲ့တဲ့ နေရာတွေထဲကနေပြီးတော့ အဲ့ဒီလိုထောက်ပံ့ပေးတာ ဘာတို့ဆိုရင်တော့ ကျေးဇူးတင်စရာကောင်းတယ်ပေါ့။ သူတို့လည်း အားဖြစ်တာပေါ့ရှင်။ သူတို့ကို ပြန်ပြီးကြည့်ရှုတဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ခွန်အားရှိစေတယ်ပေါ့ရှင်... ကျမထင်တာပေါ့။ ဘယ်သူမဆို ဆရာမတွေက အစ ကျမတို့ ကျောင်းအုပ်တွေပေါ့။ ဟာ... ဆရာမတွေက တော်လိုက်တာ ဒါလေးလုပ်လို့ရှိရင် ကောင်းလိုက်တာ စကားလေးနဲ့ပဲ အားပေးလိုက်ရင် သူတို့တွေ အရမ်းအားတက်ကြတယ် ဆရာမတွေကလေ။”

ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ပညာရေးဝန်ထမ်းတွေ အနေနဲ့လည်း ဆက်သွယ်လာကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က တိုက်တွန်းထားသလို၊ အစီအစဉ်မှာ အလှူရှင်တွေ ပူပေါင်းပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ မဲရုံတွေမှာ တာဝန်ယူခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူ ပညာရေးဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီးရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေထံ ပေးပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံအဝန်းက မဲရုံတွေမှာ တာဝန်ယူခဲ့တဲ့ ဆရာ၊ ဆရာမ အရေအတွက်ကတော့ ၂၀၀,၀၀၀ နီးပါး ရှိတယ်လို့လည်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG