သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ႏုိင္ငံျခားေရးအတြင္းဝန္တုိ႔ တနဂၤေႏြေန႔ ျမန္မာျပည္ေရာက္မည္


အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla.

(Zawgyi / Unicode)

အိႏၵိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး M M Naravane နဲ႔ အိႏၵိယ ႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringla တို႔ဟာ တနဂၤေႏြနဲ႔ တနလၤာ ၂ ရက္ၾကာ ျမန္မာႏုိင္ငံ ေနျပည္ေတာ္ကို အလည္အပတ္ လာေရာက္ၾကမွာ ျဖစ္ပါတယ္။

အိႏၵိယနဲ႔ တ႐ုတ္ၾကား ႏွစ္ႏို္င္ငံနယ္စပ္ Ladakh ေဒသအတြက္ တင္းမာမႈျဖစ္ေနခ်ိန္မွာ အင္အားႀကီးႏွစ္ႏိုင္ငံၾကားရွိတဲ့ ျမန္မာႏုိင္ငံကို အိႏၵိယရဲ႕ အဆင့္ျမင့္ ေခါင္းေဆာင္ႏွစ္ဦး လာေရာက္လည္ပတ္တာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေရးအတြင္းဝန္ Shringla နဲ႔ ဗိုလ္ခ်ဳပ္ႀကီး Naravane တို႔ရဲ႕ ခရီးစဥ္အတြင္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံမွာ ျဖစ္သလို အိႏၵိယ ေခါင္းေဆာင္ႏွစ္ဦး ျမန္မာႏိုင္ငံက ျပန္ထြက္မလာခင္ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔လည္း သီးသန္႔ေတြ႔ဆုံဖို႔ ရွိတယ္လို႔ စေနေန႔ ထုတ္ျပန္တဲ့ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာေခါင္းေဆာင္တခ်ဳိ႕ အဆုိအရ နယ္စပ္ တုိင္းရင္းသား လက္နက္ကိုင္တပ္ဖဲြ႔ေတြ လက္ထဲကို တ႐ုတ္လက္နက္ေတြ ပ့ံပိုး ဝင္လာေနတာအတြက္ ျမန္မာနဲ႔ တ႐ုတ္ၾကား ဆက္ဆံေရး စိတ္ကသိကေအာက္ ျဖစ္ေနရခ်ိန္မွာ အိႏၵိယက သူ႔ရဲ႕ အဆင့္ျမင့္ကုိယ္စားလွယ္အဖဲြ႔ကို အခုလို ေစလႊတ္လိုက္တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အိႏၵိယစစ္ဦးစီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးအတြင္းဝန္တို႔ရဲ႕ ခရီးစဥ္အတြင္း ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးကိစၥကို ထည့္သြင္း ေဆြးေႏြးၾကမွာ ျဖစ္သလုိ ပါကစၥတန္အေျခစိုက္ အၾကမ္းဖက္အုပ္စုေတြက ဘဂၤလားေဒ့ရွ္နယ္စပ္ ဒုကၡသည္စခန္းမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြကို ဝင္ေရာက္စည္း႐ုံးၿပီး ေဒသတြင္းကို လုံၿခဳံေရးအရ ၿခိမ္းေျခာက္လာေနတဲ့ ကိစၥကိုလည္း ေဆြးေႏြးဖြယ္ ရွိတယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း နယူးေဒလီ သံတမန္ရပ္ကြက္ကို ကိုးကားၿပီး အိႏၵိယကလာတဲ့ သတင္းေတြမွာ ေဖာ္ျပပါတယ္။

အိႏၵိယ-တ႐ုတ္ နယ္စပ္ၾကား ၅ လၾကာ တင္းမာမႈက ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးကို အနိမ့္ဆုံးအဆင့္ ေရာက္သြားေစခဲ့သလို ေတာင္အာရွနဲ႔ အိႏၵိယသမုဒၵရာထဲက ႏိုင္ငံေတြအေပၚ ႏိုင္ငံေရးၾသဇာ လႊမ္းမိုးႏိုင္ဖုိ႔ အိႏၵိယ-တ႐ုတ္ ႏွစ္ႏိုင္ငံရဲ႕ အၿပဳိင္အဆုိင္ ခ်ဥ္းကပ္မႈကုိ ပိုျဖစ္လာေစပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အိန္ဒိယကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့ တနင်္ဂနွေနေ့ မြန်မာပြည်ရောက်မည်

အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla တို့ဟာ တနင်္ဂနွေနဲ့ တနင်္လာ ၂ ရက်ကြာ မြန်မာနိုင်ငံ နေပြည်တော်ကို အလည်အပတ် လာရောက်ကြမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြား နှစ်နိုင်ငံနယ်စပ် Ladakh ဒေသအတွက် တင်းမာမှုဖြစ်နေချိန်မှာ အင်အားကြီးနှစ်နိုင်ငံကြားရှိတဲ့ မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အဆင့်မြင့် ခေါင်းဆောင်နှစ်ဦး လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးအတွင်းဝန် Shringla နဲ့ ဗိုလ်ချုပ်ကြီး Naravane တို့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်သလို အိန္ဒိယ ခေါင်းဆောင်နှစ်ဦး မြန်မာနိုင်ငံက ပြန်ထွက်မလာခင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးသန့်တွေ့ဆုံဖို့ ရှိတယ်လို့ စနေနေ့ ထုတ်ပြန်တဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာခေါင်းဆောင်တချို့ အဆိုအရ နယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ လက်ထဲကို တရုတ်လက်နက်တွေ ပံ့ပိုး ဝင်လာနေတာအတွက် မြန်မာနဲ့ တရုတ်ကြား ဆက်ဆံရေး စိတ်ကသိကအောက် ဖြစ်နေရချိန်မှာ အိန္ဒိယက သူ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို အခုလို စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယစစ်ဦးစီးချုပ်နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့ရဲ့ ခရီးစဉ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စကို ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်သလို ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အုပ်စုတွေက ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာတွေကို ဝင်ရောက်စည်းရုံးပြီး ဒေသတွင်းကို လုံခြုံရေးအရ ခြိမ်းခြောက်လာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ မျှော်လင့်ရကြောင်း နယူးဒေလီ သံတမန်ရပ်ကွက်ကို ကိုးကားပြီး အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယ-တရုတ် နယ်စပ်ကြား ၅ လကြာ တင်းမာမှုက နှစ်နိုင်ငံကြား ဆက်ဆံရေးကို အနိမ့်ဆုံးအဆင့် ရောက်သွားစေခဲ့သလို တောင်အာရှနဲ့ အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတွေအပေါ် နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်ဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံရဲ့ အပြိုင်အဆိုင် ချဉ်းကပ်မှုကို ပိုဖြစ်လာစေပါတယ်။

XS
SM
MD
LG