သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလျမန္မာမွာ ဆင္းရဲႏြမ္းပါးမႈ ၈ ဆေက်ာ္ ျမင့္တက္ခဲ့


ကိုဗစ္ကာလမွာ ပိတ္ထားတဲ့ ဆိုင္ေရွ႕တခု

(Zawgyi/Unicode)

ကိုဗစ္ကာလအတြင္း ျမန္မာႏိုင္ငံမွာ ဆင္းရဲႏြမ္းပါးမႈ ၈ ဆေက်ာ္ ခုန္တက္သြားတယ္လို႔ အေမရိကန္ အေျခစိုက္ IFPRI ႏိုင္ငံတကာ စားနပ္ရိကၡာဆိုင္ရာ သုေတသနအဖြဲ႔ႀကီးက အစီရင္ခံစာ ထုတ္ျပန္လိုက္ပါတယ္။ ႏိုဝင္ဘာလထဲ ထုတ္ျပန္တဲ့ ဒီအစီရင္ခံစာအရ ႏွစ္ဆန္းပိုင္းတုန္းက ဝင္ေငြအရ ဆင္းရဲမူဟာ ၇% ပဲရွိခဲ့ၿပီး အခုဆိုရင္ ၆၀% နီးပါးအထိ ျမင့္တက္သြားၿပီလို႔ ေဖၚျပထားပါတယ္။

ဒီအစီရင္ခံစာနဲ႔ပတ္သက္လို႔ ဦးေဆာင္ေရးသားခဲ့သူ IFPRI ျမန္မာရံုးခြဲက Derek Headey ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဒီအစီရင္ခံစာအတြက္ရန္ကုန္ျမိဳ႕၊ အထက္အညာ မႏၱေလး၊ စစ္ကိုင္း၊ မေကြးတိုင္းက ရြာေတြမွာ စစ္တမ္းေကာက္ယူျပဳစုခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ တစ္ဦးခ်င္းအနိမ့္ဆံုးဝင္ေငြထက္နည္းတဲ့၊ တစ္ရက္လုပ္စာ အေမရိကန္ေဒၚလာ ၁.၉၀ ျဖစ္တဲ့၊ ျမန္မာေငြ ၁၃၀၀ သာသာေလး ေအာက္ရသူေတြကို သတ္မွတ္တြက္ထားတဲ့၊ ဒီဝင္ေငြအရ ဆင္းရဲမူႏႈန္းတက္လာပံုကို Mr. Headey က

“ဒီႏွစ္အေစာပိုင္းမွာ ဧၿပီလက Lockdown ပိတ္ဆို႔မူေတြခ်အၿပီးေလာက္မွာ၊ ၿမိဳ.ျပမွာ ဆင္းရဲမူ တကယ့္ကို အမ်ားႀကီး တက္သြားတာ ေတြ႔ရပါတယ္၊၇% ကေန ၃၀% ေက်ာ္အထိတက္သြားတာ ဆိုေတာ့ တကယ့္ကိုစိုးရိမ္စရာပါ။ၿပီးေတာ့ ေက်းလက္မွာလဲ အလားတူတက္သြားပါတယ္။ေနာက္ပိုင္း ဇူလိုင္နဲ႔ၾသဂုတ္မွာေတာ့ နဲနဲျပန္သက္သာလာပါတယ္၊ကိုဗစ္ျဖစ္တာ စက်ၿပီး၊ ပံုမွန္ နာလန္ ျပန္စထူလာသလိုေပါ့ေနာ္။ဒါေပမဲ့ ၾသဂုတ္လလယ္ထဲ ရခိုင္မွာ ကိုဗစ္အျဖစ္မ်ားလာၿပီး၊ တစ္ႏိုင္ငံလံုးပ်ံ.လာျပန္ေတာ့၊ ဒီဆင္းရဲမူက ထိုးေတာင္ၿပီးတက္သြားျပန္ပါတယ္၊ၿမိဳ.ျပေရာ၊ ေက်းလက္မွာပါ ၆၀% ေလာက္ထိျဖစ္သြားတယ္၊ဒါက တကယ့္ကိုစိုးရိမ္ႀကီးစရာပါ။”

ဒီေနရာမွာ ၿမိဳျပနဲ႔ေက်းလက္က ကေလးမိခင္ေပါင္း တစ္ေထာင္စီ၊ စုစုေပါင္း ၂၀၀၀ ကိုသုေတသနလုပ္ထားတဲ့ ဒီစစ္တမ္းေတြ႔ရွိခ်က္အရ၊ ခုလိုစိုးရိမ္စရာအေျခအေနက၊ ၿမိဳ.ျပနဲ႔ ေက်းလက္ထိခိုက္မူကြာတာေတြ႔ပါသလားလို႔ေမးရာမွာ ဒီသုေတသနေခါင္းေဆာင္ကဆက္ၿပီး

“ၿမိဳ.ျပက အႀကီးအက်ယ္ကိုထိတာပါ။ၿမိဳ.ကလုပ္သားေတြက ကိုဗစ္မတိုင္ခင္ ပိုဝင္ေငြေကာင္းၾကၿပီး ေနာက္ေတာ့ပိုထိခိုက္သြားပါတယ္။ဒါက သိသာတယ္။ကိုဗစ္ Lockdown ခ်တဲ့အခါ၊ စက္ရံုလုပ္သားေတြ အေဆာင္ေတြမွာပိိတ္မိ၊ Taxi သမားေတြ သြားရခက္ စီးမဲ့လူရဖို႔ခက္၊ေစ်းဆိုင္အမ်ားႀကီးပိတ္၊ဒီဆုိင္ေတြ၊ ေဆာက္လုပ္ေရးေတြမွာလဲ လုပ္သားေတြေလ်ာ့၊တကယ့္ကို ၿမိဳ.ျပစီးပြား အၾကပ္အတည္းထုတ္ႀကီးပါ။အဲ့ဒိေတာ့ ဆင္းရဲသားက႑သစ္ႀကီးတစ္ခု ေပၚလာတာေပါ့။ရန္ကုန္မွာအရင္ဆင္းရဲမူနည္းခဲ့ရာက၊ အခု အမ်ားႀကီးကို ျမင့္တက္သြားပါၿပီ။”

ဒါေၾကာင့္ ၿမိဳ.ျပမွာ ဘယ္လိုဆက္သက္ေရာက္မူျပင္းထန္ၿပီး၊ ေက်းလက္အတြက္ပါ ဆက္ေမးရာမွာ Mr. Headey ကပဲ

“အလားတူထိခိုက္တာ အစားအစာဖူလံုေရးမွာလဲ ေတြ႔လာပါတယ္။ ၿမိဳ.ျပမွာ အစားအေသာက္လံုေလာက္ဖို႔ ပိုစိုးရိမ္လာၾကပါတယ္။ၿမိဳ.ျပက ကေလးမိခင္ေတြလည္း အာဟာရရွိတာ ေလ်ာ့စားလာၾကတယ္၊ထမင္းနဲ႔ေစ်းေပါတဲ့ အေျခခံစားကုန္ေတြပဲ အားထားလာရတယ္။အဲ့ဒိေတာ့ ၿမိဳ.ျပကို ႀကီးႀကီးမားမားထိခိုက္သြားပါတယ္။ဒါေပမဲ့ ေက်းလက္မွာလည္း အေတာ္မ်ားမ်ား၊ အထူးသျဖင့္ ေျမမပိုင္တဲ့ လုပ္ခစားလယ္သမားေတြ ဒီ အၾကပ္အတည္းႀကီးမွာ ပိုထိခိုက္လြယ္သြားတယ္။

အဲ့ဒီေတာ့ အစိုးရဘက္က ကိုဗစ္ကာလမွာ လက္လုပ္လက္စားေတြကို ကူညီေပးတာေတြေရာ ဘယ္လိုေတြ႔ရွိထားပါလဲလို႔ ေမးရာမွာ ဒီစစ္တမ္းဦးေဆာင္သူက ဆက္ၿပီး

“ကိုဗစ္မျဖစ္ခင္ကထက္ ပထမအႀကိမ္ဒီစစ္တမ္းမေကာက္ခင္ကထက္၊ အစိုးရကေန ဆင္းရဲသားေတြကို ကူတာအမ်ားႀကီးေတာ့ ပိုလာပါတယ္၊ဒါေပမဲ့ တကယ့္ကိုဆင္းရဲတဲ့သူေတြ အမ်ားႀကီး မရလိုက္တာေတြ႔ေနရပါတယ္။ဒီတကယ့္ကိုဆင္းရဲသူေတြထဲ မ်ားမ်ားေရာက္ဖို႔ အစိုးရအတြက္ စိန္ေခၚမူႀကီးပါ။ဒီေငြသားေပးတာအျပင္၊ လူမူဖူလံုေရးကလည္း၊ ဥပမာ အလုပ္လာလုပ္ရင္ေငြေခ်ေပးတဲ့အစီအစဥ္ေတြက၊ ယွဥ္ၾကည့္ရင္ ေသးငယ္လြန္းပါေသးတယ္။အဲ့ဒိေတာ့ လူေတြရဲ့ ဝင္ေငြ အႀကီးအက်ယ္ထိခိုက္သြားခ်ိန္မွာ၊ လူမူဖူလံုေရးက မီေအာင္ လိုက္ျဖည့္ေပးႏိုင္တာမ်ိဳးမျဖစ္ခဲ့ဘူးလို႔ ထင္ပါတယ္။”

ဒီေနရာမွာ အစိုးရအေနနဲ႔ ဘယ္လို ေျပာင္းလဲကူညီေပးဖို႔ အၾကံျပဳခ်င္ပါလဲလို႔ ေမးရာမွာ Mr. Headey ကပဲ

“အစပိုင္းမွာ တစ္ဦးကို ၂၀၀၀၀ က်ပ္ တစ္လသေဘာေပးတာကလည္း၊ ဒီဆင္းရဲမူကို အမ်ားႀကီး မကူႏိုင္ပါဘူး။၄ ေသာင္း ၆ ေသာင္းေလာက္အထိ ျမွင့္ေပးႏိုင္ရင္ေတာ့၊ စ အေျပာင္းအလဲျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ တႏွစ္လံုးစာ ဆက္ေပးရရင္လဲ၊ အစိုးရဘတ္ဂ်က္က အႀကီးအက်ယ္လိုလာၿပီး တကယ့္စိန္ေခၚမူႀကီးပါ။ဒါေပမဲ့ ဧၿပီနဲေမလေလာက္မွာ ကိုဗစ္ကာကြယ္ေဆး ျမန္မာလူဦးေရတစ္စိတ္တစ္ပိုင္း ရလာမယ္ဆိုရင္၊ဒီဇင္ဘာကေနစၿပီး ေရွ.ႏွစ္ ၂၀၂၁ ပထမေလးလ (သို႔မဟုတ္) ဒုတိယေလးလပတ္ေလာက္အထိ၊ ၉ လစာေလာက္ေတာ့ ဒီလူမူဖူလံုေရးတိုးျမွင့္ေပးဖို႔ စျပင္ထားသင့္ပါၿပီ။”

ဒါ့အျပင္ ဒီ စစ္တမ္းဦးေဆာင္သူကဆက္ၿပီး၊ IGC လို႔အတိုေခါက္ေခၚတဲ့ ႏိုင္ငံတကာစီးပြားဖြံ႔ၿဖိဳးေရးဌာနစာတမ္းမွာ ေျပာထားသလို၊ သန္းေကာင္စာရင္း အရင္ေကာက္ထားခဲ့တဲ့အခ်က္အလက္ေတြနဲ႔ ရပ္ကြက္တြင္း ရာအိမ္မူး၊ ဆယ္အိမ္မူးလို အနီးကပ္ အုပ္ခ်ဳပ္ေရးယႏၱယားေတြကတဆင့္၊ ဒီတကယ္ဆင္းရဲသူစာရင္း အခိုင္အမာေကာက္ယူၿပီး၊ ထိေရာက္ေအာင္ျဖန္႔ျဖဴးသင့္တယ္လို႔ အၾကံျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကာလမြန်မာမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် မြင့်တက်ခဲ့

(Unicode)

ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် ခုန်တက်သွားတယ်လို့ အမေရိကန် အခြေစိုက် IFPRI နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ သုတေသနအဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလထဲ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာအရ နှစ်ဆန်းပိုင်းတုန်းက ဝင်ငွေအရ ဆင်းရဲမူဟာ ၇% ပဲရှိခဲ့ပြီး အခုဆိုရင် ၆၀% နီးပါးအထိ မြင့်တက်သွားပြီလို့ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ဦးဆောင်ရေးသားခဲ့သူ IFPRIမြန်မာရုံးခွဲက Derek Headey ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအစီရင်ခံစာအတွက်ရန်ကုန်မြို့၊ အထက်အညာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းက ရွာတွေမှာ စစ်တမ်းကောက်ယူပြုစုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်ဦးချင်းအနိမ့်ဆုံးဝင်ငွေထက်နည်းတဲ့၊ တစ်ရက်လုပ်စာ အမေရိကန်ဒေါ်လာ ၁.၉၀ ဖြစ်တဲ့၊ မြန်မာငွေ ၁၃၀၀ သာသာလေး အောက်ရသူတွေကို သတ်မှတ်တွက်ထားတဲ့၊ ဒီဝင်ငွေအရ ဆင်းရဲမူနှုန်းတက်လာပုံကို Mr. Headey က

“ဒီနှစ်အစောပိုင်းမှာ ဧပြီလက Lockdown ပိတ်ဆို့မူတွေချအပြီးလောက်မှာ၊ မြို.ပြမှာ ဆင်းရဲမူ တကယ့်ကို အများကြီး တက်သွားတာ တွေ့ရပါတယ်၊၇% ကနေ ၃၀% ကျော်အထိတက်သွားတာ ဆိုတော့ တကယ့်ကိုစိုးရိမ်စရာပါ။ပြီးတော့ ကျေးလက်မှာလဲ အလားတူတက်သွားပါတယ်။နောက်ပိုင်း ဇူလိုင်နဲ့သြဂုတ်မှာတော့ နဲနဲပြန်သက်သာလာပါတယ်၊ကိုဗစ်ဖြစ်တာ စကျပြီး၊ ပုံမှန် နာလန် ပြန်စထူလာသလိုပေါ့နော်။ဒါပေမဲ့ သြဂုတ်လလယ်ထဲ ရခိုင်မှာ ကိုဗစ်အဖြစ်များလာပြီး၊ တစ်နိုင်ငံလုံးပျံ.လာပြန်တော့၊ ဒီဆင်းရဲမူက ထိုးတောင်ပြီးတက်သွားပြန်ပါတယ်၊မြို.ပြရော၊ ကျေးလက်မှာပါ၆၀% လောက်ထိဖြစ်သွားတယ်၊ဒါက တကယ့်ကိုစိုးရိမ်ကြီးစရာပါ။”

ဒီနေရာမှာ မြိုပြနဲ့ကျေးလက်က ကလေးမိခင်ပေါင်း တစ်ထောင်စီ၊ စုစုပေါင်း ၂၀၀၀ ကိုသုတေသနလုပ်ထားတဲ့ ဒီစစ်တမ်းတွေ့ရှိချက်အရ၊ ခုလိုစိုးရိမ်စရာအခြေအနေက၊ မြို.ပြနဲ့ ကျေးလက်ထိခိုက်မူကွာတာတွေ့ပါသလားလို့မေးရာမှာ ဒီသုတေသနခေါင်းဆောင်ကဆက်ပြီး

“မြို.ပြက အကြီးအကျယ်ကိုထိတာပါ။မြို.ကလုပ်သားတွေက ကိုဗစ်မတိုင်ခင် ပိုဝင်ငွေကောင်းကြပြီး နောက်တော့ပိုထိခိုက်သွားပါတယ်။ဒါက သိသာတယ်။ကိုဗစ် Lockdown ချတဲ့အခါ၊ စက်ရုံလုပ်သားတွေ အဆောင်တွေမှာပိတ်မိ၊Taxi သမားတွေ သွားရခက် စီးမဲ့လူရဖို့ခက်၊ဈေးဆိုင်အများကြီးပိတ်၊ဒီဆိုင်တွေ၊ ဆောက်လုပ်ရေးတွေမှာလဲ လုပ်သားတွေလျော့၊တကယ့်ကို မြို.ပြစီးပွား အကြပ်အတည်းထုတ်ကြီးပါ။အဲ့ဒိတော့ ဆင်းရဲသားကဏ္ဍသစ်ကြီးတစ်ခု ပေါ်လာတာပေါ့။ရန်ကုန်မှာအရင်ဆင်းရဲမူနည်းခဲ့ရာက၊ အခု အများကြီးကို မြင့်တက်သွားပါပြီ။”

ဒါကြောင့် မြို.ပြမှာ ဘယ်လိုဆက်သက်ရောက်မူပြင်းထန်ပြီး၊ ကျေးလက်အတွက်ပါ ဆက်မေးရာမှာ Mr. Headey ကပဲ

“အလားတူထိခိုက်တာ အစားအစာဖူလုံရေးမှာလဲ တွေ့လာပါတယ်။မြို.ပြမှာ အစားအသောက်လုံလောက်ဖို့ ပိုစိုးရိမ်လာကြပါတယ်။မြို.ပြက ကလေးမိခင်တွေလည်း အာဟာရရှိတာ လျော့စားလာကြတယ်၊ထမင်းနဲ့ဈေးပေါတဲ့ အခြေခံစားကုန်တွေပဲ အားထားလာရတယ်။အဲ့ဒိတော့ မြို.ပြကို ကြီးကြီးမားမားထိခိုက်သွားပါတယ်။ဒါပေမဲ့ ကျေးလက်မှာလည်း အတော်များများ၊ အထူးသဖြင့် မြေမပိုင်တဲ့ လုပ်ခစားလယ်သမားတွေ ဒီ အကြပ်အတည်းကြီးမှာ ပိုထိခိုက်လွယ်သွားတယ်။

အဲ့ဒိတော့ အစိုးရဖက်က ကိုဗစ်ကာလမှာ လက်လုပ်လက်စားတွေကို ကူညီပေးတာတွေရော ဘယ်လိုတွေ့ရှိထားပါလဲလို့ မေးရာမှာ ဒီစစ်တမ်းဦးဆောင်သူက ဆက်ပြီး

“ကိုဗစ်မဖြစ်ခင်ကထက် ပထမအကြိမ်ဒီစစ်တမ်းမကောက်ခင်ကထက်၊ အစိုးရကနေ ဆင်းရဲသားတွေကို ကူတာအများကြီးတော့ ပိုလာပါတယ်၊ဒါပေမဲ့ တကယ့်ကိုဆင်းရဲတဲ့သူတွေ အများကြီး မရလိုက်တာတွေ့နေရပါတယ်။ဒီတကယ့်ကိုဆင်းရဲသူတွေထဲ များများရောက်ဖို့ အစိုးရအတွက် စိန်ခေါ်မူကြီးပါ။ဒီငွေသားပေးတာအပြင်၊ လူမူဖူလုံရေးကလည်း၊ ဥပမာ အလုပ်လာလုပ်ရင်ငွေချေပေးတဲ့အစီအစဉ်တွေက၊ ယှဉ်ကြည့်ရင် သေးငယ်လွန်းပါသေးတယ်။အဲ့ဒိတော့ လူတွေရဲ့ ဝင်ငွေ အကြီးအကျယ်ထိခိုက်သွားချိန်မှာ၊ လူမူဖူလုံရေးက မီအောင် လိုက်ဖြည့်ပေးနိုင်တာမျိုးမဖြစ်ခဲ့ဘူးလို့ ထင်ပါတယ်။”

ဒီနေရာမှာ အစိုးရအနေနဲ့ ဘယ်လို ပြောင်းလဲကူညီပေးဖို့ အကြံပြုချင်ပါလဲလို့ မေးရာမှာ Mr. Headey ကပဲ

“အစပိုင်းမှာ တစ်ဦးကို ၂၀၀၀၀ ကျပ် တစ်လသဘောပေးတာကလည်း၊ ဒီဆင်းရဲမူကို အများကြီး မကူနိုင်ပါဘူး။၄ သောင်း ၆ သောင်းလောက်အထိ မြှင့်ပေးနိုင်ရင်တော့၊ စ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တနှစ်လုံးစာ ဆက်ပေးရရင်လဲ၊ အစိုးရဘတ်ဂျက်က အကြီးအကျယ်လိုလာပြီး တကယ့်စိန်ခေါ်မူကြီးပါ။ဒါပေမဲ့ ဧပြီနဲမေလလောက်မှာ ကိုဗစ်ကာကွယ်ဆေး မြန်မာလူဦးရေတစ်စိတ်တစ်ပိုင်း ရလာမယ်ဆိုရင်၊ဒီဇင်ဘာကနေစပြီး ရှေ.နှစ် ၂၀၂၁ ပထမလေးလ (သို့မဟုတ်) ဒုတိယလေးလပတ်လောက်အထိ၊ ၉ လစာလောက်တော့ ဒီလူမူဖူလုံရေးတိုးမြှင့်ပေးဖို့ စပြင်ထားသင့်ပါပြီ။”

ဒါ့အပြင် ဒီ စစ်တမ်းဦးဆောင်သူကဆက်ပြီး၊ IGC လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံတကာစီးပွားဖွံ့ဖြိုးရေးဌာနစာတမ်းမှာ ပြောထားသလို၊ သန်းကောင်စာရင်း အရင်ကောက်ထားခဲ့တဲ့အချက်အလက်တွေနဲ့ ရပ်ကွက်တွင်း ရာအိမ်မူး၊ ဆယ်အိမ်မူးလို အနီးကပ် အုပ်ချုပ်ရေးယန္တယားတွေကတဆင့်၊ ဒီတကယ်ဆင်းရဲသူစာရင်း အခိုင်အမာကောက်ယူပြီး၊ ထိရောက်အောင်ဖြန့်ဖြူးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG