သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ေရး လူထုပညာေပး လႈပ္ရွားမႈ


ဧရာဝတီတုိင္းက ေဈးတခုမွာ မ်က္ႏွာဖုံး ႏွာေခါင္းစည္းတပ္ဆင္ေရး လူထုလႈပ္ရွားမႈျမင္ကြင္း။ (ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္သူေပါင္း ၈၈,၀၀၀ နီးပါးအထိ ရွိလာၿပီး ၁,၈၈၀ ေက်ာ္အထိ ေသဆုံးမႈေတြ ရွိေနတဲ့အတြက္ လူထုၾကားမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ႏိုင္ေအာင္ လူထုလႈပ္ရွားမႈေတြနဲ႔ ပညာေပးေနပါတယ္။ ဒီလႈပ္ရွားမႈေတြက ေရာဂါကာကြယ္ေရးအတြက္ အမွန္တကယ္ ထိေရာက္မႈ ရွိႏိုင္ပါသလား။ လူထုရဲ႕ ပါဝင္စည္းကမ္းလိုက္နာမႈ အေျခအေနကေရာ ဘယ္လိုရွိပါသလဲဆိုတာ မဆုမြန္ စုစည္း တင္ျပေပးထားပါတယ္။

ရန္ကုန္ၿမိဳ႕က ေဈးတခုမွာ ႏွာေခါင္းစည္းတပ္ေရး ပညာေပးေနတဲ့ျမင္ကြင္း။ (ဓာတ္ပုံ - MOHS)
ရန္ကုန္ၿမိဳ႕က ေဈးတခုမွာ ႏွာေခါင္းစည္းတပ္ေရး ပညာေပးေနတဲ့ျမင္ကြင္း။ (ဓာတ္ပုံ - MOHS)

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေန ကမာၻ႔ကပ္ေရာဂါ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျမန္ကပ္ေရာဂါ ကာကြယ္ႏုိင္ေရး (Mask and Face Shield Campaign) မ်က္ႏွာဖုံးနဲ႔ ႏွာေခါင္းစည္း မျဖစ္မေနတပ္ဆင္ေရး လူထုလႈပ္ရွားမႈ စီမံခ်က္ေတြကို ျမန္မာႏိုင္ငံတဝန္း တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ဒီလပိုင္းကစလို႔ အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဒီလူထုလႈပ္ရွားမႈေတြကေတာ့ ျပည္သူလူထုအေနနဲ႔ ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask)၊ မ်က္ႏွာအကာ (Face shield) မျဖစ္မေန တပ္ဆင္ႏိုင္ၾကဖို႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ၾကက္ေျခနီ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြ ပူးေပါင္းၿပီး လူထုကို မ်က္ႏွာဖုံး မ်က္ႏွာကာေတြ အခမဲ့ေပးေဝၿပီး တပ္ဆင္ေစတာ၊ က်န္းမာေရး အသိပညာေပး လက္ကမ္းစာေစာင္ေတြ ေပးေဝၿပီး ေဟာေျပာစည္း႐ုံး လႈံ႔ေဆာ္ေနတာပါ။

အခုဆိုရင္ ျမန္မာတျပည္လုံး အတိုင္းအတာနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ည ၈ နာရီ ေနာက္ဆံုးထုတ္ျပန္ခ်က္အရ COVID-19 ကူးစက္သူေပါင္း ၈၈,၀၀၀ နီးပါး ရွိလာေနၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူေပါင္း ၁,၈၈၇ ဦးအထိ ရွိလာေနတာပါ။ ျမန္မာႏုိင္ငံမွာ ဒီလို ေန႔စဥ္ကူးစက္မႈ ေထာင္ခ်ီ ဆက္တိုက္ ကူးစက္ျမန္ေရာဂါပိုး ေတြ႔ရွိေနတဲ့ အေျခအေနမွာ ဒီလူထုလႈပ္ရွားမႈေတြက ကာကြယ္ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါသလား။

ဧရာဝတီတိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္ကေတာ့ လူအမ်ားစုေဝးရာ ေဈးဆိုင္တန္းေတြနဲ႔ လူစည္ကားတဲ့ အမ်ားျပည္သူေတြ သြားလာလႈပ္ရွားတဲ့ ေနရာေတြမွာ မ်က္ႏွာဖံုး ႏွာေခါင္းစည္း မျဖစ္မေန တပ္ဆင္ၾကဖို႔ လူထုလႈပ္ရွားမႈကို အဓိကထား လႈပ္ရွားေဆာင္ရြက္ေနပါတယ္လို႔ ေျပာျပပါတယ္။

"Mask and Face Shield Campaign က ဧရာဝတီတုိင္း အေနနဲ႔ကေတာ့ ၁၅ ရက္ေန႔ကေနစၿပီးေတာ့ လုပ္ပါတယ္။ အဓိကကေတာ့ လူအမ်ား စုေဝးေနတဲ့ ေစ်းေပါ့ေနာ္၊ ေစ်းဆိုရင္ မနက္ခင္း ေစ်းဝယ္ခ်ိန္ ေစ်းေရာင္းသူ Mask နဲ႔ Face Shield ကို တပ္ရမယ္။ ေလာေလာဆယ္ ႏုိင္ငံေတာ္က ေထာက္ပံ့တဲ့ Mask နဲ႔ Face Shield ကို အခမဲ့ေပးတယ္။ ၿပီးရင္ လက္ကုိင္စပီကာ အသံခ်ဲ႕စက္နဲ႔ ဘာေတြလိုက္နာရမယ္၊ ဥပမာ ေနမေကာင္းဘူးဆို ေစ်းလာမဝယ္ပါနဲ႔၊ ေနမေကာင္းဘူးဆို ေစ်းမေရာင္းပါနဲ႔၊ တပတ္ကို တႀကိမ္ ႏွစ္ႀကိမ္ေလာက္ပဲ လာဝယ္ပါ၊ ေနာက္ တေယာက္နဲ႔တေယာက္ၾကား ၆ ေပခြာက ဆက္ဆံပါ၊ ေနာက္ ပုိက္ဆံေတြ ေငြေတြကိုင္ၿပီးတိုင္း လက္သန္႔ေဆးရည္နဲ႔ ေဆးေၾကာပါ၊ စသျဖင့္ စပီကာနဲ႔ေအာ္တယ္၊ ၿပီးရင္ ပန္းဖလက္ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝတယ္။ ဒါေတြက လူစည္ကားတဲ့ေနရာေတြ ဦးစားေပးလုပ္ပါတယ္။ ေစ်းၿပီးရင္ေတာ့ ဘတ္စ္ကားဂိတ္ေတြ ေနာက္ လူအမ်ားစုေဝးရာ ဘာသာေရးပြဲေတြ ဘာသာေရး အခမ္းအနားတို႔ လုပ္မယ္ဆိုရင္လည္း ဒါေလးေတြကို စုၿပီးေတာ့လုပ္တယ္။ ေနာက္ လူတိုင္း အက်င့္ျဖစ္သြားေအာင္ Mask နဲ႔ Face Shield မပါဘဲနဲ႔ အျပင္မထြက္ျဖစ္ေအာင္ အက်င့္ပါသြားေအာင္ က်ေနာ္တို႔က ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။"

လူထုၾကားမွာ လိုက္နာမႈ အားနည္းေနေသးတဲ့အတြက္ အမွန္တကယ္ ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုရင္ ပညာေပးမႈအျပင္ အေရးယူမႈေတြနဲ႔ တင္းတင္းက်ပ္က်ပ္ ႀကီးၾကပ္ေပးဖို႔ အေရးတႀကီး လိုအပ္လာေနၿပီလို႔ လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က သုံးသပ္ပါတယ္။

"မ်က္ႏွာဖံုးတပ္ဆင္ေရး လူထုလႈပ္ရွားမႈ လုပ္တာကေတာ့ ေကာင္းတယ္ေပါ့ေနာ္။ ဒီမ်က္ႏွာဖံုး အရင္က မတပ္တဲ့သူေတြ တပ္ဆင္လာမယ္ဆိုရင္ အက်ိဳးရွိတဲ့ အလုပ္တခုလို႔ ေျပာလို႔ရတယ္ေပါ့ေနာ္။ ဒါေပမယ့္ ဒီကမ္ပိန္းလုပ္႐ုံနဲ႔ လူေတြအားလံုး လိုက္နာၾကမလားဆိုတဲ့ကိစၥေပါ့။ သိဖို႔ဆိုတာက ပထမဆံုး လုပ္သင့္တာက ဆာေဗးေပါ့။ စနစ္တက် မ်က္ႏွာဖံုး မတပ္ဆင္ဘဲ သြားလာလႈပ္ရွားသူေတြ ဘယ္ေလာက္ေလာက္ရွိသလဲေပါ့၊ ေနာက္တခါ Mask and Face Shield Campaign လုပ္လိုက္တယ္။ ကမ္ပိန္းလုပ္ၿပီးေတာ့ အဲ့ဒီ့မတပ္တဲ့ရာခိုင္ႏႈန္းက ေလ်ာ့က်သြားသလားေပါ့၊ အဲ့ဒါမ်ိဳးေတြ ၾကည့္ရမွာေပါ့ေနာ္။ အဲ့ေတာ့ ေမတၱာရပ္ခံၿပီး လုပ္႐ုံနဲ႔ လိုက္နာမႈပိုင္း အားနည္းေနေသးတာ အခုထိပဲေလ။ ပ်ံ႕ႏွံ႔မႈႏႈန္းကိုလည္း မထိန္းခ်ဳပ္ႏိုင္ေသးတာ အခုထိပဲ။ ဒါေတြကို ႀကီးၾကပ္ေပးဖို႔နဲ႔ အေရးယူမႈ အပိုင္းေလးေတြ ပါဝင္လာမွသာလွ်င္ ပိုၿပီးထိေရာက္မယ္လို႔ ျမင္တယ္ ဆရာကေတာ့ေလ။ ႀကီးၾကပ္မႈနဲ႔ အေရးယူမႈ မပါရင္ေတာ့ ေအာင္ျမင္မႈနည္းႏိုင္တယ္လို႔ ထင္တယ္။"

က်န္းမာေရးပညာေပးေနခ်ိန္ Mask ေပးေဝခ်ိန္ေလာက္ပဲ တပ္ဆင္ထားမ်ိဳး မဟုတ္ဘဲ လူထုဘက္က အေလးအနက္ထားၿပီး အျပင္ထြက္တာနဲ႔ မ်က္ႏွာဖုံး ႏွာေခါင္းစည္းေတြ ေတာက္ေလွ်ာက္ တပ္ဆင္ၾကဖို႔ လိုအပ္တယ္လို႔ လူထုအေျချပဳ အခမဲ့ ဖ်ားနာေဆးခန္းမ်ား ရန္ကုန္ကြန္ရက္ တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက တိုက္တြန္းပါတယ္။

"ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရယ္ ၿမိဳ႕နယ္က်န္းမာေရးနဲ႔ တခ်ိဳ႕ကေတာ့လည္း စည္ပင္ေတြေပါ့ေနာ္ ၿမိဳ႕နယ္အစီအစဥ္ေတြနဲ႔ လုပ္ေနၾကတယ္။ အဲ့ လုပ္တဲ့ေန႔ေတာ့ မ်က္ႏွာမွာ တပ္ၾကတယ္ေပါ့ေနာ္။ ဒါေပမယ့္ ေနာက္ရက္က်ေတာ့ မတပ္ၾကေတာ့ျပန္ဘူး။ တကယ္တမ္း ျပည္သူေတြဘက္ကေန ပူးေပါင္းေပးဖို႔က အရမ္းကို အေရးႀကီးပါတယ္။ အျပင္သြားတုိင္း မ်က္ႏွာဖံုး ႏွာေခါင္းစည္းေလးေတြ တပ္ေပးၾကပါ။ Stay At Home ကာလ ျဖစ္ႏုိင္ရင္ အိမ္မွာပဲ ေနေပးၾကပါ။ အျပင္ကို လိုအပ္မွသြားပါ၊ သြားမယ္ဆိုလည္း က်ေနာ္တို႔ အိမ္ကထြက္လာကတည္းက ႀကိဳတင္ျပင္ဆင္ပါ။ ျဖစ္ႏုိင္ရင္ အိတ္ထဲမွာ လက္သန္႔ေဆးရည္ အေသးေလးေတြေဆာင္ပါ၊ လက္အိတ္ဝတ္ပါ။ ေစ်းသြားရင္ Face Shield ပါ တပ္ပါေပါ့ေနာ္။ အဲ့ဒါေလးေတြကို လူထုဘက္ကေန က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္ဆုိရင္ က်ေနာ္တို႔ COVID-19 ေရာဂါကို ကာကြယ္ႏုိင္မယ္ေပါ့ေနာ္၊ အဲ့ဒါေလး က်ေနာ္ အႀကံျပဳခ်င္ပါတယ္။"

အခုလို လူထုၾကား ကပ္ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္ႏိုင္မွသာ ႏိုင္ငံမွာ စီးပြားေရး၊ ပညာေရး၊ လူမႈေရးလုပ္ငန္းေတြ ပုံမွန္အေနအထားအတိုင္း အျမန္ဆုံး ျပန္လည္လုပ္ကိုင္လာႏိုင္မွာျဖစ္လို႔ ျပည္သူလူထုအေနနဲ႔ Mask and Face Shield Campaign လူထုလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ၾကဖို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ေနတာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လူထုပညာပေး လှုပ်ရှားမှု

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူပေါင်း ၈၈,၀၀၀ နီးပါးအထိ ရှိလာပြီး ၁,၈၈၀ ကျော်အထိ သေဆုံးမှုတွေ ရှိနေတဲ့အတွက် လူထုကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်အောင် လူထုလှုပ်ရှားမှုတွေနဲ့ ပညာပေးနေပါတယ်။ ဒီလှုပ်ရှားမှုတွေက ရောဂါကာကွယ်ရေးအတွက် အမှန်တကယ် ထိရောက်မှု ရှိနိုင်ပါသလား။ လူထုရဲ့ ပါဝင်စည်းကမ်းလိုက်နာမှု အခြေအနေကရော ဘယ်လိုရှိပါသလဲဆိုတာ မဆုမွန် စုစည်း တင်ပြပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ကပ်ရောဂါ ကာကွယ်နိုင်ရေး (Mask and Face Shield Campaign) မျက်နှာဖုံးနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်တွေကို မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီလပိုင်းကစလို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလူထုလှုပ်ရှားမှုတွေကတော့ ပြည်သူလူထုအနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)၊ မျက်နှာအကာ (Face shield) မဖြစ်မနေ တပ်ဆင်နိုင်ကြဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကြက်ခြေနီ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လူထုကို မျက်နှာဖုံး မျက်နှာကာတွေ အခမဲ့ပေးဝေပြီး တပ်ဆင်စေတာ၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေပြီး ဟောပြောစည်းရုံး လှုံ့ဆော်နေတာပါ။

အခုဆိုရင် မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ နောက်ဆုံးထုတ်ပြန်ချက်အရ COVID-19 ကူးစက်သူပေါင်း ၈၈,၀၀၀ နီးပါး ရှိလာနေပြီး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁,၈၈၇ ဦးအထိ ရှိလာနေတာပါ။ မြန်မာနိုင်ငံမှာ ဒီလို နေ့စဉ်ကူးစက်မှု ထောင်ချီ ဆက်တိုက် ကူးစက်မြန်ရောဂါပိုး တွေ့ရှိနေတဲ့ အခြေအနေမှာ ဒီလူထုလှုပ်ရှားမှုတွေက ကာကွယ်ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါသလား။

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကတော့ လူအများစုဝေးရာ ဈေးဆိုင်တန်းတွေနဲ့ လူစည်ကားတဲ့ အများပြည်သူတွေ သွားလာလှုပ်ရှားတဲ့ နေရာတွေမှာ မျက်နှာဖုံး နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြဖို့ လူထုလှုပ်ရှားမှုကို အဓိကထား လှုပ်ရှားဆောင်ရွက်နေပါတယ်လို့ ပြောပြပါတယ်။

"Mask and Face Shield Campaign က ဧရာဝတီတိုင်း အနေနဲ့ကတော့ ၁၅ ရက်နေ့ကနေစပြီးတော့ လုပ်ပါတယ်။ အဓိကကတော့ လူအများ စုဝေးနေတဲ့ ဈေးပေါ့နော်၊ ဈေးဆိုရင် မနက်ခင်း ဈေးဝယ်ချိန် ဈေးရောင်းသူ Mask နဲ့ Face Shield ကို တပ်ရမယ်။ လောလောဆယ် နိုင်ငံတော်က ထောက်ပံ့တဲ့ Mask နဲ့ Face Shield ကို အခမဲ့ပေးတယ်။ ပြီးရင် လက်ကိုင်စပီကာ အသံချဲ့စက်နဲ့ ဘာတွေလိုက်နာရမယ်၊ ဥပမာ နေမကောင်းဘူးဆို ဈေးလာမဝယ်ပါနဲ့၊ နေမကောင်းဘူးဆို ဈေးမရောင်းပါနဲ့၊ တပတ်ကို တကြိမ် နှစ်ကြိမ်လောက်ပဲ လာဝယ်ပါ၊ နောက် တယောက်နဲ့တယောက်ကြား ၆ ပေခွာက ဆက်ဆံပါ၊ နောက် ပိုက်ဆံတွေ ငွေတွေကိုင်ပြီးတိုင်း လက်သန့်ဆေးရည်နဲ့ ဆေးကြောပါ၊ စသဖြင့် စပီကာနဲ့အော်တယ်၊ ပြီးရင် ပန်းဖလက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ ဒါတွေက လူစည်ကားတဲ့နေရာတွေ ဦးစားပေးလုပ်ပါတယ်။ ဈေးပြီးရင်တော့ ဘတ်စ်ကားဂိတ်တွေ နောက် လူအများစုဝေးရာ ဘာသာရေးပွဲတွေ ဘာသာရေး အခမ်းအနားတို့ လုပ်မယ်ဆိုရင်လည်း ဒါလေးတွေကို စုပြီးတော့လုပ်တယ်။ နောက် လူတိုင်း အကျင့်ဖြစ်သွားအောင် Mask နဲ့ Face Shield မပါဘဲနဲ့ အပြင်မထွက်ဖြစ်အောင် အကျင့်ပါသွားအောင် ကျနော်တို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

လူထုကြားမှာ လိုက်နာမှု အားနည်းနေသေးတဲ့အတွက် အမှန်တကယ် ရောဂါထိန်းချုပ်နိုင်ဖို့ဆိုရင် ပညာပေးမှုအပြင် အရေးယူမှုတွေနဲ့ တင်းတင်းကျပ်ကျပ် ကြီးကြပ်ပေးဖို့ အရေးတကြီး လိုအပ်လာနေပြီလို့ လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပါတယ်။

"မျက်နှာဖုံးတပ်ဆင်ရေး လူထုလှုပ်ရှားမှု လုပ်တာကတော့ ကောင်းတယ်ပေါ့နော်။ ဒီမျက်နှာဖုံး အရင်က မတပ်တဲ့သူတွေ တပ်ဆင်လာမယ်ဆိုရင် အကျိုးရှိတဲ့ အလုပ်တခုလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့် ဒီကမ်ပိန်းလုပ်ရုံနဲ့ လူတွေအားလုံး လိုက်နာကြမလားဆိုတဲ့ကိစ္စပေါ့။ သိဖို့ဆိုတာက ပထမဆုံး လုပ်သင့်တာက ဆာဗေးပေါ့။ စနစ်တကျ မျက်နှာဖုံး မတပ်ဆင်ဘဲ သွားလာလှုပ်ရှားသူတွေ ဘယ်လောက်လောက်ရှိသလဲပေါ့၊ နောက်တခါ Mask and Face Shield Campaign လုပ်လိုက်တယ်။ ကမ်ပိန်းလုပ်ပြီးတော့ အဲ့ဒီ့မတပ်တဲ့ရာခိုင်နှုန်းက လျော့ကျသွားသလားပေါ့၊ အဲ့ဒါမျိုးတွေ ကြည့်ရမှာပေါ့နော်။ အဲ့တော့ မေတ္တာရပ်ခံပြီး လုပ်ရုံနဲ့ လိုက်နာမှုပိုင်း အားနည်းနေသေးတာ အခုထိပဲလေ။ ပျံ့နှံ့မှုနှုန်းကိုလည်း မထိန်းချုပ်နိုင်သေးတာ အခုထိပဲ။ ဒါတွေကို ကြီးကြပ်ပေးဖို့နဲ့ အရေးယူမှု အပိုင်းလေးတွေ ပါဝင်လာမှသာလျှင် ပိုပြီးထိရောက်မယ်လို့ မြင်တယ် ဆရာကတော့လေ။ ကြီးကြပ်မှုနဲ့ အရေးယူမှု မပါရင်တော့ အောင်မြင်မှုနည်းနိုင်တယ်လို့ ထင်တယ်။"

ကျန်းမာရေးပညာပေးနေချိန် Mask ပေးဝေချိန်လောက်ပဲ တပ်ဆင်ထားမျိုး မဟုတ်ဘဲ လူထုဘက်က အလေးအနက်ထားပြီး အပြင်ထွက်တာနဲ့ မျက်နှာဖုံး နှာခေါင်းစည်းတွေ တောက်လျှောက် တပ်ဆင်ကြဖို့ လိုအပ်တယ်လို့ လူထုအခြေပြု အခမဲ့ ဖျားနာဆေးခန်းများ ရန်ကုန်ကွန်ရက် တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လွှတ်တော်ကိုယ်စားလှယ်တွေရယ် မြို့နယ်ကျန်းမာရေးနဲ့ တချို့ကတော့လည်း စည်ပင်တွေပေါ့နော် မြို့နယ်အစီအစဉ်တွေနဲ့ လုပ်နေကြတယ်။ အဲ့ လုပ်တဲ့နေ့တော့ မျက်နှာမှာ တပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် နောက်ရက်ကျတော့ မတပ်ကြတော့ပြန်ဘူး။ တကယ်တမ်း ပြည်သူတွေဘက်ကနေ ပူးပေါင်းပေးဖို့က အရမ်းကို အရေးကြီးပါတယ်။ အပြင်သွားတိုင်း မျက်နှာဖုံး နှာခေါင်းစည်းလေးတွေ တပ်ပေးကြပါ။ Stay At Home ကာလ ဖြစ်နိုင်ရင် အိမ်မှာပဲ နေပေးကြပါ။ အပြင်ကို လိုအပ်မှသွားပါ၊ သွားမယ်ဆိုလည်း ကျနော်တို့ အိမ်ကထွက်လာကတည်းက ကြိုတင်ပြင်ဆင်ပါ။ ဖြစ်နိုင်ရင် အိတ်ထဲမှာ လက်သန့်ဆေးရည် အသေးလေးတွေဆောင်ပါ၊ လက်အိတ်ဝတ်ပါ။ ဈေးသွားရင် Face Shield ပါ တပ်ပါပေါ့နော်။ အဲ့ဒါလေးတွေကို လူထုဘက်ကနေ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ COVID-19 ရောဂါကို ကာကွယ်နိုင်မယ်ပေါ့နော်၊ အဲ့ဒါလေး ကျနော် အကြံပြုချင်ပါတယ်။"

အခုလို လူထုကြား ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ နိုင်ငံမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေ ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ Mask and Face Shield Campaign လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်နေတာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG