သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုရဲ႕ အနည္းဆံုး ၂၀ ရာခိုင္ႏႈန္း COVID-19 ကာကြယ္ေဆး ရမယ္


ကုိ႐ိုနာဗုိင္းရပ္စ္ ကာကြယ္ေဆးတမ်ဳိး။ (ေအာက္တိုဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻမွာ ကိုဗစ္ကာကြယ္ေဆး မၾကာခင္ ရလာဖို႔ရွိေနခ်ိန္မွာ ျမန္မာႏုိင္ငံမွာလည္း ေရွ႕ႏွစ္ ဧၿပီ၊ ေမ၊ ဇြန္လေလာက္မွာ အေစာဆံုး စရႏုိင္တယ္လို႔ အမ်ိဳးသားအဆင့္ ကာကြယ္ေဆးထိုးလုပ္ငန္းဆိုင္ရာ အႀကံေပးအဖြဲ႔ ဒုဥကၠ႒နဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ အေရွ႕ေတာင္အာရွေဒသႀကီး ကာကြယ္ေဆးဆိုင္ရာ နည္းပညာအႀကံေပးအဖြဲ႔ထဲ ျမန္မာႏိုင္ငံက တဦးတည္းေသာအဖြဲ႔ဝင္ အၿငိမ္းစားပါေမာကၡ ေဒါက္တာေစာဝင္းက ေျပာပါတယ္။ အျပည့္အစုံကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ေဒါက္တာေစာဝင္း - “ကာကြယ္ေဆးေတြကလည္း သူတို႔ အၿပိဳင္အဆုိင္ လုပ္ေနၾကေတာ့ မၾကာခင္မွာပဲ အေရးေပၚသုံးစြဲခြင့္လုိင္စင္ ရၿပီးေတာ့ စၿပီးေတာ့ ထုိးၾကမယ့္သေဘာ ရွိတယ္။ အဂၤလန္တို႔ အေမရိက တို႔လုိ ႏုိင္ငံေတြေပါ့။ က်ေနာ္တုိ႔ဘက္ကလည္း ဒီကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ အေကာင္းဆုံးျဖစ္ႏုိင္ေအာင္ က်ေနာ္တုိ႔ ႀကိဳးစားၿပီး ျပင္ဆင္ေနပါတယ္။ ျမန္မာျပည္အေနနဲ႔ ကာကြယ္ေဆး ရႏုိင္တာေတာ့ နည္းလမ္းသုံးမ်ဳိး ရွိတာေပါ့။ တခုကေတာ့ ကမၻာ့က်န္းမာေရးအဖြဲ႔က ဦးေဆာင္ၿပီးေတာ့ တည္ေထာင္ထားတဲ့ COVAX Facility ဆုိတာ ရွိတယ္။ က်ေနာ္တုိ႔ ခုထုိးေပးေနတဲ့ အမ်ဳိးသား ကာကြယ္ေဆးထုိး စီမံခ်က္ဆုိတာ ၈၀ ရာခုိင္ႏႈန္းက ဒီ ေထာက္ပံ့တဲ့ အဖြဲ႔အစည္းျဖစ္တဲ့ Gavi လို႔ ေခၚတာေပါ့၊ သူေဌးႀကီး Bill Gates ရဲ႕ ကာကြယ္ေဆး အေထာက္အကူ အဖြဲ႔အစည္း။ COVAX Facility က သူတုိ႔အဖြဲ႔ထဲဝင္ရင္ ဆင္းရဲတဲ့ႏုိင္ငံတို႔၊ အလယ္အလတ္ ဝင္ေငြနည္းတဲ့ ႏုိင္ငံေပါ့၊ က်ေနာ္တုိ႔က Low middle income country ေပါ့၊ အလယ္အလတ္ေပမယ့္ အလယ္အလတ္ အနိမ့္ပိုင္းေပါ့၊ ၉၂ ႏုိင္ငံက်ေတာ့ COVAX Facility က ထုတ္ေပးတဲ့ အသိအမွတ္ျပဳတဲ့ ကာကြယ္ေဆးေတြဆုိ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့နဲ႔ ရမယ္ေပါ့။ အဲဒီလိုမ်ဳိးနဲ႔ အခု က်ေနာ္တို႔လူဦးေရ ၃ ရာခုိင္ႏႈန္းကို၊ ဒါကေတာ့ က်ေန္ာတုိ႔ခ်ည္းပဲ မဟုတ္ပါဘူး၊ ဒီ ၉၂ ႏုိင္ငံလုံးရဲ႕ ၃ ရာခုိင္ႏႈန္းေလာက္က ဒုတိယသုံးလပတ္ ၂၀၂၁ မွာ ရမယ္။ က်န္တဲ့ ၁၇ ရာခုိင္ႏႈန္းေပါ့ ႏွစ္ကုန္ရင္ေတာ့ ၂၀ ရာခုိင္ႏႈန္းေလာက္ ရမယ္။”

ကုိဝင္းမင္း - ဟုတ္ကဲ့ဆရာ၊ ေနာက္ရႏုိင္တဲ့တနည္း၊ ႏုိင္ငံလုိက္အေပၚမွာေရာ။

ေဒါက္တာေစာဝင္း - “က်ေနာ္တုိ႔အစုိးရနဲ႔ ေရာင္းဖို႔တုိ႔ အတူတူထုတ္ဖုိ႔တို႔ ကမ္းလွမ္းေနတဲ့ ႏုိင္ငံေတြလည္း ရွိပါတယ္။ ဥပမာ တ႐ုတ္တုိ႔၊ ႐ုရွားတို႔၊ အိႏၵိယတို႔၊ ေနာက္တနည္းကေတာ့ ပုဂၢလိကက႑ အေနနဲ႔လည္း သြင္းလာတာေတြလည္း ရွိလာႏုိင္ပါတယ္။”

ကုိဝင္းမင္း - အဲဒီေတာ့ ပထမဆုံးနည္းကေတာ့ အလားအလာ အေကာင္းဆုံးေပါ့၊ WHO ကလည္း။

ေဒါက္တာေစာဝင္း - “ပထမဆုံးနည္းကေတာ့ သူတို႔ရဲ႕ ရည္ရြယ္ခ်က္ကလည္း ကုိဗစ္က ကမၻာမွာ တေယာက္ေယာက္ျဖစ္ေနတာ က်န္ခဲ့လို႔ရွိရင္ ဘယ္ႏုိင္ငံမွ စိတ္မခ်ရဘူးေပါ့။ အဲဒီေတာ့ ကာကြယ္ေဆးထြက္လာရင္ ခ်မ္းသာတဲ့ ႏုိင္ငံေတြခ်ည္းပဲ အမ်ားႀကီး တႏုိင္ငံလုံးထုိးမွာထက္ ကမၻာ့ႏုိင္ငံေတြမွာ ျဖစ္ႏုိင္တဲ့လူ၊ အႏၱရာယ္ရွိတဲ့လူေတြ မွ်မွ်တတ ရေစခ်င္တယ္ေပါ့။ တခ်ဳိ႕ကလည္း Emergency လုိင္စင္ကုိ သိပ္မၾကာခင္ တပတ္ေလာက္အတြင္း ရမယ့္ဟာေတြရွိတယ္။ ဒါပေမယ့္ တခ်ဳိ႕ဟာေတြကေတာ့ ဒီဇင္ဘာအကုန္ေလာက္မွာ ရမယ္။ ဒီဇင္ဘာနဲ႔ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ၊ မတ္ ကေတာ့ ျပင္ဆင္တာတို႔ Shipment လုပ္တာတို႔ ရွိမွာေပါ့ေလ။ ေနာက္ၿပီးေတာ့လည္း ထုတ္တဲ့ႏုိင္ငံက လူေတြတုိ႔၊ တတ္ႏုိင္လို႔ ႀကိဳဝယ္ထားတဲ့ ႏုိင္ငံေတြလည္း ရွိမွာေပါ့။ COVAX Facility အေနနဲ႔ေတာ့ သူက ဒုတိယသုံးလပတ္ေလာက္ဆုိရင္ က်ေန္ာတုိ႔ႏုိင္ငံေတြကို ေရာက္မယ္လို႔ သူတုိ႔ ေမွ်ာ္လင့္တယ္ေပါ့။ က်ေနာ္တုိ႔ႏုိင္ငံလည္း ၂၀ ရာခုိင္ႏႈန္းစာ သူတို႔ဆီက ရမယ္လို႔ ျဖစ္တာေလ။ ဒါေပမယ့္ အပုိလည္း ထပ္ၿပီးဝယ္ဖို႔ ရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ား ကာကြယ္ေဆး၊ ဥပမာအားျဖင့္ အဂၤလန္ရဲ႕ Oxford AstraZeneca ဆုိရင္ COVAX ထဲမွာဝင္တဲ့ကာကြယ္ေဆး ျဖစ္ေနမယ္။”

ကိုဝင္းမင္း - ေနာက္တခုက ႏုိင္ငံတခုစီက ရႏုိင္တဲ့ေနရာမွာ က်ေနာ္တုိ႔က အိႏၵိယနဲ႔ နီးစပ္တာေပါ့။ AstraZeneca ကလည္း အဲဒီမွာထုတ္တဲ့ အေနအထားမ်ဳိး ေဈးလည္းေပါ၊ ထိန္းသိမ္းရလည္း လြယ္ေတာ့။

ေဒါက္တာေစာဝင္း - “အိႏၵိယက ခုခ်ိန္မွာ ကမၻာေပၚမွာ ကာကြယ္ေဆး အမ်ားဆုံးထုတ္တဲ့ ႏုိင္ငံက အိႏၵိယဗ်။ အဲေတာ့ AstraZeneca ကလည္း တြဲလုပ္ေတာ့ သူက ထုတ္မယ္ဆုိရင္ ကာကြယ္ေဆး အေရအတြက္ ေတာ္ေတာ္မ်ားမ်ားကို ထုတ္ႏုိင္တယ္။ ေနာက္ ကာကြယ္ေဆးကုိ ထိန္းသိမ္းရတာလည္း ၂၂၈ ဒီဂရီ စင္တီဂရိတ္ဆုိေတာ့ က်ေနာ္တုိ႔ရဲ႕ ရွိၿပီးသား အေအးလမ္းေၾကာင္းေတြနဲ႔ အဆင္ေျပတာေပါ့။ Pfizer တို႔ဘာတို႔ကေတာ့ အရမ္းေအးစိမ့္ေနေအာင္ -17 တုိ႔ဘာတို႔ ထိန္းသိမ္းရေတာ့ အခက္အခဲေတြရွိတယ္။”

ကုိဝင္းမင္း - ေနာက္ဆုံးတခုက ပုဂၢလိက က႑ေပါ့၊ အဲဒီကေရာ ဘယ္ေလာက္ေလာက္ မွန္းထားလဲ။

ေဒါက္တာေစာဝင္း - “မွန္းရေတာ့ခက္တယ္ဗ်။ ပုဂၢလိကက႑လည္း ေပးခြင့္ျပဳသင့္တယ္လို႔ က်ေနာ္တို႔ အႀကံျပဳတာေတာ့ ရွိတာေပါ့ေလ။ ေယဘုယ်အားျဖင့္ ေျပာရင္လည္း ကာကြယ္ေဆးက႑မွာ ပုဂၢလိကနဲ႔ ထုိးတာက ဟုိးအရင္ကတည္းက ၅ ရာခုိင္ႏႈန္းေတာင္ မရွိပါဘူး။ အနည္းစုပဲ ျဖစ္လိမ့္မယ္။”

ကိုဝင္းမင္း - ေနာက္ဆုံးတခုကေတာ့ အခု ၂၀ ရာခိုင္ႏႈန္းေပါ့၊ ေရွ႕ႏွစ္အကုန္မွာ ထုိးႏုိင္မယ္ဆိုရင္ ပထမေတာ့ ၃ ရာခုိင္ႏႈန္းေပါ့၊ ထိေရာက္ႏုိင္မႈ အေနအထားကိုေရာ။

ေဒါက္တာေစာဝင္း - “ကာကြယ္ေဆးအေနနဲ႔ ရလာရင္ေတာ့ ဘာပဲေျပာေျပာ ထိေရာက္မႈေတာ့ ရွိမွာပါ။ ထိေရာက္ႏုိင္မႈက ပထမ ၃ ရာခုိင္ႏႈန္းကေတာ့ ဦးစားေပး အစီအစဥ္ေတြ ခ်ရမယ္။ က်ေနာ္တုိ႔ခ်ထားတာလည္း ေနာက္ပုိင္းက်ရင္ေတာ့ ထုတ္ျပန္မွာပါ။ အခုကေတာ့ ကူးစက္ႏုိင္တဲ့ က်န္းမာေရးဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြ၊ အဲဒီမွာ ပုဂၢလိကက႑လည္း ပါရင္ပါမယ္ေပါ့။ အစုိးရက႑ကေတာ့ ဦးစားေပးေပါ့။ ၿပီးေတာ့ ဒီဟာက ၃ ရာခုိင္ႏႈန္း မရွိပါဘူး။ ဒသမ ၅ ရာခုိင္ႏႈန္းေလာက္ပဲရွိတယ္ လူဦးေရရဲ႕။ အဲေတာ့ က်န္တဲ့ဟာကို သက္ႀကီးရြယ္အုိေတြ၊ ေနာက္တခုကလည္း အျဖစ္မ်ားတဲ့ေနရာ ကူးစက္မ်ားႏုိင္တဲ့ေနရာကို ဦးစားေပးရမွာေပါ့။ ဆုိလိုတာက ေပးလုိက္ျခင္းအားျဖင့္ ထိေရာက္မႈ အမ်ားဆုံးျဖစ္မယ့္ဟာေပါ့။ Essential Work Force ေပါ့၊ တကယ့္ကို မရွိမျဖစ္ လုိအပ္တဲ့ လုပ္ငန္းလုပ္ရတဲ့လူေတြေပါ့။ အဲဒီလိုမ်ဳိး ဆြဲဖုိ႔ရွိပါတယ္။ ဒါေပမယ့္ ကာကြယ္ေဆးသည္ ၿပီးျပည့္စုံ လုံေလာက္တဲ့အေျဖေတာ့ မဟုတ္ဘူး။ ကာကြယ္ေဆးရၿပီ ဆုိၿပီးေတာ့ ေနခ်င္သလုိေနမယ္၊ သြားခ်င္သလုိသြားမယ္ေတာ့ လုပ္လုိ႔ရမွာမဟုတ္ဘူး။ ကာကြယ္ေဆး ေပၚလာၿပီျဖစ္ေစ၊ မေပၚေသးဘူးျဖစ္ေစ ေရာဂါကာကြယ္ေရး နည္းလမ္းေတြ စည္းကမ္းေတြကေတာ့ လုိက္နာရဦးမွာပဲ။ ဘာျဖစ္လို႔လဲဆုိေတာ့ ကာကြယ္ေဆးထုံးစံအတုိင္း တခ်ဳိ႕ ကာကြယ္ေဆးေပၚၿပီးသား ေရာဂါေတြလည္း အခု ေပ်ာက္တာမွမဟုတ္တာ။ ဝက္သက္တုိ႔ ဘာတုိ႔ဆုိလည္း ဆက္ျဖစ္ေနေသးတာပဲေလ။ အဲဒီေတာ့ ဒီေရာဂါလည္း ကာကြယ္ေဆးက ေပၚလာတာေတာင္မွ ဘယ္ေလာက္ထိေရာက္တယ္၊ ဘယ္ေလာက္အထိ ေရရွည္ခံမယ္ဆိုတာေတာ့ မေျပာႏုိင္ေသးပါဘူး။”

ကိုဝင္းမင္း - ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆရာ။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မြန်မာလူထုရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်း COVID-19 ကာကွယ်ဆေး ရမယ်

ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး မကြာခင် ရလာဖို့ရှိနေချိန်မှာ မြန်မာနိုင်ငံမှာလည်း ရှေ့နှစ် ဧပြီ၊ မေ၊ ဇွန်လလောက်မှာ အစောဆုံး စရနိုင်တယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထဲ မြန်မာနိုင်ငံက တဦးတည်းသောအဖွဲ့ဝင် အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ဒေါက်တာစောဝင်း - “ကာကွယ်ဆေးတွေကလည်း သူတို့ အပြိုင်အဆိုင် လုပ်နေကြတော့ မကြာခင်မှာပဲ အရေးပေါ်သုံးစွဲခွင့်လိုင်စင် ရပြီးတော့ စပြီးတော့ ထိုးကြမယ့်သဘော ရှိတယ်။ အင်္ဂလန်တို့ အမေရိက တို့လို နိုင်ငံတွေပေါ့။ ကျနော်တို့ဘက်ကလည်း ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ အကောင်းဆုံးဖြစ်နိုင်အောင် ကျနော်တို့ ကြိုးစားပြီး ပြင်ဆင်နေပါတယ်။ မြန်မာပြည်အနေနဲ့ ကာကွယ်ဆေး ရနိုင်တာတော့ နည်းလမ်းသုံးမျိုး ရှိတာပေါ့။ တခုကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ပြီးတော့ တည်ထောင်ထားတဲ့ COVAX Facility ဆိုတာ ရှိတယ်။ ကျနော်တို့ ခုထိုးပေးနေတဲ့ အမျိုးသား ကာကွယ်ဆေးထိုး စီမံချက်ဆိုတာ ၈၀ ရာခိုင်နှုန်းက ဒီ ထောက်ပံ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့ Gavi လို့ ခေါ်တာပေါ့၊ သူဌေးကြီး Bill Gates ရဲ့ ကာကွယ်ဆေး အထောက်အကူ အဖွဲ့အစည်း။ COVAX Facility က သူတို့အဖွဲ့ထဲဝင်ရင် ဆင်းရဲတဲ့နိုင်ငံတို့၊ အလယ်အလတ် ဝင်ငွေနည်းတဲ့ နိုင်ငံပေါ့၊ ကျနော်တို့က Low middle income country ပေါ့၊ အလယ်အလတ်ပေမယ့် အလယ်အလတ် အနိမ့်ပိုင်းပေါ့၊ ၉၂ နိုင်ငံကျတော့ COVAX Facility က ထုတ်ပေးတဲ့ အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေဆို လျှော့လျှော့ပေါ့ပေါ့နဲ့ ရမယ်ပေါ့။ အဲဒီလိုမျိုးနဲ့ အခု ကျနော်တို့လူဦးရေ ၃ ရာခိုင်နှုန်းကို၊ ဒါကတော့ ကျနေ်ာတို့ချည်းပဲ မဟုတ်ပါဘူး၊ ဒီ ၉၂ နိုင်ငံလုံးရဲ့ ၃ ရာခိုင်နှုန်းလောက်က ဒုတိယသုံးလပတ် ၂၀၂၁ မှာ ရမယ်။ ကျန်တဲ့ ၁၇ ရာခိုင်နှုန်းပေါ့ နှစ်ကုန်ရင်တော့ ၂၀ ရာခိုင်နှုန်းလောက် ရမယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့ဆရာ၊ နောက်ရနိုင်တဲ့တနည်း၊ နိုင်ငံလိုက်အပေါ်မှာရော။

ဒေါက်တာစောဝင်း - “ကျနော်တို့အစိုးရနဲ့ ရောင်းဖို့တို့ အတူတူထုတ်ဖို့တို့ ကမ်းလှမ်းနေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဥပမာ တရုတ်တို့၊ ရုရှားတို့၊ အိန္ဒိယတို့၊ နောက်တနည်းကတော့ ပုဂ္ဂလိကကဏ္ဍ အနေနဲ့လည်း သွင်းလာတာတွေလည်း ရှိလာနိုင်ပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ ပထမဆုံးနည်းကတော့ အလားအလာ အကောင်းဆုံးပေါ့၊ WHO ကလည်း။

ဒေါက်တာစောဝင်း - “ပထမဆုံးနည်းကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကလည်း ကိုဗစ်က ကမ္ဘာမှာ တယောက်ယောက်ဖြစ်နေတာ ကျန်ခဲ့လို့ရှိရင် ဘယ်နိုင်ငံမှ စိတ်မချရဘူးပေါ့။ အဲဒီတော့ ကာကွယ်ဆေးထွက်လာရင် ချမ်းသာတဲ့ နိုင်ငံတွေချည်းပဲ အများကြီး တနိုင်ငံလုံးထိုးမှာထက် ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်နိုင်တဲ့လူ၊ အန္တရာယ်ရှိတဲ့လူတွေ မျှမျှတတ ရစေချင်တယ်ပေါ့။ တချို့ကလည်း Emergency လိုင်စင်ကို သိပ်မကြာခင် တပတ်လောက်အတွင်း ရမယ့်ဟာတွေရှိတယ်။ ဒါပမေယ့် တချို့ဟာတွေကတော့ ဒီဇင်ဘာအကုန်လောက်မှာ ရမယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ကတော့ ပြင်ဆင်တာတို့ Shipment လုပ်တာတို့ ရှိမှာပေါ့လေ။ နောက်ပြီးတော့လည်း ထုတ်တဲ့နိုင်ငံက လူတွေတို့၊ တတ်နိုင်လို့ ကြိုဝယ်ထားတဲ့ နိုင်ငံတွေလည်း ရှိမှာပေါ့။ COVAX Facility အနေနဲ့တော့ သူက ဒုတိယသုံးလပတ်လောက်ဆိုရင် ကျနေ်ာတို့နိုင်ငံတွေကို ရောက်မယ်လို့ သူတို့ မျှော်လင့်တယ်ပေါ့။ ကျနော်တို့နိုင်ငံလည်း ၂၀ ရာခိုင်နှုန်းစာ သူတို့ဆီက ရမယ်လို့ ဖြစ်တာလေ။ ဒါပေမယ့် အပိုလည်း ထပ်ပြီးဝယ်ဖို့ ရှိပါတယ်။ တော်တော်များများ ကာကွယ်ဆေး၊ ဥပမာအားဖြင့် အင်္ဂလန်ရဲ့ Oxford AstraZeneca ဆိုရင် COVAX ထဲမှာဝင်တဲ့ကာကွယ်ဆေး ဖြစ်နေမယ်။”

ကိုဝင်းမင်း - နောက်တခုက နိုင်ငံတခုစီက ရနိုင်တဲ့နေရာမှာ ကျနော်တို့က အိန္ဒိယနဲ့ နီးစပ်တာပေါ့။ AstraZeneca ကလည်း အဲဒီမှာထုတ်တဲ့ အနေအထားမျိုး ဈေးလည်းပေါ၊ ထိန်းသိမ်းရလည်း လွယ်တော့။

ဒေါက်တာစောဝင်း - “အိန္ဒိယက ခုချိန်မှာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး အများဆုံးထုတ်တဲ့ နိုင်ငံက အိန္ဒိယဗျ။ အဲတော့ AstraZeneca ကလည်း တွဲလုပ်တော့ သူက ထုတ်မယ်ဆိုရင် ကာကွယ်ဆေး အရေအတွက် တော်တော်များများကို ထုတ်နိုင်တယ်။ နောက် ကာကွယ်ဆေးကို ထိန်းသိမ်းရတာလည်း ၂၂၈ ဒီဂရီ စင်တီဂရိတ်ဆိုတော့ ကျနော်တို့ရဲ့ ရှိပြီးသား အအေးလမ်းကြောင်းတွေနဲ့ အဆင်ပြေတာပေါ့။ Pfizer တို့ဘာတို့ကတော့ အရမ်းအေးစိမ့်နေအောင် -17 တို့ဘာတို့ ထိန်းသိမ်းရတော့ အခက်အခဲတွေရှိတယ်။”

ကိုဝင်းမင်း - နောက်ဆုံးတခုက ပုဂ္ဂလိက ကဏ္ဍပေါ့၊ အဲဒီကရော ဘယ်လောက်လောက် မှန်းထားလဲ။

ဒေါက်တာစောဝင်း - “မှန်းရတော့ခက်တယ်ဗျ။ ပုဂ္ဂလိကကဏ္ဍလည်း ပေးခွင့်ပြုသင့်တယ်လို့ ကျနော်တို့ အကြံပြုတာတော့ ရှိတာပေါ့လေ။ ယေဘုယျအားဖြင့် ပြောရင်လည်း ကာကွယ်ဆေးကဏ္ဍမှာ ပုဂ္ဂလိကနဲ့ ထိုးတာက ဟိုးအရင်ကတည်းက ၅ ရာခိုင်နှုန်းတောင် မရှိပါဘူး။ အနည်းစုပဲ ဖြစ်လိမ့်မယ်။”

ကိုဝင်းမင်း - နောက်ဆုံးတခုကတော့ အခု ၂၀ ရာခိုင်နှုန်းပေါ့၊ ရှေ့နှစ်အကုန်မှာ ထိုးနိုင်မယ်ဆိုရင် ပထမတော့ ၃ ရာခိုင်နှုန်းပေါ့၊ ထိရောက်နိုင်မှု အနေအထားကိုရော။

ဒေါက်တာစောဝင်း - “ကာကွယ်ဆေးအနေနဲ့ ရလာရင်တော့ ဘာပဲပြောပြော ထိရောက်မှုတော့ ရှိမှာပါ။ ထိရောက်နိုင်မှုက ပထမ ၃ ရာခိုင်နှုန်းကတော့ ဦးစားပေး အစီအစဉ်တွေ ချရမယ်။ ကျနော်တို့ချထားတာလည်း နောက်ပိုင်းကျရင်တော့ ထုတ်ပြန်မှာပါ။ အခုကတော့ ကူးစက်နိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အဲဒီမှာ ပုဂ္ဂလိကကဏ္ဍလည်း ပါရင်ပါမယ်ပေါ့။ အစိုးရကဏ္ဍကတော့ ဦးစားပေးပေါ့။ ပြီးတော့ ဒီဟာက ၃ ရာခိုင်နှုန်း မရှိပါဘူး။ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲရှိတယ် လူဦးရေရဲ့။ အဲတော့ ကျန်တဲ့ဟာကို သက်ကြီးရွယ်အိုတွေ၊ နောက်တခုကလည်း အဖြစ်များတဲ့နေရာ ကူးစက်များနိုင်တဲ့နေရာကို ဦးစားပေးရမှာပေါ့။ ဆိုလိုတာက ပေးလိုက်ခြင်းအားဖြင့် ထိရောက်မှု အများဆုံးဖြစ်မယ့်ဟာပေါ့။ Essential Work Force ပေါ့၊ တကယ့်ကို မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းလုပ်ရတဲ့လူတွေပေါ့။ အဲဒီလိုမျိုး ဆွဲဖို့ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးသည် ပြီးပြည့်စုံ လုံလောက်တဲ့အဖြေတော့ မဟုတ်ဘူး။ ကာကွယ်ဆေးရပြီ ဆိုပြီးတော့ နေချင်သလိုနေမယ်၊ သွားချင်သလိုသွားမယ်တော့ လုပ်လို့ရမှာမဟုတ်ဘူး။ ကာကွယ်ဆေး ပေါ်လာပြီဖြစ်စေ၊ မပေါ်သေးဘူးဖြစ်စေ ရောဂါကာကွယ်ရေး နည်းလမ်းတွေ စည်းကမ်းတွေကတော့ လိုက်နာရဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထုံးစံအတိုင်း တချို့ ကာကွယ်ဆေးပေါ်ပြီးသား ရောဂါတွေလည်း အခု ပျောက်တာမှမဟုတ်တာ။ ဝက်သက်တို့ ဘာတို့ဆိုလည်း ဆက်ဖြစ်နေသေးတာပဲလေ။ အဲဒီတော့ ဒီရောဂါလည်း ကာကွယ်ဆေးက ပေါ်လာတာတောင်မှ ဘယ်လောက်ထိရောက်တယ်၊ ဘယ်လောက်အထိ ရေရှည်ခံမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။”

ကိုဝင်းမင်း - ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG