သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၉ သောင်းကျော်


COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)
COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၉၀,၀၀၀ ကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၂၇ ယောက် ထပ်တွေ့တဲ့အတွက် အတည်ပြုလူနာ စုစုပေါင်း ၉၀,၇၁၃ ယောက်ရှိသွားပါပြီ။

ဓါတ်ခွဲနမူနာ ၁၅,၉၃၅ ခုကို စစ်ဆေးခဲ့တာမှာ ၁,၂၀၀ ကျော်မှာ ပိုးကူးစက်နေတယ်လို့ အတည်ပြုတာဖြစ်ပါတယ်။

သေဆုံးကလည်း ၂၃ ယောက်ထပ်တိုးပါတယ်။ ၂၀ က ရောဂါအခံရှိသူတွေဖြစ်ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီနေ့ညအထိ မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်းစာရင်းက ၁,၉၄၁ ယောက်ဖြစ်ပါတယ်။ ဆေးရုံကနေ ဆင်းခွင့်ရသူကတော့ စုစုပေါင်း ၇၀,၁၅၆ ယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ် ထောင်ကျော် နေ့စဉ်တိုးနေတဲ့ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါနေပါတယ်။ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်မှာ ကိုဗစ်ရောဂါပိုးကူးစက်နေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အစိုးရထုတ်ပြန်ထားတဲ့ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ ကျန်းမာရေးပိုင်း ကျွမ်းကျင်သူတွေကလည်း ပြောနေကြပါတယ်။

[Unicode Version]







XS
SM
MD
LG