သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အဂတိတိုက္ဖ်က္ေရး ဥကၠဌ ဦးေအာင္ၾကည္ ရာထူးကႏုတ္ထြက္


အဂတိတိုက္ဖ်က္ေရး ဥကၠဌ ဦးေအာင္ၾကည္

(Zawgyi/Unicode)

ျမန္မာနိုင္ငံ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠဌ ဦးေအာင္ၾကည္ကို ရာထူးကေန ႏႈတ္ထြက္ခြင့္ ျပဳလိုက္တယ္လို႔ သမၼတ ဦးဝင္းျမင့္က ဒီဇင္ဘာ ၁ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ လိုက္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အနိုင္ရရွိၿပီးတဲ့ေနာက္ ေနာက္ဖြဲ႕စည္းမယ့္ အစိုးရအဖြဲ႕နဲ႔ ေကာ္မတီ၊ ေကာ္မရွင္ အသီးသီးကေန ထြက္ေပၚ လာမယ့္ အေျပာင္းအလဲေတြကို ျပည္သူေတြက စိတ္ဝင္စားေနခ်ိန္မွာ အခုလို အဂတိ လိုက္စားမႈ တိုက္ ဖ်က္ေရး ေကာ္မရွင္ ဥကၠဌ ကို ႏႈတ္ထြက္ခြင့္ ျပဳတဲ့ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံအတြင္း ရာထူး၊ တာဝန္ အလြဲသုံးစားလုပ္ၿပီး လာဘ္ေပး၊ လာဘ္ယူ တာေတြကို အေရးယူနိုင္ဖို႔ အဂတိလိုက္စားမႈတိုက္ ဖ်က္ေရး ဥပေဒကို ၂၀၁၃၊ စက္တင္ဘာ ၁၇ ေန႔ရက္မွာ အတည္ျပဳခဲ့ပါတယ္။

အဲဒီ ဥပေဒအရ ၂၀၁၇ ခုႏွစ္၊ နိုဝင္ဘာလမွာ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ကို ဖြဲ႕စည္းခ်ိန္က စလို႔ အရင္ အစိုးရ ဝန္ႀကီးေဟာင္းလည္း ျဖစ္၊ တပ္မေတာ္ အၿငိမ္းစား အရာရွိတစ္ဦးလည္း ျဖစ္သူ ဦးေအာင္ၾကည္က ဥကၠဌ အျဖစ္ တာဝန္ယူ ေဆာင္ ရြက္ခဲ့တာ ျဖစ္ပါတယ္။

ေကာ္မရွင္ ဖြဲ႕စည္းၿပီး ေနာက္ ၂၀၁၈ အတြင္းမွာ ျပည္သူလူထုကေန ေကာ္မရွင္ကို တိုင္ၾကားလာတဲ့ တိုင္ၾကားစာေပါင္း ၁ေသာင္းခြဲ ေက်ာ္ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္တဦးအပါအဝင္ ျပည္ေထာင္စုဝန္ႀကီးအဆင့္ အထိ အဂတိ လိုက္ စားမႈစြဲခ်က္ေတြနဲ႔ စုံစမ္းစစ္ေဆးတာေတြလုပ္နိုင္ခဲ့ေပမယ့္လည္း ႏွစ္ေပါင္းမ်ားစြာ ေအာက္ေျခအဆင့္ဆင့္ အျမစ္တြယ္ေနတဲ့အဂတိ လိုက္စားမႈေတြကို တိုက္ဖ်က္ေရးမွာ ဒီထက္ ပိုတဲ့ ဥပေဒစိုမိုးေရး အေရးယူေဆာင္ရြက္မႈေတြ လိုဦးမယ္လို႔ ေလ့လာသူေတြက ေျပာ ပါတယ္။

လက္ရွိ တာဝန္ထမ္းေဆာင္ေနတဲ့ သမၼတ ဦးဝင္းျမင့္ ကိုယ္တိုင္ကလည္း အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးကို ျပင္းျပင္း ထန္ထန္ လုပ္ေဆာင္မယ္လို႔ တာဝန္ယူစက ေျပာၾကားထားခဲ့ပါတယ္။ ေျပာတဲ့အတိုင္းလည္း အဂတိလိုက္စားမႈေတြကို ေဖာ္ထုတ္အေရးယူ တာေတြ ရွိေနေပမဲ့ အဂတိလိုက္စားမႈေတြကေတာ့ သိသိသာသာ က်မသြားဘူးလို႔ ေလ့လာသူေတြက သုံးသပ္ပါတယ္။ တကမၻာလုံးက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အေျခအေနေတြကို ေစာင့္ၾကည့္ေလ့လာေနတဲ့ Transparency International အဖြဲ႕က ဒီႏွစ္အေစာပိုင္း ထုတ္ျပန္ခ်က္မွာ ျမန္မာနို္င္ငံရဲ့ အဂတိလိုက္စားမႈ အေျခအေနဟာ နိုင္ငံေပါင္း ၁၈၀ မွာ အဆင့္ ၁၃၂ ရွိေနၿပီး အရင္ စစ္တမ္းထက္ ႏွစ္ဆင့္နိမ့္က်သြားတာ ျဖစ္ေၾကာင္း ေဖာ္ျပပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အဂတိတိုက်ဖျက်ရေး ဥက္ကဌ ဦးအောင်ကြည် ရာထူးကနုတ်ထွက်

(Unicode)

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်ကို ရာထူးကနေ နှုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိပြီးတဲ့နောက် နောက်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့နဲ့ ကော်မတီ၊ ကော်မရှင် အသီးသီးကနေ ထွက်ပေါ် လာမယ့် အပြောင်းအလဲတွေကို ပြည်သူတွေက စိတ်ဝင်စားနေချိန်မှာ အခုလို အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင် ဥက္ကဌ ကို နှုတ်ထွက်ခွင့် ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ရာထူး၊ တာဝန် အလွဲသုံးစားလုပ်ပြီး လာဘ်ပေး၊ လာဘ်ယူ တာတွေကို အရေးယူနိုင်ဖို့ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေကို ၂၀၁၃၊ စက်တင်ဘာ ၁၇ နေ့ရက်မှာ အတည်ပြုခဲ့ပါတယ်။

အဲဒီ ဥပဒေအရ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းချိန်က စလို့ အရင် အစိုးရ ဝန်ကြီးဟောင်းလည်း ဖြစ်၊ တပ်မတော် အငြိမ်းစား အရာရှိတစ်ဦးလည်း ဖြစ်သူ ဦးအောင်ကြည်က ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင် ဖွဲ့စည်းပြီး နောက် ၂၀၁၈ အတွင်းမှာ ပြည်သူလူထုကနေ ကော်မရှင်ကို တိုင်ကြားလာတဲ့ တိုင်ကြားစာပေါင်း ၁သောင်းခွဲ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တဦးအပါအဝင် ပြည်ထောင်စုဝန်ကြီးအဆင့် အထိ အဂတိ လိုက် စားမှုစွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်နိုင်ခဲ့ပေမယ့်လည်း နှစ်ပေါင်းများစွာ အောက်ခြေအဆင့်ဆင့် အမြစ်တွယ်နေတဲ့အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်ရေးမှာ ဒီထက် ပိုတဲ့ ဥပဒေစိုမိုးရေး အရေးယူဆောင်ရွက်မှုတွေ လိုဦးမယ်လို့ လေ့လာသူတွေက ပြော ပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင်ကလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ပြင်းပြင်း ထန်ထန် လုပ်ဆောင်မယ်လို့ တာဝန်ယူစက ပြောကြားထားခဲ့ပါတယ်။ ပြောတဲ့အတိုင်းလည်း အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူ တာတွေ ရှိနေပေမဲ့ အဂတိလိုက်စားမှုတွေကတော့ သိသိသာသာ ကျမသွားဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တကမ္ဘာလုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့က ဒီနှစ်အစောပိုင်း ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၂ ရှိနေပြီး အရင် စစ်တမ်းထက် နှစ်ဆင့်နိမ့်ကျသွားတာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

XS
SM
MD
LG