သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကိုဗစ္အတည္ျပဳလူနာ ၉၀,၀၀၀ နီးပါးရွိ


ရန္ကုန္ၿမိဳ႕မွာ COVID-19 စစ္ေဆးေပးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းအခ်ဳိ႕။ (ေအာက္တိုဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ၉၀,၀၀၀ နီးပါး ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာလိုက္ပါတယ္။

ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၅၀၉ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ေရာဂါကူးစက္ခံရသူဦးေရဟာ ၈၉,၄၈၆ ေယာက္ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ႏုိဝင္ဘာ ၂၉ ရက္ေန႔ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဒါ့အျပင္ ဗုုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ေသဆုံး ၃၁ ေယာက္ ရွိခဲ့တဲ့အတြက္ ေသဆုံးသူစုစုေပါင္း ၁,၉၁၈ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီေန႔ေသဆုံးတဲ့သူေတြထဲမွာ ၂၆ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြျဖစ္ၿပီး တပ္မေတာ္ေဆး႐ုံမွာ ကုသေနတဲ့သူေတြလည္း ပါဝင္တယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၅,၂၂၀ ကို စစ္ေဆးခဲ့တာမွာ အဲဒီလိုေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဆး႐ုံက ဆင္းခြင့္ရသူ ၁,၃၂၂ ေယာက္ရွိတဲ့အတြက္ အခုဆုိရင္ စုစုေပါင္း ေရာဂါသက္သာေပ်ာက္ကင္းသူ အေရအတြက္ ၆၈,၉၁၀ ရွိသြားၿပီျဖစ္ပါတယ္။

ကူးစက္သူမ်ားေနတဲ့ ရန္ကုန္တိုင္း အပါအဝင္ ျပည္နယ္နဲ႔ တုိင္းတခ်ဳိ႕မွာ ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အိမ္မွာေနဖို႔နဲ႔ အသြားအလာ အပါအဝင္ ကန္႔သတ္ထားတာေတြကို ဒီဇင္ဘာလလယ္အထိ ထပ္ၿပီး သက္တမ္းတိုးထားပါတယ္။

အိမ္မွာေနဖို႔ ကန္႔သတ္ထားတဲ့အထဲမွာ အဓိက အျဖစ္အမ်ားဆံုး ရန္ကုန္တိုင္းက ၿမိဳ႕နယ္အမ်ားစု၊ အဓိကအားျဖင့္ အျဖစ္မ်ားခဲ့တဲ့ ရခိုင္ျပည္နယ္နဲ႔ ေနာက္အျဖစ္မ်ားလာေနတဲ့ မႏၱေလး၊ ပဲခူး၊ ဧရာဝတီတိုင္းေတြနဲ႔ မြန္ျပည္နယ္တို႔က ၿမိဳ႕တခ်ိဳ႕ အပါအဝင္ ၿမိဳ႕စုစုေပါင္း ၇၄ ၿမိဳ႕ပါဝင္ၿပီး အလုပ္နဲ႔ က်န္းမာေရးကလြဲရင္ အျပင္မထြက္ၾကဖို႔ ညႊန္ၾကားထားပါတယ္။

ျမန္မာမွာ ကိုဗစ္အတည္ျပဳလူနာ ၉၀,၀၀၀ နီးပါးရွိ
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၀,၀၀၀ နီးပါးရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၉၀,၀၀၀ နီးပါး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၅၀၉ ယောက်ရှိတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူဦးရေဟာ ၈၉,၄၈၆ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံး ၃၁ ယောက် ရှိခဲ့တဲ့အတွက် သေဆုံးသူစုစုပေါင်း ၁,၉၁၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီနေ့သေဆုံးတဲ့သူတွေထဲမှာ ၂၆ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေဖြစ်ပြီး တပ်မတော်ဆေးရုံမှာ ကုသနေတဲ့သူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၂၂၀ ကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံက ဆင်းခွင့်ရသူ ၁,၃၂၂ ယောက်ရှိတဲ့အတွက် အခုဆိုရင် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ အရေအတွက် ၆၈,၉၁၀ ရှိသွားပြီဖြစ်ပါတယ်။

ကူးစက်သူများနေတဲ့ ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်မှာနေဖို့နဲ့ အသွားအလာ အပါအဝင် ကန့်သတ်ထားတာတွေကို ဒီဇင်ဘာလလယ်အထိ ထပ်ပြီး သက်တမ်းတိုးထားပါတယ်။

အိမ်မှာနေဖို့ ကန့်သတ်ထားတဲ့အထဲမှာ အဓိက အဖြစ်အများဆုံး ရန်ကုန်တိုင်းက မြို့နယ်အများစု၊ အဓိကအားဖြင့် အဖြစ်များခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ နောက်အဖြစ်များလာနေတဲ့ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းတွေနဲ့ မွန်ပြည်နယ်တို့က မြို့တချို့ အပါအဝင် မြို့စုစုပေါင်း ၇၄ မြို့ပါဝင်ပြီး အလုပ်နဲ့ ကျန်းမာရေးကလွဲရင် အပြင်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG