သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့အႀကီးဆံုး ကုန္သြယ္ေရး သေဘာတူညီခ်က္ RCEP ေၾကာင့္ ျမန္မာ့ ကုန္ေတြ ေစ်းကြက္ပိုရလာႏုိင္ေျခ


(Zawgyi/ Unicode)

ကမၻာ့အႀကီးဆံုး ကုန္သြယ္ေရး စာခ်ဳပ္ျဖစ္တဲ႔ ေဒသတြင္း ဘက္စံုစီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ RCEP - အာဆက္ပ္ မွာ ျမန္မာႏုိင္ငံက အဖြဲ႔၀င္ အျဖစ္ လက္မွတ္ေရးထိုးလိုက္ပါတယ္။ ဒီစာခ်ဳပ္မွာ ဖြ႔ံၿဖိဳးၿပီး ႏုိင္ငံေတြလည္း ပါတဲ႔ အတြက္ ေစ်းကြက္ပိုၿပီး ရလာမယ္လို႔ အစိုးရက ေမွ်ာ္လင့္ထားပါတယ္။

ဒါေပမယ့္ လက္ရွိ အခ်ိန္မွာေတာ့ ႏုိင္ငံတကာ တန္း၀င္ အရည္အေသြး အာမခံခ်က္ မရွိတာေၾကာင့္ တင္ပို႔ ေရာင္းခ်လို႔ မရတဲ႔ ထြက္ကုန္ေတြ ရွိေနေသးတာေၾကာင့္ အရည္အေသြးပိုင္းကို ႀကိဳျပင္ဖို႔ လိုအပ္မယ္လို႔ ေဒါက္တာ စိုးထြန္းက သံုးသပ္ပါတယ္။ အပတ္စဥ္ စီးပြားေရး အစီအစဥ္အျဖစ္ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ေဒါက္တာ စိုးထြန္း။ ။ က်ေနာ္တို႔ လက္မွတ္ထိုးလိုက္တာေတာ့သိတယ္။ က်န္တာေတာ့ မသိဘူး။ အဓိက ကေတာ့ကုန္သြယ္ေရးနဲ႔ ပတ္သက္တဲ႔ အဟန္႔အတားေတြ ေလွ်ာ့ေပးဖို႔ေပါ့ေနာ္။ က်န္တဲ႔ အခ်က္ေတြ အမ်ားႀကီး ပါတာေတာ့ မေတြ႔ဘူး။ ႀကိဳးနီ စနစ္ေတြ ဖယ္ရွားေပးဖို႔ ဆိုတာေပါ့ေနာ္။

ဒါကေတာ့ ျမန္မာႏုိင္ငံကေတာ့ သိတဲ႔ အတိုင္းဘဲ အာဆီယံမွာေတာင္မွ က်ေနာ္တို႔က ေနာက္ပိုင္းမွာ ရွိေနတာေပါ့ေနာ္။ ဖြံ႔ၿဖိဳးမႈ ေနာက္က်တယ္။ ေနာက္ က်ေနာ္တို႔ရဲ႕ ထြက္ကုန္ကလည္း လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး၊ ေရလုပ္ငန္း ထြက္ကုန္ေတြ အဓိက ျဖစ္ေနတယ္ေပါ့ေနာ္။
က်န္တဲ႔ ေရထြက္ကုန္ ပစၥည္း ေကာက္ပဲသီးႏွံ အကုန္လံုးက ကုန္ၾကမ္းကိုဘဲ တင္ပို႔ေနတာ။ သဘာ၀ ဓာတ္ေငြ႔ ထြက္တယ္။ သို႔ေသာ္လည္းဘဲ ကုန္ၾကမ္းကို ပိုက္နဲ႔သြယ္ၿပီးမွ သူမ်ားဆီ ပို႔တယ္။ သူမ်ားဆီက ယူရီးယား ေျမၾသဇာတို႔ ဘာတို႔ ထြက္ၿပီးမွ က်ေနာ္တို႔က ျပန္၀ယ္ၿပီး ျပန္တင္သြင္းတဲ႔ ဟာမ်ိဳးေပါ့ေနာ္။

ဒီလိုမ်ိဳး အေျခအေနမွာ လက္မွတ္ထိုးတာကေတာ့လည္း တဖက္က ေတြးရင္ေတာ့ ႏုိင္ငံေရး အရ ေကာင္းတယ္ေပါ့။ ေနာက္တခ်က္ကေတာ့ သူတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္ရင္ က်ေနာ္တို႔ ဆီကို FDI (ႏိုင္ငံျခား တိုက္ရိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ) ေတြ ပို၀င္မလား ေပါ့ေနာ္။ တဖက္ကလည္း စိုးရိမ္တာကေတာ့ က်ေနာ္တို႔ ဆီက ကုန္ၾကမ္း ရွိတဲ႔ အခ်ိန္မွာ သူတို႔ေတြက အတားအဆီးေတြ ေျဖေလွ်ာ့ေပးလိုက္မယ္ ဆိုရင္ က်ေနာ္တို႔မွာ ျပည္တြင္း လုပ္ငန္း လုပ္ေနတဲ႔ သူေတြမ်ား ရပ္တည္ဖို႔ အတြက္ အခက္အခဲ ျဖစ္မလား။ အခုေတာင္ တျဖည္းျဖည္းနဲ႔ ဒီျပသနာ ေတြ႔လာရၿပီေလ။

သိဂၤ ီထုိက္။ ။ ေစ်းကြက္ကို ဖြင့္လိုက္တဲ႔ အခါမွာ ဒီ ႏုိင္ငံတကာ ေစ်းကြက္ကို ၀င္ရေတာ့မယ္ ဆိုၿပီးေတာ့မ်ား ပိုၿပီးေတာ့ ျပဳျပင္ေျပာင္းလဲမႈ ေပါ့ေနာ္ ျမန္မာႏုိင္ငံဘက္က လုပ္ငန္းရွင္ေတြက အဲလိုမ်ား အေတြးအေခၚ ေျပာင္းလဲသြားႏုိင္ပါလား ျမန္မာ့ စီးပြားေရး လုပ္ငန္းမွာ။

ေဒါက္တာ စိုးထြန္း။ ။ က်ေနာ္တို႔ ျမင္တာကေတာ့ လက္ရွိ အေနအထားမွာေတာ့ က်ေနာ္တို႔ ဆီက ခုန ေျပာသလိုေပါ့ ၿပဳိင္ရမယ္ဆိုတဲ႔ အသိစိတ္ေလးကေတာ့ ရွိတာတာေပါ့ေနာ္။ ငါတို႔ဟာ ႏုိင္ငံတကာနဲ႔ ယွဥ္ႏုိင္ေအာင္ လုပ္ရမယ္။ အသိစိတ္ဘဲ ရွိတယ္။ လက္ေတြ႔က်ေတာ့ က်ေနာ္တို႔မွာ လိုအပ္ခ်က္ ရွိတာကိုး။ ေျပာင္းခ်င္စိတ္ေတာ့ ရွိတယ္။ သို႔ေသာ္လည္း ေျပာင္းခ်င္ေပမယ့္ က်ေနာ္တို႔မွာ ရွိတဲ႔ ကိုယ့္ရဲ႕ Capacity (စြမ္းေဆာင္ရည္) ေပါ့ ဆိုပါေတာ့ က်ေနာ္တို႔ရဲ႕ ေငြေၾကး အင္အား၊ ေနာက္ က်ေနာ္တို႔မွာ ရွိတဲ႔ နည္းပညာ၊ က်ေနာ္တို႔မွာ ရွိတဲ႔ အေတြ႔အႀကံဳ ဒါေတြကေတာ့ က်ေနာတို႔ လိုတယ္လို႔ ျမင္တာေပါ့ေနာ္။

စိတ္ေတာ့ က်ေနာ္တို႔မွာ ရွိလာၾကတယ္ ေတာ္ေတာ္မ်ားမ်ားက။ အထူးသျဖင့္ေတာ့ လူငယ္ေတြေပါ့ေနာ္။ ဒီေနာက္ပိုင္း က်ေနာ္တို႔က နည္းပညာ ေခတ္လည္း ျဖစ္လာေတာ့ အၾကမ္းဖ်ဥ္း အားျဖင့္ေတာ့ Social Media ေတြ သံုးတယ္၊ အင္တာနက္ေတြ အလြယ္တကူ သံုးတယ္၊ ဖုန္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ သံုးလာတဲ႔ အခ်ိန္မွာေတာ့ က်ေနာ္တို႔ မ်က္စိကေတာ့ ပြင့္လာတာေပါ့။

သိဂၤ ီထုိက္။ ။ ေစ်းကြက္ဖြင့္လိုက္ၿပီ အခြန္ေပးစရာမလိုေတာ့ဘူး ဆိုေပမယ့္ အရည္အေသြးပိုင္း အရ အတားအဆီးမ်ား ျဖစ္လာႏုိင္ပါသလားရွင့္။ ျမန္မာႏုိင္ငံရဲ႕ အဓိက ေစ်းကြက္ ျဖစ္တဲ႔ တင္ပို႔ကုန္ေတြ ကိစၥမွာေရာ။

ေဒါက္တာ စိုးထြန္း။ ။ တကယ္တန္း က်ေနာ္တို႔ Point Out လုပ္ခ်င္တာေတာ့ အစိုးရ ထိုးရမယ့္ လက္မွတ္ ရွိတယ္။ ဘာလဲ ဆိုရင္ က်ေနာ္တို႔ တရုတ္ႏုိင္ငံကို အဓိက တင္ပို႔တယ္ေပါ့ေနာ္။ ဒါ က်ေနာ္တို႔က အရင္တုန္းက လက္မွတ္ထိုးထားတာ AQSIQ ေပါ့ေနာ္ ပိုးမႊားနဲ႔ ပတ္သက္တာေပါ့။ အခုက GACC ေခၚတာေပါ့။ အဲဒီဟာ လက္မွတ္ အရင္ထုိးရမယ္။ က်ေနာ္တို႔ဆီမွာ ၂၀၁၅ တုန္းက ဆန္ကို ထိုးႏုိင္တယ္။ အခုေတာ့ ဆန္ကြဲကို ထပ္ထည့္တယ္။ အဲဒီ တမ်ိဳးဘဲ ထိုးလို႔ ရေသးတယ္။ က်န္တဲ႔ဟာ အားလံုးက အရည္အေသြးနဲ႔ ပတ္သက္တာ AQSIQ ေရာ GACC ေရာ လက္မွတ္ မထိုးထားဘူး။ မထိုးထားတဲ႔ အတြက္ေၾကာင့္ မို႔လို႔ က်ေနာ္တို႔ အေနနဲ႔ တရား၀င္ တင္ပို႔တဲ႔ ေနရာမွာ အခက္အခဲ ရွိတယ္။

၂ ႏိုင္ငံ ပိုးမႊားနဲ႔ ပတ္သက္တာ လက္မွတ္ထိုးရဲ႕လားေပါ့ေနာ္။ အဲဒီ Certificate ကိုေတာ့ ထုတ္ရမယ္။ ဆိုေတာ့ အဲဒီ သေဘာတူညီခ်က္ကို အရင္ထိုးဖို႔ လိုတယ္။ ခုနထဲမွာ ပါတဲ႔ အတိုင္းေပါ့ေနာ္ က်ေနာ္တို႔ ကုန္ မ်ားမ်ား ပို႔ႏုိင္ေအာင္က တရား၀င္ ပို႔ဖို႔ အတြက္က က်ေနာ္တို႔က ခုန ေျပာတဲ႔ အရည္အေသြးနဲ႔ ပတ္သက္တဲ႔ သေဘာတူညီခ်က္ေတြ လက္မွတ္ ေရးထိုးဖို႔ေတာ့ က်ေနာ္တို႔ အေနနဲ႔ ဦးစားေပး လိုတာေပါ့ေနာ္။
ဒုတိယ အခ်က္ကေတာ့ က်ေနာ္တို႔ေတြက စိုက္ပ်ိဳး ထုတ္လုပ္တဲ႔ ေနရာမွာ အဓိက ကေတာ့ က်ေနာ္တို႔ရဲ႕ လယ္သမားေတြ အေနနဲ႔ မ်ိဳးေစ႔နဲ႔ ပတ္သက္တာ မ်ိဳးနဲ႔ ပတ္သက္တာ စိုက္ပ်ိဳးတဲ႔ စနစ္ေပါ့ေနာ္ ဒါမ်ိဳးေတြမွာ လိုအပ္ခ်က္ ကေလးေတြ ရွိေနတာေပါ့။

ဒါေတြကလည္း က်ေနာ္တို႔ ျမင္တာက အစိုးရ ကေန ဦးေဆာင္ၿပီးေတာ့မွ က်ေနာ္တို႔ ပုဂၢလိက အသင္းအဖြဲ႔ေတြေရာ လယ္သမားေတြ ေမြးျမဴေရး သမားေတြ က်ေနာ္တို႔ေတြ အားလံုး ပူးေပါင္းၿပီးေတာ့မွ ျပင္ဆင္ဖို႔ေတာ့ လိုတယ္။ Value Added မပို႔ႏုိင္ရင္ ေတာင္မွ ထြက္ကုန္ေတြ ေပါ့ေနာ္ လယ္ယာ စိုက္ပ်ိဳးေရး ထြက္ကုန္၊ ေမြးျမဴေရး ထြက္ကုန္ေတြကို က်ေနာ္တို႔ အေနနဲ႔ တရား၀င္ တင္ပို႔လို႔ ရေအာင္ က်ေနာ္တို႔ ေဆာင္ရြက္ဖို႔ေတာ့ လိုတာေပါ့ေနာ္။ အဲဒီ အတြက္ က်ေနာ္တို႔ ျပင္ဆင္ဖို႔လည္း လိုပါတယ္။

သိဂၤ ီထုိက္။ ။ ဆိုေတာ့ ေနာက္တခုက ျမန္မာႏုိင္ငံမွာ သီလ၀ါ အပါအ၀င္ ဆရာတို႔လည္း လက္ရွိ လုပ္ေနၾကတဲ႔ ကားထုတ္လုပ္ေရးေပါ့ေနာ္။ တစိတ္တပိုင္း ျပည္တြင္းမွာ ထုတ္လုပ္ေနတဲ႔ ဟာေတြ ရွိပါတယ္။ ဒီ ကားထုတ္လုပ္ငန္း စက္မႈ လုပ္ငန္းေတြဟာဆိုရင္ အခြန္ သက္သာခြင့္ ဆိုတဲ႔ဟာေပၚမွာ အဓိက မူတည္ၿပီးေတာ့ လာလုပ္ၾကတာ ဆိုေတာ့ အခြန္သက္သာခြင့္ အားသာခ်က္ေၾကာင့္ လာၿပီး လုပ္တဲ႔ လုပ္ငန္းေတြ ဆံုးရံႈးႏုိင္ေျခ ရွိပါလားရွင့္။

ေဒါက္တာ စိုးထြန္း။ ။ ဒါလည္း ျဖစ္တယ္။ အခုေလာေလာဆယ္ေတာင္မွ က်ေနာ္တို႔က အရင္တုန္းက အခြန္ ျပည္ပက တင္သြင္းတယ္ဆိုရင္ သူတို႔က အခြန္ အေကာက္ မ်ားတယ္ေပါ့ေနာ္။ ျပည္တြင္းမွာ ထုတ္လုပ္ရင္ သူတို႔က အခြန္ေဆာင္ဖို႔ မရွိဘူးဆိုေတာ့ ကားထုတ္လုပ္တဲ႔ သူေတြ ဒီကို လာၾကတယ္။ ကား ထုတ္လုပ္တဲ႔သူေတြ ေရႊ႕လာတာေပါ့ေနာ္။ စီးပြားေရး သမားရဲ႕ သေဘာမွာ ရင္းႏွီးျမွဳပ္ႏွံသူရဲ႕ သေဘာမွာ သူတို႔ အတြက္ Incentive - မက္လံုး ပိုမ်ားတဲ႔ ဟာကို ရင္းႏွီးျမွဳပ္ႏွံမႈပိုလုပ္ၾကတာေပါ့ေနာ္။

အခု ေျပာတဲ႔ အတားအဆီးေတြ ေျဖေလွ်ာ့ေပးမယ္ အခြန္ေတြ ေျဖေလွ်ာ့ေပးလိုက္ရင္ က်ေနာ္တို႔ FDI (ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈ) ေတြကလည္း လက္ရွိ လုပ္ေနတဲ႔သူ တခ်ိဳ႕ကလည္း ေနာက္ျပန္ဆုတ္သြားႏုိင္တယ္။

ၿပီးခဲ႔တဲ႔ လပိုင္းမွာေတာင္မွ က်ေနာ္တို႔က ႏုိင္ငံေတာ္ အစိုးရက ေနၿပီးေတာ့ ကားနဲ႔ ပတ္သက္တဲ႔ အေကာက္ခြန္ ေလွ်ာ့ခ်ေပးတယ္ တ၀က္။ ေနာက္ ကညန မွတ္ပံုတင္ေၾကးေပါ့ေနာ္ ၅၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်လိုက္ေတာ့ က်ေနာ္တို႔ ဆီကို ျမန္မာႏုိင္ငံဆိုင္ရာ ဂ်ပန္ သံအမတ္ႀကီး လာေတြ႔တယ္။ သူတို႔က ကာထုတ္လုပ္တဲ႔ စက္ရံု လုပ္ေနတာ တိုရိုတာ စက္ရံု ေဆာက္ေနတာ။ အဲေတာ့ သူတို႔က စိုးရိမ္ၿပီးေတာ့မွ က်ေနာ္တို႔ ဆီလည္း လာေတြ႔တယ္၊ အစိုးရလည္း သြားေတြ႔ဖို႔ လုပ္ေနတယ္။ အဓိက ကေတာ့ က်ေနာ္တို႔ ဆီမွာ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္တဲ႔ ဂ်ပန္ ကုမၸဏီေတြ ဆက္လုပ္ရမလား မလုပ္ရလား က်ေနာ္တို႔ သေဘာထား လာေတာင္းတာေပါ့။ ဒါလည္း အဆိုးနဲ႔ အျပစ္မွာ တခု ပါတာေပါ့။

သိဂၤ ီထုိက္။ ။ ေလာေလာဆယ္ အပိုင္းမွာ ဆရာတို႔ ေရရွည္ အတြက္ စိုးရိမ္ခ်က္ ဘယ္ေလာက္ ရွိပါလဲရွင့္။

ေဒါက္တာ စိုးထြန္း။ ။ က်ေနာ္တို႔ကေတာ့ ဘာဘဲ ေျပာေျပာ ပုဂၢလိက လုပ္ငန္း လုပ္တဲ႔ သူေတြကေတာ့ ျပည္ပက လူေတြ ၀င္လာမယ့္ ေနာက္တခါ အတားအဆီးေတြ ေျဖေလွ်ာ့ေပးလိုက္မယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ ရပ္တည္ႏုိင္ဖို႔ အတြက္ စိုးရိမ္မႈေတာ့ ရွိၾကတာေပါ့။ ဒါ လုပ္ငန္း အမ်ိဳးအစား အလုိက္ အကုန္လံုးမွာေတာ့ စိုးရိမ္မႈ ပူပန္မႈ ရွိၾကပါတယ္။ အေသးစိတ္ေပါ့ေနာ္ ဘယ္ေလာက္မ်ား ထိခို္က္မႈ ရွိမလား ဆိုတာေတာ့လည္း က်ေနာ္တို႔ အေနနဲ႔ ေသခ်ာေတာ့ မသိဘူး။ အနည္းနဲ႔ အမ်ားေတာ့ စိုးရိမ္မႈေတာ့ ရွိၾကပါတယ္။

သိဂၤ ီထုိက္။ ။ ေဒါက္တာ စိုးထြန္းကို ေက်းဇူးတင္ပါတယ္ရွင္။

ေဒါက္တာ စိုးထြန္း။ ။ က်ေနာ္လည္း ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် RCEP ကြောင့် မြန်မာ့ ကုန်တွေ ဈေးကွက်ပိုရလာနိုင်ခြေ

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP - အာဆက်ပ် မှာ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီစာချုပ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေလည်း ပါတဲ့ အတွက် ဈေးကွက်ပိုပြီး ရလာမယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ နိုင်ငံတကာ တန်းဝင် အရည်အသွေး အာမခံချက် မရှိတာကြောင့် တင်ပို့ ရောင်းချလို့ မရတဲ့ ထွက်ကုန်တွေ ရှိနေသေးတာကြောင့် အရည်အသွေးပိုင်းကို ကြိုပြင်ဖို့ လိုအပ်မယ်လို့ ဒေါက်တာ စိုးထွန်းက သုံးသပ်ပါတယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ်အဖြစ် မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဒေါက်တာ စိုးထွန်း။ ။ ကျနော်တို့ လက်မှတ်ထိုးလိုက်တာတော့သိတယ်။ ကျန်တာတော့ မသိဘူး။ အဓိက ကတော့ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ လျှော့ပေးဖို့ပေါ့နော်။ ကျန်တဲ့ အချက်တွေ အများကြီး ပါတာတော့ မတွေ့ဘူး။ ကြိုးနီ စနစ်တွေ ဖယ်ရှားပေးဖို့ ဆိုတာပေါ့နော်။ ဒါကတော့ မြန်မာနိုင်ငံကတော့ သိတဲ့ အတိုင်းဘဲ အာဆီယံမှာတောင်မှ ကျနော်တို့က နောက်ပိုင်းမှာ ရှိနေတာပေါ့နော်။ ဖွံ့ဖြိုးမှု နောက်ကျတယ်။ နောက် ကျနော်တို့ရဲ့ ထွက်ကုန်ကလည်း လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်း ထွက်ကုန်တွေ အဓိက ဖြစ်နေတယ်ပေါ့နော်။

ကျန်တဲ့ ရေထွက်ကုန် ပစ္စည်း ကောက်ပဲသီးနှံ အကုန်လုံးက ကုန်ကြမ်းကိုဘဲ တင်ပို့နေတာ။ သဘာ၀ ဓာတ်ငွေ့ ထွက်တယ်။ သို့သော်လည်းဘဲ ကုန်ကြမ်းကို ပိုက်နဲ့သွယ်ပြီးမှ သူများဆီ ပို့တယ်။ သူများဆီက ယူရီးယား မြေသြဇာတို့ ဘာတို့ ထွက်ပြီးမှ ကျနော်တို့က ပြန်ဝယ်ပြီး ပြန်တင်သွင်းတဲ့ ဟာမျိုးပေါ့နော်။
ဒီလိုမျိုး အခြေအနေမှာ လက်မှတ်ထိုးတာကတော့လည်း တဖက်က တွေးရင်တော့ နိုင်ငံရေး အရ ကောင်းတယ်ပေါ့။

နောက်တချက်ကတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော်တို့ ဆီကို FDI (နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု) တွေ ပိုဝင်မလား ပေါ့နော်။ တဖက်ကလည်း စိုးရိမ်တာကတော့ ကျနော်တို့ ဆီက ကုန်ကြမ်း ရှိတဲ့ အချိန်မှာ သူတို့တွေက အတားအဆီးတွေ ဖြေလျှော့ပေးလိုက်မယ် ဆိုရင် ကျနော်တို့မှာ ပြည်တွင်း လုပ်ငန်း လုပ်နေတဲ့ သူတွေများ ရပ်တည်ဖို့ အတွက် အခက်အခဲ ဖြစ်မလား။ အခုတောင် တဖြည်းဖြည်းနဲ့ ဒီပြသနာ တွေ့လာရပြီလေ။

သိင်္ဂ ီထိုက်။ ။ ဈေးကွက်ကို ဖွင့်လိုက်တဲ့ အခါမှာ ဒီ နိုင်ငံတကာ ဈေးကွက်ကို ဝင်ရတော့မယ် ဆိုပြီးတော့များ ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု ပေါ့နော် မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင်တွေက အဲလိုများ အတွေးအခေါ် ပြောင်းလဲသွားနိုင်ပါလား မြန်မာ့ စီးပွားရေး လုပ်ငန်းမှာ။

ဒေါက်တာ စိုးထွန်း။ ။ ကျနော်တို့ မြင်တာကတော့ လက်ရှိ အနေအထားမှာတော့ ကျနော်တို့ ဆီက ခုန ပြောသလိုပေါ့ ပြိုင်ရမယ်ဆိုတဲ့ အသိစိတ်လေးကတော့ ရှိတာတာပေါ့နော်။ ငါတို့ဟာ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် လုပ်ရမယ်။ အသိစိတ်ဘဲ ရှိတယ်။ လက်တွေ့ကျတော့ ကျနော်တို့မှာ လိုအပ်ချက် ရှိတာကိုး။

ပြောင်းချင်စိတ်တော့ ရှိတယ်။ သို့သော်လည်း ပြောင်းချင်ပေမယ့် ကျနော်တို့မှာ ရှိတဲ့ ကိုယ့်ရဲ့ Capacity (စွမ်းဆောင်ရည်) ပေါ့ ဆိုပါတော့ ကျနော်တို့ရဲ့ ငွေကြေး အင်အား၊ နောက် ကျနော်တို့မှာ ရှိတဲ့ နည်းပညာ၊ ကျနော်တို့မှာ ရှိတဲ့ အတွေ့အကြုံ ဒါတွေကတော့ ကျနောတို့ လိုတယ်လို့ မြင်တာပေါ့နော်။ စိတ်တော့ ကျနော်တို့မှာ ရှိလာကြတယ် တော်တော်များများက။

အထူးသဖြင့်တော့ လူငယ်တွေပေါ့နော်။ ဒီနောက်ပိုင်း ကျနော်တို့က နည်းပညာ ခေတ်လည်း ဖြစ်လာတော့ အကြမ်းဖျဉ်း အားဖြင့်တော့ Social Media တွေ သုံးတယ်၊ အင်တာနက်တွေ အလွယ်တကူ သုံးတယ်၊ ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့ အချိန်မှာတော့ ကျနော်တို့ မျက်စိကတော့ ပွင့်လာတာပေါ့။

သိင်္ဂ ီထိုက်။ ။ ဈေးကွက်ဖွင့်လိုက်ပြီ အခွန်ပေးစရာမလိုတော့ဘူး ဆိုပေမယ့် အရည်အသွေးပိုင်း အရ အတားအဆီးများ ဖြစ်လာနိုင်ပါသလားရှင့်။ မြန်မာနိုင်ငံရဲ့ အဓိက ဈေးကွက် ဖြစ်တဲ့ တင်ပို့ကုန်တွေ ကိစ္စမှာရော။

ဒေါက်တာ စိုးထွန်း။ ။ တကယ်တန်း ကျနော်တို့ Point Out လုပ်ချင်တာတော့ အစိုးရ ထိုးရမယ့် လက်မှတ် ရှိတယ်။ ဘာလဲ ဆိုရင် ကျနော်တို့ တရုတ်နိုင်ငံကို အဓိက တင်ပို့တယ်ပေါ့နော်။ ဒါ ကျနော်တို့က အရင်တုန်းက လက်မှတ်ထိုးထားတာ AQSIQ ပေါ့နော် ပိုးမွှားနဲ့ ပတ်သက်တာပေါ့။ အခုက GACC ခေါ်တာပေါ့။ အဲဒီဟာ လက်မှတ် အရင်ထိုးရမယ်။ ကျနော်တို့ဆီမှာ ၂၀၁၅ တုန်းက ဆန်ကို ထိုးနိုင်တယ်။ အခုတော့ ဆန်ကွဲကို ထပ်ထည့်တယ်။ အဲဒီ တမျိုးဘဲ ထိုးလို့ ရသေးတယ်။

ကျန်တဲ့ဟာ အားလုံးက အရည်အသွေးနဲ့ ပတ်သက်တာ AQSIQ ရော GACC ရော လက်မှတ် မထိုးထားဘူး။ မထိုးထားတဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့ အနေနဲ့ တရားဝင် တင်ပို့တဲ့ နေရာမှာ အခက်အခဲ ရှိတယ်။ ၂ နိုင်ငံ ပိုးမွှားနဲ့ ပတ်သက်တာ လက်မှတ်ထိုးရဲ့လားပေါ့နော်။ အဲဒီ Certificate ကိုတော့ ထုတ်ရမယ်။ ဆိုတော့ အဲဒီ သဘောတူညီချက်ကို အရင်ထိုးဖို့ လိုတယ်။ ခုနထဲမှာ ပါတဲ့ အတိုင်းပေါ့နော် ကျနော်တို့ ကုန် များများ ပို့နိုင်အောင်က တရားဝင် ပို့ဖို့ အတွက်က ကျနော်တို့က ခုန ပြောတဲ့ အရည်အသွေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးဖို့တော့ ကျနော်တို့ အနေနဲ့ ဦးစားပေး လိုတာပေါ့နော်။

ဒုတိယ အချက်ကတော့ ကျနော်တို့တွေက စိုက်ပျိုး ထုတ်လုပ်တဲ့ နေရာမှာ အဓိက ကတော့ ကျနော်တို့ရဲ့ လယ်သမားတွေ အနေနဲ့ မျိုးစေ့နဲ့ ပတ်သက်တာ မျိုးနဲ့ ပတ်သက်တာ စိုက်ပျိုးတဲ့ စနစ်ပေါ့နော် ဒါမျိုးတွေမှာ လိုအပ်ချက် ကလေးတွေ ရှိနေတာပေါ့။ ဒါတွေကလည်း ကျနော်တို့ မြင်တာက အစိုးရ ကနေ ဦးဆောင်ပြီးတော့မှ ကျနော်တို့ ပုဂ္ဂလိက အသင်းအဖွဲ့တွေရော လယ်သမားတွေ မွေးမြူရေး သမားတွေ ကျနော်တို့တွေ အားလုံး ပူးပေါင်းပြီးတော့မှ ပြင်ဆင်ဖို့တော့ လိုတယ်။

Value Added မပို့နိုင်ရင် တောင်မှ ထွက်ကုန်တွေ ပေါ့နော် လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်တွေကို ကျနော်တို့ အနေနဲ့ တရားဝင် တင်ပို့လို့ ရအောင် ကျနော်တို့ ဆောင်ရွက်ဖို့တော့ လိုတာပေါ့နော်။ အဲဒီ အတွက် ကျနော်တို့ ပြင်ဆင်ဖို့လည်း လိုပါတယ်။

သိင်္ဂ ီထိုက်။ ။ ဆိုတော့ နောက်တခုက မြန်မာနိုင်ငံမှာ သီလဝါ အပါအဝင် ဆရာတို့လည်း လက်ရှိ လုပ်နေကြတဲ့ ကားထုတ်လုပ်ရေးပေါ့နော်။ တစိတ်တပိုင်း ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ဟာတွေ ရှိပါတယ်။ ဒီ ကားထုတ်လုပ်ငန်း စက်မှု လုပ်ငန်းတွေဟာဆိုရင် အခွန် သက်သာခွင့် ဆိုတဲ့ဟာပေါ်မှာ အဓိက မူတည်ပြီးတော့ လာလုပ်ကြတာ ဆိုတော့ အခွန်သက်သာခွင့် အားသာချက်ကြောင့် လာပြီး လုပ်တဲ့ လုပ်ငန်းတွေ ဆုံးရှုံးနိုင်ခြေ ရှိပါလားရှင့်။

ဒေါက်တာ စိုးထွန်း။ ။ ဒါလည်း ဖြစ်တယ်။ အခုလောလောဆယ်တောင်မှ ကျနော်တို့က အရင်တုန်းက အခွန် ပြည်ပက တင်သွင်းတယ်ဆိုရင် သူတို့က အခွန် အကောက် များတယ်ပေါ့နော်။ ပြည်တွင်းမှာ ထုတ်လုပ်ရင် သူတို့က အခွန်ဆောင်ဖို့ မရှိဘူးဆိုတော့ ကားထုတ်လုပ်တဲ့ သူတွေ ဒီကို လာကြတယ်။ ကား ထုတ်လုပ်တဲ့သူတွေ ရွှေ့လာတာပေါ့နော်။

စီးပွားရေး သမားရဲ့ သဘောမှာ ရင်းနှီးမြှုပ်နှံသူရဲ့ သဘောမှာ သူတို့ အတွက် Incentive - မက်လုံး ပိုများတဲ့ ဟာကို ရင်းနှီးမြှုပ်နှံမှုပိုလုပ်ကြတာပေါ့နော်။ အခု ပြောတဲ့ အတားအဆီးတွေ ဖြေလျှော့ပေးမယ် အခွန်တွေ ဖြေလျှော့ပေးလိုက်ရင် ကျနော်တို့ FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု) တွေကလည်း လက်ရှိ လုပ်နေတဲ့သူ တချို့ကလည်း နောက်ပြန်ဆုတ်သွားနိုင်တယ်။

ပြီးခဲ့တဲ့ လပိုင်းမှာတောင်မှ ကျနော်တို့က နိုင်ငံတော် အစိုးရက နေပြီးတော့ ကားနဲ့ ပတ်သက်တဲ့ အကောက်ခွန် လျှော့ချပေးတယ် တဝက်။ နောက် ကညန မှတ်ပုံတင်ကြေးပေါ့နော် ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်တော့ ကျနော်တို့ ဆီကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး လာတွေ့တယ်။ သူတို့က ကာထုတ်လုပ်တဲ့ စက်ရုံ လုပ်နေတာ တိုရိုတာ စက်ရုံ ဆောက်နေတာ။ အဲတော့ သူတို့က စိုးရိမ်ပြီးတော့မှ ကျနော်တို့ ဆီလည်း လာတွေ့တယ်၊ အစိုးရလည်း သွားတွေ့ဖို့ လုပ်နေတယ်။ အဓိက ကတော့ ကျနော်တို့ ဆီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ဂျပန် ကုမ္ပဏီတွေ ဆက်လုပ်ရမလား မလုပ်ရလား ကျနော်တို့ သဘောထား လာတောင်းတာပေါ့။ ဒါလည်း အဆိုးနဲ့ အပြစ်မှာ တခု ပါတာပေါ့။

သိင်္ဂ ီထိုက်။ ။ လောလောဆယ် အပိုင်းမှာ ဆရာတို့ ရေရှည် အတွက် စိုးရိမ်ချက် ဘယ်လောက် ရှိပါလဲရှင့်။

ဒေါက်တာ စိုးထွန်း။ ။ ကျနော်တို့ကတော့ ဘာဘဲ ပြောပြော ပုဂ္ဂလိက လုပ်ငန်း လုပ်တဲ့ သူတွေကတော့ ပြည်ပက လူတွေ ဝင်လာမယ့် နောက်တခါ အတားအဆီးတွေ ဖြေလျှော့ပေးလိုက်မယ် ဆိုရင်တော့ ကျနော်တို့ ရပ်တည်နိုင်ဖို့ အတွက် စိုးရိမ်မှုတော့ ရှိကြတာပေါ့။ ဒါ လုပ်ငန်း အမျိုးအစား အလိုက် အကုန်လုံးမှာတော့ စိုးရိမ်မှု ပူပန်မှု ရှိကြပါတယ်။ အသေးစိတ်ပေါ့နော် ဘယ်လောက်များ ထိခိုက်မှု ရှိမလား ဆိုတာတော့လည်း ကျနော်တို့ အနေနဲ့ သေချာတော့ မသိဘူး။ အနည်းနဲ့ အများတော့ စိုးရိမ်မှုတော့ ရှိကြပါတယ်။

သိင်္ဂ ီထိုက်။ ။ ဒေါက်တာ စိုးထွန်းကို ကျေးဇူးတင်ပါတယ်ရှင်။

ဒေါက်တာ စိုးထွန်း။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG