(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၃၄၄ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၂ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ည ထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၁၈ ဦးက ေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၇,၉၂၄ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၁၃၂,၆၂၁ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၈၈၇ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၈၇,၉၇၇ ဦး ရွိသြားပါၿပီ။
ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၁,၆၁၆ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၆၇,၅၈၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။ တရက္အတြင္း ေရာဂါပိုးကူးစက္သူ အေရအတြက္ထက္ ေပ်ာက္ကင္းသြားသူ အေရအတြက္က ပိုမ်ားလာတာ ရက္အေတာ္ၾကာအတြင္း ဒီကေန႔ ပထမဆုံးျဖစ္ပါတယ္။
ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၇.၅ ရာခုိင္ႏႈန္းရွိၿပီး ျပန္ေကာင္းလာသူ ၇၆.၈ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၁၄ ရာခုိင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။
ဒီႏႈန္းေတြအရဆိုရင္ ပိုးေတြ႔ႏႈန္းက အနည္းငယ္ေလ်ာ့က်သြားၿပီး ေရာဂါေပ်ာက္ကင္းသူႏႈန္း အနည္းငယ္ ပိုတုိးလာေပမယ့္ ေသဆံုးႏႈန္းကေတာ့ သိသိသာသာ ေလ်ာ့က်မသြားေသးတာ ေတြ႔ရပါတယ္။
-------------------
(Unicode)
မြန်မာ COVID-19 ရောဂါကူးစက်သူ ၈၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၈၈၇ ဦးရှိပြီ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၄၄ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ဦးက ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၇,၉၂၄ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၁၃၂,၆၂၁ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၈၈၇ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၈၇,၉၇၇ ဦး ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၆၁၆ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၆၇,၅၈၈ ဦး ရှိသွားပြီဖြစ်ပါတယ်။ တရက်အတွင်း ရောဂါပိုးကူးစက်သူ အရေအတွက်ထက် ပျောက်ကင်းသွားသူ အရေအတွက်က ပိုများလာတာ ရက်အတော်ကြာအတွင်း ဒီကနေ့ ပထမဆုံးဖြစ်ပါတယ်။
ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၅ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၇၆.၈ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
ဒီနှုန်းတွေအရဆိုရင် ပိုးတွေ့နှုန်းက အနည်းငယ်လျော့ကျသွားပြီး ရောဂါပျောက်ကင်းသူနှုန်း အနည်းငယ် ပိုတိုးလာပေမယ့် သေဆုံးနှုန်းကတော့ သိသိသာသာ လျော့ကျမသွားသေးတာ တွေ့ရပါတယ်။