[Zawgyi/Unicode]
ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ရပ္နားထားရတဲ့ ျပည္တြင္းေလေၾကာင္း လုပ္ငန္းေတြ အေစာဆုံး ေရွ႕လထဲမွာ ျပန္စဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း တင္ဆက္ေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။
ကပ္ေရာဂါေၾကာင့္ စက္တင္ဘာလဆန္းကတည္းက ျပည္တြင္းေလေၾကာင္းလိုင္းေတြကို ပ်ံသန္းခြင့္ပိတ္ထားတာ ေရွ႕သီတင္းပတ္မွာ သက္တမ္းကုန္ဆုံးေတာ့မယ့္ အခ်ိန္မွာပဲ လုပ္ငန္းေတြ ျပန္လည္ပတ္ခြင့္ျပဳဖုိ႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ႏိုဝင္ဘာလကုန္အထိ ပ်ံသန္းခြင့္ပိတ္ထားတဲ့ ျပည္တြင္းေလေၾကာင္းလုိင္းေတြကုိေတာ့ ကပ္ေရာဂါကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ခြင့္ျပဳဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က VOA ကိုေျပာပါတယ္။
"က်ေနာ္တို႔ SOP (Standard Operating Procedure) အတည္ျပဳဖို႔ ေစာင့္ေနပါတယ္။ ဒီကပ္ေရာဂါကာလမွာ ေလဆိပ္ေတြမွာ ဘယ္လို.. ဒီလို လက္ရွိအေနအထားအရ လုံၿခဳံေအာင္လို႔ SOP ေတြ အမ်ိဳးမ်ိဳးခြဲၿပီးစဥ္းစားေနပါတယ္။ SOP မူၾကမ္းေတာ့ဆြဲၿပီးပါၿပီ၊ အဲဒါကို MOHS ကေနၿပီးေတာ့ ဗဟိုေကာ္မတီကို ျပန္တင္ဖို႔ရွိပါတယ္။ အဲဒါက ဒီေန႔ေလာက္ တင္ၿပီလို႔ယူဆပါတယ္။ က်ေနာ္တို႔မသိႏိုင္တာက အဲဒါကို က်ေနာ္တို႔ဘက္ကေနေတာ့ အႀကံျပဳခ်က္ေတြနဲ႔ MOHS ကိုညႇိၿပီးပါၿပီ။ MOHS ကလည္း ျပဳစုၿပီးၿပီ၊ ဗဟိုေကာ္မတီတင္မယ္လို႔ ယူဆထားပါတယ္။ အဲဒါၿပီးမွပဲ လုပ္လို႔ရမယ္ဗ်။"
ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္သူ လူနာသစ္ ေန႔စဥ္ ေထာင္ဂဏန္း၀န္းက်င္ ရွိေနေပမဲ့ ကူးစက္မႈ ေလ်ာ့ပါးတဲ့ ေနရာေတြမွာ ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပါ့ေပးဖုိ႔နဲ႔ လုပ္ငန္းေတြ လည္ပတ္ဖုိ႔ ျပင္ဆင္ေနေၾကာင္း အစုိးရတာ၀န္ရွိသူေတြ ေျပာဆုိခဲ့ၿပီးေနာက္ ေလေၾကာင္းလုိင္းေတြ ျပန္လည္ေျပးဆဲြဖုိ႔ စီစဥ္လာတာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေလေၾကာင္းလုပ္ငန္းေတြ ပုံမွန္ျပန္ျဖစ္ဖုိ႔ကေတာ့ မေသခ်ာေသးဘူးလုိ႔လည္း ဦးဝင္းခန႔္ကေျပာပါတယ္။
"ဒီလကုန္၊ ေနာက္လဆန္းေလာက္ေတာ့ အားလုံးမွန္းေနၾကတာပဲေပါ့ေနာ္။ က်ေနာ္တို႔လည္း ဒီလိုပဲ အားလုံးမွန္းထားတဲ့အတိုင္း လဆန္းေတာ့ျဖစ္ႏိုင္တယ္။ ဒါေပမဲ့ အခုထက္ထိ အေျဖမရေသးဘူးဆိုရင္ က်ေနာ္တို႔ျပင္ဆင္ခ်ိန္ ၄ - ၅ ရက္နဲ႔ဆိုရင္ ဒီဇင္ဘာပထမပတ္ေလာက္မွာေတာ့ စပ်ံႏိုင္မယ္လို႔ယူဆပါတယ္။ ဒါေပမဲ့လည္း က်ေနာ္ထင္တယ္၊ ေလေၾကာင္းလိုင္းဆိုတာက Customer ရဲ႕ Demand Focus က အေရးႀကီးပါတယ္။ လူမရွိဘဲနဲ႔လည္း ပ်ံလို႔ရမွာမဟုတ္ဘူးေလ။ က်ေနာ္တို႔က ဖြင့္တာေတာ့ ဖြင့္လိုက္မယ္၊ ခရီးသည္ရွိတဲ့ ေလေၾကာင္းလိုင္းေတြက တြက္ခ်က္ၿပီးပ်ံသန္းဖို႔ေပါ့ေနာ္။"
ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေအာင္ဆန္းစုၾကည္ကေတာ့ ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္လာႏုိင္တာနဲ႔အမွ် ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပါ့ေပးမယ့္အေၾကာင္း ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အြန္လုိင္းမိန္႔ခြန္းမွာ ေျပာထားပါတယ္။
"က်မတို႔လည္း ေျဖေလွ်ာ့ေပးဖို႔လည္း အမ်ားႀကီးႀကိဳးစားေနပါတယ္။ ဒီေတာ့ အေျခအေနေတြ နည္းနည္းထိန္းလို႔ရတာနဲ႔ ျပန္ၿပီးေတာ့ေျဖေလွ်ာ့ေပးခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါျပည္သူလူထုရဲ႕ စိတ္ဖိစီးမႈေတြလည္း သက္သာေအာင္လို႔၊ ေနာက္က်မတို႔ စီးပြားေရးလည္း ျပန္ၿပီးေတာ့လည္ပတ္ေအာင္လို႔ပါ။"
ကပ္ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ အိမ္ျပင္မထြက္ရ အမိန္႔အပါအ၀င္ သြားလာလႈပ္ရွားမႈေတြကုိ ကန္႔သတ္ထားသလုိ၊ လူအမ်ား ထိေတြ႔ဆက္ဆံမႈေတြကုိ ေရွာင္ရွားဖုိ႔ စီးပြားေရးလုပ္ငန္းေတြကုိလည္း ရပ္နားထားရတာပါ။ ဒီလုိရပ္နားထားရတာေၾကာင့္ ျပည္တြင္းက ေလေၾကာင္းလုပ္ငန္းေတြ အထိနာေနရတယ္လုိ႔လည္း ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးဝင္းခန႔္က ေျပာပါတယ္။
"က်ေနာ္တို႔ဘက္ကေတာ့ Transport ဆိုတဲ့အတြက္ Airlines ေတြက စီးပြားေရးအရ ေတာ္ေတာ္ကိုခြၽတ္ခ်ဳံက်ေနၿပီေလ ရွင္းရွင္းေျပာရရင္။ ဒါက်န္းမာေရးဘက္က တပိုင္းေပါ့ေနာ္။ ျပည္တြင္းေလေၾကာင္းလိုင္းေတြအားလုံးက မဖ်က္ရ႐ုံတမယ္ အၾကပ္အတည္းေတြေတြ႕ေနတဲ့အတြက္ေၾကာင့္ ျပည္သူေတြသြားခ်င္တာလည္း တပိုင္း၊ က်ေနာ္တို႔က ေျပးခ်င္တာလည္း တပိုင္းေပါ့ေနာ္။ အဓိကေတာ့ က်န္းမာေရးအရ လုံၿခဳံစိတ္ခ်ရတဲ့အစီအစဥ္ျဖစ္ဖို႔ပဲ အေရးႀကီးတာပါ။"
ျပည္တြင္းခရီးစဥ္ေျပးဆြဲဖို႔ကို ဒီဇင္ဘာမွာစႏိုင္ဖို႔ ေမွ်ာ္မွန္းထားေပမဲ့လည္း ျပည္ပေလေၾကာင္းလိုင္းခရီးစဥ္ေတြအတြက္ကေတာ့ ႏိုင္ငံတြင္းကူးစက္မႈ ေန႔စဥ္ေထာင္ဂဏန္းဝန္းက်င္မွာရွိေနလို႔ ကယ္ဆယ္ေရးေလယာဥ္ေတြကိုသာ အဓိကထား အသုံးျပဳရမယ့္အေျခအေနပါ။ ကိုဗစ္ေရာဂါေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ စီးပြားေရး သက္ေရာက္မႈေတြအေပၚ ကုစားေရးအစီအစဥ္အပါအဝင္၊ ႏိုင္ငံစီးပြားေရး တိုးတက္ဖို႔အတြက္ ေဆာင္႐ြက္သြားမယ့္ ေရတို၊ ေရရွည္စီမံကိန္းေတြကိုလည္း ကိုဗစ္ဗဟိုေကာ္မတီအေနနဲ႔ ထုတ္ျပန္သြားဖို႔ရွိပါတယ္။ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ COVID- 19 ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္းရဲ႕ စီးပြားေရးက႑ေတြအေပၚ သက္ေရာက္မႈ စစ္တမ္းအရဆို ႏိုင္ငံျခားခရီးသြားဧည့္သည္ ဝင္ေရာက္မႈဟာ ႏွစ္အစပိုင္းကတည္းက သိသိသာသာက်ဆင္းခဲ့ၿပီး ေမလေလာက္မွာေတာ့ ျပည္ပဧည့္သည္ဝင္ေရာက္မႈဟာ လုံးဝမရွိေတာ့ဘဲ ျမန္မာ့ခရီးသြားလုပ္ငန္းအေပၚ အထိနာခဲ့ပါတယ္။ ကပ္ေရာဂါေၾကာင့္ ျပည္တြင္းျပည္ပခရီးစဥ္ ေလေၾကာင္းလိုင္းေတြကို အခုလ ႏိုဝင္ဘာလကုန္အထိ ပိတ္ထားေပမဲ့ အထူးကယ္ဆယ္ေရးေလယာဥ္ေတြကိုေတာ့ ေျပးဆြဲေပးေနတာပါ။
[Unicode Version]
ကိုဗစ်ကြောင့်ရပ်ထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်ပြေးဆွဲဖို့ပြင်ဆင်နေ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ ပြည်တွင်းလေကြောင်း လုပ်ငန်းတွေ အစောဆုံး ရှေ့လထဲမှာ ပြန်စဖို့ ပြင်ဆင်နေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။
ကပ်ရောဂါကြောင့် စက်တင်ဘာလဆန်းကတည်းက ပြည်တွင်းလေကြောင်းလိုင်းတွေကို ပျံသန်းခွင့်ပိတ်ထားတာ ရှေ့သီတင်းပတ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် အချိန်မှာပဲ လုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလကုန်အထိ ပျံသန်းခွင့်ပိတ်ထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေကိုတော့ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုဖို့ စီစဉ်ထားတယ်လို့လည်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က VOA ကိုပြောပါတယ်။
"ကျနော်တို့ SOP (Standard Operating Procedure) အတည်ပြုဖို့ စောင့်နေပါတယ်။ ဒီကပ်ရောဂါကာလမှာ လေဆိပ်တွေမှာ ဘယ်လို.. ဒီလို လက်ရှိအနေအထားအရ လုံခြုံအောင်လို့ SOP တွေ အမျိုးမျိုးခွဲပြီးစဉ်းစားနေပါတယ်။ SOP မူကြမ်းတော့ဆွဲပြီးပါပြီ၊ အဲဒါကို MOHS ကနေပြီးတော့ ဗဟိုကော်မတီကို ပြန်တင်ဖို့ရှိပါတယ်။ အဲဒါက ဒီနေ့လောက် တင်ပြီလို့ယူဆပါတယ်။ ကျနော်တို့မသိနိုင်တာက အဲဒါကို ကျနော်တို့ဘက်ကနေတော့ အကြံပြုချက်တွေနဲ့ MOHS ကိုညှိပြီးပါပြီ။ MOHS ကလည်း ပြုစုပြီးပြီ၊ ဗဟိုကော်မတီတင်မယ်လို့ ယူဆထားပါတယ်။ အဲဒါပြီးမှပဲ လုပ်လို့ရမယ်ဗျ။"
မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်သူ လူနာသစ် နေ့စဉ် ထောင်ဂဏန်းဝန်းကျင် ရှိနေပေမဲ့ ကူးစက်မှု လျော့ပါးတဲ့ နေရာတွေမှာ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးဖို့နဲ့ လုပ်ငန်းတွေ လည်ပတ်ဖို့ ပြင်ဆင်နေကြောင်း အစိုးရတာဝန်ရှိသူတွေ ပြောဆိုခဲ့ပြီးနောက် လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လေကြောင်းလုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်ဖို့ကတော့ မသေချာသေးဘူးလို့လည်း ဦးဝင်းခန့်ကပြောပါတယ်။
"ဒီလကုန်၊ နောက်လဆန်းလောက်တော့ အားလုံးမှန်းနေကြတာပဲပေါ့နော်။ ကျနော်တို့လည်း ဒီလိုပဲ အားလုံးမှန်းထားတဲ့အတိုင်း လဆန်းတော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုထက်ထိ အဖြေမရသေးဘူးဆိုရင် ကျနော်တို့ပြင်ဆင်ချိန် ၄ - ၅ ရက်နဲ့ဆိုရင် ဒီဇင်ဘာပထမပတ်လောက်မှာတော့ စပျံနိုင်မယ်လို့ယူဆပါတယ်။ ဒါပေမဲ့လည်း ကျနော်ထင်တယ်၊ လေကြောင်းလိုင်းဆိုတာက Customer ရဲ့ Demand Focus က အရေးကြီးပါတယ်။ လူမရှိဘဲနဲ့လည်း ပျံလို့ရမှာမဟုတ်ဘူးလေ။ ကျနော်တို့က ဖွင့်တာတော့ ဖွင့်လိုက်မယ်၊ ခရီးသည်ရှိတဲ့ လေကြောင်းလိုင်းတွေက တွက်ချက်ပြီးပျံသန်းဖို့ပေါ့နော်။"
ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်ကတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်လာနိုင်တာနဲ့အမျှ ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးမယ့်အကြောင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အွန်လိုင်းမိန့်ခွန်းမှာ ပြောထားပါတယ်။
"ကျမတို့လည်း ဖြေလျှော့ပေးဖို့လည်း အများကြီးကြိုးစားနေပါတယ်။ ဒီတော့ အခြေအနေတွေ နည်းနည်းထိန်းလို့ရတာနဲ့ ပြန်ပြီးတော့ဖြေလျှော့ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါပြည်သူလူထုရဲ့ စိတ်ဖိစီးမှုတွေလည်း သက်သာအောင်လို့၊ နောက်ကျမတို့ စီးပွားရေးလည်း ပြန်ပြီးတော့လည်ပတ်အောင်လို့ပါ။"
ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားသလို၊ လူအများ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ရှားဖို့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ရပ်နားထားရတာပါ။ ဒီလိုရပ်နားထားရတာကြောင့် ပြည်တွင်းက လေကြောင်းလုပ်ငန်းတွေ အထိနာနေရတယ်လို့လည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။
"ကျနော်တို့ဘက်ကတော့ Transport ဆိုတဲ့အတွက် Airlines တွေက စီးပွားရေးအရ တော်တော်ကိုချွတ်ချုံကျနေပြီလေ ရှင်းရှင်းပြောရရင်။ ဒါကျန်းမာရေးဘက်က တပိုင်းပေါ့နော်။ ပြည်တွင်းလေကြောင်းလိုင်းတွေအားလုံးက မဖျက်ရရုံတမယ် အကြပ်အတည်းတွေတွေ့နေတဲ့အတွက်ကြောင့် ပြည်သူတွေသွားချင်တာလည်း တပိုင်း၊ ကျနော်တို့က ပြေးချင်တာလည်း တပိုင်းပေါ့နော်။ အဓိကတော့ ကျန်းမာရေးအရ လုံခြုံစိတ်ချရတဲ့အစီအစဉ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။"
ပြည်တွင်းခရီးစဉ်ပြေးဆွဲဖို့ကို ဒီဇင်ဘာမှာစနိုင်ဖို့ မျှော်မှန်းထားပေမဲ့လည်း ပြည်ပလေကြောင်းလိုင်းခရီးစဉ်တွေအတွက်ကတော့ နိုင်ငံတွင်းကူးစက်မှု နေ့စဉ်ထောင်ဂဏန်းဝန်းကျင်မှာရှိနေလို့ ကယ်ဆယ်ရေးလေယာဉ်တွေကိုသာ အဓိကထား အသုံးပြုရမယ့်အခြေအနေပါ။ ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုတွေအပေါ် ကုစားရေးအစီအစဉ်အပါအဝင်၊ နိုင်ငံစီးပွားရေး တိုးတက်ဖို့အတွက် ဆောင်ရွက်သွားမယ့် ရေတို၊ ရေရှည်စီမံကိန်းတွေကိုလည်း ကိုဗစ်ဗဟိုကော်မတီအနေနဲ့ ထုတ်ပြန်သွားဖို့ရှိပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID- 19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ စီးပွားရေးကဏ္ဍတွေအပေါ် သက်ရောက်မှု စစ်တမ်းအရဆို နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ နှစ်အစပိုင်းကတည်းက သိသိသာသာကျဆင်းခဲ့ပြီး မေလလောက်မှာတော့ ပြည်ပဧည့်သည်ဝင်ရောက်မှုဟာ လုံးဝမရှိတော့ဘဲ မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် အထိနာခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပခရီးစဉ် လေကြောင်းလိုင်းတွေကို အခုလ နိုဝင်ဘာလကုန်အထိ ပိတ်ထားပေမဲ့ အထူးကယ်ဆယ်ရေးလေယာဉ်တွေကိုတော့ ပြေးဆွဲပေးနေတာပါ။