သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ျမန္မာအပါ ၁၅ ႏိုင္ငံ လက္မွတ္ထိုး


အြန္လုိင္းကက်င္းပတဲ့ ASEAN Plus Three ထိပ္သီး အစည္းအေဝး တက္ေရာက္တဲ့ ႏုိင္ငံေခါင္းေဆာင္မ်ား။ (ႏုိဝင္ဘာ ၁၅၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

အာဆီယံ အပါအဝင္ အာရွနဲ႔ ပစိဖိတ္ေဒသႏုိင္ငံ ၁၅ ႏုိင္ငံဟာ RCEP လို႔ေခၚတဲ့ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူစာခ်ဳပ္ကို ဒီေန႔ လက္မွတ္ေရးထုိးလိုက္ပါတယ္။

၃၆ ႀကိမ္ေျမာက္ အာဆီယံထိပ္သီးေဆြးေႏြးပဲြရဲ႕ ျပင္ပမွာ သီးျခား လက္မွတ္ေရးထုိးခဲ့ၾကတဲ့ ဒီသေဘာတူစာခ်ဳပ္ဟာ ကမာၻ႔အႀကီးဆုံး ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ျဖစ္ၿပီး ျမန္မာႏုိင္ငံဘက္က ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ေဆြးေႏြးပါတယ္။

အာဆီယံထိပ္သီးေဆြးေႏြးပဲြရဲ႕ အလွည့္က်ဥကၠ႒ျဖစ္တဲ့ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc ကေတာ့ RCEP သေဘာတူစာခ်ဳပ္ ခ်ဳပ္ႏုိင္လိုက္တာနဲ႔ ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“၈ ႏွစ္ၾကာ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ၾကၿပီးတဲ့ေနာက္ က်ေနာ္တုိ႔အေနနဲ႔ RCEP လို႔ေခၚတဲ့ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္ဖုိ႔အတြက္ ေဆြးေႏြးမႈေတြကို အဆုံးသတ္ၿပီး သေဘာတူစာခ်ဳပ္အျဖစ္ ဒီေန႔ လက္မွတ္ေရးထုိးႏုိင္လိုက္တဲ့အတြက္ က်ေနာ့္အေနနဲ႔ ေက်နပ္ဝမ္းေျမာက္မိတယ္။”

ဒီသေဘာတူစာခ်ဳပ္ဟာ ကမာၻ႔အႀကီးဆုံး လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ျဖစ္ၿပီး ႏုိင္ငံစုံပါဝင္တဲ့ ကုန္သြယ္ေရးစနစ္ကို အေထာက္အကူ ျဖစ္ေစဖို႔အတြက္ လုပ္တဲ့ေနရာမွာ အာဆီယံဟာ ဦးေဆာင္က႑မွာ ပါဝင္တယ္ဆုိတာကို အခုိင္အမာသတင္းစကား ေပးလိုက္တာျဖစ္တယ္လို႔ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္က ဆက္ေျပာပါတယ္။

အခုလို သေဘာတူစာခ်ဳပ္ေၾကာင့္ ဒီသေဘာတူစာခ်ဳပ္မွာ ပါဝင္တဲ့ႏုိင္ငံေတြၾကား ကုန္သြယ္ခြန္ေတြ ေလ်ာ့က်သြားမွာျဖစ္သလို ကုန္သြယ္ေရး ဝန္ေဆာင္မႈေတြကိုလည္း လမ္းပြင့္သြားေစမွာ ျဖစ္ပါတယ္။ ဒီသေဘာတူစာခ်ဳပ္ေၾကာင့္ တ႐ုတ္ႏုိင္ငံအေနနဲ႔ သူ႔ရဲ႕ ၾသဇာလႊမ္းမုိးမႈေတြကို ခ်ဲ႕ထြင္ႏုိင္ဖို႔အတြက္ ပိုၿပီး အသာစီးရသြားေစတယ္လို႔ အကဲခတ္ေတြက ႐ႈျမင္ပါတယ္။

ကမာၻလုံးဆုိင္ရာ စီးပြားေရးရဲ႕ ၃ ပုံ ၁ ပုံပါဝင္တဲ့ RCEP သေဘာတူစာခ်ဳပ္ကို အာဆီယံ ၁၀ ႏုိင္ငံအျပင္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ၾသစေၾတးလ်၊ နယူးဇီလန္ ႏုိင္ငံ ၁၅ ႏုိင္ငံ ပါဝင္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြန်မာအပါ ၁၅ နိုင်ငံ လက်မှတ်ထိုး

အာဆီယံ အပါအဝင် အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံ ၁၅ နိုင်ငံဟာ RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ ပြင်ပမှာ သီးခြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဒီသဘောတူစာချုပ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်ပြီး မြန်မာနိုင်ငံဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ကတော့ RCEP သဘောတူစာချုပ် ချုပ်နိုင်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“၈ နှစ်ကြာ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြပြီးတဲ့နောက် ကျနော်တို့အနေနဲ့ RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အဆုံးသတ်ပြီး သဘောတူစာချုပ်အဖြစ် ဒီနေ့ လက်မှတ်ရေးထိုးနိုင်လိုက်တဲ့အတွက် ကျနော့်အနေနဲ့ ကျေနပ်ဝမ်းမြောက်မိတယ်။”

ဒီသဘောတူစာချုပ်ဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်ပြီး နိုင်ငံစုံပါဝင်တဲ့ ကုန်သွယ်ရေးစနစ်ကို အထောက်အကူ ဖြစ်စေဖို့အတွက် လုပ်တဲ့နေရာမှာ အာဆီယံဟာ ဦးဆောင်ကဏ္ဍမှာ ပါဝင်တယ်ဆိုတာကို အခိုင်အမာသတင်းစကား ပေးလိုက်တာဖြစ်တယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

အခုလို သဘောတူစာချုပ်ကြောင့် ဒီသဘောတူစာချုပ်မှာ ပါဝင်တဲ့နိုင်ငံတွေကြား ကုန်သွယ်ခွန်တွေ လျော့ကျသွားမှာဖြစ်သလို ကုန်သွယ်ရေး ဝန်ဆောင်မှုတွေကိုလည်း လမ်းပွင့်သွားစေမှာ ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ကြောင့် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုတွေကို ချဲ့ထွင်နိုင်ဖို့အတွက် ပိုပြီး အသာစီးရသွားစေတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ ၃ ပုံ ၁ ပုံပါဝင်တဲ့ RCEP သဘောတူစာချုပ်ကို အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံ ၁၅ နိုင်ငံ ပါဝင်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG