သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"အဖမ္းခံရတဲ့ သက္ေသအေထာက္အထားရွိရင္ သက္ဆိုင္ရာကိုေျပာပါ" - ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း


ေနျပည္ေတာ္က တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ သတင္းမီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားေပးေနတဲ့ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း။ (ဓာတ္ပံု - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ - ႏိုဝင္ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ စစ္တပ္က ဖမ္းဆီးသြားၿပီးေနာက္ ေဒသခံတခ်ဳိ႕ ေပ်ာက္ဆုံးေနတယ္ဆုိၿပီး ေျပာဆုိေနတာနဲ႔ ပတ္သက္လုိ႔ သက္ေသအေထာက္အထားနဲ႔ တိုင္ၾကားဖိို႔ တပ္မေတာ္က ေျပာဆိုလိုက္တဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း တင္းမေက်းရြာက ေဒသခံ ၁၉ ဦးကို ၿပီးခဲ့ မတ္လ အစပိုင္း ေလာက္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ဒီကေန႔ မိသားစု ဝင္ေတြ အဆက္အသြယ္မရေသးဘူးလို႔ မိသားဝင္ေတြနဲ႔ ေဒသခံေတြ ေျပာဆိုထားပါတယ္။

ေဒသခံေတြ ဖမ္းဆီးခံရတဲ့ သတင္းနဲ႔ ပတ္သက္လုိ႔ သက္ေသအေထာက္အထားနဲ႔တကြ တုိင္ၾကားဖုိ႔ ဒီကေန႔ ေသာၾကာေန႔ ေနျပည္ေတာ္က တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာလုိက္ပါတယ္။

“ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အဖမ္းခံရတယ္ဆိုတဲ့ သက္ေသအေထာက္အထား ရွိတယ္ဆိုရင္လည္း အဲဒီသက္ေသအေထာက္အထားေတြနဲ႔ သက္ဆိုင္ရာကို ေျပာေပါ့။ ဒီဘက္ကလည္း ဒီဟာနဲ႔ ပတ္သတ္ၿပီးေတာ့ ဟုတ္ရင္ ဟုတ္တယ္၊ မဟုတ္ရင္ မဟုတ္ဘူး။ ဘယ္လိုလုပ္ထားတယ္ဆိုတာ တရားဝင္ ေျပာႏိုင္ပါလိမ့္မယ္။ ယခင္တုန္းက တိုက္ပဲြေတြ ျဖစ္ပြားေနတဲ့အခ်ိန္အတြင္းမွာ၊ ပဋိပကၡျဖစ္ပြားေနတဲ့ အခ်ိန္တြင္းမွာေတာ့ လုပ္ခြင့္မသာခဲ့ရင္လည္း ဒီအခ်ိန္မွာေတာ့ ဒါေတြကို လုပ္ေဆာင္ႏိုင္ဖို႔ အတြက္ ပိုၿပီးေတာ့ လြယ္ကူလာပါလိမ့္မယ္။ အဲဒီလိုလုပ္တာ ႏွစ္ဦးနွစ္ဘက္အတြက္ ပိုအဆင္ေျပပါလိမ့္မယ္၊ ပိုၿပီးေတာ့ တိက်ပါလိမ့္မယ္။”

ဖမ္းဆီးခံရသူ အသက္၂၆ ႏွစ္အရြယ္ ေမာင္ေနလင္းဦးရဲ႕ ဖခင္ျဖစ္သူ ေမာင္ေက်ာ္၀င္းကေတာ့ တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးသြားတာကို သူကိုယ္တိုင္ျမင္လိုက္ရၿပီး သက္ဆုိင္ရာ အာဏာပုိင္ေတြထံ တုိင္ၾကားထားတယ္လုိ႔ ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ သားျဖစ္သူဟာ ဆြံအ၊ နားမၾကား သူတဦးျဖစ္တာေၾကာင့္ စိုးရိမ္မိတယ္လို႔လည္း ေျပာပါတယ္။

“သူတို႔ကို ဖမ္းသြားတာကို ရက္နဲ႔ လနဲ႔ ေရးၿပီးေတာ့ အုပ္ခ်ဳပ္ေရး မွာသြားၿပီးေတာ့ ေျပာတယ္။ ေနာက္ၿပီးေတာ့ ရဲစခန္းမွာ သြားၿပီးေတာ့ တိုင္တယ္။ ဘာမွ ထူးျခားလာတာမရွိဘူး။ က်ေနာ္တို႔ ဘာမွ သတင္းတစံုတရာမွ မရဘူး။ အဲဒါေၾကာင့္ မိသားစုေတြက အကုန္လံုး စိုးရိမ္ေနၾကပါတယ္။ ၿပီးေတာ့ က်ေနာ့္သားက နားလည္းမၾကားပါ၊ စကာလည္း မေျပာတတ္ပါ။ သူတို႔ဖမ္းဆီးေခၚေဆာင္သြားတာ သူ႔ကို ထိုင္ဆိုလို႔ မထိုင္ရင္ ေစာင့္ကန္လိုက္တာမ်ိဳး မ်က္လံုးထဲမွာ ျမင္ေယာင္ေနမိပါတယ္။ ေနာက္ၿပီးေတာ့ သူ႔ကို ႀကိဳးခ်ည္ၿပီးေတာ့ ေခၚယူသြားပါတယ္။”

ေဒသခံေတြ ဖမ္းဆီးခံရတဲ့ ကိစၥကုိ တင္ျပဖုိ႔ တပ္မေတာ္ တာ၀န္ရွိသူက ေျပာဆုိလုိက္တဲ့ အတြက္ သက္ေသအေထာက္အထားေတြနဲ႔ သက္ဆိုင္ရာဌာနဆိုင္ရာေတြ တင္ျပသြား မယ္လို႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္း ကေျပာပါတယ္။

“ျပန္စိစစ္ေပးမယ္ဆိုတဲ့ အေနအထားေတြ ရွိလာတဲ့အခါမွ ဘာပဲျဖစ္ျဖစ္ က်ေနာ္တို႔လည္း အတိုင္းအတာတစ္ခုအထိ ေမွ်ာ္လင့္ပါတယ္။ ဒီလိုျပန္စိစစ္မယ္ဆိုေတာ့ တစ္ခုခုေတာ့ ထူးလာမယ္လို႔ က်ေနာ္တို႔ ယံုၾကည္တယ္။ တခုခုကို ျပန္အေၾကာင္းၾကားၿပီးေတာ့မွ သူတို႔ ေျပာတဲ့အတိုင္းေပါ့ေလ... ဒီ သတင္းစာရွင္းလင္းပြဲမွာ ေျပာသလိုပဲ အသိသက္ေသေတြနဲ႔ သက္ဆိုင္ရာကို ျပန္ၿပီးေတာ့ တင္ျပမယ္ဆိုၿပီးေတာ့ အခုက်ေနာ္တို႔ ရြာသားေတြနဲ႔ ေဆြးေႏြးေနပါတယ္။”

တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ၾကား စစ္ေရးတင္းမာမႈေတြ ႀကံဳခဲ့ရတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံေတြ မၾကာခဏ ဖမ္းဆီးထိန္းသိမ္းခံရတာေတြ ရွိသလုိ၊ ဖမ္းဆီးထားစဥ္ ေသဆုံးမႈေတြလည္း ႀကံဳခဲ့ရဘူးပါတယ္။ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ရခုိင္ျပည္နယ္က လက္နက္ကုိင္ပဋိပကၡေတြမွာ အရပ္သားေတြ ထိခုိက္ေသေၾကေနတဲ့အေပၚ စုိးရိမ္ေၾကာင္း ေျပာဆုိထားၿပီး၊ ပစ္ခတ္တုိက္ခုိက္မႈေတြ ရပ္စဲဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"အဖမ်းခံရတဲ့ သက်သေအထောက်အထားရှိရင် သက်ဆိုင်ရာကိုပြောပါ" - ဗိုလ်ချုပ်ဇော်မင်းထွန်း

ရခိုင်ပြည်နယ်မှာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ဒေသခံတချို့ ပျောက်ဆုံးနေတယ်ဆိုပြီး ပြောဆိုနေတာနဲ့ ပတ်သက်လို့ သက်သေအထောက်အထားနဲ့ တိုင်ကြားဖို့ တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမကျေးရွာက ဒေသခံ ၁၉ ဦးကို ပြီးခဲ့ မတ်လ အစပိုင်း လောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ မိသားစု ဝင်တွေ အဆက်အသွယ်မရသေးဘူးလို့ မိသားဝင်တွေနဲ့ ဒေသခံတွေ ပြောဆိုထားပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ သက်သေအထောက်အထားနဲ့တကွ တိုင်ကြားဖို့ ဒီကနေ့ သောကြာနေ့ နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတယ်ဆိုတဲ့ သက်သေအထောက်အထား ရှိတယ်ဆိုရင်လည်း အဲဒီသက်သေအထောက်အထားတွေနဲ့ သက်ဆိုင်ရာကို ပြောပေါ့။ ဒီဘက်ကလည်း ဒီဟာနဲ့ ပတ်သတ်ပြီးတော့ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး။ ဘယ်လိုလုပ်ထားတယ်ဆိုတာ တရားဝင် ပြောနိုင်ပါလိမ့်မယ်။ ယခင်တုန်းက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်အတွင်းမှာ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ အချိန်တွင်းမှာတော့ လုပ်ခွင့်မသာခဲ့ရင်လည်း ဒီအချိန်မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် ပိုပြီးတော့ လွယ်ကူလာပါလိမ့်မယ်။ အဲဒီလိုလုပ်တာ နှစ်ဦးနှစ်ဘက်အတွက် ပိုအဆင်ပြေပါလိမ့်မယ်၊ ပိုပြီးတော့ တိကျပါလိမ့်မယ်။”

ဖမ်းဆီးခံရသူ အသက်၂၆ နှစ်အရွယ် မောင်နေလင်းဦးရဲ့ ဖခင်ဖြစ်သူ မောင်ကျော်ဝင်းကတော့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာကို သူကိုယ်တိုင်မြင်လိုက်ရပြီး သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားထားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သားဖြစ်သူဟာ ဆွံအ၊ နားမကြား သူတဦးဖြစ်တာကြောင့် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

“သူတို့ကို ဖမ်းသွားတာကို ရက်နဲ့ လနဲ့ ရေးပြီးတော့ အုပ်ချုပ်ရေး မှာသွားပြီးတော့ ပြောတယ်။ နောက်ပြီးတော့ ရဲစခန်းမှာ သွားပြီးတော့ တိုင်တယ်။ ဘာမှ ထူးခြားလာတာမရှိဘူး။ ကျနော်တို့ ဘာမှ သတင်းတစုံတရာမှ မရဘူး။ အဲဒါကြောင့် မိသားစုတွေက အကုန်လုံး စိုးရိမ်နေကြပါတယ်။ ပြီးတော့ ကျနော့်သားက နားလည်းမကြားပါ၊ စကာလည်း မပြောတတ်ပါ။ သူတို့ဖမ်းဆီးခေါ်ဆောင်သွားတာ သူ့ကို ထိုင်ဆိုလို့ မထိုင်ရင် စောင့်ကန်လိုက်တာမျိုး မျက်လုံးထဲမှာ မြင်ယောင်နေမိပါတယ်။ နောက်ပြီးတော့ သူ့ကို ကြိုးချည်ပြီးတော့ ခေါ်ယူသွားပါတယ်။”

ဒေသခံတွေ ဖမ်းဆီးခံရတဲ့ ကိစ္စကို တင်ပြဖို့ တပ်မတော် တာဝန်ရှိသူက ပြောဆိုလိုက်တဲ့ အတွက် သက်သေအထောက်အထားတွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ တင်ပြသွား မယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း ကပြောပါတယ်။

“ပြန်စိစစ်ပေးမယ်ဆိုတဲ့ အနေအထားတွေ ရှိလာတဲ့အခါမှ ဘာပဲဖြစ်ဖြစ် ကျနော်တို့လည်း အတိုင်းအတာတစ်ခုအထိ မျှော်လင့်ပါတယ်။ ဒီလိုပြန်စိစစ်မယ်ဆိုတော့ တစ်ခုခုတော့ ထူးလာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ တခုခုကို ပြန်အကြောင်းကြားပြီးတော့မှ သူတို့ ပြောတဲ့အတိုင်းပေါ့လေ... ဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသလိုပဲ အသိသက်သေတွေနဲ့ သက်ဆိုင်ရာကို ပြန်ပြီးတော့ တင်ပြမယ်ဆိုပြီးတော့ အခုကျနော်တို့ ရွာသားတွေနဲ့ ဆွေးနွေးနေပါတယ်။”

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိသလို၊ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေလည်း ကြုံခဲ့ရဘူးပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေမှာ အရပ်သားတွေ ထိခိုက်သေကြေနေတဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားပြီး၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG