သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ခ်ဳပ္နဲ႔ ၀ တပ္ဖြဲ႔တုိ႔ေတြ႔ဆုံျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္း


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ UWSA(၀) အဖြဲ႕မွ ဒုတိယႏိုင္ငံေရးမႉး အဆင့္ရွိ ဦးညီကပ္ တို႔ ေတြ႔ဆံု(Senior General Min Aung Hlaing)

(Zawgyi/Unicode)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မူးႀကီး မင္းေအာင္လိႈင္အေနနဲ႔၊ ေရြးေကာက္ပြဲအၿပီး ပထမဆံုးခရီးစဥ္အျဖစ္၊ ရွမ္းျပည္နယ္က ေရြႀတိဂံတိုင္းစစ္ဌာနခ်ဳပ္ကိုသြားၿပီး၊ အင္အားအႀကီးဆံုး တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ျဖစ္တဲ့ UWSA ဝျပည္ေသြးစည္းညီညႊတ္ေရးတပ္နဲ႔ အဂၤါေန႔က ေတြ႔ဆံုခဲ့တဲ့အေပၚ၊ ဒီခရီးစဥ္ရဲ့ထူးျခားမူကို ဝတပ္ဖြဲ႔ဆက္ဆံေရးတာဝန္ခံေတြနဲ႔ သံုးသပ္သူတစ္ဦးကို ကိုဝင္းမင္းက ေမးရာမွာ ဝ တပ္ဖြဲ႔ရဲ့လားရိႈးရံုးဆက္ဆံေရးတာဝန္ခံ ဦးညီရမ္းက အခုလိုစရွင္းျပပါတယ္။

“ ဒီေရြးေကာက္ပြဲၿပီးေတာ့ ပထမအေခါက္လို႔ေတာ့ ေျပာလို႔ ရတာေပါ့ေနာ္။ ဒီလိုပဲ ေတြ႔ေနၾကပါ။ တပ္မေတာ္ေခါင္းေဆာင္ပိုင္းေတြနဲ႔ COVID ကူးစက္တုန္းကေပါ့ေနာ္၊ ေတြ႔လာတာဆိုရင္လည္း ဒီအေခါက္နဲ႔ ဆိုရင္ေတာ့ ၂ ႀကိမ္၊ ၃ ႀကိမ္ရွိၿပီ။”

ဒါ့အျပင္အခုေတြ႕ဆံုခဲ့တဲ့ ဝ အထူးေဒသ ေတာင္ပိုင္း စစ္ေဒသ (၁၇၁) ရဲ႕ တာခ်ီလိတ္ရံုး ဆက္ဆံေရးတာဝန္ခံ ဦးဆမ္းဘိမ္းကလည္း -

“ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးေတာ့ ဒါေတြလည္း အဓိက ပါရင္လည္း ပါတာေပါ့ဗ်ာ ၊ အဓိကေတာ့ သူက က်ေနာ္တို႔ ေဒသဖြံ႔ၿဖိဳးေရး လမ္းႀကံဳလုိ႔လာရင္းနဲ႔ အဲဒီဘက္ ၿငိမ္းခ်မ္းေရးအတြက္ ဘာညာေပါ့ဗ်ာ ။ လမ္းႀကံဳရင္းနဲ႔ ဒီဘက္မေရာက္တာၾကာေတာ့ မိုင္းဆက္ဘက္ေပါ့ေနာ္ COVID ေရာဂါ ထိန္းခ်ဳပ္တာဘယ္လိုလည္း ဒါေလာက္ဘဲ က်ေနာ္သိရတာေပါ့ေနာ္။”

ဒါေပမယ့္ အခုလို COVID ကူညီေရး အရင္စက္တင္ဘာလဆန္းတုန္းကလည္း ဝ တပ္ဖြဲ႔နဲ႔ မေတြ႔ခင္နဲ႔ ေတြ႔ၿပီး ကရင္နဲ႔ မိုင္းလားအဖြဲ႔လို အျခားတိုင္းရင္းသားတပ္ေတြနဲ႔ မေတြ႔ေတာ့ပဲ ဒီတေခါက္ မေန႔ကပဲ ေနျပည္ေတာ္ ျပန္သြားခဲ့တဲ့အေပၚ ဒီ ခရီးစဥ္ ထူးျခားမႈကို ေမးရာမွာ ျမန္မာ့ၿငိမ္းခ်မ္းေရးကို ထဲထဲ၀င္၀င္ ပါ၀င္လာခဲ့တဲ့ သံုးသပ္သူ ဦးညိဳအုန္းျမင့္က

“အဓိကေတာ့ UWSA ေခါင္သူႀကီးေပါ့ေနာ္ အဲဒီေနရာရဲ႕ ႏိုင္ငံေရးအရေရာ ၊ စစ္ေရးအရေရာ အဓိက ဦးေဆာင္တဲ့အဖြဲ႔ကိုလည္း ရွင္းျပတယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒီေတာ့ တပ္မေတာ္ဘက္ကေနၿပီးေတာ့ ဝ UWSA အဖြဲ႔လို က်န္တဲ့ တရုတ္ျမန္မာနယ္စပ္ ဘက္မွာ ရွိေနတဲ့ အဖြဲ႔ေတြအေပၚမွာ ဒီ စိုးရိမ္စိတ္ေပါ့ေနာ္ ေရြးေကာက္ပြဲ အၿပီးမွာ NLD အစိုးရ အႏိုင္ရရွိခဲ့တဲ့ အၿပီးမွာ သူ႔အေနနဲ႔ေတာ့့ တိုင္းရင္းသားေတြရဲ႕ စိုးရိမ္မႈကို တပ္မေတာ္ရဲ႕ ၀ါဒကဘယ္လိုရွိတယ္ ၊ တိုင္းျပည္ရဲ႕ အေျခအေန တရပ္အထိေတာ့ တိုင္းရင္းသားေတြရဲ႕ စိုးရိမ္မႈကို ေလ်ာ့ခ် ေပးႏိုင္လိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။”

ဒီေနရာမွာ အခုလို တပ္မေတာ္ ထိပ္ဆံုးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မူးႀကီး မင္းေအာင္လိႈင္နဲ႔ ဝ ဘက္က ေတြ႔ခဲ့သူ ဦး ဦးညီကပ္ရဲ႕ ႏိုင္ငံေရး အဆင့္ အေရးပါမႈကို ေမးရာမွာ ဦးညီရမ္းကပဲ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဖို႔ ခက္ေနပံုကို အခုလို ရွင္းျပပါတယ္။

“က်ေနာ္တို႔ ဒီ ဝ ျပည္နယ္ ေတာင္ပိုင္း (၁၇၁) စစ္ေဒသ ရဲ႕ ဒုတိယ ႏိုင္ငံေရးမွဴးေပါ့ေနာ္ ။ အဲဒါဆိုရင္ေတာ့ က်ေနာ္တို႔ ဒီထက္မက အျပန္အလွန္ေတြ႔ဆံုဖို႔ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ COVID အေတာအတြင္း ဆိုေတာ့လည္း သြားလာဖို႔လည္း အဆင္မေျပျဖစ္တဲ့အခါက်ေတာ့ေလေနာ္ က်ေနာ္တို႔ ကေတာ့ အရင္ကတည္းက တပ္မေတာ္ ေခါင္းေဆာင္ပိုင္းေတြနဲ႔ေရာ၊ အစိုးရ ေခါင္းေဆာင္ပိုင္းေတြနဲ႔ေရာ ဒီလိုပဲ ေကာင္းမြန္တဲ့ ဆက္ဆံမႈေတြရွိေနပါတယ္။”

ဦးညိဳအုန္းျမင့္ကလည္း ဝ တပ္ဖြဲ႔ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြက အသက္အရြယ္ရလာၿပီး ခရီးသြားခက္ခ်ိန္ျဖစ္တာမို႔ အခုလို ေတြ႔တာျဖစ္တယ္လို႔ သံုးသပ္ျပပါတယ္။

“ဒီ က်ိဳင္းတံုနဲ႔ နီးတဲ့ေနရာကေတာ့ ဝ ေတာင္ပိုင္းလို႔လဲ ေျပာလို႔ရတာေပါ့ေနာ္။ ဒီ ဥကၠ႒ ဦးေပါက္ယူခ်န္းတို႔ ဆိုရင္လည္း အသက္အရြယ္လည္းၾကီးလာၿပီ က်န္းမာေရးအေနအထားတို႔ဘာတို႔ ဒီအေပၚမွာပဲလို႔ ထင္ပါတယ္။”

တခ်ိန္တည္းမွာ ဝ တပ္ဖြဲ႔ အေနနဲ႔ အစိုးရပါတီ NLD ရဲ႕ ေရြးေကာက္ပြဲ ေအာင္ပြဲကို အဂၤါေန႔က ၀မ္းေျမာက္ေၾကာင္း ဂုဏ္ျပဳစာ ပို႔လိုက္တာနဲ႔ တရုတ္အစိုးရကလည္း အလားတူ စာပို႔လိုက္ခ်ိန္မွာ ဒီခရီးစဥ္ျဖစ္လာတာက ထူးျခားမႈ ရွိတာပါလားလို႔ ေမးရာမွာ ဦးညီရမ္းကေတာ့

“ဒါကေတာ့ တိုက္ဆိုင္မႈပါပဲ။ ဒီရက္ပိုင္းေတြပဲ ထုတ္ေနၾကဆိုေတာ၊့ ဒါက တိုက္ဆိုင္မႈပါ။ က်ေနာ္ မွတ္မိသေလာက္ဆိုရင္ေတာ့ အရင္တုန္းက ေရြးေကာက္ခံရတဲ့ NLD ကိုလည္း က်ေနာ္တို႔ ၀မ္းေျမာက္ဂုဏ္ျပဳ သ၀ဏ္လႊာေပးပို႔ခဲ့တာပဲ။ ဒါက ျပည္သူတရပ္လံုးက ေရြးေကာက္တင္ေျမာက္ခဲ့တဲ့ ပါတီ၊ ေခါင္းေဆာင္ဆိုရင္လည္း က်ေနာ္တို႔ ေခါင္းေဆာင္လို႔ပဲ မွတ္ယူပါတယ္။”

တခ်ိန္တည္းမွာ ဦးညိဳအုန္းျမင့္ကလည္း AA ရခိုင့္တပ္မေတာ္ရဲ႕ ရခိုင္ျပည္နယ္မွာ လံုၿခံဳေရးေၾကာင့္ ေရြးေကာက္ပြဲ မလုပ္ႏိုင္ခဲ့တဲ့ေနရာေတြမွာ ျပန္လုပ္ေပးေရး ေတာင္းဆိုခ်က္ကို တပ္မေတာ္ဘက္က ႀကိဳဆိုလိုက္ၿပီး ပူးေပါင္း ေဆာင္ရြက္ဖို႔ ျဖစ္လာတဲ့ အေနအထားမွာ UWSA ဝ တပ္ဖဲြ႕အတြက္လည္း ဒီခရီးစဥ္က ရွင္းျပဖို႔ ရည္ရြယ္ပံုရတယ္လို႔ ဆိုပါတယ္။

“တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အေနနဲ႔ AA ဘက္က ေၾကညာတဲ့အေပၚမွာ ျပန္ၿပီးေတာ့ အဓိကေတာ့ ေရြးေကာက္ပြဲ။ အဲဒီအတြက္ေၾကာင့္ UWSA အေနနဲ႔ ဒီအေပၚမွာ သိလည္းသိခ်င္မယ္လို႔ က်ေနာ္ထင္ပါတယ္။ အဲဒီအတြက္ေၾကာင့္ ရခိုင္ျပည္နယ္မွာ လက္ရွိ ျဖစ္ေပၚတိုးတက္မႈေတြကို အဓိက ရွင္းျပခ်င္တယ္လို႔ က်ေနာ္ ထင္ပါတယ္။”

အခုလို တပ္မေတာ္ဘက္ကေန အရင္အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားတဲ့ AA ရခိုင္လက္နက္ကိုင္တပ္ရဲ႕ ေတာင္းဆိုခ်က္အေပၚ ႀကိဳဆိုလိုက္တဲ့အေပၚ ဦးညီရမ္းကလည္း ထပ္ၿပီး ႀကိဳဆိုလိုက္ပါတယ္။

“အၾကမ္းဖက္အဖြဲ႔လို႔ မသတ္မွတ္ပဲနဲ႔ေပါ့ေနာ္ ၊ ေဆြးေႏြးေဖာ္ ေဆြးေႏြးဖက္အေနနဲ႔ လက္ခံႏိုင္ရင္ေတာ့ ၊ တံခါးဖြင့္ေပးႏိုင္ရင္ေတာ့ တိုးတက္တဲ့ အခင္းအက်င္းေတြ က်ေနာ္တို႔လည္း ျဖစ္ေစခ်င္တာေပါ့ေနာ္။”

ဒါေပမဲ့ NLD ပါတီက ႏို၀င္ဘာ ၁၈ ရက္ေန႔ ထုတ္ျပန္တဲ့ေၾကညာခ်က္ထဲမွာေတာ့ AA အဖြဲ႕ကို အၾကမ္းဖက္ေသာင္းက်န္းအဖြဲ႕လို႔ဘဲ ေခၚေဝၚသံုးစြဲထားတာကုိေတြ႕ရပါတယ္။

ဦးညီရမ္းကပဲ အခုေနာက္ဆံုးျဖစ္လာတဲ့ တပ္ဘက္က ႀကိဳဆိုမ၊ႈ ပူးေပါင္းေဆာင္ရြက္မႈေတြကေန တဆင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔ေတြ အားလံုးပါ၀င္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ျဖစ္ေပၚလာေရး ဝ တပ္ဖြဲ႔အေနနဲ႔လည္း ၾကားထဲက ကူညီဖို႔ ေမွ်ာ္လင့္ထားတယ္ဆိုၿပီး ဦးညိဳအုန္းျမင့္ကလည္း အခုလို ျဖစ္လာရင္ တရုတ္အစိုးရ ဘက္ကလည္း တည္ၿငိမ္ေရးအတြက္ ပိုပူးေပါင္းေဆာင္ရြက္ဖို႔ ရွိႏိုင္တယ္လို႔ သံုးသပ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

တပ်ချုပ်နဲ့ ၀ တပ်ဖွဲ့တို့တွေ့ဆုံခြင်းရဲ့ နောက်ကွယ်ကအကြောင်းရင်း

(Unicode)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်အနေနဲ့၊ ရွေးကောက်ပွဲအပြီး ပထမဆုံးခရီးစဉ်အဖြစ်၊ ရှမ်းပြည်နယ်က ရွေတြိဂံတိုင်းစစ်ဌာနချုပ်ကိုသွားပြီး၊ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွှတ်ရေးတပ်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့တဲ့အပေါ်၊ ဒီခရီးစဉ်ရဲ့ထူးခြားမူကို ဝတပ်ဖွဲ့ဆက်ဆံရေးတာဝန်ခံတွေနဲ့ သုံးသပ်သူတစ်ဦးကို ကိုဝင်းမင်းက မေးရာမှာ ဝ တပ်ဖွဲ့ရဲ့လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အခုလိုစရှင်းပြပါတယ်။

“ ဒီရွေးကောက်ပွဲပြီးတော့ ပထမအခေါက်လို့တော့ ပြောလို့ ရတာပေါ့နော်။ ဒီလိုပဲ တွေ့နေကြပါ။ တပ်မတော်ခေါင်းဆောင်ပိုင်းတွေနဲ့ COVID ကူးစက်တုန်းကပေါ့နော်၊ တွေ့လာတာဆိုရင်လည်း ဒီအခေါက်နဲ့ ဆိုရင်တော့ ၂ ကြိမ်၊ ၃ ကြိမ်ရှိပြီ။”

ဒါ့အပြင်အခုတွေ့ဆုံခဲ့တဲ့ ဝ အထူးဒေသ တောင်ပိုင်း စစ်ဒေသ (၁၇၁) ရဲ့ တာချီလိတ်ရုံး ဆက်ဆံရေးတာဝန်ခံ ဦးဆမ်းဘိမ်းကလည်း -

“ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ပြီးတော့ ဒါတွေလည်း အဓိက ပါရင်လည်း ပါတာပေါ့ဗျာ ၊ အဓိကတော့ သူက ကျနော်တို့ ဒေသဖွံ့ဖြိုးရေး လမ်းကြုံလို့လာရင်းနဲ့ အဲဒီဘက် ငြိမ်းချမ်းရေးအတွက် ဘာညာပေါ့ဗျာ ။ လမ်းကြုံရင်းနဲ့ ဒီဘက်မရောက်တာကြာတော့ မိုင်းဆက်ဘက်ပေါ့နော် COVID ရောဂါ ထိန်းချုပ်တာဘယ်လိုလည်း ဒါလောက်ဘဲ ကျနော်သိရတာပေါ့နော်။”

ဒါပေမယ့် အခုလို COVID ကူညီရေး အရင်စက်တင်ဘာလဆန်းတုန်းကလည်း ဝ တပ်ဖွဲ့နဲ့ မတွေ့ခင်နဲ့ တွေ့ပြီး ကရင်နဲ့ မိုင်းလားအဖွဲ့လို အခြားတိုင်းရင်းသားတပ်တွေနဲ့ မတွေ့တော့ပဲ ဒီတခေါက် မနေ့ကပဲ နေပြည်တော် ပြန်သွားခဲ့တဲ့အပေါ် ဒီ ခရီးစဉ် ထူးခြားမှုကို မေးရာမှာ မြန်မာ့ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့တဲ့ သုံးသပ်သူ ဦးညိုအုန်းမြင့်က

“အဓိကတော့ UWSA ခေါင်သူကြီးပေါ့နော် အဲဒီနေရာရဲ့ နိုင်ငံရေးအရရော ၊ စစ်ရေးအရရော အဓိက ဦးဆောင်တဲ့အဖွဲ့ကိုလည်း ရှင်းပြတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ တပ်မတော်ဘက်ကနေပြီးတော့ ဝ UWSA အဖွဲ့လို ကျန်တဲ့ တရုတ်မြန်မာနယ်စပ် ဘက်မှာ ရှိနေတဲ့ အဖွဲ့တွေအပေါ်မှာ ဒီ စိုးရိမ်စိတ်ပေါ့နော် ရွေးကောက်ပွဲ အပြီးမှာ NLD အစိုးရ အနိုင်ရရှိခဲ့တဲ့ အပြီးမှာ သူ့အနေနဲ့တော့ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို တပ်မတော်ရဲ့ ဝါဒကဘယ်လိုရှိတယ် ၊ တိုင်းပြည်ရဲ့ အခြေအနေ တရပ်အထိတော့ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို လျော့ချ ပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဒီနေရာမှာ အခုလို တပ်မတော် ထိပ်ဆုံးခေါင်းဆောင် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်နဲ့ ဝ ဘက်က တွေ့ခဲ့သူ ဦး ဦးညီကပ်ရဲ့ နိုင်ငံရေး အဆင့် အရေးပါမှုကို မေးရာမှာ ဦးညီရမ်းကပဲ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ခက်နေပုံကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ဒီ ဝ ပြည်နယ် တောင်ပိုင်း (၁၇၁) စစ်ဒေသ ရဲ့ ဒုတိယ နိုင်ငံရေးမှူးပေါ့နော် ။ အဲဒါဆိုရင်တော့ ကျနော်တို့ ဒီထက်မက အပြန်အလှန်တွေ့ဆုံဖို့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ COVID အတောအတွင်း ဆိုတော့လည်း သွားလာဖို့လည်း အဆင်မပြေဖြစ်တဲ့အခါကျတော့လေနော် ကျနော်တို့ ကတော့ အရင်ကတည်းက တပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ရော၊ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော ဒီလိုပဲ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေရှိနေပါတယ်။”

ဦးညိုအုန်းမြင့်ကလည်း ဝ တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အသက်အရွယ်ရလာပြီး ခရီးသွားခက်ချိန်ဖြစ်တာမို့ အခုလို တွေ့တာဖြစ်တယ်လို့ သုံးသပ်ပြပါတယ်။

“ဒီ ကျိုင်းတုံနဲ့ နီးတဲ့နေရာကတော့ ဝ တောင်ပိုင်းလို့လဲ ပြောလို့ရတာပေါ့နော်။ ဒီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ဆိုရင်လည်း အသက်အရွယ်လည်းကြီးလာပြီ ကျန်းမာရေးအနေအထားတို့ဘာတို့ ဒီအပေါ်မှာပဲလို့ ထင်ပါတယ်။”

တချိန်တည်းမှာ ဝ တပ်ဖွဲ့ အနေနဲ့ အစိုးရပါတီ NLD ရဲ့ ရွေးကောက်ပွဲ အောင်ပွဲကို အင်္ဂါနေ့က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစာ ပို့လိုက်တာနဲ့ တရုတ်အစိုးရကလည်း အလားတူ စာပို့လိုက်ချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာက ထူးခြားမှု ရှိတာပါလားလို့ မေးရာမှာ ဦးညီရမ်းကတော့

“ဒါကတော့ တိုက်ဆိုင်မှုပါပဲ။ ဒီရက်ပိုင်းတွေပဲ ထုတ်နေကြဆိုတော၊့ ဒါက တိုက်ဆိုင်မှုပါ။ ကျနော် မှတ်မိသလောက်ဆိုရင်တော့ အရင်တုန်းက ရွေးကောက်ခံရတဲ့ NLD ကိုလည်း ကျနော်တို့ ဝမ်းမြောက်ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့တာပဲ။ ဒါက ပြည်သူတရပ်လုံးက ရွေးကောက်တင်မြောက်ခဲ့တဲ့ ပါတီ၊ ခေါင်းဆောင်ဆိုရင်လည်း ကျနော်တို့ ခေါင်းဆောင်လို့ပဲ မှတ်ယူပါတယ်။”

တချိန်တည်းမှာ ဦးညိုအုန်းမြင့်ကလည်း AA ရခိုင့်တပ်မတော်ရဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တဲ့နေရာတွေမှာ ပြန်လုပ်ပေးရေး တောင်းဆိုချက်ကို တပ်မတော်ဘက်က ကြိုဆိုလိုက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်လာတဲ့ အနေအထားမှာ UWSA ဝ တပ်ဖွဲ့အတွက်လည်း ဒီခရီးစဉ်က ရှင်းပြဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ AA ဘက်က ကြေညာတဲ့အပေါ်မှာ ပြန်ပြီးတော့ အဓိကတော့ ရွေးကောက်ပွဲ။ အဲဒီအတွက်ကြောင့် UWSA အနေနဲ့ ဒီအပေါ်မှာ သိလည်းသိချင်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေကို အဓိက ရှင်းပြချင်တယ်လို့ ကျနော် ထင်ပါတယ်။”

အခုလို တပ်မတော်ဘက်ကနေ အရင်အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်တပ်ရဲ့ တောင်းဆိုချက်အပေါ် ကြိုဆိုလိုက်တဲ့အပေါ် ဦးညီရမ်းကလည်း ထပ်ပြီး ကြိုဆိုလိုက်ပါတယ်။

“အကြမ်းဖက်အဖွဲ့လို့ မသတ်မှတ်ပဲနဲ့ပေါ့နော် ၊ ဆွေးနွေးဖော် ဆွေးနွေးဖက်အနေနဲ့ လက်ခံနိုင်ရင်တော့ ၊ တံခါးဖွင့်ပေးနိုင်ရင်တော့ တိုးတက်တဲ့ အခင်းအကျင်းတွေ ကျနော်တို့လည်း ဖြစ်စေချင်တာပေါ့နော်။”

ဒါပေမဲ့ NLD ပါတီက နိုဝင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ AA အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းအဖွဲ့လို့ဘဲ ခေါ်ဝေါ်သုံးစွဲထားတာကိုတွေ့ရပါတယ်။

ဦးညီရမ်းကပဲ အခုနောက်ဆုံးဖြစ်လာတဲ့ တပ်ဘက်က ကြိုဆိုမ၊ှု ပူးပေါင်းဆောင်ရွက်မှုတွေကနေ တဆင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး ဝ တပ်ဖွဲ့အနေနဲ့လည်း ကြားထဲက ကူညီဖို့ မျှော်လင့်ထားတယ်ဆိုပြီး ဦးညိုအုန်းမြင့်ကလည်း အခုလို ဖြစ်လာရင် တရုတ်အစိုးရ ဘက်ကလည်း တည်ငြိမ်ရေးအတွက် ပိုပူးပေါင်းဆောင်ရွက်ဖို့ ရှိနိုင်တယ်လို့ သုံးသပ်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG