သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကာကြယ္ေဆးရႏုိင္ေရး ကမၻာ့ဘဏ္နဲ႔ အစုိးရေဆြးေႏြး


ဓါတ္ပံု- World Bank Myanmar

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆး တရား၀င္ ထြက္ေပၚလာတဲ့အခါ ျမန္မာႏိုင္ငံမွာလည္း ၀ယ္ယူအသုံးျပဳႏုိင္ေအာင္ အစုိးရနဲ႔ ကမာၻ႔ဘဏ္ တာ၀န္ရွိသူေတြ ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။

စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးဌာနနဲ႔ ကမာၻ႔ဘဏ္ ျမန္မာျပည္ ဌာေနၫႊန္ၾကားေရးမွဴးတုိ႔ရဲ႕ အြန္လုိင္းေဆြးေႏြးပဲြမွာ ျမန္မာႏုိင္ငံ လူဦးေရ ၂၀ ရာခုိင္ႏႈန္းအတြက္ ကုိဗစ္ကာကြယ္ေဆး ၀ယ္ယူအသုံးျပဳႏုိင္မယ့္ အစီအစဥ္ကုိလည္း ထည့္သြင္းေဆြးေႏြးခဲ့တာပါ။ ကာကြယ္ေဆး တရား၀င္ထြက္ေပၚလာတဲ့အခါ ၀ယ္ယူအသုံးျပဳႏုိင္ဖုိ႔ အပါအ၀င္ ကပ္ေရာဂါ ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံအတြက္ အေမရိကန္ေဒၚလာ သန္း ၆၀ ေထာက္ပံ့မယ့္ အစီအစဥ္ကုိ ေဆြးေႏြးခဲ့ၾကတာလုိ႔လည္း စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးထြန္းထြန္းႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“ ေဆြးေႏြးေနဆဲပဲ ရွိေသးတယ္ေပါ့ေနာ္၊ ဒါ က်ေနာ္တို႔ financing အပိုင္းထဲမွာေတာ့ အရင္တုန္းက အေမရိကန္ေဒၚလာ သန္း ၆၀ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒါကိုေဆာင္႐ြက္ဖို႔ရွိတယ္၊ လ်ာထားတယ္၊ ဒီလိုမ်ိဳး ဘ႑ာေရးဘက္က သိတာေပါ့ေနာ္။ ေဆးေထာက္ပံ့မႈ ေဆး availability ကေတာ့ Ministry of Health and Sports က တာဝန္ယူ လုပ္တာခင္ဗ်။ သို႔ေသာ္ အဲဒါနဲ႔ပတ္သက္လို႔ က်ေနာ္တို႔က finance ပိုင္းျဖစ္တဲ့အတြက္ World Bank က ေငြေၾကးပိုင္းဆိုင္ရာ အဲဒီဘက္အျခမ္းကိုေတာ့ က်ေနာ္တို႔ဘက္က တာဝန္ယူေပးရတာ။ ညႇိႏႈိင္းေပးရတာေပါ့ေနာ္။”

စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး အပါအဝင္ အႀကီးတန္းအရာရွိေတြနဲ႔ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနၫႊန္ၾကားေရးမႉး Ms. Marian Sherman တို႔ရဲ႕ ၾကာသပေတးေန႔က အြန္လိုင္းေဆြးေႏြးပဲြအတြင္း ကမာၻ႔ဘဏ္က ေနာက္ထပ္ ေငြေၾကးအကူအညီ ရရွိႏုိင္မယ့္ အေျခအေနေတြနဲ႔ ကာကြယ္ေဆး ၀ယ္ယူႏုိင္မယ့္ နည္းလမ္းေတြကုိလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ လက္ေတြ႔ အေကာင္အထည္ ေဖာ္ရမယ့္ ကိစၥေတြအတြက္ အေသးစိတ္ ထပ္မံညႇိႏႈိင္းဖို႔က်န္ေသးေၾကာင္းလည္း ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏုိင္ငံ႐ုံးခဲြ သတင္းျပန္ၾကားေရး ဦးေက်ာ္စိုးလင္းက ဗြီအိုေအကို ေျပာပါတယ္။

“ အခုမွစၿပီး က်ေနာ္တို႔က ေဆြးေႏြးတုန္းပဲရွိေသးတယ္ဗ်၊ ျမန္မာျပည္အတြက္ေပါ့၊ လ်ာထားတာရွိတယ္။ အဲဒါနဲ႔ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ဝယ္တာေတြ ေနာက္တျခား လုပ္ငန္းေတြမွာ သုံးဖို႔ေတာ့ ရွိတယ္ေပါ့။ က်ေနာ္တို႔ဘက္ကေတာ့ အေသးစိတ္ေတြက ညႇိႏႈိင္းတုန္းပဲရွိေသးတယ္ ဆိုေတာ့ေလ၊ process ေတြက က်န္ေသးတယ္။”

ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္ဖုိ႔ ႀကိဳးစားမႈေတြမွာ အလားအလာေကာင္းေတြ ထြက္ေပၚလာေနခ်ိန္မွာပဲ လုိအပ္တဲ့ ႏုိင္ငံေတြမွာ ေဆးရရွိေရး ကမာၻ႔ဘဏ္က ေဒၚလာ ၁၂ ဘီလီယံ ေထာက္ပံ့ဖုိ႔ စီစဥ္ေနတာပါ။ ျမန္မာႏုိင္ငံအတြက္ ကာကြယ္ေဆးကိုေတာ့ ႏိုင္ငံ့ဘ႑ာေငြအျပင္၊ ကမာၻ႔ဘဏ္ အပါအ၀င္ ကာကြယ္ေဆးရန္ပုံေငြ ေထာက္ပံ့တဲ့အဖြဲ႕အစည္းေတြက ရရွိတဲ့ ေငြေၾကးနဲ႔ ဝယ္ယူဖို႔လည္း စီစဥ္ထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO၊ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရး FDA ဒါမွမဟုတ္ သက္ဆိုင္ရာႏိုင္ငံေတြက အေရးေပၚ သုံးစြဲခြင့္ ရထားတဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆးကိုပဲ အဓိက ဝယ္ယူသြားမယ္လို႔ ျမန္မာက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၅ ရက္မွာ ထုတ္ျပန္ထားတာပါ။

မၾကာေသးခင္လေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ တုိးလာတဲ့ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၁၈၀၀ ေက်ာ္၊ အတည္ျပဳလူနာ ၈၅၀၀၀ နဲ႔ အာဆီယံႏိုင္ငံေတြထဲမွာလည္း တတိယ အမ်ားဆုံး ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

[Unicode]

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး တရားဝင် ထွက်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံမှာလည်း ဝယ်ယူအသုံးပြုနိုင်အောင် အစိုးရနဲ့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ် မြန်မာပြည် ဌာနေညွှန်ကြားရေးမှူးတို့ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူအသုံးပြုနိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ကာကွယ်ဆေး တရားဝင်ထွက်ပေါ်လာတဲ့အခါ ဝယ်ယူအသုံးပြုနိုင်ဖို့ အပါအဝင် ကပ်ရောဂါ ကြုံနေရတဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့မယ့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြတာလို့လည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“ ဆွေးနွေးနေဆဲပဲ ရှိသေးတယ်ပေါ့နော်၊ ဒါ ကျနော်တို့ financing အပိုင်းထဲမှာတော့ အရင်တုန်းက အမေရိကန်ဒေါ်လာ သန်း ၆၀ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဒါကိုဆောင်ရွက်ဖို့ရှိတယ်၊ လျာထားတယ်၊ ဒီလိုမျိုး ဘဏ္ဍာရေးဘက်က သိတာပေါ့နော်။ ဆေးထောက်ပံ့မှု ဆေး availability ကတော့ Ministry of Health and Sports က တာဝန်ယူ လုပ်တာခင်ဗျ။ သို့သော် အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့က finance ပိုင်းဖြစ်တဲ့အတွက် World Bank က ငွေကြေးပိုင်းဆိုင်ရာ အဲဒီဘက်အခြမ်းကိုတော့ ကျနော်တို့ဘက်က တာဝန်ယူပေးရတာ။ ညှိနှိုင်းပေးရတာပေါ့နော်။”

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် အကြီးတန်းအရာရှိတွေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး Ms. Marian Sherman တို့ရဲ့ ကြာသပတေးနေ့က အွန်လိုင်းဆွေးနွေးပွဲအတွင်း ကမ္ဘာ့ဘဏ်က နောက်ထပ် ငွေကြေးအကူအညီ ရရှိနိုင်မယ့် အခြေအနေတွေနဲ့ ကာကွယ်ဆေး ဝယ်ယူနိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လက်တွေ့ အကောင်အထည် ဖော်ရမယ့် ကိစ္စတွေအတွက် အသေးစိတ် ထပ်မံညှိနှိုင်းဖို့ကျန်သေးကြောင်းလည်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံရုံးခွဲ သတင်းပြန်ကြားရေး ဦးကျော်စိုးလင်းက ဗွီအိုအေကို ပြောပါတယ်။

“ အခုမှစပြီး ကျနော်တို့က ဆွေးနွေးတုန်းပဲရှိသေးတယ်ဗျ၊ မြန်မာပြည်အတွက်ပေါ့၊ လျာထားတာရှိတယ်။ အဲဒါနဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဝယ်တာတွေ နောက်တခြား လုပ်ငန်းတွေမှာ သုံးဖို့တော့ ရှိတယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အသေးစိတ်တွေက ညှိနှိုင်းတုန်းပဲရှိသေးတယ် ဆိုတော့လေ၊ process တွေက ကျန်သေးတယ်။”

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကြိုးစားမှုတွေမှာ အလားအလာကောင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ လိုအပ်တဲ့ နိုင်ငံတွေမှာ ဆေးရရှိရေး ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၂ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ်နေတာပါ။ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးကိုတော့ နိုင်ငံ့ဘဏ္ဍာငွေအပြင်၊ ကမ္ဘာ့ဘဏ် အပါအဝင် ကာကွယ်ဆေးရန်ပုံငွေ ထောက်ပံ့တဲ့အဖွဲ့အစည်းတွေက ရရှိတဲ့ ငွေကြေးနဲ့ ဝယ်ယူဖို့လည်း စီစဉ်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး FDA ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံတွေက အရေးပေါ် သုံးစွဲခွင့် ရထားတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကိုပဲ အဓိက ဝယ်ယူသွားမယ်လို့ မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

မကြာသေးခင်လတွေကစလို့ ရောဂါကူးစက်မှုတွေ တိုးလာတဲ့ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၁၈၀၀ ကျော်၊ အတည်ပြုလူနာ ၈၅၀၀၀ နဲ့ အာဆီယံနိုင်ငံတွေထဲမှာလည်း တတိယ အများဆုံး ဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG