သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာလ အေမရိကန္ေက်းဇူးေတာ္ေန႔


(Zawgyi/Unicode)

တစ္ကမာၻလံုးမွာ ကိုဗစ္ပိုးေတြ႔သူေပါင္း သန္း ၆၀ ေက်ာ္လာၿပီး၊ ေသဆံုးသူေတြလည္း ၁.၄ သန္းေက်ာ္အထိ ေနာက္ထပ္ျမင့္တက္လာခ်ိန္မွာ၊ အဆိုးဆံုးခံေနရတဲ့ အေမရိကန္ႏိုင္ငံ မွာေတာ့ Thanksgiving ေက်းဇူးေတာ္ေန႔ကို၊ မိသားစုေတြနဲ႔ အရင္လိုသိပ္မေပွ်ာ္ႏိုင္ပဲ ဆင္ႏြဲေနၾကပါၿပီ။

ဒီ ေက်းဇူးေတာ္ေန႔အားလပ္ရက္မတိုင္ခင္ညမွာ ေန႔စဥ္ေသဆံုးမူ ၆လအတြင္း ၂၀၀၀ေက်ာ္အဆင့္ အျမင့္ဆံုးတက္ခဲ့တဲ့ အေမရိကန္မွာ၊ အရင္ပံုမွန္အားျဖင့္၊ အိမ္ကေန အေဝးေရာက္ေနတဲ့ မိသားစုနဲ႔ မိတ္ေဆြေတြအားလံုး ျပန္ဆံုအတူတူစားေသာက္ေလ့ရွိတာမို႔၊ အခုလည္း လူေတြစုမိၿပီး ကိုဗစ္ကူးစက္မူေတြ အမ်ားႀကီးထပ္တိုးလားမွာကိုလည္း စိုးရိမ္မူေတြ ျမင့္မားေနပါတယ္။

ကိုဗစ္ပိုးကူးခံရသူေပါင္း ၁၃ သန္းနီးပါးနဲ႔ ေသဆံုးသူေပါင္း ၂ သိန္း ၆ ေသာင္းေက်ာ္လာတဲ့ အေမရိကန္မွာ ေရြးေကာက္ခံသမၼတ Joe Biden ကလည္း အေမရိကန္တႏုိင္ငံလံုးမွာ ေပ်ာ္စရာေကာင္းတဲ့ ေက်းဇူးေတာ္ေန႔ ျဖစ္ပါေစလို႔၊ သူ႔ဇနီးနဲ႔အတူ ဆုမြန္ေကာင္းပို႔သလိုက္ေပမဲ့၊ ကိုဗစ္ေရာဂါေၾကာင့္ ဒုကၡခံစားေနရတဲ့ မိသားစုမ်ားစြာအတြက္လည္း စိတ္မေကာင္းေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

Mr. Biden ကပဲ၊ CNN ရုပ္သံမွာ မေန႔ကေဖာ္ျပခဲ့တဲ့ ေဆာင္းပါးထဲမွာ၊ အေမရိကန္ႏိုင္ငံတဝွမ္းက ထမင္းစားပြဲေတြမွာ မလာႏိုင္တဲ့သူေတြရဲ့ ထိုင္ခံုလြတ္ေတြရွိေနလိမ့္မယ္၊ ဒါေပမဲ့ အားလံုးနဲ႔အတူ ကၽြန္ေတာ္တို႔မိသားစုလည္း ဒီအေရးပါဆံုးထံုထမ္းစဥ္လာပြဲကို ဆင္ႏႊဲသြားမွာပါလို႔ ဆိုခဲ့ပါတယ္။

ခုလိုအခ်ိန္မွာ ကမာၻတစ္ဝွမ္းမွာလည္း ကိုဗစ္ကာကြယ္ေဆးအတြက္ ေမွ်ာ္လင့္ခ်က္ေတြျမင့္မားလာေနေပမဲ့ ေဆာင္းတြင္းဝင္လာခ်ိန္ ပိုကူးစက္မွာ စိုးရိမ္ေနၾကၿပီး Lockdown သြားလာ ကန္႔သတ္မူေတြ ဆက္လုပ္ေနရခ်ိန္မွာ၊ ဆီြဒင္ႏိုင္ငံ အိမ္ေရွ.မင္းသားနဲ႔ၾကင္ယာေတာ္တို႔လည္း ကူးစက္ခံလိုက္ပါတယ္။

COVID ကာလ အေမရိကန္ေက်းဇူးေတာ္ေန႔
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


...............

COVID ကာလ အမေရိကန်ကျေးဇူးတော်နေ့

(Unicode)

တစ်ကမ္ဘာလုံးမှာ ကိုဗစ်ပိုးတွေ့သူပေါင်း သန်း ၆၀ ကျော်လာပြီး၊ သေဆုံးသူတွေလည်း ၁.၄ သန်းကျော်အထိ နောက်ထပ်မြင့်တက်လာချိန်မှာ၊ အဆိုးဆုံးခံနေရတဲ့ အမေရိကန်နိုင်ငံ မှာတော့ Thanksgiving ကျေးဇူးတော်နေ့ကို၊ မိသားစုတွေနဲ့ အရင်လိုသိပ်မပျှော်နိုင်ပဲ ဆင်နွဲနေကြပါပြီ။

ဒီ ကျေးဇူးတော်နေ့အားလပ်ရက်မတိုင်ခင်ညမှာ နေ႔စဉ်သေဆုံးမူ ၆လအတွင်း ၂၀၀၀ကျော်အဆင့် အမြင့်ဆုံးတက်ခဲ့တဲ့ အမေရိကန်မှာ၊ အရင်ပုံမှန်အားဖြင့်၊ အိမ်ကနေ အဝေးရောက်နေတဲ့ မိသားစုနဲ့ မိတ်ဆွေတွေအားလုံး ပြန်ဆုံအတူတူစားသောက်လေ့ရှိတာမို့၊ အခုလည်း လူတွေစုမိပြီး ကိုဗစ်ကူးစက်မူတွေ အများကြီးထပ်တိုးလားမှာကိုလည်း စိုးရိမ်မူတွေ မြင့်မားနေပါတယ်။

ကိုဗစ်ပိုးကူးခံရသူပေါင်း ၁၃ သန်းနီးပါးနဲ့ သေဆုံးသူပေါင်း ၂ သိန်း ၆ သောင်းကျော်လာတဲ့ အမေရိကန်မှာ ရွေးကောက်ခံသမ္မတ Joe Biden ကလည်း အမေရိကန်တနိုင်ငံလုံးမှာ ပျော်စရာကောင်းတဲ့ ကျေးဇူးတော်နေ့ ဖြစ်ပါစေလို့၊ သူ့ဇနီးနဲ့အတူ ဆုမွန်ကောင်းပို့သလိုက်ပေမဲ့၊ ကိုဗစ်ရောဂါကြောင့် ဒုက္ခခံစားနေရတဲ့ မိသားစုများစွာအတွက်လည်း စိတ်မကောင်းကြောင်း ထုတ်ပြောခဲ့ပါတယ်။

Mr. Biden ကပဲ၊ CNN ရုပ်သံမှာ မနေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးထဲမှာ၊ အမေရိကန်နိုင်ငံတဝှမ်းက ထမင်းစားပွဲတွေမှာ မလာနိုင်တဲ့သူတွေရဲ့ ထိုင်ခုံလွတ်တွေရှိနေလိမ့်မယ်၊ ဒါပေမဲ့ အားလုံးနဲ့အတူ ကျွန်တော်တို့မိသားစုလည်း ဒီအရေးပါဆုံးထုံထမ်းစဉ်လာပွဲကို ဆင်နွှဲသွားမှာပါလို့ ဆိုခဲ့ပါတယ်။

ခုလိုအချိန်မှာ ကမ္ဘာတစ်ဝှမ်းမှာလည်း ကိုဗစ်ကာကွယ်ဆေးအတွက် မျှော်လင့်ချက်တွေမြင့်မားလာနေပေမဲ့ ဆောင်းတွင်းဝင်လာချိန် ပိုကူးစက်မှာ စိုးရိမ်နေကြပြီး Lockdown သွားလာ ကန့်သတ်မူတွေ ဆက်လုပ်နေရချိန်မှာ၊ ဆွီဒင်နိုင်ငံ အိမ်ရှေ.မင်းသားနဲ့ကြင်ယာတော်တို့လည်း ကူးစက်ခံလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG