သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်နယ်အသီးသီး ကိုဗစ်ကူးစက်မှုတိုး၊ ကန့်သတ်ချက်သစ်များပြန်ချမှတ်


မီရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးGretchen Whitmer
မီရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးGretchen Whitmer

{{Zawgyi/Unicode}}

COVID-19 ရောဂါ ပျံ့နှံ့ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း အရှိန်မြင့်နေဆဲဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောဂါပိုးပျံ့နှံ့မှု ရပ်တန်ဖို့ကြိုးစားတဲ့အနေနဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်လာကြပါတယ်။

ဒီထဲမှာ မီရှီဂန်ပြည်နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီကနေ့ကစပြီးတော့ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေမှာ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းထဲ ကိုယ်တိုင်သွားပြီး သင်ယူတာမျိုးမလုပ်ဖို့၊ စုဝေးစီစဉ်တဲ့ အားကစားပွဲတွေ၊ အဆောက်အဦးတွင်း လူစုလူဝေးလိုက် စားသောက်တာတွေ မလုပ်ဖို့အပါအဝင် ကန့်သတ်ချက်အသစ်တွေကို သီတင်းသုံးပတ်ကြာ ချမှတ်လိုက်ပါတယ်။

ဒီကနေ့ထိဆိုရင် ဒီကပ်ရောဂါရဲ့ အဆိုးဆုံးအချိန်အခါမှာ ရောက်နေပါပြီ။ အခြေအနေဟာ အခုလောက် ဘယ်တုံးကမှ အသည်းအသန် မဖြစ်ဖူးသေးပါဘူး။ ချောက်ကမ်းပါးထဲကို ကျရောက်နေပြီဖြစ်ပြီး အရေးယူလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ" လို့ မီရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး Gretchen Whitmer ကပြောပါတယ်။

နယူးအော်လင်းန်မြို့မှာ နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ Mardi Gras ပွဲတော်ကို ဒီနှစ်ဖျက်လိုက်ပြီလို့ အင်္ဂါနေ့မှာ ကြေညာပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျင်းပဖို့ လျာထားတဲ့ပွဲတော်ကို လက်ရှိချမှတ်ထားတဲ့ လမ်းပေါ် လူစုဝေးမှု ကန့်သတ်ချက်နဲ့ဆိုရင် ကျင်းပလို့ရမှာ မဟုတ်ဘူးလို့ မြို့တော်ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ စားသောက်ဆိုင်တွေ၊ ဘားတွေ ည ၁၀ နာရီထိပဲ ဖွင့်ရမှာဖြစ်သလို ဆိုင်မှာထိုင်ပြီး စားသောက်သူအရေအတွက်ကိုလည်း ထက်ဝက်ပဲ လက်ခံရမှာဖြစ်ပါတယ်။

အမေရိကန်မှာ ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှုဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နှစ်ဆကျော် ပိုတိုးသွားခဲ့တာပါ။

အမေရိကန်နိုင်ငံတဝန်းက ခရိုင်အများစုမှာ ရောဂါပိုး ကူးစက်မှု အပြင်းအထန်ဖြစ်နေပြီလို့ သမ္မတအိမ်ဖြူတော်၊ ကိုရိုနာဗိုင်းရပ်စ် အလုပ်အဖွဲ့ရဲ့ သီတင်းပတ်စဉ် အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ Thanksgiving Day ကျေးဇူးတော်နေ့မှာ လူအများအပြား ခရီးထွက်ကြပြီး မိသားစုတွေ၊ အပေါင်းအသင်းတွေ စုဝေးကြတာနဲ့အမ ျှ အခြေအနေပိုဆိုးလာမယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေချိန်မှာပဲ ပိုးကူးစက်သူအရေအတွက် တိုးလာနေတာလည်းဖြစ်ပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်


{{Unicode}}









XS
SM
MD
LG