သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက်ပေါ်ထွက်လာရေး တရုတ်လိုလား


တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng
တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng

(Zawgyi/Unicode)

တရုတ်နိုင်ငံအနေနဲ့ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) – အားလုံးပါဝင်သော ပစိဖိတ်ရပ်ဝန်းနိုင်ငံများတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အပေါ် အပြုသဘောဆောင်ပြီး ပွင့်လင်းတဲ့ အမြင် သဘောထား ရှိကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Gao Feng က ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“ပွင့်လင်း မြင်သာမှုရှိပြီး နှစ်ဦး နှစ်ဘက် အကျိုးဖြစ်ထွန်းစေမယ့် ဒေသတွင်း ကုန်သွယ်ရေး သဘောတူညီချက်မျိုးကို တရုတ်အစိုးရက လိုလားပါတယ်။ WTO - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးနဲ့ သဟဇာတမျှတမှုလည်းရှိမယ်၊ အားလုံးပါဝင်ပြီး ပွင့်လင်းမှုလည်းရှိမယ်၊ တကမ္ဘာလုံးအတိုင်းအတာနဲ့ရော ဒေသတွင်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုပါ အထောက်အကူပြုမယ်ဆိုရင် ကျနော်တို့ဘက်က အပြုသဘောဆောင်တဲ့ သဘောထားရှိပါတယ်” လို့ ပြောသွားတာပါ။

CPTPP ဟာ သြစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်္ကာပူနဲ့ ဗီယက်နမ် စတဲ့ (၁၁) နိုင်ငံအကြား ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးတဲ့အချိန်မှာ ဒီ (၁၁) နိုင်ငံ စုစုပေါင်းရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုပမာဏဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၃.၄ ရာခိုင်နှုန်း ရှိခဲ့တာပါ။

နိုဝင်ဘာ ၁၅ ရက်နေ့တုန်းကတော့ Regional Comprehensive Economic Partnership (RCEP) လို့ခေါ်တဲ့ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ဗီယက်နမ်နိုင်ငံမှာ လက်မှတ်ရေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံကဦးဆောင်တဲ့ ဒီ သဘောတူညီချက်ဟာ လက်ရှိအချိန်အထိ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထဲမှာပါဝင်တဲ့ (၁၅) နိုင်ငံကတော့ မြန်မာအပါအဝင် အာဆီယံ (၁၀) နိုင်ငံတို့အပြင် အာဆီယံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ သြစတေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန် စတဲ့ (၅) နိုင်ငံတို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)






XS
SM
MD
LG