သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္းမာေရးဝန္ထမ္း ၅၀၀ ေက်ာ္ ကိုဗစ္ကူးစက္


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာေတြ႔ရတဲ့ က်န္မာေရးဝန္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူ အတည္ျပဳလူနာတိုးလာတဲ့အထဲ က်န္းမာေရးဝန္ထမ္းေတြပါ ပါလာေနၿပီး၊ အမ်ားစုက ကပ္ေရာဂါကုသေရးပိုင္း တာဝန္ထမ္းေဆာင္ေနသူေတြျဖစ္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္း အပါအ၀င္ ေန႔စဥ္ အတည္ျပဳလူနာ ၁,၅၀၀ ေလာက္ ရွိေနတဲ့အထဲ က်န္းမာေရး ၀န္ထမ္းေတြလည္း ပါ၀င္လာေနပါတယ္။ အခုဆုိရင္ က်န္းမာေရးဝန္ထမ္း ၅၀၀ ေက်ာ္ကူးစက္ခံရၿပီး၊ အမ်ားစုက ေဆး႐ုံေတြမွာ တာဝန္ယူေဆာင္႐ြက္ေနသူေတြျဖစ္တယ္လို႔လည္း က်န္းမာေရးဌာန တာ၀န္ရွိသူေတြက ေျပာပါတယ္။ ေရာဂါကူးစက္မႈေတြ ႏုိင္ငံအ၀န္း တုိးလာေနတာနဲ႔အမွ် က်န္းမာေရးဝန္ထမ္း အင္အား လုိအပ္ခ်က္ေတြလည္း ႀကီးမားလာတယ္လုိ႔ ကုိဗစ္လူနာေတြကုိ အဓိကထား ကုသေပးေနတဲ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚကုသမႈဌာနမႉး ေဒါက္တာေမာ္ေမာ္ဦးက VOA ကိုေျပာပါတယ္။

"အဓိကက ကာလၾကာရွည္လာတဲ့အခါက်ေတာ့ ဆရာဝန္၊ သူနာျပဳေတြက နည္းနည္းပင္ပန္းစျပဳလာၿပီ။ ကိုယ့္ရဲ႕အသိုင္းအဝန္းထဲက တေယာက္က ကူးစက္ခံရၿပီဆိုရင္ က်န္တဲ့ထိေတြ႕မႈ ရွိသူေတြကလည္း Quarantine ဝင္ရတာတို႔ ဘာတို႔၊ ေနာက္ ကူးစက္ခံခဲ့ရတဲ့သူေတြ က်န္းမာေရးျပန္ေကာင္းလာၿပီဆိုရင္ ခ်က္ခ်င္းျပန္ဆင္းၾကရတယ္ေလ... လူမွမရွိတာ။ ၾကာလာတဲ့အခါက်ရင္ သူတို႔ ပင္ပန္းလာႏိုင္တယ္။ အဲဒီအတြက္ က်ေနာ္တို႔က Volunteer ဆရာဝန္၊ ဆရာမေတြကို အရင္တုန္းက တျခားတိုင္းနဲ႔ ျပည္နယ္ေတြကေန ေခၚၿပီးေတာ့ ရန္ကုန္ကို အင္အားျဖည့္တယ္ဆိုေပမဲ့ အခုတျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာပါ တက္လာတဲ့အခါက်ေတာ့ သူတို႔နယ္ေျမေတြကေန ဒီဘက္ကိုလာဖို႔ကလည္း ကိုယ့္တိုင္းေဒသေတြမွာလည္း လုပ္ရဦးမွာဆိုေတာ့ အဲဒီလိုအခက္အခဲေတြက ရန္ကုန္တခုတည္းဆို သူမ်ားကကူလို႔ ရေနေပမဲ့ တႏိုင္ငံလုံးျပန္႔ေနရင္ အဲဒါက အဓိကအခက္အခဲ တခုပဲ။"

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ႀကံဳေနရခ်ိန္မွာပဲ ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြေတြ က်င္းပခဲ့ရာမွာ လူအမ်ားနဲ႔ ထိေတြ႔ဆက္ဆံမႈေတြ ရွိခဲ့တာေၾကာင့္ ေနာက္ဆက္တဲြ ကူးစက္မႈေတြ တုိးလာမွာကုိလည္း စုိးရိမ္ေနၾကတာပါ။ လတ္တေလာမွာလည္း ကပ္ေရာဂါကူးစက္မႈေတြ ႏုိင္ငံအ၀န္း ပ်ံ႕ႏွံ႔လာေနသလုိ လနဲ႔ခ်ီၾကာလာတာနဲ႔အမွ် က်န္းမာေရး ၀န္ထမ္းေတြအတြက္ စိန္ေခၚမႈေတြလည္း ႀကီးမားလာတယ္လုိ႔ ေဒါက္တာေမာ္ေမာ္ဦးက ေျပာပါတယ္။

"အထူးသျဖင့္က က်ေနာ္တို႔ဆီမွာ နဂိုကတည္းက ICU ထဲမွာ Treatment ေပးႏိုင္တဲ့ ေမ့ေဆးေပါ့။ ေမ့ေဆးဆိုတာလည္း အထူးကုဆရာဝန္ဆိုတဲ့အတြက္ေၾကာင့္ ဘယ္သူပဲလာကူ၊ လာကူ တျခားက အစားထိုးလို႔မရဘူးဗ်၊ အထူးကုဆိုတာ။ တျဖည္းျဖည္းနဲ႔ ဝန္ပိလာရင္ ရက္ရွည္လမ်ားျဖစ္လာရင္ တေန႔လာလည္း ဒီလူ၊ တေန႔လာလည္း ဒီလူ မျဖစ္မေနလုပ္ေနရတယ္။ ဒီၾကားထဲ ကူးစက္မႈ ခံရရင္ေတာင္မွ ကမန္းကတန္း Isolation လုပ္ ကုသလို႔ရတဲ့ေနရာေတြေျပး၊ စင္တာေတြတက္လိုက္၊ ၿပီးတာနဲ႔ ျပန္လာၿပီးျပန္လုပ္ရတဲ့အတြက္ ဘယ္ေလာက္ထိခက္ခဲေနမယ္ဆိုတာ တျခားသူေတြ သိေစခ်င္တယ္။ အဲဒီအတြက္ေၾကာင့္ ကူးစက္မႈေတြ အျပင္မွာ မရွိေနေစခ်င္တာ။ ကူးစက္မႈကြင္းဆက္ေတြကို ျဖတ္ေစခ်င္တာ။ ပစၥည္းပစၥယမရွိတဲ့ကိစၥက ပိုက္ဆံရွိရင္ ဝယ္လို႔ရေပမဲ့ Human Resource ကိစၥက အင္မတန္ စဥ္းစားစရာကိစၥျဖစ္တယ္။ ကာလၾကာရွည္ျဖစ္လာမွာကို ေၾကာက္တယ္ေပါ့။"

ျပည္တြင္းကပ္ေရာဂါအေျခအေနေၾကာင့္ တခ်ိဳ႕ေဆး႐ုံ၊ ေဆးခန္းေတြကို ယာယီပိတ္ထားတာရွိသလို၊ ဒီလိုကာလမွာ ဖ်ားနာသူလူနာေတြအတြက္ လက္ခံကုသေပးတဲ့ေနရာေတြလည္း အကန႔္အသတ္နဲ႔ ရွိေနတာပါ။ ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္ေတြမွာ ဖြင့္လွစ္ထားတဲ့ ဖ်ားနာကုေဆးခန္းေတြမွာေတာ့ ေရာဂါသံသယရွိသူ လူနာေတြကို အဓိကထားၾကည့္ေပးေနၿပီး၊ လုပ္အားေပးေနတဲ့ ေစတနာ့ဝန္ထမ္း၊ ဆရာဝန္ေတြအေနနဲ႔လည္း ကပ္ေရာဂါကူးစက္မႈကို ကာကြယ္ႏိုင္ဖို႔ သတိျပဳေဆာင္႐ြက္ေနတယ္လို႔ မဂၤလာဒုံ၊ လူထုအေျချပဳဖ်ားနာကု အခမဲ့ေဆးခန္းတာဝန္ခံ ေဒါက္တာအိမြန္မြန္ေက်ာ္က ေျပာပါတယ္။

"က်မတို႔ကေတာ့ Level 2 နဲ႔ပဲ လူနာၾကည့္တာေပါ့ေနာ္။ Level 2 နဲ႔ဆိုတာက က်မတို႔ကေတာ့ Waiting Area သတ္သတ္၊ ေနာက္ Token စနစ္နဲ႔သြားတယ္ေပါ့။ လုံးဝ လူနာကိုအတတ္ႏိုင္ဆုံးကေတာ့ Non Touch နဲ႔သြားတယ္။ သာမိုမီတာကအစ ေလဆာနဲ႔ပဲေပါ့။ က်မတို႔က SPO 2 နဲ႔ Temperature ကိုေတာ့ အဓိကတိုင္းတာေပါ့ေနာ္။ အေရးႀကီးတဲ့လူနာေလာက္ကိုပဲ Temperature ခ်ိန္တာတို႔ ဘာတို႔ အဲဒါဆိုရင္လည္း က်မတို႔က PPE ဝတ္တဲ့သူကိုပဲ ကိုင္ခိုင္းထားတယ္ေပါ့ေနာ္။ ေနာက္ ပိုးသတ္တာေတြဘာေတြကေတာ့ ေသခ်ာေတာ့လုပ္ထားတယ္။ အရက္ပ်ံေတြကေတာ့ လုံလုံေလာက္ေလာက္ေပါ့ေနာ္။ အခုထိကေတာ့ အလႉရွင္ေတြ နည္းနည္းလႉေနေသးေတာ့ အဆင္ေတာ့ေျပပါတယ္။ PPE Level 2 ေတြ၊ Surgeon Gown ေတြဘာေတြနဲ႔ အဆင္ေတာ့ေျပပါတယ္၊ အခုထိေတာ့ေလ။"

ကူးစက္သူ လူနာတိုးလာတာနဲ႔အမွ် က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္ကလည္း ပိုမ်ားလာေနၿပီး၊ ကပ္ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြကို ဆက္ၿပီး လိုက္နာဖို႔နဲ႔ ေရာဂါသံသယရွိလာၿပီဆို ဖ်ားနာကုေဆးခန္းေတြဆီ အျမန္ဆုံးလာေရာက္ျပသဖို႔ကို ေဒါက္တာအိမြန္မြန္ေက်ာ္က တိုက္တြန္းထားပါတယ္။

"မေန႔က ေတြ႕လိုက္တာဆို ရင္ထဲေတာင္မေကာင္းဘူး။ တကၠသိုလ္ရာျပည့္သြားတာေတြေလ။ ဖ်ားတယ္ဆို ဘာေၾကာင့္ဖ်ားဖ်ား လာျပေပါ့ေနာ္၊ GP ေတြဘာေတြလည္း အဖ်ားမၾကည့္ဘူးေလ။ က်မတို႔ Fever Clinic ကပဲ ဒိုင္ခံအဖ်ားၾကည့္ေပးေနတာေပါ့။ ၾကည့္ေပးေတာ့ ဘာပဲျဖစ္ျဖစ္ ေဆး႐ုံေတြမွာ Workload ကေတာ့ နည္းသြားတယ္။ ျပည္သူလူထုကလည္း အမွန္တကယ္ေတာ့ ေဆး႐ုံေတြ ထက္စာရင္ ဒီ Clinic ေတြကို ပိုအားကိုးတယ္ေပါ့ေနာ္။ အားကိုးတယ္ဆိုတာ က်မအခုေတြ႕ေနရတာေပါ့ေနာ္။ Phone Consultation က ပိုမ်ားတယ္၊ အနံ႔ေပ်ာက္ေတြ ေတာက္ေလွ်ာက္ေျဖေနရတာေပါ့ေနာ္။ က်မကေတာ့ လာဖို႔ေခၚတယ္။ တခ်ိဳ႕က်ေတာ့လည္း အနံ႔ေပ်ာက္တယ္။ အိမ္မွာ က်ိတ္ကုတယ္ေပါ့ေနာ္။ အနံ႔ေပ်ာက္ ဖ်ားနာတယ္... ဘာမွမေျပာဘူး။ အလုပ္ျပန္ဝင္ေတာ့မွ ေထာက္ခံစာ လာေတာင္းတာေပါ့။ အခုဟာက အျပင္မွာက က်ိတ္ကုတဲ့သူေတာ္ေတာ္မ်ားေနတဲ့ပုံ ျဖစ္ေနတယ္။ တခ်ိဳ႕က်ေတာ့လည္း အနံ႔ေပ်ာက္တာကို ႏွာပိတ္တယ္ဆိုၿပီး ညာတယ္။ အဓိကေတာ့ ျပည္သူလူထုပါဝင္မွပဲ ရမယ္။ က်မတို႔ဘယ္ေလာက္လုပ္လုပ္ေလ။ ဒီလို အုပ္စုလိုက္ သြားလာေနတာေတြက လုံးဝကို အဆင္မေျပဘူး။ က်န္းမာေရးအရ အဓိကၾကည့္မရမယ္ဆိုရင္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁,၉၁၈ ဦးနဲ႔ ကူးစက္သူအတည္ျပဳလူနာ ၈၉,၄၈၆ ဦးရွိပါတယ္။ ကိုဗစ္ေရာဂါကာကြယ္ေဆး ထြက္ရွိလာမယ္ဆိုရင္လည္း ျမန္မာတႏိုင္ငံလုံးအတိုင္းအတာ ထိုးႏွံဖို႔က အခ်ိန္တိုအတြင္းမျဖစ္ႏိုင္တာေၾကာင့္ ကပ္ေရာဂါကာကြယ္ေရးလုပ္ငန္းေတြကို ဆက္ၿပီးေဆာင္႐ြက္သြားရမယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးက အသိေပးထားပါတယ္။

က်န္းမာေရးဝန္ထမ္း ၅၀၀ ေက်ာ္ ကိုဗစ္ကူးစက္
please wait

No media source currently available

0:00 0:05:34 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက်

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာတိုးလာတဲ့အထဲ ကျန်းမာရေးဝန်ထမ်းတွေပါ ပါလာနေပြီး၊ အများစုက ကပ်ရောဂါကုသရေးပိုင်း တာဝန်ထမ်းဆောင်နေသူတွေဖြစ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် နေ့စဉ် အတည်ပြုလူနာ ၁,၅၀၀ လောက် ရှိနေတဲ့အထဲ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်လာနေပါတယ်။ အခုဆိုရင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ကူးစက်ခံရပြီး၊ အများစုက ဆေးရုံတွေမှာ တာဝန်ယူဆောင်ရွက်နေသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ရောဂါကူးစက်မှုတွေ နိုင်ငံအဝန်း တိုးလာနေတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်း အင်အား လိုအပ်ချက်တွေလည်း ကြီးမားလာတယ်လို့ ကိုဗစ်လူနာတွေကို အဓိကထား ကုသပေးနေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှူး ဒေါက်တာမော်မော်ဦးက VOA ကိုပြောပါတယ်။

"အဓိကက ကာလကြာရှည်လာတဲ့အခါကျတော့ ဆရာဝန်၊ သူနာပြုတွေက နည်းနည်းပင်ပန်းစပြုလာပြီ။ ကိုယ့်ရဲ့အသိုင်းအဝန်းထဲက တယောက်က ကူးစက်ခံရပြီဆိုရင် ကျန်တဲ့ထိတွေ့မှု ရှိသူတွေကလည်း Quarantine ဝင်ရတာတို့ ဘာတို့၊ နောက် ကူးစက်ခံခဲ့ရတဲ့သူတွေ ကျန်းမာရေးပြန်ကောင်းလာပြီဆိုရင် ချက်ချင်းပြန်ဆင်းကြရတယ်လေ... လူမှမရှိတာ။ ကြာလာတဲ့အခါကျရင် သူတို့ ပင်ပန်းလာနိုင်တယ်။ အဲဒီအတွက် ကျနော်တို့က Volunteer ဆရာဝန်၊ ဆရာမတွေကို အရင်တုန်းက တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ခေါ်ပြီးတော့ ရန်ကုန်ကို အင်အားဖြည့်တယ်ဆိုပေမဲ့ အခုတခြားတိုင်းနဲ့ ပြည်နယ်တွေမှာပါ တက်လာတဲ့အခါကျတော့ သူတို့နယ်မြေတွေကနေ ဒီဘက်ကိုလာဖို့ကလည်း ကိုယ့်တိုင်းဒေသတွေမှာလည်း လုပ်ရဦးမှာဆိုတော့ အဲဒီလိုအခက်အခဲတွေက ရန်ကုန်တခုတည်းဆို သူများကကူလို့ ရနေပေမဲ့ တနိုင်ငံလုံးပြန့်နေရင် အဲဒါက အဓိကအခက်အခဲ တခုပဲ။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ကြုံနေရချိန်မှာပဲ နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ရာမှာ လူအများနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် နောက်ဆက်တွဲ ကူးစက်မှုတွေ တိုးလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ လတ်တလောမှာလည်း ကပ်ရောဂါကူးစက်မှုတွေ နိုင်ငံအဝန်း ပျံ့နှံ့လာနေသလို လနဲ့ချီကြာလာတာနဲ့အမျှ ကျန်းမာရေး ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတွေလည်း ကြီးမားလာတယ်လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

"အထူးသဖြင့်က ကျနော်တို့ဆီမှာ နဂိုကတည်းက ICU ထဲမှာ Treatment ပေးနိုင်တဲ့ မေ့ဆေးပေါ့။ မေ့ဆေးဆိုတာလည်း အထူးကုဆရာဝန်ဆိုတဲ့အတွက်ကြောင့် ဘယ်သူပဲလာကူ၊ လာကူ တခြားက အစားထိုးလို့မရဘူးဗျ၊ အထူးကုဆိုတာ။ တဖြည်းဖြည်းနဲ့ ဝန်ပိလာရင် ရက်ရှည်လများဖြစ်လာရင် တနေ့လာလည်း ဒီလူ၊ တနေ့လာလည်း ဒီလူ မဖြစ်မနေလုပ်နေရတယ်။ ဒီကြားထဲ ကူးစက်မှု ခံရရင်တောင်မှ ကမန်းကတန်း Isolation လုပ် ကုသလို့ရတဲ့နေရာတွေပြေး၊ စင်တာတွေတက်လိုက်၊ ပြီးတာနဲ့ ပြန်လာပြီးပြန်လုပ်ရတဲ့အတွက် ဘယ်လောက်ထိခက်ခဲနေမယ်ဆိုတာ တခြားသူတွေ သိစေချင်တယ်။ အဲဒီအတွက်ကြောင့် ကူးစက်မှုတွေ အပြင်မှာ မရှိနေစေချင်တာ။ ကူးစက်မှုကွင်းဆက်တွေကို ဖြတ်စေချင်တာ။ ပစ္စည်းပစ္စယမရှိတဲ့ကိစ္စက ပိုက်ဆံရှိရင် ဝယ်လို့ရပေမဲ့ Human Resource ကိစ္စက အင်မတန် စဉ်းစားစရာကိစ္စဖြစ်တယ်။ ကာလကြာရှည်ဖြစ်လာမှာကို ကြောက်တယ်ပေါ့။"

ပြည်တွင်းကပ်ရောဂါအခြေအနေကြောင့် တချို့ဆေးရုံ၊ ဆေးခန်းတွေကို ယာယီပိတ်ထားတာရှိသလို၊ ဒီလိုကာလမှာ ဖျားနာသူလူနာတွေအတွက် လက်ခံကုသပေးတဲ့နေရာတွေလည်း အကန့်အသတ်နဲ့ ရှိနေတာပါ။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ဖျားနာကုဆေးခန်းတွေမှာတော့ ရောဂါသံသယရှိသူ လူနာတွေကို အဓိကထားကြည့်ပေးနေပြီး၊ လုပ်အားပေးနေတဲ့ စေတနာ့ဝန်ထမ်း၊ ဆရာဝန်တွေအနေနဲ့လည်း ကပ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ သတိပြုဆောင်ရွက်နေတယ်လို့ မင်္ဂလာဒုံ၊ လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာအိမွန်မွန်ကျော်က ပြောပါတယ်။

"ကျမတို့ကတော့ Level 2 နဲ့ပဲ လူနာကြည့်တာပေါ့နော်။ Level 2 နဲ့ဆိုတာက ကျမတို့ကတော့ Waiting Area သတ်သတ်၊ နောက် Token စနစ်နဲ့သွားတယ်ပေါ့။ လုံးဝ လူနာကိုအတတ်နိုင်ဆုံးကတော့ Non Touch နဲ့သွားတယ်။ သာမိုမီတာကအစ လေဆာနဲ့ပဲပေါ့။ ကျမတို့က SPO 2 နဲ့ Temperature ကိုတော့ အဓိကတိုင်းတာပေါ့နော်။ အရေးကြီးတဲ့လူနာလောက်ကိုပဲ Temperature ချိန်တာတို့ ဘာတို့ အဲဒါဆိုရင်လည်း ကျမတို့က PPE ဝတ်တဲ့သူကိုပဲ ကိုင်ခိုင်းထားတယ်ပေါ့နော်။ နောက် ပိုးသတ်တာတွေဘာတွေကတော့ သေချာတော့လုပ်ထားတယ်။ အရက်ပျံတွေကတော့ လုံလုံလောက်လောက်ပေါ့နော်။ အခုထိကတော့ အလှူရှင်တွေ နည်းနည်းလှူနေသေးတော့ အဆင်တော့ပြေပါတယ်။ PPE Level 2 တွေ၊ Surgeon Gown တွေဘာတွေနဲ့ အဆင်တော့ပြေပါတယ်၊ အခုထိတော့လေ။"

ကူးစက်သူ လူနာတိုးလာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကလည်း ပိုများလာနေပြီး၊ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို ဆက်ပြီး လိုက်နာဖို့နဲ့ ရောဂါသံသယရှိလာပြီဆို ဖျားနာကုဆေးခန်းတွေဆီ အမြန်ဆုံးလာရောက်ပြသဖို့ကို ဒေါက်တာအိမွန်မွန်ကျော်က တိုက်တွန်းထားပါတယ်။

"မနေ့က တွေ့လိုက်တာဆို ရင်ထဲတောင်မကောင်းဘူး။ တက္ကသိုလ်ရာပြည့်သွားတာတွေလေ။ ဖျားတယ်ဆို ဘာကြောင့်ဖျားဖျား လာပြပေါ့နော်၊ GP တွေဘာတွေလည်း အဖျားမကြည့်ဘူးလေ။ ကျမတို့ Fever Clinic ကပဲ ဒိုင်ခံအဖျားကြည့်ပေးနေတာပေါ့။ ကြည့်ပေးတော့ ဘာပဲဖြစ်ဖြစ် ဆေးရုံတွေမှာ Workload ကတော့ နည်းသွားတယ်။ ပြည်သူလူထုကလည်း အမှန်တကယ်တော့ ဆေးရုံတွေ ထက်စာရင် ဒီ Clinic တွေကို ပိုအားကိုးတယ်ပေါ့နော်။ အားကိုးတယ်ဆိုတာ ကျမအခုတွေ့နေရတာပေါ့နော်။ Phone Consultation က ပိုများတယ်၊ အနံ့ပျောက်တွေ တောက်လျှောက်ဖြေနေရတာပေါ့နော်။ ကျမကတော့ လာဖို့ခေါ်တယ်။ တချို့ကျတော့လည်း အနံ့ပျောက်တယ်။ အိမ်မှာ ကျိတ်ကုတယ်ပေါ့နော်။ အနံ့ပျောက် ဖျားနာတယ်... ဘာမှမပြောဘူး။ အလုပ်ပြန်ဝင်တော့မှ ထောက်ခံစာ လာတောင်းတာပေါ့။ အခုဟာက အပြင်မှာက ကျိတ်ကုတဲ့သူတော်တော်များနေတဲ့ပုံ ဖြစ်နေတယ်။ တချို့ကျတော့လည်း အနံ့ပျောက်တာကို နှာပိတ်တယ်ဆိုပြီး ညာတယ်။ အဓိကတော့ ပြည်သူလူထုပါဝင်မှပဲ ရမယ်။ ကျမတို့ဘယ်လောက်လုပ်လုပ်လေ။ ဒီလို အုပ်စုလိုက် သွားလာနေတာတွေက လုံးဝကို အဆင်မပြေဘူး။ ကျန်းမာရေးအရ အဓိကကြည့်မရမယ်ဆိုရင်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၉၁၈ ဦးနဲ့ ကူးစက်သူအတည်ပြုလူနာ ၈၉,၄၈၆ ဦးရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေး ထွက်ရှိလာမယ်ဆိုရင်လည်း မြန်မာတနိုင်ငံလုံးအတိုင်းအတာ ထိုးနှံဖို့က အချိန်တိုအတွင်းမဖြစ်နိုင်တာကြောင့် ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်သွားရမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အသိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG