သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ တိုင္ၾကားခ်က္မ်ား ၂၀၁၅ ခုႏွစ္ကထက္ ပိုမ်ားဖြယ္ရွိ


ေရြးေကာက္ပြဲမဲေပးသည့္ျမင္ကြင္း (ႏိုဝင္ဘာ ၈၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံ ၿပီးခဲ့တဲ့ေရြးေကာက္ပြဲကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းက်င္းပခဲ့ေပမဲ့ မသမာမူေတြ၊ မမွ်တမႈေတြ ရွိခဲ့တယ္ဆိုၿပီး ဆက္လက္ထြက္ေပၚေနတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ မေမခ က သတင္းေပးပို႔ထားပါတယ္။

ဒီလႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ မသမာမႈေတြ၊ မမွ်တမႈေတြ ရွိေနတယ္ဆိုၿပီး အႏိုင္ရ NLD အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အဓိကအတိုက္အခံ USDP ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ တိုင္းရင္းသား ႏိုင္ငံေရးပါတီႀကီးတခုျဖစ္တဲ့ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔ အပါအဝင္ ႏိုင္ငံေရးပါတီတခ်ိဳ႕က အျငင္းပြားတာ၊ တိုင္တန္းတာေတြ ရွိေနတာပါ။

NLD ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးၫႊန႔္ကေတာ့ ေ႐ြးေကာက္ပြဲဆိုင္ရာ အျငင္းပြားစရာေတြနဲ႔ ပတ္သက္လို႔ အခ်က္အလက္ေတြ စုေဆာင္းေနတယ္လို႔ ေျပာပါတယ္။

"မရွိဘူးဆို ၄၀၊ ၅၀ ေလာက္ရွိတာေပါ့။ ေ႐ြးေကာက္ပြဲဆိုင္ရာေပါ့. တရားမဲ့ျပဳက်င့္မႈ ေတာ့ မဟုတ္ဘူး။ တရားမဲ့ျပဳက်င့္မႈကေတာ့ ဒီထက္နည္းမွာပါ။ က်ေနာ္တို႔ေတြ႕သေလာက္ကေတာ့ က်ေနာ္တို႔တိုင္တာက ၂၀၁၅ထက္ ေတာ့ပိုမ်ားလာႏိုင္ပါတယ္ခင္ဗ် "

မႏၲေလးတိုင္း USDP ပါတီ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္ဆန္းကေတာ့ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မွာ မမွ်တတဲ့ လုပ္ရပ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ရွိခဲ့တာေၾကာင့္ တာဝန္ရွိသူေတြကို တိုင္ၾကားဖို႔ အေထာက္အထား အခ်က္အလက္ေတြ စုေဆာင္းေနတယ္လို႔ ေျပာပါတယ္။

" ကန႔္ကြက္လႊာတိုင္ၾကားလႊာေပါင္း ၂၂၈ခု၊ က်ေနာ္တို႔ကိုယ္စားလာေပးတာ ေနရာေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ တိုင္ၾကားခဲ့ပါတယ္။ ကန႔္ကြက္ခဲ့ပါတယ္ ေနာက္တခုကေတာ့ လုတဦးတည္း ၂ခါမဲေပးျခင္း ျဖစ္ပါတယ္။ ဒါကလည္း ေအာက္တိုဘာ ၂၉ ရက္ကေနႏိုဝင္ဘာ ၅ရက္ေန႔ထိ ႀကိဳတင္မဲေပးတာရွည္ ၾကာျခင္း ႀကိဳတင္မဲေပးၿပီးေၾကာင္းလက္သန္းမွင္မစြတ္ျခင္း၊ ဒီျပႆနာေတြေၾကာင့္ဒါ လူတဦးထဲ ၂ခါမဲ ေပးတာေတြ႕ရပါတယ္။ ရဲစခန္းမွာ အမႈဖြင့္ရပါတယ္။"

ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ အတိုက္အခံ USDP ပါတီက ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို တိုင္ၾကားထားတဲ့ အမႈေပါင္း ၅၅၀ ေက်ာ္ရွိေနၿပီး၊ ရဲစခန္းကို တိုက္႐ိုက္တိုင္ထားတဲ့ အမႈက ၈၀ ေက်ာ္ ရွိတယ္လို႔လည္း ႏိုင္ငံေရး အသိုင္းအဝန္းက ေျပာပါတယ္။

တိုင္းရင္းသား မဲဆႏၵနယ္ေျမ တခ်ိဳ႕မွာလည္း ေ႐ြးေကာက္ပြဲကာလ မမွန္မကန္လုပ္ရပ္ေတြ ရွိခဲ့တယ္ဆိုၿပီး တိုင္တန္းတာေတြ ရွိေနပါတယ္။ SNLD ပါတီ တြဲဘက္အတြင္းေရးမႉး ၁ စိုင္းေက်ာ္ၫြန႔္ကေတာ့ မဲမသမာတဲ့ လုပ္ရပ္ေတြ ႀကဳံခဲ့ရတဲ့အတြက္ တိုင္ၾကားဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

"မိုင္းတုံ မိုင္းဆတ္မွာ မိုင္းတုံမွာ လူ (၁၇၀၀၀) တေသာင္းခုႏွစ္ေထာင္ ေလာက္ရွိတယ္။ အဲ (၁၇၀၀၀) တေသာင္းခုႏွစ္ေထာင္က ေလာက္က Document မရွိဘူး။ မွတ္ပုံတင္မရွိဘူး။ ဘာကဒ္မွမရွိဘူး။ ႏိုင္ငံသားျဖစ္တဲ့ အေထာက္အထားမရွိဘူး။ အဲဒါ မဲစာရင္းထဲလာေပါက္ေနတယ္။ ေ႐ြးေကာက္ပြဲမက်င္းပထဲကေျပာတယ္.အဲဒါမေအာင္ျမင္ဘူး။ မိုင္းဆတ္မွာဆို (၂၂၀၀၀) ႏွစ္ေသာင္းႏွစ္ေထာင္ေက်ာ္ေတာင္ ရွိတယ္။ အဲဒါေတြစစ္မရဘူး။ က်ေနာ္တို႔ ခါတိုင္းမဲေပးေနတဲ့ ႐ြာေတြေတာင္ ႀကိဳတင္မဲက ၂မဲ ၃မဲဘဲ ရတာရွိတယ္။ ဒါေတာ္ေတာ္စဥ္းစားစရာကိစၥျဖစ္တယ္"။

ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ အျငင္းပြားမႈေတြနဲ႔ တိုင္ၾကားမႈေတြဟာ အရင္ေ႐ြးေကာက္ပြဲေတြထက္ ပိုမ်ားႏိုင္တယ္လို႔လည္း New Myanmar Foundation ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ အဖြဲ႕က ေဒၚျမနႏၵာသင္းကဗြီအိုေအကိုေျပာပါတယ္။

" ေရြးေကာက္ပြဲအႀကိဳကာလကေန တေလွ်ာက္လုံးေ႐ြးေကာက္ပြဲ အစကေနခုထိဆို အမႈေပါင္း ၄၅၅ခုျဖစ္တယ္။ ဒီထဲမွာ ဘယ္ေၾကာင္းရာမ်ားလဲဆိုေတာ့ ဥပမာ တရားမဲ့ ျပဳက်င့္မႈ က ၇% ရွိတယ္။ မဲမသမာတာမဲနဲ႔ပတ္သတ္လို႔ လႊမ္းမိုးမႈေတြရွိတာကက်ေတာ့ ရာခိုင္ႏႈန္း ၂၀ ရွိတယ္။ေနာက္ ကမ္ပိန္းမွာ ရန္စတာ ဘာညာက ၈% ရွိတယ္။ ဒါက observer ေတြ ပို႔တာပါ။ အရင္ႏွစ္ကထက္ပိုမ်ားလာတယ္ေျပာၾကတယ္ "။

လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၉)၊ ပုဒ္မ ၃၉၉ မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ အျငင္းပြားမႈေတြကို စစ္ေဆးႏိုင္ေရးအတြက္ ေ႐ြးေကာာက္ပြဲခုံအဖြဲ႕ေတြကို ဖြဲ႕စည္းႏိုင္တယ္လို႔ ေဖၚျပထား ပါတယ္။ ပုဒ္မ ၄၀၂ မွာေတာ့ ေ႐ြးေကာာက္ပြဲခုံအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အမိန႔္ေတြဟာ အၿပီးျပတ္အတည္ျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းကျင်းပခဲ့ပေမဲ့ မသမာမူတွေ၊ မမျှတမှုတွေ ရှိခဲ့တယ်ဆိုပြီး ဆက်လက်ထွက်ပေါ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မမေခ က သတင်းပေးပို့ထားပါတယ်။

ဒီလနိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မသမာမှုတွေ၊ မမျှတမှုတွေ ရှိနေတယ်ဆိုပြီး အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အဓိကအတိုက်အခံ USDP ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တိုင်းရင်းသား နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအဝင် နိုင်ငံရေးပါတီတချို့က အငြင်းပွားတာ၊ တိုင်တန်းတာတွေ ရှိနေတာပါ။
NLD ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားစရာတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။

"မရှိဘူးဆို ၄၀၊ ၅၀ လောက်ရှိတာပေါ့။ ရွေးကောက်ပွဲဆိုင်ရာပေါ့. တရားမဲ့ပြုကျင့်မှု တော့ မဟုတ်ဘူး။ တရားမဲ့ပြုကျင့်မှုကတော့ ဒီထက်နည်းမှာပါ။ ကျနော်တို့တွေ့သလောက်ကတော့ ကျနော်တို့တိုင်တာက ၂၀၁၅ထက် တော့ပိုများလာနိုင်ပါတယ်ခင်ဗျ "

မန္တလေးတိုင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ မမျှတတဲ့ လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာကြောင့် တာဝန်ရှိသူတွေကို တိုင်ကြားဖို့ အထောက်အထား အချက်အလက်တွေ စုဆောင်းနေတယ်လို့ ပြောပါတယ်။

" ကန့်ကွက်လွှာတိုင်ကြားလွှာပေါင်း ၂၂၈ခု၊ ကျနော်တို့ကိုယ်စားလာပေးတာ နေရာတော်တော်များများ တွေ့ရပါတယ်။ တိုင်ကြားခဲ့ပါတယ်။ ကန့်ကွက်ခဲ့ပါတယ် နောက်တခုကတော့ လုတဦးတည်း ၂ခါမဲပေးခြင်း ဖြစ်ပါတယ်။ ဒါကလည်း အောက်တိုဘာ ၂၉ ရက်ကနေနိုဝင်ဘာ ၅ရက်နေ့ထိ ကြိုတင်မဲပေးတာရှည် ကြာခြင်း ကြိုတင်မဲပေးပြီးကြောင်းလက်သန်းမှင်မစွတ်ခြင်း၊ ဒီပြဿနာတွေကြောင့်ဒါ လူတဦးထဲ ၂ခါမဲ ပေးတာတွေ့ရပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ရပါတယ်။"

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အတိုက်အခံ USDP ပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း ၅၅၀ ကျော်ရှိနေပြီး၊ ရဲစခန်းကို တိုက်ရိုက်တိုင်ထားတဲ့ အမှုက ၈၀ ကျော် ရှိတယ်လို့လည်း နိုင်ငံရေး အသိုင်းအဝန်းက ပြောပါတယ်။

တိုင်းရင်းသား မဲဆန္ဒနယ်မြေ တချို့မှာလည်း ရွေးကောက်ပွဲကာလ မမှန်မကန်လုပ်ရပ်တွေ ရှိခဲ့တယ်ဆိုပြီး တိုင်တန်းတာတွေ ရှိနေပါတယ်။ SNLD ပါတီ တွဲဘက်အတွင်းရေးမှူး ၁ စိုင်းကျော်ညွန့်ကတော့ မဲမသမာတဲ့ လုပ်ရပ်တွေ ကြုံခဲ့ရတဲ့အတွက် တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

"မိုင်းတုံ မိုင်းဆတ်မှာ မိုင်းတုံမှာ လူ (၁၇၀၀၀) တသောင်းခုနှစ်ထောင် လောက်ရှိတယ်။ အဲ (၁၇၀၀၀) တသောင်းခုနှစ်ထောင်က လောက်က Document မရှိဘူး။ မှတ်ပုံတင်မရှိဘူး။ ဘာကဒ်မှမရှိဘူး။ နိုင်ငံသားဖြစ်တဲ့ အထောက်အထားမရှိဘူး။ အဲဒါ မဲစာရင်းထဲလာပေါက်နေတယ်။ ရွေးကောက်ပွဲမကျင်းပထဲကပြောတယ်.အဲဒါမအောင်မြင်ဘူး။ မိုင်းဆတ်မှာဆို (၂၂၀၀၀) နှစ်သောင်းနှစ်ထောင်ကျော်တောင် ရှိတယ်။ အဲဒါတွေစစ်မရဘူး။ ကျနော်တို့ ခါတိုင်းမဲပေးနေတဲ့ ရွာတွေတောင် ကြိုတင်မဲက ၂မဲ ၃မဲဘဲ ရတာရှိတယ်။ ဒါတော်တော်စဉ်းစားစရာကိစ္စဖြစ်တယ်"။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် အငြင်းပွားမှုတွေနဲ့ တိုင်ကြားမှုတွေဟာ အရင်ရွေးကောက်ပွဲတွေထက် ပိုများနိုင်တယ်လို့လည်း New Myanmar Foundation ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့က ဒေါ်မြနန္ဒာသင်းကဗွီအိုအေကိုပြောပါတယ်။

" ရွေးကောက်ပွဲအကြိုကာလကနေ တလျှောက်လုံးရွေးကောက်ပွဲ အစကနေခုထိဆို အမှုပေါင်း ၄၅၅ခုဖြစ်တယ်။ ဒီထဲမှာ ဘယ်ကြောင်းရာများလဲဆိုတော့ ဥပမာ တရားမဲ့ ပြုကျင့်မှု က ၇% ရှိတယ်။ မဲမသမာတာမဲနဲ့ပတ်သတ်လို့ လွှမ်းမိုးမှုတွေရှိတာကကျတော့ ရာခိုင်နှုန်း ၂၀ ရှိတယ်။နောက် ကမ်ပိန်းမှာ ရန်စတာ ဘာညာက ၈% ရှိတယ်။ ဒါက observer တွေ ပို့တာပါ။ အရင်နှစ်ကထက်ပိုများလာတယ်ပြောကြတယ် "။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အငြင်းပွားမှုတွေကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောာက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းနိုင်တယ်လို့ ဖေါ်ပြထား ပါတယ်။ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောာက်ပွဲခုံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်တွေဟာ အပြီးပြတ်အတည်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG