သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ Darjeeling လာလည္ဖုိ႔ အိႏၵိယႏုိင္ငံျခားေရးအတြင္း၀န္ဖိတ္ၾကား


အိႏၵိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး M M Naravane ၊ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla တို႔နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ေတြ႔ဆံု (ဓါတ္ပံု- Senior General Min Aung Hlaing)

(Zawgyi/Unicode)

ျမန္မာကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ အနာဂတ္ အိႏၵိယ ခ်စ္ၾကည္ေရး ခရီးစဥ္မွာ Darjeeling ၿမိဳ႕ကို မျဖစ္မေန အလည္အပတ္လာေရာက္ဖို႔ အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla က ဖိတ္ၾကားခဲ့ပါတယ္။

အိႏၵိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး M M Naravane နဲ႔ အတူ တနလၤာေန႔က ေနျပည္ေတာ္ကို ၂၄ နာရီၾကာလာေရာက္တဲ့ ခရီးစဥ္အတြင္ းႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla က ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ ေတြ႕ဆုံခ်ိန္Darjeeling ကထြက္တဲ့ နာမည္ႀကီး လက္ဖက္ရည္အထုပ္ ဗူးလက္ေဆာင္ေပးခဲ့တာပါ။ ဒါအျပင္ Darjeeling ဟာ သူ႔ရဲ႕ ဇာတိၿမိဳ႕ျဖစ္တယ္လို႔လည္း ႏိုင္ငံျခားေရးအတြင္း၀န္က ေျပာခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း Darjeeling ကထြက္တဲ့ လက္ဖက္ရည္ကို သူ႔အေနနဲ႔ ႀကိဳက္ႏွစ္သက္ေၾကာင္းနဲ႔ ႏွင္းဖုံးေနတဲ့ Kanchenjunga ေတာင္ရဲ႕ အထြတ္အထိပ္ အရိပ္က်ေနတဲ့ေတာင္ကုန္းကို အၿမဲလို သြားေရာက္လည္ပတ္ခ်င္ေနခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ Tamil Nadu လက္မႈပညာရွင္ေတြ ထြင္းထုထားတဲ့ Vitarka ဗုဒၶ႐ုပ္ပြားေတာ္ကိုလည္း အိႏၵိယ ထိပ္တန္းအရာရွိႏွစ္ဦးက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို လက္ေဆာင္ေပးခဲ့ပါတယ္။

အလားတူ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခ်ိန္မွာလည္းDarjeeling ကထြက္တဲ့ နာမည္ေက်ာ္လက္ဖက္ရည္ထုပ္ ဗူးလက္ေဆာင္ ေပးခဲ့ပါတယ္။ အိႏၵိယမွာ ႏွစ္ေပါင္းမ်ားစြာေနခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္အတြက္ Darjeeling လက္ဖက္ရည္နဲ႔ မစိမ္းဘူးလို႔ ဆိုပါတယ္။

အခု အိႏၵိယ ထိပ္တန္းအရာရွိႏွစ္ဦးရဲ႕ ျမန္မာခရီးစဥ္မွာ COVID-19 ေရာဂါကုသတဲ့ ေနရာမွာ အကူအညီေပးတဲ့အေနနဲ႔ ထိုးေဆး Remdesivir စုစုေပါင္း ၃၀၀၀ ကိုလြဲွေျပာင္း ေထာက္ပံ့ေပးခဲ့ၿပီး လိုအပ္မယ္ဆိုရင္ ေနာက္ထပ္ ကူညီဖို႔ရွိေၾကာင္းလည္း ကတိေပးခဲ့ပါတယ္။ ဒီႏွစ္ ဇန္နဝါရီလမွာ အိႏၵိယႏိုင္ငံျခားေရးအတြင္း၀န္ အသစ္ျဖစ္လာတဲ့ Harsh Vardhan Shringla အတြက္ ပထမဆုံးအႀကိမ္ ျမန္မာႏိုင္ငံခရီးစဥ္လည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Darjeeling လာလည်ဖို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဖိတ်ကြား

(Unicode)

မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် အိန္ဒိယ ချစ်ကြည်ရေး ခရီးစဉ်မှာ Darjeeling မြို့ကို မဖြစ်မနေ အလည်အပတ်လာရောက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ဖိတ်ကြားခဲ့ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အတူ တနင်္လာနေ့က နေပြည်တော်ကို ၂၄ နာရီကြာလာရောက်တဲ့ ခရီးစဉ်အတွင် းနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံချိန်Darjeeling ကထွက်တဲ့ နာမည်ကြီး လက်ဖက်ရည်အထုတ် ဘူးလက်ဆောင်ပေးခဲ့တာပါ။ ဒါအပြင် Darjeeling ဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးအတွင်းဝန်က ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း Darjeeling ကထွက်တဲ့ လက်ဖက်ရည်ကို သူ့အနေနဲ့ ကြိုက်နှစ်သက်ကြောင်းနဲ့ နှင်းဖုံးနေတဲ့ Kanchenjunga တောင်ရဲ့ အထွတ်အထိပ် အရိပ်ကျနေတဲ့တောင်ကုန်းကို အမြဲလို သွားရောက်လည်ပတ်ချင်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် Tamil Nadu လက်မှုပညာရှင်တွေ ထွင်းထုထားတဲ့ Vitarka ဗုဒ္ဓရုပ်ပွားတော်ကိုလည်း အိန္ဒိယ ထိပ်တန်းအရာရှိနှစ်ဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ဆောင်ပေးခဲ့ပါတယ်။

အလားတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာလည်းDarjeeling ကထွက်တဲ့ နာမည်ကျော်လက်ဖက်ရည်ထုတ်ဗူးလက်ဆောင် ပေးခဲ့ပါတယ်။ အိန္ဒိယမှာ နှစ်ပေါင်းများစွာနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် Darjeeling လက်ဖက်ရည်နဲ့ မစိမ်းဘူးလို့ ဆိုပါတယ်။

အခု အိန္ဒိယ ထိပ်တန်းအရာရှိနှစ်ဦးရဲ့ မြန်မာခရီးစဉ်မှာ COVID-19 ရောဂါကုသတဲ့ နေရာမှာ အကူအညီပေးတဲ့အနေနဲ့ ထိုးဆေး Remdesivir စုစုပေါင်း ၃၀၀၀ ကိုလွဲှပြောင်း ထောက်ပံ့ပေးခဲ့ပြီး လိုအပ်မယ်ဆိုရင် နောက်ထပ် ကူညီဖို့ရှိကြောင်းလည်း ကတိပေးခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အသစ်ဖြစ်လာတဲ့ Harsh Vardhan Shringla အတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။

XS
SM
MD
LG