သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-ျမန္မာ MOU ၃ ခု လက္မွတ္ထိုးမည္


သမၼတ ဦး၀င္းျမင့္ႏွင့္ သမၼတကေတာ္ ေဒၚခ်ိဳခ်ိဳတို႔ အိႏၵိယ ခရီးစဥ္ စတင္။ ဓာတ္ပံု (MOI)

အိႏၵိယနဲ႔ ျမန္မာ အၾကား နားလည္မႈစာခြၽန္လႊာ ၃ ခု လက္မွတ္ေရးထိုးဖို႔ အိႏၵိယအစိုးရအဖြဲ႕က သေဘာတူလိုက္ၾကၿပီျဖစ္ပါတယ္။

သေဘာတူညီမႈ ရရွိလိုက္တဲ့ က႑ ၃ ခုကေတာ့ တရားမဝင္ သစ္ေမွာင္ခိုကူးမႈ တားဆီး တိုက္ဖ်က္ေရး၊ က်ားနဲ႔ တျခား ေတာ႐ိုင္းတိရိစာၦန္ေတြ ထိန္းသိမ္း ေစာင့္ေရွာက္ေရး၊ ဓါတ္ဆီနဲ႔ဆိုင္တဲ့ ပစၥည္းေတြ ထုတ္လုပ္ေရးနဲ႔ ဆက္သြယ္ေရးက႑ေတြမွာ ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔ျဖစ္တယ္လို႔ အိႏၵိယျပန္ၾကားေရးဝန္ႀကီး Prakash Javadekar က သတင္းေထာက္ေတြကို ဗုဒၶဟူးေန႔က ေျပာပါတယ္။

အိႏၵိယႏိုင္ငံကို ၄ ရက္ၾကာ ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ရဲ႕ တရားဝင္ ခရီးစဥ္အတြင္း အခုလို နားလည္မႈ စာခြၽန္လႊာေတြကို လက္မွတ္ေရးထိုးတာလည္း ျဖစ္ပါတယ္။ ေတာ႐ိုင္းတိရိစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ ပတ္သက္လို႔ အိႏၵိယက ျမန္မာကို သင္တန္းပို႔ခ်ေပးသြားမယ္လို႔လည္း ဝန္ႀကီး Javadekar က ေျပာပါတယ္။

ဒီနားလည္မႈစာခြၽန္လႊာေတြကို လက္မွတ္ေရးထိုးျခင္း အားျဖင့္ အိႏၵိယနဲ႔ ျမန္မာအၾကားက ပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးတက္ ေကာင္းမြန္ေစမွာျဖစ္တယ္လို႔ အိႏၵိယ တာဝန္ရွိသူေတြက ေျပာပါတယ္။

အိႏၵိယ-ျမန္မာ MOU ၃ ခု လက္မွတ္ထိုးမည္
please wait

No media source currently available

0:00 0:00:46 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

အိန္ဒိယ-မြန်မာ MOU ၃ ခု လက်မှတ်ထိုးမည်

အိန္ဒိယနဲ့ မြန်မာ အကြား နားလည်မှုစာချွန်လွှာ ၃ ခု လက်မှတ်ရေးထိုးဖို့ အိန္ဒိယအစိုးရအဖွဲ့က သဘောတူလိုက်ကြပြီဖြစ်ပါတယ်။

သဘောတူညီမှု ရရှိလိုက်တဲ့ ကဏ္ဍ ၃ ခုကတော့ တရားမဝင် သစ်မှောင်ခိုကူးမှု တားဆီး တိုက်ဖျက်ရေး၊ ကျားနဲ့ တခြား တောရိုင်းတိရိစ္ဆာန်တွေ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဓါတ်ဆီနဲ့ဆိုင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ဖြစ်တယ်လို့ အိန္ဒိယပြန်ကြားရေးဝန်ကြီး Prakash Javadekar က သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ တရားဝင် ခရီးစဉ်အတွင်း အခုလို နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးတာလည်း ဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယက မြန်မာကို သင်တန်းပို့ချပေးသွားမယ်လို့လည်း ဝန်ကြီး Javadekar က ပြောပါတယ်။

ဒီနားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခြင်း အားဖြင့် အိန္ဒိယနဲ့ မြန်မာအကြားက ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက် ကောင်းမွန်စေမှာဖြစ်တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG