သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာထပ္ေတ႔ြ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ေတြ႔ရတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

စစ္ေဘးဒုကၡသည္ ၁၀,၀၀၀ ေလာက္ ခုိလႈံေနတဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕မွာ ကုိဗစ္ေရာဂါကူးစက္သူ အတည္ျပဳလူနာ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ စုိးရိမ္မႈေတြ ထြက္ေပၚေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပပါမယ္။

ျမန္မာႏုိင္ငံအ၀န္း ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနရာမွာ လမ္းပန္းဆက္သြယ္ေရး ခက္ခဲၿပီး ဖြံ႔ၿဖိဳးမႈ နိမ့္က်တဲ့ ခ်င္းျပည္နယ္က ပလက္၀ၿမိဳ႕မွာလည္း ပုိးေတြ႔လူနာေတြ ထပ္မံေတြ႔ရွိေနရတာေၾကာင့္ ၿမိဳ႕ခံေတြနဲ႔ ဒုကၡသည္ေတြ စုိးရိမ္ေနၾကပါတယ္။ မေန႔တုန္းကလည္း ရခုိင္ျပည္နယ္က ျပန္လာသူ သံုး ေယာက္မွာ ေရာဂါပုိး ရွိေနတာကုိ စစ္ေဆး အတည္ျပဳခဲ့ေၾကာင္း ပလက္၀ျမိဳ႕ေဆးရံုအုပ္ ေဒါက္တာစိုးထက္၀င္း ကေျပာပါတယ္။

“သူတို႔က ဟိုဥစၥာ ေက်ာက္ေတာ္ ရခိုင္ျပည္နယ္ဓနိေတာင္ရြာက သူတို႔ ၂၆ ရက္ေန႔ကျပန္လာေတာ့ ပလက္၀ေရာက္တဲ့အခါ က်ေတာ့ က်ေနာ္တို႔က သူတို႔ကို Quarantine ထားပါတယ္။ ထားျပီးေတာ့ က်ေနာ္တို႔ ၃ ရက္ေျမာက္မွာ ၂၉ ရက္ေန႔မွာ ပိုးစစ္လိုက္ေတာ့ ပိုးေတြ႕တယ္ခင္ဗ်၊ ၃ ဦးခင္ဗ်၊ ၃ ဦး။ ထိေတြ႕မႈက ပလက္၀ျမိဳ႕နယ္ထဲ ထိေတြ႔မႈ မရွိဘူးခင္ဗ်။ ဟိုဘက္ေက်ာက္ေတာ္ျမိဳ႕နယ္ဘက္ကို ဆက္သြယ္ျပီးေတာ့မွ ထိေတြ႕မႈလိုက္တိုက္ထားပါတယ္ခင္ဗ်။”

ဒီလထဲမွာပဲ ပထမဆုံးအႀကိမ္ အတည္ျပဳလူနာေတြ႔ရွိခဲ့တဲ့ ပလက္၀ၿမိဳ႕မွာ ဒီရက္ပုိင္းအတြင္းမွာပဲ ေနာက္ထပ္ ကုိဗစ္ေရာဂါပုိးရွိသူေတြ ထပ္မံေတြ႔ရွိခဲ့တာပါ။ ကပ္ေဘးဒဏ္နဲ႔ စစ္ေဘးဒဏ္ၾကား သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားသလုိ အင္တာနက္ ဆက္သြယ္မႈေတြလည္း အျပည့္အ၀ မရေသးတဲ့ ပလက္၀ၿမိဳ႕မွာ ကပ္ေရာဂါကူးစက္သူ တုိးလာတာနဲ႔အမွ် ေဒသခံေတြၾကား စိုးရိမ္စိတ္ေတြလည္း ျမင့္မားလာေနတယ္လုိ႔ ေဒသခံ ကိုဆလိုင္းေသြးကေျပာပါတယ္။

“ပလက္၀ဆိုတာလည္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရတဲ့အတြက္ေၾကာင့္မို႔လို႔ တျခားျမိဳ႕နယ္ထက္စာရင္ COVID နဲ႔ ပတ္သက္ျပီးေတာ့ အသိပညာဗဟုသုတေတြ လိုင္းေပၚကေနျဖစ္ျဖစ္ အဲဒီလိုမ်ိဳးၾကည့္ရႈလို႔ မရဘူးေပါ့ေလ။ သတင္းအေမွာင္ခ်ထားတဲ့ေနရာ တခုျဖစ္ေနတယ္။ COVID ဆိုတာ ဘယ္လိုမ်ိဳး ကူးစက္တတ္တယ္။ ဘယ္လိုမ်ိဳးေနထိုင္သင့္တယ္ဆိုတဲ့ဟာမ်ိဳးေတြလည္း အသိပညာေပးမႈကလည္း အားနည္းတဲ့ေဒသ တခုျဖစ္တယ္ဗ်ေနာ္။”

တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြေၾကာင့္ ပလက္၀ၿမိဳ႕မွာ ခုိလႈံေနတဲ့ စစ္ေရွာင္ဒုကၡသည္ ခန္႔မွန္းေျခ ၁၀,၀၀၀ ေလာက္ ရွိေနပါတယ္။ အခုလုိ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာခ်ိန္မွာ လူစုလူေ၀းေရွာင္ဖုိ႔ ခက္ခဲတဲ့ ဒုကၡသည္စခန္းေတြမွာ ေရာဂါကူးစက္မွာကုိ စုိးရိမ္ရတယ္လုိ႔လည္း ပလက္၀တိုက္ပြဲေရွာင္နဲ႔ သဘာ၀ေဘးကူညီေရးအဖြဲ႔ အတြင္းေရးမွဴး ဦးေက်ာ္ေအာင္က ေျပာပါတယ္။

“စိုးရိမ္ခ်က္ေတြကေတာ့ အခု ပလက္၀မွာကေတာ့ လက္ရွိမွာေက်းရြာေတြက မိမိေနရပ္ကိုထားခဲ့ျပီးမွ ပလက္၀ကို ခိုလံႈေနတဲ့ ဒီ IDP စခန္းေတြလည္း ရွိတယ္။ ျမိဳ႕ရဲ႕အေနအထားက က်ဥ္းက်ဥ္းေလးျဖစ္တယ္။ ဒါေပမဲ့ လူဦးေရကေတာ့ ဒုကၡသည္နဲ႔ အခုကစုျပီးေတာ့ ေနတဲ့အခါမွာ လူဦးေရကေတာ့ ျမိဳ႕နဲ႔ အတိုင္းတာ အေနအထား တခုကေတာ့ မ်ားတယ္။ ပိုျပီးမွစိုးရိမ္မႈေတြ ရွိတယ္။ ျပီးေတာ့ ေနာက္တခုက ဒီက်န္းမာေရးဆရာ၀န္ေတြ လုံေလာက္မႈ မရွိတာက ကုတင္ ၅၀ ရွိေပမဲ့ ဆရာ၀န္က တေယာက္ထဲရွိေနတယ္။ က်န္းမာေရး လိုအပ္တဲ့ေဆး၀ါးေတြကလည္း သူတို႔ ရနိုင္မလား၊ မရနိုင္ဘူးလားဆိုတဲ့ဟာက ေမးခြန္းတခုျဖစ္လာေနတယ္။ တျခားျမိဳ႕နယ္၊ တျခားေနရာ ေဒသေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ ပိုျပီးမွစိုးရိမ္ဖို႔ အေနအထားေတာ့ရွိတယ္။”

ပလက္ဝျမဳိ႕ရဲ႕ အဓိကဆက္သြယ္ရာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ စစ္ေတြေရေၾကာင္းလမ္းဟာ စစ္ေရးပဋိပကၡျဖစ္စဥ္အတြင္း ပိတ္ပင္ထားတဲ့ အေျခအေနေၾကာင့္ က်န္းမာေရးကိစၥအပါ၀င္ စားနပ္ရိကၡာသယ္ေဆာင္ေရးမွာလည္း အခက္ေတြ႕ေနပါတယ္။

ကပ္ေရာဂါနဲ႔ စစ္ေဘးဒဏ္ေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတဲ့အတြက္ ပလက္၀ၿမိဳ႕မွာ အေရးေပၚ က်န္းမာေရး လုိအပ္ခ်က္ေတြ ရွိတဲ့အခါ အခက္အခဲ ႀကံဳရႏုိင္တယ္လုိ႔လည္း ပလက္၀ျမိဳ႕ေဆးရံုအုပ္ေဒါက္တာစိုးထက္၀င္းက အခုလိုဆက္ေျပာပါတယ္။

“ကုသေရးအပိုင္းမွာေတာ့ သာမန္ Mild Pneumonia ေလာက္အထိဆိုရင္ေတာ့ က်ေနာ္တို႔ဆီမွာ အဆင္ေျပတယ္ေပါ့ေနာ္။ တကယ္လို႔ ေအာက္စီဂ်င္ေတြ ေပးရမယ္၊ အထူးကုသမႈေတြလိုမယ္ဆိုလို႔ ရွိရင္ေတာ့ လူနာလႊဲေျပာင္းရတာမ်ိဳးေတာ့ အခက္ခဲ ရွိနိုင္ပါတယ္။ ဒီဘက္ကေနျပီးေတာ့ အေရးၾကီးတဲ့ လူနာ လႊဲမယ္ဆိုရင္ အဲဒီလူနာလႊဲဖို႔ေပါ့ေနာ္။”

မေန႔တုန္းက ေနာက္ထပ္ အတည္ျပဳ လူနာအသစ္ ၃ ဦးဟာ ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ျမဳိ႕နယ္က လာေရာက္သူေတြျဖစ္ၾကျပီး ႏုိဝင္ဘာ ၂၆ ရက္ေန႔မွာလည္း ေက်ာက္ေတာ္က ျပန္လာသူ တစ္ဦးထံမွာ ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ဒီမတုိင္ခင္ ႏုိ၀င္ဘာလ ၁၉ ရက္ေန႔မွာ တုန္းကလည္း ရန္ကုန္တုိင္းက ျပန္လာသူ ၄ ဦးမွာ ေရာဂါပုိးကူးစက္ေနတာ စစ္ေဆးေတြ႔ရွိခဲ့တာေၾကာင့္ ပထမဆုံး ကူးစက္မႈလည္း ျဖစ္ခဲ့ပါတယ္။ ေရာဂါကူးစက္မႈေတြ ေတြ႔ရွိခဲ့ၿပီးေနာက္မွာေတာ့ ပလက္ဝျမဳိ႕အဝင္၊ အထြက္ေတြမွာ စစ္ေဆးေရးဂိတ္ေတြထားရွိၿပီး ကုိဗစ္ပိုးေတြ႔ရွိတဲ့ ေဒသကေန ဝင္ေရာက္လာသူေတြကို က်န္းမာေရးဌာနမွထုတ္ျပန္ခ်က္နဲ႔ အေထာက္အထားမ်ား မပါရွိသူေတြကို သီးသန္႕ေစာင့္ၾကည့္ ထားပါတယ္။ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနကေတာ့ ျမန္မာႏုိင္ငံအ၀န္း ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ ေသဆုံးသူ ၂,၀၀၀ ေလာက္နဲ႔ ကူးစက္သူ ၇၀,၀၀၀ ေလာက္ ရွိတယ္လုိ႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

ပလက္ဝၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာထပ္ေတ႔ြ
please wait

No media source currently available

0:00 0:04:14 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလက်ဝမြို့မှာ ကိုဗစ်အတည်ပြုလူနာထပ်တေ့ွ

စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ လောက် ခိုလှုံနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ ကိုဗစ်ရောဂါကူးစက်သူ အတည်ပြုလူနာ ထပ်မံတွေ့ရှိခဲ့တာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။

မြန်မာနိုင်ငံအဝန်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ ချင်းပြည်နယ်က ပလက်ဝမြို့မှာလည်း ပိုးတွေ့လူနာတွေ ထပ်မံတွေ့ရှိနေရတာကြောင့် မြို့ခံတွေနဲ့ ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ မနေ့တုန်းကလည်း ရခိုင်ပြည်နယ်က ပြန်လာသူ သုံး ယောက်မှာ ရောဂါပိုး ရှိနေတာကို စစ်ဆေး အတည်ပြုခဲ့ကြောင်း ပလက်ဝမြို့ဆေးရုံအုပ် ဒေါက်တာစိုးထက်ဝင်း ကပြောပါတယ်။

“သူတို့က ဟိုဥစ္စာ ကျောက်တော် ရခိုင်ပြည်နယ်ဓနိတောင်ရွာက သူတို့ ၂၆ ရက်နေ့ကပြန်လာတော့ ပလက်ဝရောက်တဲ့အခါ ကျတော့ ကျနော်တို့က သူတို့ကို Quarantine ထားပါတယ်။ ထားပြီးတော့ ကျနော်တို့ ၃ ရက်မြောက်မှာ ၂၉ ရက်နေ့မှာ ပိုးစစ်လိုက်တော့ ပိုးတွေ့တယ်ခင်ဗျ၊ ၃ ဦးခင်ဗျ၊ ၃ ဦး။ ထိတွေ့မှုက ပလက်ဝမြို့နယ်ထဲ ထိတွေ့မှု မရှိဘူးခင်ဗျ။ ဟိုဘက်ကျောက်တော်မြို့နယ်ဘက်ကို ဆက်သွယ်ပြီးတော့မှ ထိတွေ့မှုလိုက်တိုက်ထားပါတယ်ခင်ဗျ။”

ဒီလထဲမှာပဲ ပထမဆုံးအကြိမ် အတည်ပြုလူနာတွေ့ရှိခဲ့တဲ့ ပလက်ဝမြို့မှာ ဒီရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် ကိုဗစ်ရောဂါပိုးရှိသူတွေ ထပ်မံတွေ့ရှိခဲ့တာပါ။ ကပ်ဘေးဒဏ်နဲ့ စစ်ဘေးဒဏ်ကြား သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားသလို အင်တာနက် ဆက်သွယ်မှုတွေလည်း အပြည့်အ၀ မရသေးတဲ့ ပလက်ဝမြို့မှာ ကပ်ရောဂါကူးစက်သူ တိုးလာတာနဲ့အမျှ ဒေသခံတွေကြား စိုးရိမ်စိတ်တွေလည်း မြင့်မားလာနေတယ်လို့ ဒေသခံ ကိုဆလိုင်းသွေးကပြောပါတယ်။

“ပလက်ဝဆိုတာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက်ကြောင့်မို့လို့ တခြားမြို့နယ်ထက်စာရင် COVID နဲ့ ပတ်သက်ပြီးတော့ အသိပညာဗဟုသုတတွေ လိုင်းပေါ်ကနေဖြစ်ဖြစ် အဲဒီလိုမျိုးကြည့်ရှုလို့ မရဘူးပေါ့လေ။ သတင်းအမှောင်ချထားတဲ့နေရာ တခုဖြစ်နေတယ်။ COVID ဆိုတာ ဘယ်လိုမျိုး ကူးစက်တတ်တယ်။ ဘယ်လိုမျိုးနေထိုင်သင့်တယ်ဆိုတဲ့ဟာမျိုးတွေလည်း အသိပညာပေးမှုကလည်း အားနည်းတဲ့ဒေသ တခုဖြစ်တယ်ဗျနော်။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည် ခန့်မှန်းခြေ ၁၀,၀၀၀ လောက် ရှိနေပါတယ်။ အခုလို ကပ်ရောဂါကူးစက်မှုတွေ တိုးလာချိန်မှာ လူစုလူဝေးရှောင်ဖို့ ခက်ခဲတဲ့ ဒုက္ခသည်စခန်းတွေမှာ ရောဂါကူးစက်မှာကို စိုးရိမ်ရတယ်လို့လည်း ပလက်ဝတိုက်ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“စိုးရိမ်ချက်တွေကတော့ အခု ပလက်ဝမှာကတော့ လက်ရှိမှာကျေးရွာတွေက မိမိနေရပ်ကိုထားခဲ့ပြီးမှ ပလက်ဝကို ခိုလှုံနေတဲ့ ဒီ IDP စခန်းတွေလည်း ရှိတယ်။ မြို့ရဲ့အနေအထားက ကျဉ်းကျဉ်းလေးဖြစ်တယ်။ ဒါပေမဲ့ လူဦးရေကတော့ ဒုက္ခသည်နဲ့ အခုကစုပြီးတော့ နေတဲ့အခါမှာ လူဦးရေကတော့ မြို့နဲ့ အတိုင်းတာ အနေအထား တခုကတော့ များတယ်။ ပိုပြီးမှစိုးရိမ်မှုတွေ ရှိတယ်။ ပြီးတော့ နောက်တခုက ဒီကျန်းမာရေးဆရာဝန်တွေ လုံလောက်မှု မရှိတာက ကုတင် ၅၀ ရှိပေမဲ့ ဆရာဝန်က တယောက်ထဲရှိနေတယ်။ ကျန်းမာရေး လိုအပ်တဲ့ဆေးဝါးတွေကလည်း သူတို့ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတဲ့ဟာက မေးခွန်းတခုဖြစ်လာနေတယ်။ တခြားမြို့နယ်၊ တခြားနေရာ ဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပိုပြီးမှစိုးရိမ်ဖို့ အနေအထားတော့ရှိတယ်။”

ပလက်ဝမြို့ရဲ့ အဓိကဆက်သွယ်ရာ ရခိုင်ပြည်နယ် ကျောက်တော်၊ စစ်တွေရေကြောင်းလမ်းဟာ စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း ပိတ်ပင်ထားတဲ့ အခြေအနေကြောင့် ကျန်းမာရေးကိစ္စအပါဝင် စားနပ်ရိက္ခာသယ်ဆောင်ရေးမှာလည်း အခက်တွေ့နေပါတယ်။

ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်ကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် ပလက်ဝမြို့မှာ အရေးပေါ် ကျန်းမာရေး လိုအပ်ချက်တွေ ရှိတဲ့အခါ အခက်အခဲ ကြုံရနိုင်တယ်လို့လည်း ပလက်ဝမြို့ဆေးရုံအုပ်ဒေါက်တာစိုးထက်ဝင်းက အခုလိုဆက်ပြောပါတယ်။

“ကုသရေးအပိုင်းမှာတော့ သာမန် Mild Pneumonia လောက်အထိဆိုရင်တော့ ကျနော်တို့ဆီမှာ အဆင်ပြေတယ်ပေါ့နော်။ တကယ်လို့ အောက်စီဂျင်တွေ ပေးရမယ်၊ အထူးကုသမှုတွေလိုမယ်ဆိုလို့ ရှိရင်တော့ လူနာလွှဲပြောင်းရတာမျိုးတော့ အခက်ခဲ ရှိနိုင်ပါတယ်။ ဒီဘက်ကနေပြီးတော့ အရေးကြီးတဲ့ လူနာ လွှဲမယ်ဆိုရင် အဲဒီလူနာလွှဲဖို့ပေါ့နော်။”

မနေ့တုန်းက နောက်ထပ် အတည်ပြု လူနာအသစ် ၃ ဦးဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က လာရောက်သူတွေဖြစ်ကြပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှာလည်း ကျောက်တော်က ပြန်လာသူ တစ်ဦးထံမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီမတိုင်ခင် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တုန်းကလည်း ရန်ကုန်တိုင်းက ပြန်လာသူ ၄ ဦးမှာ ရောဂါပိုးကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပထမဆုံး ကူးစက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ရောဂါကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက်မှာတော့ ပလက်ဝမြို့အဝင်၊ အထွက်တွေမှာ စစ်ဆေးရေးဂိတ်တွေထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့ ဒေသကနေ ဝင်ရောက်လာသူတွေကို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နဲ့ အထောက်အထားများ မပါရှိသူတွေကို သီးသန့်စောင့်ကြည့် ထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအဝန်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ သေဆုံးသူ ၂,၀၀၀ လောက်နဲ့ ကူးစက်သူ ၇၀,၀၀၀ လောက် ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG