သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP သဘောတူညီချက် ပြန်လည်ပါဝင်ရေး သမ္မတ Trump သုံးသပ်


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

ပြီးခဲ့တဲ့ နှစ်က အာဏာရပြီး ၃ ရက်အကြာမှာဖျက်သိမ်းခဲ့တဲ့ ပစိဖိတ်ရပ်ဝန်းဒေသ ကုန်သွယ်ရေးသဘောတူစာချုပ် မှာပြန်လည် ပါဝင်ရေး အတွက် စဉ်းစားကြဖို့ အမေရိကန်သမ္မတ Donald Trump က ကြာသာပတေးနေ့က သူရဲ့ ထိပ်တန်း စီးပွါးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးတွေကိုတိုက်တွန်းလိုက်ပါတယ်၊၊

သမ္မတ Obama လက်ထက်က ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ပစိဖိတ်ဒေသ ၁၂ နိုင်ငံ ကုန်သွယ်ရေးသဘောတူစာချုပ် (TPP) အပေါ်အကျိုးအမြတ်တွေကို ချိန်ဆကြည့်ဖို့ သမ္မတ Trump က သူ့ရဲ့ စီးပွါးရေးဆိုင်ရာ အကြံပေး အသစ် Larry Kudlow နဲ့ အမေရိကန်စီးပွါးရေးကိုယ်စားလှယ် Robert Lighthizer တို့ကိုပြောခဲ့တယ်လို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ လယ်ယာကုန်သွယ်ရေး အစည်းအဝေးတက်ရောက်ခဲ့တဲ့ စိုက်ပျိုးရေးပြည်နယ် ဥပဒေပြုအမတ်တွေက ပြောပါတယ်၊၊

ပစိဖိတ်ရပ်ဝန်းဒေသကုန်သွယ်ရေးသဘောတူညီချက် အပေါ် သမ္မတ Trump ရဲ့ သဘောထားပြောင်းလာတာ ဟာသတင်းကောင်းဖြစ်တယ်လို့Nebraska ပြည်နယ်ကိုယ်စားလှယ် Ben Sasse ကဆိုပါတယ်၊၊ အမေရိကန်အနေနဲ့ တရုတ်ရဲ့ လိမ်လည် လှည့်ဖြားမှုတွေကိုဆန့်ကျင်ပြီး လွတ်လပ်စွာကုန်သွယ်ခွင့်နဲ့ ဥပဒေကို လေးစားယုံကြည်မှုရှိတဲ့ ပစိဖိတ် ၁၁ နိူင်ငံကို ဦးဆောင်တာအကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ လည်း သူကပြောပါတယ်၊၊

အမေရိကန်နိုင်ငံဟာ နိုင်ငံများစွာနဲ့ ပူးပေါင်းကုန်သွယ်ရေးသဘောတူညီမှုတွေမှာ အဆင်ပြေလေ့မရှိဘူးလို့ ယုံကြည်တဲ့ သမ္မတ Trump က နိုင်ငံအများနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ထက် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကို ပိုနှစ်သက်တယ်လို့ ပြောဖူးပါတယ်၊၊ အခု ပစိဖိတ်ရပ်ဝန်းဒေသ ကုန်သွယ်ရေးသဘောတူစာချုပ် ကိုဘာကြောင့် ပြန်လည်ပါဝင်လိုသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး၊၊

အမေရိကန်လယ်သမားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ ဆွေးနွေးသွားဖို့ရှိတယ်လို့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သမ္မတ Trump က သတင်းထောက်တွေနဲ့ ဥပဒေပြုအမတ်တွေကိုပြောခဲ့ပါတယ်၊၊

TPP သဘောတူညီချက် ပြန်လည်ပါဝင်ရေး သမ္မတ Trump သုံးသပ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG