သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားညီညြတ္ေရးကမ္းလွမ္းခ်က္ အေပၚ NCA အပစ္ရပ္အဖြဲ႔ေတြ သေဘာထား


မွတ္တမ္းဓါတ္ပံု- ၂၀၁၇ တုန္းက က်င္းပတဲ့ NCA-S EAO အစည္းအေ၀းတခု

(Zawgyi/Unicode)

ေရြးေကာက္ပြဲအၿပီး NCA တႏိုင္ငံလံုးအပစ္ရပ္စာခ်ဳပ္ခ်ဳပ္ထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြအေနနဲ႔ ပထမဆံုးေပါင္းၿပီး ေၾကညာခ်က္ထုတ္ရာမွာ၊ ဘယ္လိုထူးျခားတာကို ဒီအဖြဲ႔ေတြရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ (PPST) ေျပာခြင့္ရ ရဲေဘာ္သံခဲကို ကို၀င္းမင္း ေမးျမန္းရာမွာ သူက ခုလိုစရွင္းျပပါတယ္။

ရဲေဘာ္သံခဲ။ ။ အဓိကေတာ့ က်ေနာ္တို႔က ၿငိမ္းခ်မ္းေရးခရီးစဥ္က အင္မတန္မွ သိမ္ေမႊ႔ပါတယ္။ ဒီေတာ့ က်ေနာ္တို႔ ခရီးစဥ္ျဖတ္သန္းတဲ့အခ်ိန္မွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ဆက္လက္ၿပီးေတာ့မွ အစိုးရသစ္အေနနဲ႔လည္းဖြဲ႔ေတာ့မယ္ ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ဦးေဆာင္ၿပီးေတာ့မွ လုပ္ေတာ့မယ္ ဆိုတဲ့အခါက်ေတာ့ အမ်ိဳးသားညီညႊတ္ေရးအတြက္ အားလံုးနဲ႔ ပူးေပါင္းေဆာင္ရြက္မယ္ဆိုတဲ့ ေၾကညာခ်က္ဟာ အားလံုးအတြက္ ထူးျခားခ်က္လို႔ ယူဆပါတယ္။ တကယ္ကို ဒီမိုကေရစီနဲ႔ ဖယ္ဒရယ္အတြက္ တကယ္ကို ေစ့စပ္ညိွႏိႈင္းလိုတဲ့ ဆႏၵရွိတယ္ဆိုတာကို ျပလိုတဲ့အတြက္ ဒီကိစၥေတြဟာ က်ေနာ္တို႔အားလံုး အတူတကြအလုပ္လုပ္ရင္ တိုင္းျပည္အတြက္ အေျဖထြက္မယ္လို႔ က်ေနာ္ယူဆပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ လက္ရွိမွာ အစိုးရအေနနဲ႔ဒီ အမ်ိဳးသားညီညႊတ္ေရးအစိုးရသေဘာမ်ိဳးေပါ့ေနာ္ ဖြဲ႔စည္းဖို႔ ကမ္းလွမ္းတဲ့အေနအထားမွာ အဓိက တိုင္းရင္းသားပါတီေတြကို ကမ္းလွမ္းခဲ့တာကို ေတြ႔ရပါတယ္။ ဒါေပမယ့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြအေပၚမွာေတာ့ တိုက္ရိုက္ကမ္းလွမ္းတဲ့အေနအထားမ်ိဳး မေတြ႔ရေသးဘူးေပါ့ေနာ္ အဲဒီအေပၚမွာေရာ။

ရဲေဘာ္သံခဲ။ ။ ဒါက ေရြးေကာက္ပြဲ လမ္းေၾကာင္းေပၚက ဖိတ္ေခၚခ်က္လို႔ က်ေနာ္တို႔ ယူဆပါတယ္။ ဒီအတြက္လည္း ႀကိဳဆိုရမွာ ျဖစ္ပါတယ္။ ဒီလိုဖိတ္ေခၚတဲ့ေနရာမွာလည္း ဖိတ္ေခၚျခင္းဆိုတာ သက္သက္ထက္ တကယ္ကို တိုင္းျပည္အတြက္ သတ္မွတ္သင့္တဲ့ လုပ္ငန္းပိုင္းဆုိင္ရာေတြမွာ မူပိုင္းေရာ၊ လက္ေတြ႔ပိုင္းေရာ တကယ္ကို အလုပ္လုပ္ေပးဖုိ႔ လိုမယ္လို႔ ျမင္ပါတယ္။ ဆိုလိုခ်င္တဲ့ အဓိပၸါယ္က အလုပ္လုပ္တဲ့ေနရာမွာ တဆင့္ခ်င္း တဆင့္ခ်င္း တက္တဲ့ေနရာမွာ အားလံုးပါ၀င္ေရးအတြက္ တိုင္းရင္းသားေတြ၊ တျခားေသာ သက္ဆိုင္တဲ့ သင့္တင့္တဲ့ ပုဂၢိဳလ္ေတြ ပါ၀င္ေရးအတြက္ဆုိတဲ့ မူ၀ါဒ အရင္ ခ်မွတ္ခဲ့မယ္ဆိုရင္ ဒီထက္အေရွ႕ေရာက္မယ္လို႔ က်ေနာ္တို႔ ယူဆပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဘယ္လို တင့္သင့္တဲ့ ပုဂၢိဳလ္ ေတြ ပါ၀င္ေရးကို အၾကံျပဳခ်င္ပါသလဲ။

ရဲေဘာ္သံခဲ။ ။အထူးသျဖင့္ကေတာ့ ျမန္မာျပည္မွာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး ၊ ဖယ္ဒရယ္အေရးအတြက္ တကယ္ကို နားလည္တတ္ကၽြမ္းတဲ့ ၊ တကယ္ကို ဘ၀နဲ႔ ျဖတ္သန္းတဲ့လူေတြ ၊ ေနာက္တခုကေတာ့ အားလံုးလက္ခံႏိုင္တဲ့လူေတြ အဲဒီလူေတြနဲ႔ ဖြဲ႔စည္းရမွာျဖစ္ပါတယ္။ ေနာက္တခုကေတာ့ လႊတ္ေတာ္အစိုးရအေပၚ တနည္းအားျဖင့္ေျပာရရင္ ဥပေဒျပဳေရးေရာ၊ အုပ္ခ်ဳပ္ေရးေရာမွာ ဒီလို ပုဂၢိဳလ္မ်ိဳးေတြပါႏိုင္တာဟာ က်ေနာ္တို႔အားလံုးအတြက္ အင္အားတခုလို႔ က်ေနာ္တို႔ ယူဆပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဒီေနရာမွာ PPST အစည္းအေ၀းအျပီး ေၾကညာခ်က္ထဲမွာေပါ့ေနာ္ ထူးျခားတဲ့ လုပ္ငန္းစဥ္အေနအထားေတြက ဘယ္လိုမ်ိဳး ရွိလာႏိုင္သလဲ။

ရဲေဘာ္သံခဲ။ ။ က်ေနာ္ထင္ပါတယ္ ထူးျခားတဲ့ လုပ္ငန္းစဥ္ဆိုတာကေတာ့ အမ်ားႀကီးေမွ်ာ္လင့္ေနတဲ့ လက္မွတ္ေရးမထိုးထားေသးတဲ့၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ မပါ၀င္ေသးေသာ အဖြဲ႔အစည္းမ်ားရဲ႕ အေျခအေနပဲ ျဖစ္ပါတယ္။ ဒီေန႔ အေျခအေနမွာ က်ေနာ္တို႔ အားလံုးအတူတကြ ေတြ႔ဆံုေဆြးေႏြးႏိုင္ဖို႔ဆိုတဲ့ အေျဖကို ရွာဖို႔အတြက္ ႀကိဳးပမ္းေနရတဲ့ ကာလျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီတေခါက္ကၽြန္ေတာ္တို႔ NCA မထိုးရေသးတဲ့ အဖြဲ႔ေတြ ေတာင္းဆိုတဲ့အခ်ိန္မွာ တပ္မေတာ္ဘက္ကလည္း AA လက္နက္ကိုင္တပ္ဖြဲ႔ကို အရင္က အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားၿပီးေတာ့၊ ေျမာက္ပိုင္းအဖြဲ႔ေတြနဲ႔ပါ ေဆြးေႏြးေရး တစ္ဆို႔ေနတဲ့အေနထားကေန၊ အခုတစံုတရာ ေျပာင္းလာႏိုင္တဲ့အေနအထား အေပၚမွာေရာ ဘယ္လိုသံုးသပ္မိပါသလဲ၊ ထူးျခားမႈအတြက္။

ရဲေဘာ္သံခဲ။ ။ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ေတြ႕ဆံုဖို႔ေတာ့လိုေနၿပီလို႔ က်ေနာ္ယူဆတယ္။ ဒီအတြက္ က်ေနာ္ႀကိဳဆိုတယ္။ ဆိုလိုခ်င္တဲ့ အဓိပၸါယ္က ရခိုင္ျပႆနာဟာ က်ေနာ္တုိ႔ အားလံုးရဲ႕ ျပႆနာပါပဲ။ ဒီအတြက္ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲ အေပၚကေနမွ ေတြ႔ဆံုေတြ႔ဆံု ၊ လူသားခ်င္းစာနာလို႔ပဲ ေတြ႔ဆံုေတြ႔ဆံု၊ က်ေနာ္တို႔ အားလံုးဟာ ေတြ႔ဆံုဖို႔ေတာ့လိုေနၿပီ။ အဲဒါက တိုင္းျပည္အတြက္ ဒီမိုကေရစီနဲ႔ တိုင္းရင္းသားအေရးအတြက္ ေရွ႕ရႈသြားႏိုင္ဖို႔အတြက္ က်ေနာ္ေတာင္းဆိုပါတယ္။ တကယ္လည္း ဒီလိုေတြ႔ဆံုတာေတြကို က်ေနာ္ႀကိဳဆိုပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ရဲေဘာ္သံခဲ ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္


............

အမျိုးသားညီညွတ်ရေးကမ်းလှမ်းချက် အပေါ် NCA အပစ်ရပ်အဖွဲ့တွေ သဘောထား

(Unicode)

ရွေးကောက်ပွဲအပြီး NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပထမဆုံးပေါင်းပြီး ကြေညာချက်ထုတ်ရာမှာ၊ ဘယ်လိုထူးခြားတာကို ဒီအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ရဲဘော်သံခဲကို ကိုဝင်းမင်း မေးမြန်းရာမှာ သူက ခုလိုစရှင်းပြပါတယ်။

ရဲဘော်သံခဲ။ ။ အဓိကတော့ ကျနော်တို့က ငြိမ်းချမ်းရေးခရီးစဉ်က အင်မတန်မှ သိမ်မွှေ့ပါတယ်။ ဒီတော့ ကျနော်တို့ ခရီးစဉ်ဖြတ်သန်းတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်လက်ပြီးတော့မှ အစိုးရသစ်အနေနဲ့လည်းဖွဲ့တော့မယ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်ပြီးတော့မှ လုပ်တော့မယ် ဆိုတဲ့အခါကျတော့ အမျိုးသားညီညွှတ်ရေးအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ကြေညာချက်ဟာ အားလုံးအတွက် ထူးခြားချက်လို့ ယူဆပါတယ်။ တကယ်ကို ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အတွက် တကယ်ကို စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို ပြလိုတဲ့အတွက် ဒီကိစ္စတွေဟာ ကျနော်တို့အားလုံး အတူတကွအလုပ်လုပ်ရင် တိုင်းပြည်အတွက် အဖြေထွက်မယ်လို့ ကျနော်ယူဆပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လက်ရှိမှာ အစိုးရအနေနဲ့ဒီ အမျိုးသားညီညွှတ်ရေးအစိုးရသဘောမျိုးပေါ့နော် ဖွဲ့စည်းဖို့ ကမ်းလှမ်းတဲ့အနေအထားမှာ အဓိက တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာတော့ တိုက်ရိုက်ကမ်းလှမ်းတဲ့အနေအထားမျိုး မတွေ့ရသေးဘူးပေါ့နော် အဲဒီအပေါ်မှာရော။

ရဲဘော်သံခဲ။ ။ ဒါက ရွေးကောက်ပွဲ လမ်းကြောင်းပေါ်က ဖိတ်ခေါ်ချက်လို့ ကျနော်တို့ ယူဆပါတယ်။ ဒီအတွက်လည်း ကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုဖိတ်ခေါ်တဲ့နေရာမှာလည်း ဖိတ်ခေါ်ခြင်းဆိုတာ သက်သက်ထက် တကယ်ကို တိုင်းပြည်အတွက် သတ်မှတ်သင့်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ မူပိုင်းရော၊ လက်တွေ့ပိုင်းရော တကယ်ကို အလုပ်လုပ်ပေးဖို့ လိုမယ်လို့ မြင်ပါတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က အလုပ်လုပ်တဲ့နေရာမှာ တဆင့်ချင်း တဆင့်ချင်း တက်တဲ့နေရာမှာ အားလုံးပါဝင်ရေးအတွက် တိုင်းရင်းသားတွေ၊ တခြားသော သက်ဆိုင်တဲ့ သင့်တင့်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ရေးအတွက်ဆိုတဲ့ မူဝါဒ အရင် ချမှတ်ခဲ့မယ်ဆိုရင် ဒီထက်အရှေ့ရောက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဘယ်လို တင့်သင့်တဲ့ ပုဂ္ဂိုလ် တွေ ပါဝင်ရေးကို အကြံပြုချင်ပါသလဲ။

ရဲဘော်သံခဲ။ ။အထူးသဖြင့်ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ၊ ဖယ်ဒရယ်အရေးအတွက် တကယ်ကို နားလည်တတ်ကျွမ်းတဲ့ ၊ တကယ်ကို ဘဝနဲ့ ဖြတ်သန်းတဲ့လူတွေ ၊ နောက်တခုကတော့ အားလုံးလက်ခံနိုင်တဲ့လူတွေ အဲဒီလူတွေနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ နောက်တခုကတော့ လွှတ်တော်အစိုးရအပေါ် တနည်းအားဖြင့်ပြောရရင် ဥပဒေပြုရေးရော၊ အုပ်ချုပ်ရေးရောမှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေပါနိုင်တာဟာ ကျနော်တို့အားလုံးအတွက် အင်အားတခုလို့ ကျနော်တို့ ယူဆပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဒီနေရာမှာ PPST အစည်းအဝေးအပြီး ကြေညာချက်ထဲမှာပေါ့နော် ထူးခြားတဲ့ လုပ်ငန်းစဉ်အနေအထားတွေက ဘယ်လိုမျိုး ရှိလာနိုင်သလဲ။

ရဲဘော်သံခဲ။ ။ ကျနော်ထင်ပါတယ် ထူးခြားတဲ့ လုပ်ငန်းစဉ်ဆိုတာကတော့ အများကြီးမျှော်လင့်နေတဲ့ လက်မှတ်ရေးမထိုးထားသေးတဲ့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါဝင်သေးသော အဖွဲ့အစည်းများရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေမှာ ကျနော်တို့ အားလုံးအတူတကွ တွေ့ဆုံဆွေးနွေးနိုင်ဖို့ဆိုတဲ့ အဖြေကို ရှာဖို့အတွက် ကြိုးပမ်းနေရတဲ့ ကာလဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီတခေါက်ကျွန်တော်တို့ NCA မထိုးရသေးတဲ့ အဖွဲ့တွေ တောင်းဆိုတဲ့အချိန်မှာ တပ်မတော်ဘက်ကလည်း AA လက်နက်ကိုင်တပ်ဖွဲ့ကို အရင်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီးတော့၊ မြောက်ပိုင်းအဖွဲ့တွေနဲ့ပါ ဆွေးနွေးရေး တစ်ဆို့နေတဲ့အနေထားကနေ၊ အခုတစုံတရာ ပြောင်းလာနိုင်တဲ့အနေအထား အပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ၊ ထူးခြားမှုအတွက်။

ရဲဘော်သံခဲ။ ။ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တွေ့ဆုံဖို့တော့လိုနေပြီလို့ ကျနော်ယူဆတယ်။ ဒီအတွက် ကျနော်ကြိုဆိုတယ်။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ရခိုင်ပြဿနာဟာ ကျနော်တို့ အားလုံးရဲ့ ပြဿနာပါပဲ။ ဒီအတွက် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲ အပေါ်ကနေမှ တွေ့ဆုံတွေ့ဆုံ ၊ လူသားချင်းစာနာလို့ပဲ တွေ့ဆုံတွေ့ဆုံ၊ ကျနော်တို့ အားလုံးဟာ တွေ့ဆုံဖို့တော့လိုနေပြီ။ အဲဒါက တိုင်းပြည်အတွက် ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးအတွက် ရှေ့ရှုသွားနိုင်ဖို့အတွက် ကျနော်တောင်းဆိုပါတယ်။ တကယ်လည်း ဒီလိုတွေ့ဆုံတာတွေကို ကျနော်ကြိုဆိုပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်သံခဲ ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG