သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအဖွဲ့သစ် လုပ်ဆောင်သင့်တဲ့ ဦးစားပေးလုပ်ငန်းများ


ရန်ကုန်မြို့ မဲရုံတခုတွင် မဲပေးရန်စောင့်ဆိုင်းခဲ့ကြသည့် မဲဆန္ဒရှင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
ရန်ကုန်မြို့ မဲရုံတခုတွင် မဲပေးရန်စောင့်ဆိုင်းခဲ့ကြသည့် မဲဆန္ဒရှင်များ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

(Zawgyi/Unicode)

မကြာခင် လပိုင်းအတွင်း မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ်တရပ် ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်လို့ပြောသော်ငြား ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ လက်ရှိအာဏာရ NLD ပါတီကပဲ ဦးဆောင်ဖွဲ့စည်းမှာပါ။

ဒီအစိုးရအဖွဲ့သစ်အနေနဲ့ လာမယ့် ငါးနှစ်သက်တမ်းအတွင်း တိုင်းပြည်ရဲ့ ဘယ်လိုလုပ်ငန်းကဏ္ဍတွေကို ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်သင့်ပါသလဲ၊ ပိုပြီးအောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေးရလဒ်တွေ မြင်လာရအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ... စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

Triangle Women တြိအမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေး၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ရွေးကောက်ပွဲဝင်ခဲ့သူ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

----------------------------

(Unicode)





တိုက်ရိုက် လင့်ခ်
XS
SM
MD
LG