သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ ေရြးေကာက္ပြဲက်င္းပေရး မတူညီတဲ့ အျမင္သေဘာထားမ်ား


မွတ္တမ္းဓါတ္ပံု - ၂၀၁၅ ႏို၀င္ဘာတုန္းက စစ္ေတြေတြ မဲေပးေနသည့္ မဲဆႏၵရွင္တဦး

(Zawgyi/Unicode)

ျမန္မာ့ေရြးေကာက္ပြဲ ေနရာမ်ားစြာမွာ ၿပီးသြားေပမဲ့၊ အဓိကေနရာအမ်ားစု မက်င္းပႏိုင္ခဲ့တဲ့ ပဋိပကၡေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲေတြျပန္က်င္းပေရး၊ AA ရခိုင္လက္နက္ကိုင္တပ္ဖက္ကေတာင္းဆိုတာကို တပ္မေတာ္ဖက္ကႀကိဳဆိုအၿပီးမွာ၊ ဒီေရြးေကာက္ပြဲျဖစ္ႏိုင္ေျခ ေနာက္ဆံုးအေနအထားအေပၚ ရခိုင္ပါတီေခါင္းေဆာင္တစ္ဦး၊ အစိုးရပါတီေျပာခြင့္ရနဲ႔ ကၽြမ္းက်င္သူတစ္ဦးကို ကိုဝင္းမင္းက ေမးထားပါတယ္။

ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာဦးေဆာင္ေကာ္မတီဝင္နဲ႔ လက္ရွိ ေျမာက္ဦးၿမိဳ.နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက -

“ရခိုင္မွာ ေရြးေကာက္ပဲြ မျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းက လံုၿခံဳေရး ျပႆနာေၾကာင့္လို႔ ေျပာပါတယ္။ အခုေတာ့ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္တပ္မေတာ္ၾကားမွာလည္း တစံုတရာ နားလည္မႈ ရထားေတာ့ ပစ္တာခတ္တာေတြလည္း မရွိဘူး။ အဲဒီေတာ့ ေရြးေကာက္ပြဲ ျဖစ္ေျမာက္ေရးကိုလည္း သူတို႔က အာမခံမယ္လို႔ ပူးေပါင္းေဆာင္ရြက္ၾကမယ္လို႔ ေျပာတယ္။ အရပ္ဘက္အဖြဲ႔အစည္းေတြကလည္း သေဘာထားထုတ္ျပန္ထားတယ္။ ပါတီေတြကလည္း ျဖစ္ေစခ်င္တယ္။ လူေတြကလည္း ေရြးေကာက္ပြဲ မဲေပးဖို႔ ဆႏၵရွိေနၾကတယ္။ က်ေနာ္တို႔သိသေလာက္ေတာ့ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဆရာမႀကီး ကိုယ္တိုင္ကလည္း ဘာပဲေျပာေျပာျဖစ္ေစခ်င္တယ္။ ဆိုေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ့ အခန္းက႑ပဲရွိတယ္လို႔ ျမင္ပါတယ္။”

ဒါေပမယ့္ ေရြးေကာက္ပြဲ ႏိုင္ထားတဲ့ လက္ရွိအစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ေျပာခြင့္ရ ေဒါက္တာ မ်ိဳးညႊန္႔ကေတာ့ ဥပေဒအရဆိုရင္ ၾကားျဖတ္ေရြးေကာက္ပြဲသာရွိတာမို႔ လာမယ့္ တႏွစ္အတြင္း မျဖစ္ႏိုင္ဘူးလို႔ ဆိုပါတယ္။

“တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္တခုမွာေတာ့ ဒီေရြးေကာက္ပြဲ မက်င္းပျဖစ္တဲ့ ေနရာေတြမွာ ၾကားျဖတ္ေရြးေကာက္ပြဲကို အျမန္ဆံုး ျပန္လည္က်င္းပႏိုင္ဖို႔။ ဆိုေတာ့ ၾကားျဖတ္ေရြးေကာက္ပြဲလို႔ပဲ ေခၚပါတယ္။ ေရြးေကာက္ပြဲဥပေဒအရ ၾကားျဖတ္ေရြးေကာက္ပြဲကို လႊတ္ေတာ္ရဲ႕ ပထမႏွစ္နဲ႔ ေနာက္ဆံုးႏွစ္ေတြမွာ က်င္းပခြင့္မရွိဘူး။”

အခုလို ဥပေဒမွာ ရွိေပမယ့္၊ ဥပေဒမွာ မရွိထားတဲ့ လံုၿခံဳေရးေၾကာင့္ မလုပ္ရေသးတဲ့ လစ္လပ္တာအတြက္လုပ္တဲ့ ၾကားျဖတ္မဟုတ္ဘူးလို႔ တျခားသံုးသပ္သူေတြ ေျပာေနတဲ့ ေရြးေကာက္ပြဲမ်ိဳး ျပန္လုပ္ဖို႔ ဘယ္လို ျဖစ္သင့္ပါသလဲလို႔ ေမးရာမွာ၊ ေရြးေကာက္ပြဲဥပေဒ ျပဳျပင္ ေျပာင္းလဲေရးဆိုင္ရာ သုေတသနလုပ္ေနတဲ့ ၿငိမ္းခ်မ္းမွ်တ လူမႈအဖြဲ႔အစည္းဒါရိုက္တာ မေရႊႊရည္၀င္းက

“ျမန္မာျပည္မွာ ရွိေနတဲ့ ေရြးေကာက္ပြဲဥပေဒ ဥပေဒ ၊ နည္းဥပေဒေတြမွာ ဟာကြက္ေတြရွိတယ္။ ခုနေျပာသလိုေပါ့ ဒါဆိုရင္ ၾကားျဖတ္ မဟုတ္ဘူး ေရြးေကာက္ပြဲ မက်င္းပႏိုင္တဲ့ေနရာမွာ ျပန္လုပ္တာ။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်င္းပဖို႔ ၊ မက်င္းပဖို႔ ေရးထားတာ မရွိဘူး ဆရာေရ။ အဲဒါဘာလဲဆိုေတာ့ အစိုးရနဲ႔ ေရြးေကာက္ပြဲ ေကာ္မရွင္ ညိွႏိႈင္းသြားရမွာ။ အစိုးရကလည္း ညိွရမယ္၊ AA လက္နက္ကိုင္ တပ္ဖြဲ႔လည္း ရွိေနေတာ့ေလ။ တပ္ကလည္း ဘယ္ေလာက္အထိ ညိွႏိႈင္းႏိုင္မလဲေပါ့ေလ။ သူတို႔ၾကားထဲမွာ Negotiation လုပ္ႏိုင္ဖို႔က မူတည္ေနပါတယ္။”

အဲဒီေတာ့ အခုလို အစိုးရနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္က အားလံုးနဲ႔ ညိွႏိႈင္းရမယ့္ အေနအထားကို ေမးရာမွာ ေဒါက္တာ မ်ိဳးညႊန္႔ကေတာ့ -

“ဒီ ေရြးေကာက္ပြဲ မက်င္းပရျခင္းအေၾကာင္းက တိုက္ပြဲ ရယ္လို႔ပဲ ေျပာလို႔မရပါဘူး။ တိုက္ပြဲမ်ားမျဖစ္တဲ့့ ေတာင္ကုတ္မွာလည္း က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးကို ဖမ္းဆီးခံရတယ္။ ပါတီ၀င္ေတြကိုလည္း ျခိမ္းေျခာက္ခံထားရတယ္။ အဲဒီလိုအေနအထားမ်ိဳးဟာ တပ္မေတာ္နဲ႔ AA အၾကား တိုက္ပြဲမျဖစ္တာမွ်နဲ႔ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲမ်ား ျဖစ္ႏိုင္တဲ့အေျခအေနရွိၿပီလို႔ေတာ့ မယံုၾကည္ပါဘူး။ ဒါေပမယ့္ အဓိက တာ၀န္ရွိတာကေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ပါ။”

အဲဒီေတာ့ အခုလို ဖမ္းဆီး ျခိမ္းေျခာက္မႈေတြ မရွိဖို႔ AA လက္နက္ကိုင္အဖြဲ႔အေနနဲ႔ လုပ္သင့္တာကို ဘယ္လိုအႀကံျပဳခ်င္ပါလဲလို႔ ေမးရာမွာ ေဒါက္တာ မ်ိဳးညႊန္႔က -

“အခုလို ႏိုင္ငံေရးအဖြဲ႔အစည္းေတြကို ဖမ္းဆီး ျခိမ္းေျခာက္ေနတာမ်ိဳးေတြ တခ်ိဳ႕ အုပ္ခ်ဳပ္ေရးအပိုင္းေပါ့ေလ၊ ဥပမာ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြေပါ့၊ ေျမာက္ဦးမွွာဆိုရင္ အုပ္ခ်ဳပ္ေရးမွဴး ၉၀ ေက်ာ္၊ မင္းျပားမွာဆိုရင္ ၇၀ ေက်ာ္၊ ေျမပံုမွာဆိုရင္ ၄၀ ေက်ာ္ ႏုတ္ထြက္ထားတဲ့အတြက္ အဲဒီနယ္ေတြမွာ လံုၿခံဳေရးအရ အာမခံခ်က္ မရွိပါဘူး။ ဆိုေတာ့ အဲဒါေတြအတြက္လည္း အာမခံခ်က္အျမန္ဆံုး ျပန္ေပးႏိုင္ေအာင္ သူတို႔ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုပါလိမ့္မယ္။ ေနာက္ၿပီး ႏိုင္ငံေရးအရ အၾကမ္းဖက္တာကို စြန္႔လႊတ္လိုက္မယ္။ ဖမ္းဆီးထားတဲ့လူေတြ ျပန္လႊတ္မယ္ဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ပဲ ျဖစ္ၿပီးေတာ့ အၾကမ္းဖက္စာရင္းကေန လႊတ္ေျမာက္သြားၿပီ။”

ဒီေနရာမွာ ဦးဦးလွေစာကိုလည္း လက္ရွိ AA က ဖမ္းဆီးထားမႈေတြအတြက္ ဘယ္လို ညိွႏိႈင္းသင့္တာကို အႀကံျပဳဖို႔ ေမးရာမွာ -

“AA ဘက္ကလည္း ဒီ ၃ ေယာက္ကို၊ လူေတြကလည္း လႊတ္ေစခ်င္တယ္။ အစိုးရဘက္ကလည္း လႊတ္ေစခ်င္တဲ့ သေဘာထားရွိတယ္။ အဲဒီေတာ့ သက္ဆိုင္ရာေတြ ဒီၾကားခံ အဖြဲ႔အစည္းေတြနဲ႔ အကုန္လံုး ညိွႏိႈင္းၿပီးေတာ့ ပြင့္ပြင့္လင္းလင္း လုပ္ၾကရင္ေတာ့ ဒါ အေကာင္းဆံုးပါပဲ။ တကယ္ေပါ့ဗ်ာ အစိုးရအသစ္မဖြဲ႔ခင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ျဖစ္စဥ္တခုကို စတင္ အေကာင္အထည္ေဖာ္တဲ့အေနနဲ႔ အကုန္လံုး ၀ိုင္း၀န္းၿပီး လုပ္ၾကမယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္တယ္။”

အဲဒီေတာ့ အခုလို ၾကား၀င္ေဆာင္ရြက္ေပးဖို႔ ဘယ္လိုအဖြဲ႔မ်ိဳးကို ဥပမာအေနနဲ႔ ကမ္းလွမ္းသင့္ပါသလဲလို႔ ေမးရာမွာ ဦးဦးလွေစာက ဆက္ၿပီး -

“ပြင့္ပြင့္လင္းလင္းေျပာရရင္ အခုထုတ္တဲ့ Statement ထုတ္တဲ့ကိစၥ ဘာကိစၥ ညာကိစၥမွာဆိုရင္ နီပြန္ေဖာင္ေဒးရွင္းက ေတာ္ေတာ္ အကုန္လံုးနဲ႔ ခင္ခင္မင္မင္ရွိတယ္။ ျမန္မာရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာလည္း အမ်ားႀကီး ကူညီတဲ့အဖြဲ႔အစည္းတခု ။ အဲဒီလိုအဖြဲ႔အစည္းမ်ိဳးေတြက ယံုယံုၾကည္ၾကည္ ၀င္ေရာက္ ညိွႏိႈင္းေပးမယ္ဆိုရင္ေတာ့ ဒီျပႆနာက အခ်ိန္တိုတိုအတြင္းမွာ ေျပလည္သြားႏိုင္တယ္လို႔ ျမင္ပါတယ္။”

တကယ္ေတာ့ ျမန္မာ့ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာ အေရးပါတဲ့ ဒုတိယအေက်ာ့ ေရြးေကာက္ပြဲေတြ ေနရာမ်ားစြာမွာ ၿပီးသြားေပမဲ့၊ မျပီးႏိုင္ေသးတဲ့ ရခိုင္အၾကပ္အတည္းအတြက္ အခုလို ေရြးေကာက္ပြဲေတြ ျပန္က်င္းပဖို႔ ေတာင္းဆိုမႈေတြ ရွိလာတာပါ။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

မြန်မာ့ရွေးကောက်ပွဲ နေရာများစွာမှာ ပြီးသွားပေမဲ့၊ အဓိကနေရာအများစု မကျင်းပနိုင်ခဲ့တဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေပြန်ကျင်းပရေး၊ AA ရခိုင်လက်နက်ကိုင်တပ်ဖက်ကတောင်းဆိုတာကို တပ်မတော်ဖက်ကကြိုဆိုအပြီးမှာ၊ ဒီရွေးကောက်ပွဲဖြစ်နိုင်ခြေ နောက်ဆုံးအနေအထားအပေါ် ရခိုင်ပါတီခေါင်းဆောင်တစ်ဦး၊ အစိုးရပါတီပြောခွင့်ရနဲ့ ကျွမ်းကျင်သူတစ်ဦးကို ကိုဝင်းမင်းက မေးထားပါတယ်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်နဲ့ လက်ရှိ မြောက်ဦးမြို.နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက -

“ရခိုင်မှာ ရွေးကောက်ပွဲ မဖြစ်ခဲ့တဲ့ အကြောင်းအရင်းက လုံခြုံရေး ပြဿနာကြောင့်လို့ ပြောပါတယ်။ အခုတော့ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်ကြားမှာလည်း တစုံတရာ နားလည်မှု ရထားတော့ ပစ်တာခတ်တာတွေလည်း မရှိဘူး။ အဲဒီတော့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိုလည်း သူတို့က အာမခံမယ်လို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း သဘောထားထုတ်ပြန်ထားတယ်။ ပါတီတွေကလည်း ဖြစ်စေချင်တယ်။ လူတွေကလည်း ရွေးကောက်ပွဲ မဲပေးဖို့ ဆန္ဒရှိနေကြတယ်။ ကျနော်တို့သိသလောက်တော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဆရာမကြီး ကိုယ်တိုင်ကလည်း ဘာပဲပြောပြောဖြစ်စေချင်တယ်။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခန်းကဏ္ဍပဲရှိတယ်လို့ မြင်ပါတယ်။”

ဒါပေမယ့် ရွေးကောက်ပွဲ နိုင်ထားတဲ့ လက်ရှိအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာ မျိုးညွှန့်ကတော့ ဥပဒေအရဆိုရင် ကြားဖြတ်ရွေးကောက်ပွဲသာရှိတာမို့ လာမယ့် တနှစ်အတွင်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“တပ်မတော်ရဲ့ ထုတ်ပြန်ချက်တခုမှာတော့ ဒီရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ဖို့။ ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲလို့ပဲ ခေါ်ပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်ရဲ့ ပထမနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ကျင်းပခွင့်မရှိဘူး။”

အခုလို ဥပဒေမှာ ရှိပေမယ့်၊ ဥပဒေမှာ မရှိထားတဲ့ လုံခြုံရေးကြောင့် မလုပ်ရသေးတဲ့ လစ်လပ်တာအတွက်လုပ်တဲ့ ကြားဖြတ်မဟုတ်ဘူးလို့ တခြားသုံးသပ်သူတွေ ပြောနေတဲ့ ရွေးကောက်ပွဲမျိုး ပြန်လုပ်ဖို့ ဘယ်လို ဖြစ်သင့်ပါသလဲလို့ မေးရာမှာ၊ ရွေးကောက်ပွဲဥပဒေ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ သုတေသနလုပ်နေတဲ့ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းဒါရိုက်တာ မရွှွှေရည်ဝင်းက

“မြန်မာပြည်မှာ ရှိနေတဲ့ ရွေးကောက်ပွဲဥပဒေ ဥပဒေ ၊ နည်းဥပဒေတွေမှာ ဟာကွက်တွေရှိတယ်။ ခုနပြောသလိုပေါ့ ဒါဆိုရင် ကြားဖြတ် မဟုတ်ဘူး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာမှာ ပြန်လုပ်တာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျင်းပဖို့ ၊ မကျင်းပဖို့ ရေးထားတာ မရှိဘူး ဆရာရေ။ အဲဒါဘာလဲဆိုတော့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင် ညှိနှိုင်းသွားရမှာ။ အစိုးရကလည်း ညှိရမယ်၊ AA လက်နက်ကိုင် တပ်ဖွဲ့လည်း ရှိနေတော့လေ။ တပ်ကလည်း ဘယ်လောက်အထိ ညှိနှိုင်းနိုင်မလဲပေါ့လေ။ သူတို့ကြားထဲမှာ Negotiation လုပ်နိုင်ဖို့က မူတည်နေပါတယ်။”

အဲဒီတော့ အခုလို အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က အားလုံးနဲ့ ညှိနှိုင်းရမယ့် အနေအထားကို မေးရာမှာ ဒေါက်တာ မျိုးညွှန့်ကတော့ -

“ဒီ ရွေးကောက်ပွဲ မကျင်းပရခြင်းအကြောင်းက တိုက်ပွဲ ရယ်လို့ပဲ ပြောလို့မရပါဘူး။ တိုက်ပွဲများမဖြစ်တဲ့ တောင်ကုတ်မှာလည်း ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခံရတယ်။ ပါတီဝင်တွေကိုလည်း ခြိမ်းခြောက်ခံထားရတယ်။ အဲဒီလိုအနေအထားမျိုးဟာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲမဖြစ်တာမျှနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်နိုင်တဲ့အခြေအနေရှိပြီလို့တော့ မယုံကြည်ပါဘူး။ ဒါပေမယ့် အဓိက တာဝန်ရှိတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပါ။”

အဲဒီတော့ အခုလို ဖမ်းဆီး ခြိမ်းခြောက်မှုတွေ မရှိဖို့ AA လက်နက်ကိုင်အဖွဲ့အနေနဲ့ လုပ်သင့်တာကို ဘယ်လိုအကြံပြုချင်ပါလဲလို့ မေးရာမှာ ဒေါက်တာ မျိုးညွှန့်က -

“အခုလို နိုင်ငံရေးအဖွဲ့အစည်းတွေကို ဖမ်းဆီး ခြိမ်းခြောက်နေတာမျိုးတွေ တချို့ အုပ်ချုပ်ရေးအပိုင်းပေါ့လေ၊ ဥပမာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေပေါ့၊ မြောက်ဦးမှာဆိုရင် အုပ်ချုပ်ရေးမှူး ၉၀ ကျော်၊ မင်းပြားမှာဆိုရင် ၇၀ ကျော်၊ မြေပုံမှာဆိုရင် ၄၀ ကျော် နုတ်ထွက်ထားတဲ့အတွက် အဲဒီနယ်တွေမှာ လုံခြုံရေးအရ အာမခံချက် မရှိပါဘူး။ ဆိုတော့ အဲဒါတွေအတွက်လည်း အာမခံချက်အမြန်ဆုံး ပြန်ပေးနိုင်အောင် သူတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီး နိုင်ငံရေးအရ အကြမ်းဖက်တာကို စွန့်လွှတ်လိုက်မယ်။ ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ပြီးတော့ အကြမ်းဖက်စာရင်းကနေ လွှတ်မြောက်သွားပြီ။”

ဒီနေရာမှာ ဦးဦးလှစောကိုလည်း လက်ရှိ AA က ဖမ်းဆီးထားမှုတွေအတွက် ဘယ်လို ညှိနှိုင်းသင့်တာကို အကြံပြုဖို့ မေးရာမှာ -

“AA ဘက်ကလည်း ဒီ ၃ ယောက်ကို၊ လူတွေကလည်း လွှတ်စေချင်တယ်။ အစိုးရဘက်ကလည်း လွှတ်စေချင်တဲ့ သဘောထားရှိတယ်။ အဲဒီတော့ သက်ဆိုင်ရာတွေ ဒီကြားခံ အဖွဲ့အစည်းတွေနဲ့ အကုန်လုံး ညှိနှိုင်းပြီးတော့ ပွင့်ပွင့်လင်းလင်း လုပ်ကြရင်တော့ ဒါ အကောင်းဆုံးပါပဲ။ တကယ်ပေါ့ဗျာ အစိုးရအသစ်မဖွဲ့ခင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်တခုကို စတင် အကောင်အထည်ဖော်တဲ့အနေနဲ့ အကုန်လုံး ဝိုင်းဝန်းပြီး လုပ်ကြမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။”

အဲဒီတော့ အခုလို ကြားဝင်ဆောင်ရွက်ပေးဖို့ ဘယ်လိုအဖွဲ့မျိုးကို ဥပမာအနေနဲ့ ကမ်းလှမ်းသင့်ပါသလဲလို့ မေးရာမှာ ဦးဦးလှစောက ဆက်ပြီး -

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုထုတ်တဲ့ Statement ထုတ်တဲ့ကိစ္စ ဘာကိစ္စ ညာကိစ္စမှာဆိုရင် နီပွန်ဖောင်ဒေးရှင်းက တော်တော် အကုန်လုံးနဲ့ ခင်ခင်မင်မင်ရှိတယ်။ မြန်မာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အများကြီး ကူညီတဲ့အဖွဲ့အစည်းတခု ။ အဲဒီလိုအဖွဲ့အစည်းမျိုးတွေက ယုံယုံကြည်ကြည် ဝင်ရောက် ညှိနှိုင်းပေးမယ်ဆိုရင်တော့ ဒီပြဿနာက အချိန်တိုတိုအတွင်းမှာ ပြေလည်သွားနိုင်တယ်လို့ မြင်ပါတယ်။”

တကယ်တော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေ နေရာများစွာမှာ ပြီးသွားပေမဲ့၊ မပြီးနိုင်သေးတဲ့ ရခိုင်အကြပ်အတည်းအတွက် အခုလို ရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ တောင်းဆိုမှုတွေ ရှိလာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG