သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ တစ္ဖြဲ႔ခ်င္းစီေဆြးေႏြးေရး ေျမာက္ပိုင္းမဟာမိတ္စဥ္းစားေန


၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၁၇ ရက္ေန႔က တုိင္းရင္းသား လက္နက္ကုိင္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးခဲ့တဲ့ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ျမန္မာအစုိးရနဲ႔ အပစ္အခတ္ ရပ္စဲမထားတဲ့ တုိင္းရင္းသား လက္နက္ကုိင္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြအေနနဲ႔ ကုိဗစ္ကပ္ေရာဂါ ကာလ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရာမွာ အရင္လုိ တပ္ေပါင္းစုအေနနဲ႔ သာမကပဲ တစ္ဖဲြ႔ခ်င္းအလိုက္ပါ ေဆြးေႏြးဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔၊ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ေတြပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖဲြ႔ဟာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုဖုိ႔ အစိုးရနဲ႔ ေဆြးေႏြးေနတာ ျဖစ္ၿပီး ဒီေဆြးေႏြးရာမွာ တပ္ေပါင္းစုအဖဲြ႔၀င္ ၄ ဖဲြ႔လံုးနဲ႔ တခ်ိန္တည္း ေတြ႔ဆံုေဆြးေႏြးဖို႔ မူခ်မွတ္ေဆာင္ရြက္ေနခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္အတြင္းမွာေတာ့ COVID 19 ကပ္ေရာဂါေၾကာင့္ ေဆြးေႏြးပဲြေတြ တႏွစ္နီးပါးၾကာ ရပ္ဆုိင္းခဲ့တဲ့ေနာက္ တစ္ဖဲြ႔ခ်င္းစီ ေဆြးေႏြးဖို႔လည္း ျပင္ဆင္ေနတယ္လုိ႔ TNLA တအန္း(ပေလာင္) အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴး တာ့အုိက္ေက်ာ္က VOA ကို အခုလို ေျပာပါတယ္။

“တပ္ဘက္က သူတုိ႔က အပစ္ရပ္အဖဲြ႔ကို ဖဲြ႔လိုက္တယ္။ ဖဲြ႔ၿပီးေတာ့မွ AA ဘက္ေရာ ကမ္းလွမ္းမႈေတြ ရိွလာတာေပါ့ေနာ္။ ေအာက္ေျခတပ္ေတြကေနၿပီးေတာ့မွ။ ကိုးကန္႔ဘက္လည္း သူတို႔ အဲလိုမ်ိဳး ရမခဘက္က ေတြ႔ဆံုဖို႔ ကမ္းလွမ္းတာေတြ ရိွတယ္။ က်ေနာ္တုိ႔ဘက္ေတာ့ ကမ္းလွမ္းတာ မရိွေသးဘူး။ ကမ္းလွမ္းလာလို႔ ရိွရင္ ဘယ္လိုလုပ္ၾကမလဲဆုိၿပီး အခ်င္းခ်င္း ေဆြးေႏြးၾကတဲ့အခါက်ေတာ့ ဒီလုိမ်ိဳးေရာဂါကာလ ျဖစ္ေနတဲ့အခ်ိန္မွာ က်ေနာ္တုိ႔ ၄ ဖဲြ႔လံုး အတူတကြ ေတြ႔ဆံုဖုိ႔က နည္းနည္း ခဲယဥ္းတာေပါ့။ အဲဒါနဲ႔ က်ေနာ္တို႔က အျပဳသေဘာအေနနဲ႔ ေတြ႔ဆံုသင့္တယ္။ အဲဒီလုိမ်ိဳးေတာ့ ျမင္တာေပါ့။ တစ္ဖဲြ႔ခ်င္းစီနဲ႔ ေတြ႔ဖုိ႔ေတာ့ က်ေနာ္တုိ႔က စဥ္းစားၾကတာေပါ့။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ေတြ႔မယ္လို႔ ယတိျပတ္ေတာ့ ဆံုးျဖတ္ခ်က္ မရိွေသးဘူး။”

တစ္ဖဲြ႔ခ်င္းစီနဲ႔ ေတြ႔မယ္ဆိုရင္ အရင္ မဟာမိတ္ ၄ ဖဲြ႔ရဲ့ သေဘာထားအတိုင္း ေတြ႔ဆံုဖို႔စဥ္းစားထားၾကေၾကာင္း ေျပာပါတယ္။

ဒီလ ၉ ရက္ေန႔က တပ္မေတာ္က ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီကို ထပ္မံ ဖဲြ႔စည္းခဲ့သလို ဒီလို ဖဲြ႔စည္းလိုက္တာကိုလည္း တအန္း(ပေလာင္)၊ ကိုးကန္႔နဲ႔ ရခိုင္ လက္နက္ကိုင္ ၃ ဖဲြ႔က ၾကိဳဆိုေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ဒီလို တစ္ဖဲြ႔ခ်င္း ေတြ႔ဆံုမယ့္ သေဘာထားနဲ႔ ပတ္သက္ၿပီး ရခိုင္လက္နက္ကိုင္အဖဲြ႔ AA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ခုိင္သုခက အခုလို ေျပာပါတယ္။

“ဒီကိစၥကေတာ့ အေျခအေန၊ အခ်က္အလက္ေပၚမွာ မူတည္တာေပါ့ဗ်ာ။ တစ္ဖဲြ႔ခ်င္း ေဆြးေႏြးစရာ ကိစၥဆုိရင္ တစ္ဖဲြ႔ခ်င္း ေဆြးေႏြးမွာေပါ့။ အားလံုးနဲ႔ သက္ဆုိင္တဲ့ ကိစၥဆုိရင္ က်ေနာ္တုိ႔ ညီေနာင္မဟာမိတ္ေတြအားလံုး တေပါင္းတည္း ေဆြးေႏြးမွာေပါ့။ ဥပမာ ေျပာရမယ္ဆုိရင္ က်ေနာ္တုိ႔ ရခုိင္ေဒသမွာ ေနာက္ဆက္တဲြ ေရြးေကာက္ပဲြေတြ က်င္းပႏိုင္ဖို႔အတြက္ လံုၿခံဳေရးအေျခအေနကို အခုထက္ပိုၿပီး တည္ၿငိမ္တဲ့ အေနအထားတစ္ခုကို ဖန္တီးႏိုင္ဖုိ႔အတြက္ ဒီ ျမန္မာစစ္တပ္နဲ႔ က်ေနာ္တို႔ၾကားမွာ ႏွစ္ဘက္ ညိွႏိႈင္းေနၾကတာ ရိွတယ္ေပါ့။ အဲဒီလို ကိစၥမ်ိဳးေတြေပါ့။ ဥပမာ ရခုိင္ေဒသက ဒီလံုၿခံဳေရးအေျခအေန၊ အေနအထားကိစၥေတြဆုိလုိ႔ရိွရင္ ႏွစ္ဘက္ညိွႏိႈင္းမွ ျဖစ္မယ့္ ကိစၥေပါ့။ အဲလုိ အေနအထားမ်ိဳးပါ။”

ေလာေလာဆယ္မွာေတာ့ ရခိုင္ျပည္နယ္အတြင္း ေရြးေကာက္ပဲြ က်င္းပႏိုင္ေရးအတြက္ အစိုးရ၊ တပ္မေတာ္နဲ႔ AA အၾကား ညိွႏိႈင္းတာေတြ ရိွေနသလို ပစ္ခတ္တိုက္ခိုက္မႈေတြလည္း ေရြးေကာက္ပဲြကာလကေန စတင္ ရပ္ဆုိင္းထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကေတာ့ NCA လက္မွတ္ မေရးထိုးေသးတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြကို ဒီဇင္ဘာလဆန္းမွာ စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားသလို ၾကားခံအဖဲြ႔ေတြကေန ညိွနိႈင္းေဆာင္ရြက္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်နဲ့ တစ်ဖွဲ့ချင်းစီဆွေးနွေးရေး မြောက်ပိုင်းမဟာမိတ်စဉ်းစားနေ

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ကိုဗစ်ကပ်ရောဂါ ကာလ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အရင်လို တပ်ပေါင်းစုအနေနဲ့ သာမကပဲ တစ်ဖွဲ့ချင်းအလိုက်ပါ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဟာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ အစိုးရနဲ့ ဆွေးနွေးနေတာ ဖြစ်ပြီး ဒီဆွေးနွေးရာမှာ တပ်ပေါင်းစုအဖွဲ့ဝင် ၄ ဖွဲ့လုံးနဲ့ တချိန်တည်း တွေ့ဆုံဆွေးနွေးဖို့ မူချမှတ်ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာတော့ COVID 19 ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ တနှစ်နီးပါးကြာ ရပ်ဆိုင်းခဲ့တဲ့နောက် တစ်ဖွဲ့ချင်းစီ ဆွေးနွေးဖို့လည်း ပြင်ဆင်နေတယ်လို့ TNLA တအန်း(ပလောင်) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“တပ်ဘက်က သူတို့က အပစ်ရပ်အဖွဲ့ကို ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးတော့မှ AA ဘက်ရော ကမ်းလှမ်းမှုတွေ ရှိလာတာပေါ့နော်။ အောက်ခြေတပ်တွေကနေပြီးတော့မှ။ ကိုးကန့်ဘက်လည်း သူတို့ အဲလိုမျိုး ရမခဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းတာတွေ ရှိတယ်။ ကျနော်တို့ဘက်တော့ ကမ်းလှမ်းတာ မရှိသေးဘူး။ ကမ်းလှမ်းလာလို့ ရှိရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး အချင်းချင်း ဆွေးနွေးကြတဲ့အခါကျတော့ ဒီလိုမျိုးရောဂါကာလ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ၄ ဖွဲ့လုံး အတူတကွ တွေ့ဆုံဖို့က နည်းနည်း ခဲယဉ်းတာပေါ့။ အဲဒါနဲ့ ကျနော်တို့က အပြုသဘောအနေနဲ့ တွေ့ဆုံသင့်တယ်။ အဲဒီလိုမျိုးတော့ မြင်တာပေါ့။ တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဖို့တော့ ကျနော်တို့က စဉ်းစားကြတာပေါ့။ ဒါပေမဲ့ လောလောဆယ်တော့ တွေ့မယ်လို့ ယတိပြတ်တော့ ဆုံးဖြတ်ချက် မရှိသေးဘူး။”

တစ်ဖွဲ့ချင်းစီနဲ့ တွေ့မယ်ဆိုရင် အရင် မဟာမိတ် ၄ ဖွဲ့ရဲ့ သဘောထားအတိုင်း တွေ့ဆုံဖို့စဉ်းစားထားကြကြောင်း ပြောပါတယ်။

ဒီလ ၉ ရက်နေ့က တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ထပ်မံ ဖွဲ့စည်းခဲ့သလို ဒီလို ဖွဲ့စည်းလိုက်တာကိုလည်း တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင် လက်နက်ကိုင် ၃ ဖွဲ့က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို တစ်ဖွဲ့ချင်း တွေ့ဆုံမယ့် သဘောထားနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလို ပြောပါတယ်။

“ဒီကိစ္စကတော့ အခြေအနေ၊ အချက်အလက်ပေါ်မှာ မူတည်တာပေါ့ဗျာ။ တစ်ဖွဲ့ချင်း ဆွေးနွေးစရာ ကိစ္စဆိုရင် တစ်ဖွဲ့ချင်း ဆွေးနွေးမှာပေါ့။ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဆိုရင် ကျနော်တို့ ညီနောင်မဟာမိတ်တွေအားလုံး တပေါင်းတည်း ဆွေးနွေးမှာပေါ့။ ဥပမာ ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်ဒေသမှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် လုံခြုံရေးအခြေအနေကို အခုထက်ပိုပြီး တည်ငြိမ်တဲ့ အနေအထားတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ဒီ မြန်မာစစ်တပ်နဲ့ ကျနော်တို့ကြားမှာ နှစ်ဘက် ညှိနှိုင်းနေကြတာ ရှိတယ်ပေါ့။ အဲဒီလို ကိစ္စမျိုးတွေပေါ့။ ဥပမာ ရခိုင်ဒေသက ဒီလုံခြုံရေးအခြေအနေ၊ အနေအထားကိစ္စတွေဆိုလို့ရှိရင် နှစ်ဘက်ညှိနှိုင်းမှ ဖြစ်မယ့် ကိစ္စပေါ့။ အဲလို အနေအထားမျိုးပါ။”

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ AA အကြား ညှိနှိုင်းတာတွေ ရှိနေသလို ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရွေးကောက်ပွဲကာလကနေ စတင် ရပ်ဆိုင်းထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ NCA လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဒီဇင်ဘာလဆန်းမှာ စတင်နိုင်ဖို့ မျှော်လင့်ထားသလို ကြားခံအဖွဲ့တွေကနေ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG