သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ အနားယူ မယူ အလားအလာ


ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ဇူလုိင္ ၁၉၊ ၂၀၁၈)

(Zawgyi / Unicode)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အေနနဲ႔ လာမယ့္ႏွစ္မွာ အနားယူမယူအေပၚ ေသာၾကာေန႔က တပ္မေတာ္ သတင္းစာရွင္းလင္းပြဲထဲ ေမးခဲ့ရာမွာ တပ္မေတာ္ျပန္ၾကားေရးအဖြဲ႔ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္္းက ဥပေဒအတိုင္း ျဖစ္မွာပါလို႔ ဆိုလိုက္တာက ဘယ္လိုအဓိပၸာယ္ထြက္ၿပီး အေရးပါတာကို သုေတသီတဦးနဲ႔ တပ္မေတာ္အရာရွိ ဝန္ႀကီးေဟာင္းတဦးကို ကိုဝင္းမင္း ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

တေကာင္း ႏုိင္ငံေရးေလ့လာမႈအဖြဲ႔ အမႈေဆာင္ဒါ႐ိုက္တာ ကုိရဲမ်ဳိးဟိန္းက ဒီဥပေဒအတုိင္း ဆုိရာမွာ ဘယ္အမိန္႔ဥပေဒကို ရည္ညႊန္းမွန္း မရွင္းဘူးလို႔ အခုလုိ ရွင္းျပပါတယ္။

“အသက္ ၆၅ ႏွစ္ျပည့္ရင္ အနားယူမယ္ဆုိတဲ့ဟာကုိ ရည္ညႊန္းၿပီးေတာ့ ကုိးကားၿပီး ေျပာေနၾကတာမုိ႔၊ သို႔ေသာ္ျငားလည္း ဥပေဒလုိ႔ေျပာရင္ တပ္မေတာ္အရာရွိက လုိအပ္တယ္ဆုိရင္ သက္တမ္းတုိးၿပီးေတာ့ တာဝန္ထမ္းေဆာင္လို႔ရတယ္။”

ႏုိင္ငံေရးေလ့လာသုံးသပ္သူ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦရဲထြဋ္ကလည္း ဒီသက္တမ္းအေပၚ အမိန္႔ဥပေဒ ႏွစ္ခုရွိတာကို တခုစီ အခုလိုရွင္းျပပါတယ္။

“ပထမတခုကေတာ့ ေနာက္ဆုံးအတည္ျပဳထားတဲ့ ကကနေကာင္စီ ကာကြယ္ေရးဝန္ႀကီးဌာနေကာင္စီ အမိန္႔က ၆၅ ႏွစ္အထိ တာဝန္ထမ္းေဆာင္ခြင့္ ရွိတယ္ဆိုတာ ပါတယ္။ ဒါေပမယ့္ ၁၉၇၄ ခုႏွစ္က ထုတ္ထားတဲ့ ကကနေကာင္စီ အမိန္႔တခု ရွိေသးတယ္။ အဲဒီအမိန္႔ကေတာ့ စစ္မႈထမ္း လုိအပ္လို႔ရွိရင္ တႏွစ္စီ တႏွစ္စီ သက္တမ္းတုိးလုိ႔ရတယ္ဆုိတဲ့ အမိန္႔လည္းရွိတယ္။ အဲေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊက ေနာက္ဆုံးအခ်ိန္အထိ အဲဒီ ကကနေကာင္စီ အမိန္႔အရ ႏွစ္စဥ္ သက္တမ္းတိုးသြားတာေပါ့။”

အဲေတာ့ ဒီအမိန္႔ဥပေဒေၾကာင္းအရ အနားယူခ်င္လည္းရတယ္၊ မယူခ်င္လည္းရတယ္ ဆုိတဲ့သေဘာမ်ဳိးလားလို႔ ေမးရာမွာ ဦးရဲထြဋ္က “အဲဒီႏွစ္ခုလုံး ႀကိဳက္တာ သူလုပ္လို႔ရတဲ့ သေဘာမွာရွိပါတယ္။” လုိ႔ ေျပာပါတယ္။

အဲဒီေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ နားမနားကိစၥကို စဥ္းစားရာမွာ ဘယ္လုိအဓိကအခ်က္ေတြေပၚ မူတည္ႏုိင္ပါလဲလို႔ ေမးရာမွာ ကုိရဲမ်ဳိးဟိန္းက အခုလို ရွင္းျပပါတယ္။

“၅ ႏွစ္အစုိးရအဖြဲ႔ ဖြဲ႔စည္းေရး အေျခအေနကိုလည္း ၾကည့္မယ္။ ေနာက္ ႏုိင္ငံတကာဖိအားေတြ ရွိတဲ့အခ်ိန္မွာ သူ႔ရဲ႕ အေနအထားက ဘယ္လုိက်န္ခဲ့မလဲ ဆုိတဲ့ဟာရယ္၊ ICC တုိ႔ ICJ တုိ႔ကလည္း ဖိအားေတြအေနနဲ႔ ရွိေနေသးတယ္ေပါ့။”

ဒါေပမယ့္ ဦးရဲထြဋ္ကေတာ့ ျပည္ပဖိအားထက္ ျပည္တြင္းစုိးရိမ္မႈကပဲ အဓိကက်ႏုိင္တယ္လို႔ သုံးသပ္ျပပါတယ္။

“ျပည္တြင္းႏုိင္ငံေရးအေျခအေနနဲ႔ ေနာက္ တပ္မေတာ္ရဲ႕ အမ်ဳိးသားႏုိင္ငံေရးမွာ ပါဝင္ေနတဲ့ အခန္းက႑ကို ဘယ္လို ဆက္အေကာင္အထည္ေဖာ္မလဲ ဆုိတဲ့ အခ်က္ေတြကပဲ အဓိက ဆုံးျဖတ္သြားလိမ့္မယ္။ အဓိကေျပာရင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး လုပ္ငန္းစဥ္ေတြမွာ တပ္မေတာ္ရဲ႕ အဓိက စုိးရိမ္ခ်က္ကေတာ့ ခြဲထြက္ေရး၊ ျပည္ေထာင္စုၿပိဳကြဲေရးကုိ ဦးတည္သြားမယ့္ ကိစၥေတြ မျဖစ္ဖို႔ေပါ့။”

အဲဒီေတာ့ အခုအေျခအေနမွာ ဒီ စုိးရိမ္ရတဲ့ အေနအထား ရွိပါသလားလို႔ ေမးရာမွာေတာ့ ဦးရဲထြဋ္က …

“NLD ပါတီက အရင္ ၂၀၁၅ ထက္ေတာင္မွ ပိုၿပီးေတာ့ အမ်ားစုရထားတဲ့ အတြက္ေၾကာင့္မို႔ သူတို႔ရဲ႕ ႏုိင္ငံေရးအာဏာကို ပိုၿပီးေတာ့ အသုံးခ်လာမယ္၊ တုိင္းရင္းသားေတြဘက္ကလည္း ႏုိင္ငံေရး နယ္ပယ္ထဲမွာ တုိင္းရင္းသားပါတီေတြရဲ႕ အခန္းက႑ ခ်ဲ႕ထြင္ဖုိ႔ ႀကိဳးစားရာမွာ အခုေရြးေကာက္ပြဲမွာ မေအာင္ျမင္တဲ့သေဘာ ျဖစ္သြားတဲ့အခါမွာ တခ်ဳိ႕ စိတ္အားထက္သန္မႈ လြန္ကဲေနတဲ့ လူငယ္ေတြက လက္နက္ကုိင္ဘက္ေတြကို ပိုၿပီးေတာ့ အားသန္သြားႏုိင္တယ္၊ လက္နက္ကုိင္ အဖြဲ႔အစည္းေတြမွာလည္း ႏုိင္ငံေရးေဘာင္ကို ခ်ဲ႕လို႔ ရပါ့မလားဆုိတဲ့စိတ္ေတြ ဝင္လာႏိုင္တာေပါ့။ ျပည္တြင္းၿငိမ္းခ်မ္းေရးအပေၚမွာ သြားၿပီး အက်ဳိးသက္ေရာက္တာေပါ့။ အဲဒီႏွစ္ခုကို ကိုင္တြယ္ ထိန္းသိမ္းဖို႔က အခုမွစၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တာဝန္ ယူတဲ့လူက လုပ္ႏုိင္စြမ္းရွိမလား ဆုိတာေတာ့ တပ္မေတာ္ဘက္က စဥ္းစားေနတဲ့ အခ်က္လို႔ပဲ က်ေနာ္ထင္ပါတယ္။” လို႔ ဆုိပါတယ္။

အဲဒီလုိအေျခအေနမွာ တပ္မေတာ္ဘက္ကေရာ အစုိးရဘက္ကပါ ေရွ႕ေရးစုိးရိမ္မႈေတြ ေလွ်ာ့ခ်ႏုိင္ၿပီး ပုိမုိပူးေပါင္း ေဆာင္ရြက္ႏုိင္ဖုိ႔ ဘယ္လိုအႀကံျပဳခ်င္ပါသလဲလို႔ ဆက္ေမးရာမွာ ဦးရဲထြဋ္က ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ဖို႔ ဟန္႔တားေနတဲ့ ပုဒ္မ ၅၉(စ) အေပၚ တပ္မေတာ္က ဘယ္လိုသေဘာထားမလဲနဲ႔ တပ္ဘက္က ႏုိင္ငံေရးဦးေဆာင္မႈကို အာမခံမယ့္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံထဲက အေျခခံမူ ပုဒ္မ ၆ နဲ႔ လႊတ္ေတာ္ထဲ မဲ ၇၅ ရာခုိင္ႏႈန္းေက်ာ္မွ ဖြဲ႔စည္းပုံျပင္ႏုိင္တဲ့ ပုဒ္မ ၄၃၆ အေပၚ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ဘက္က ဘယ္လိုသေဘာထားမလဲအေပၚ မူတည္တယ္လို႔ ဆုိပါတယ္။

အဲဒီေတာ့ ဒီအေပၚ ႏွစ္ဖက္ ဘယ္လိုညိႇႏႈိင္း ေျဖရွင္းသင့္ပါသလဲလို႔ ေမးရာမွာ ဦးရဲထြဋ္ကပဲ …

“တဖက္က ၅၉(စ) နဲ႔ပတ္သက္ၿပီး လိုက္ေလ်ာမယ္ဆုိရင္ တဖက္ကလည္း က်န္တဲ့ ခုန တပ္မေတာ္ရဲ႕ အမ်ဳိးသားႏုိင္ငံေရးနဲ႔ ပတ္သက္ၿပီးေတာ့ အာမခံႏုိင္တဲ့ အခ်က္ႏွစ္ခ်က္ကို ေနာက္ ဘယ္ႏွစ္ႏွစ္အတြင္းထိ ထားမလဲ ဆုိတာမ်ဳိးနဲ႔ပဲ ပြင့္ပြင့္လင္းလင္း စကားေျပာၾကမွ ရမယ့္အေျခအေနမ်ဳိး ရွိပါတယ္။” လို႔ ျေပာပါတယ္။

တကယ္ေတာ့ အခုလို တပ္ထိပ္ပုိင္းနဲ႔ အစုိးရ ထိပ္ပုိင္းေခါင္းေဆာင္ႏွစ္ဦး ေရြးေကာက္ပြဲအၿပီး အျမန္ဆုံးေတြ႔ဖုိ႔ အေရးႀကီးေနတာကို ႏုိင္ငံတကာဘက္က တုိက္တြန္းေနခ်ိန္မွာ ဒီ ကာကြယ္ေရးဦးစီးခ်ဳပ္ သက္တမ္းကိစၥ ေျပာဆုိမႈေတြ ျဖစ္လာတာပါ။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူ မယူ အလားအလာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လာမယ့်နှစ်မှာ အနားယူမယူအပေါ် သောကြာနေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲထဲ မေးခဲ့ရာမှာ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေအတိုင်း ဖြစ်မှာပါလို့ ဆိုလိုက်တာက ဘယ်လိုအဓိပ္ပာယ်ထွက်ပြီး အရေးပါတာကို သုတေသီတဦးနဲ့ တပ်မတော်အရာရှိ ဝန်ကြီးဟောင်းတဦးကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဒီဥပဒေအတိုင်း ဆိုရာမှာ ဘယ်အမိန့်ဥပဒေကို ရည်ညွှန်းမှန်း မရှင်းဘူးလို့ အခုလို ရှင်းပြပါတယ်။

“အသက် ၆၅ နှစ်ပြည့်ရင် အနားယူမယ်ဆိုတဲ့ဟာကို ရည်ညွှန်းပြီးတော့ ကိုးကားပြီး ပြောနေကြတာမို့၊ သို့သော်ငြားလည်း ဥပဒေလို့ပြောရင် တပ်မတော်အရာရှိက လိုအပ်တယ်ဆိုရင် သက်တမ်းတိုးပြီးတော့ တာဝန်ထမ်းဆောင်လို့ရတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦရဲထွဋ်ကလည်း ဒီသက်တမ်းအပေါ် အမိန့်ဥပဒေ နှစ်ခုရှိတာကို တခုစီ အခုလိုရှင်းပြပါတယ်။

“ပထမတခုကတော့ နောက်ဆုံးအတည်ပြုထားတဲ့ ကကနကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကောင်စီ အမိန့်က ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်ဆိုတာ ပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်က ထုတ်ထားတဲ့ ကကနကောင်စီ အမိန့်တခု ရှိသေးတယ်။ အဲဒီအမိန့်ကတော့ စစ်မှုထမ်း လိုအပ်လို့ရှိရင် တနှစ်စီ တနှစ်စီ သက်တမ်းတိုးလို့ရတယ်ဆိုတဲ့ အမိန့်လည်းရှိတယ်။ အဲတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ဆုံးအချိန်အထိ အဲဒီ ကကနကောင်စီ အမိန့်အရ နှစ်စဉ် သက်တမ်းတိုးသွားတာပေါ့။”

အဲတော့ ဒီအမိန့်ဥပဒေကြောင်းအရ အနားယူချင်လည်းရတယ်၊ မယူချင်လည်းရတယ် ဆိုတဲ့သဘောမျိုးလားလို့ မေးရာမှာ ဦးရဲထွဋ်က “အဲဒီနှစ်ခုလုံး ကြိုက်တာ သူလုပ်လို့ရတဲ့ သဘောမှာရှိပါတယ်။” လို့ ပြောပါတယ်။

အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နားမနားကိစ္စကို စဉ်းစားရာမှာ ဘယ်လိုအဓိကအချက်တွေပေါ် မူတည်နိုင်ပါလဲလို့ မေးရာမှာ ကိုရဲမျိုးဟိန်းက အခုလို ရှင်းပြပါတယ်။

“၅ နှစ်အစိုးရအဖွဲ့ ဖွဲ့စည်းရေး အခြေအနေကိုလည်း ကြည့်မယ်။ နောက် နိုင်ငံတကာဖိအားတွေ ရှိတဲ့အချိန်မှာ သူ့ရဲ့ အနေအထားက ဘယ်လိုကျန်ခဲ့မလဲ ဆိုတဲ့ဟာရယ်၊ ICC တို့ ICJ တို့ကလည်း ဖိအားတွေအနေနဲ့ ရှိနေသေးတယ်ပေါ့။”

ဒါပေမယ့် ဦးရဲထွဋ်ကတော့ ပြည်ပဖိအားထက် ပြည်တွင်းစိုးရိမ်မှုကပဲ အဓိကကျနိုင်တယ်လို့ သုံးသပ်ပြပါတယ်။

“ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ နောက် တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ ပါဝင်နေတဲ့ အခန်းကဏ္ဍကို ဘယ်လို ဆက်အကောင်အထည်ဖော်မလဲ ဆိုတဲ့ အချက်တွေကပဲ အဓိက ဆုံးဖြတ်သွားလိမ့်မယ်။ အဓိကပြောရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ တပ်မတော်ရဲ့ အဓိက စိုးရိမ်ချက်ကတော့ ခွဲထွက်ရေး၊ ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်သွားမယ့် ကိစ္စတွေ မဖြစ်ဖို့ပေါ့။”

အဲဒီတော့ အခုအခြေအနေမှာ ဒီ စိုးရိမ်ရတဲ့ အနေအထား ရှိပါသလားလို့ မေးရာမှာတော့ ဦးရဲထွဋ်က …

“NLD ပါတီက အရင် ၂၀၁၅ ထက်တောင်မှ ပိုပြီးတော့ အများစုရထားတဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ နိုင်ငံရေးအာဏာကို ပိုပြီးတော့ အသုံးချလာမယ်၊ တိုင်းရင်းသားတွေဘက်ကလည်း နိုင်ငံရေး နယ်ပယ်ထဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ချဲ့ထွင်ဖို့ ကြိုးစားရာမှာ အခုရွေးကောက်ပွဲမှာ မအောင်မြင်တဲ့သဘော ဖြစ်သွားတဲ့အခါမှာ တချို့ စိတ်အားထက်သန်မှု လွန်ကဲနေတဲ့ လူငယ်တွေက လက်နက်ကိုင်ဘက်တွေကို ပိုပြီးတော့ အားသန်သွားနိုင်တယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း နိုင်ငံရေးဘောင်ကို ချဲ့လို့ ရပါ့မလားဆိုတဲ့စိတ်တွေ ဝင်လာနိုင်တာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာ သွားပြီး အကျိုးသက်ရောက်တာပေါ့။ အဲဒီနှစ်ခုကို ကိုင်တွယ် ထိန်းသိမ်းဖို့က အခုမှစပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ယူတဲ့လူက လုပ်နိုင်စွမ်းရှိမလား ဆိုတာတော့ တပ်မတော်ဘက်က စဉ်းစားနေတဲ့ အချက်လို့ပဲ ကျနော်ထင်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီလိုအခြေအနေမှာ တပ်မတော်ဘက်ကရော အစိုးရဘက်ကပါ ရှေ့ရေးစိုးရိမ်မှုတွေ လျှော့ချနိုင်ပြီး ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲလို့ ဆက်မေးရာမှာ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဟန့်တားနေတဲ့ ပုဒ်မ ၅၉(စ) အပေါ် တပ်မတော်က ဘယ်လိုသဘောထားမလဲနဲ့ တပ်ဘက်က နိုင်ငံရေးဦးဆောင်မှုကို အာမခံမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံထဲက အခြေခံမူ ပုဒ်မ ၆ နဲ့ လွှတ်တော်ထဲ မဲ ၇၅ ရာခိုင်နှုန်းကျော်မှ ဖွဲ့စည်းပုံပြင်နိုင်တဲ့ ပုဒ်မ ၄၃၆ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က ဘယ်လိုသဘောထားမလဲအပေါ် မူတည်တယ်လို့ ဆိုပါတယ်။

အဲဒီတော့ ဒီအပေါ် နှစ်ဖက် ဘယ်လိုညှိနှိုင်း ဖြေရှင်းသင့်ပါသလဲလို့ မေးရာမှာ ဦးရဲထွဋ်ကပဲ …

“တဖက်က ၅၉(စ) နဲ့ပတ်သက်ပြီး လိုက်လျောမယ်ဆိုရင် တဖက်ကလည်း ကျန်တဲ့ ခုန တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အာမခံနိုင်တဲ့ အချက်နှစ်ချက်ကို နောက် ဘယ်နှစ်နှစ်အတွင်းထိ ထားမလဲ ဆိုတာမျိုးနဲ့ပဲ ပွင့်ပွင့်လင်းလင်း စကားပြောကြမှ ရမယ့်အခြေအနေမျိုး ရှိပါတယ်။” လို့ ြပောပါတယ်။

တကယ်တော့ အခုလို တပ်ထိပ်ပိုင်းနဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ရွေးကောက်ပွဲအပြီး အမြန်ဆုံးတွေ့ဖို့ အရေးကြီးနေတာကို နိုင်ငံတကာဘက်က တိုက်တွန်းနေချိန်မှာ ဒီ ကာကွယ်ရေးဦးစီးချုပ် သက်တမ်းကိစ္စ ပြောဆိုမှုတွေ ဖြစ်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG