သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ ဦး၀င္းျမင့္ရဲ႕ အိႏၵိယခရီးစဥ္ ဘာေမွ်ာ္လင့္ႏိုင္မလဲ


သမၼတ ဦး၀င္းျမင့္ အိႏၵိယႏို္င္ငံသို႔ ဆိုက္ေရာက္ (MOI)

(Zawgyi/Unicode)

သမၼတဦးဝင္းျမင့္ရဲ႕ အိႏၵိယခရီးစဥ္ရလဒ္အျဖစ္ ျမန္မာႏုိင္ငံရဲ႕ အေနာက္ဘက္ လံုၿခံဳေရးမွာ အိႏၵိယဘက္က အကူအညီ အျပည့္အဝ ရႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးဆုိင္ရာ ျမန္မာအင္စတီက်ဳ (MIPS) ရဲ႕ အႀကီးတန္းသုေတသီ အမရာသီဟ က ေျပာပါတယ္။

ေဖေဖၚဝါရီလ ၂၆ ရက္၊ ဒီကေန႔ကေန ၂၉ ရက္ စေနေန႔အထိ ၄ ရက္ၾကာ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ အိႏၵိယႏိုင္ငံ ကို သမၼတဦးဝင္းျမင့္ သြားတာပါ။ တႏွစ္အတြင္းမွာ ဒုတိယအႀကိမ္ေျမာက္ အိႏၵိယခရီးစဥ္အေၾကာင္းကို မအင္ၾကင္းႏုိင္က ေမးျမန္းခဲ့ရာမွာ ဦး အမရာသီဟက အခုလို စေျပာပါတယ္။

ဦး အမရာသီဟ။ ။ ပထမအၾကိမ္သြားတုန္းက အခုလက္ရွိ မိုဒီ အာဏာရတဲ့အခ်ိန္မွာ တခါေပါ့။ အခုအခါမွာေတာ့ မိုဒီရဲ႕ ဖိတ္ေခၚခ်က္ အရ သြားတယ္လို႔ တရား၀င္ စာထုတ္ထားပါတယ္။

ဒီေတာ့ ဖိတ္ေခၚခ်က္အရဆိုေပမယ့္ အိႏိၵယ ႏိုင္ငံမွာ သမၼတ Xi လာၿပီးတဲ့ ေနာက္ပိုင္းမွာ ဖိတ္ေခၚတယ္လို႔ ၾကားသိရတဲ့အတြက္ အိႏိၵယ ျမန္မာ ဆက္ဆံေရးကို အဆင့္ျမွင့္ဖို႔ေပါ့ ။ မဟာဗ်ဴဟာအဆင့္မွာ အိႏိၵယနဲ႔ ျမန္မာႏိုင္ငံ ႏွစ္ဖက္ ဆက္ဆံေရးကို ျပန္ၿပီးအဆင့္ျမင့္ဖို႔ ၿပီးေတာ့ ျမန္မာႏိုင္ငံက မတ္လနဲ႔ ဧၿပီလထဲမွာ သြားႏိုင္ေျခရွိတဲ့ US ခရီးစဥ္ မတိုင္မီ ျမန္မာႏိုင္ငံနဲ႔ အိႏိၵယႏိုင္ငံ ၾကားထဲမွ တဆင့္ အိႏိၵယႏိုင္ငံ က US နဲ႔ ဆက္သြယ္မႈ တိုးျမွင့္ေပးဖို႔အတြက္ စတဲ့ ရည္ရြယ္ခ်က္ေတြ ရွိမယ္လို႔ ထင္ပါတယ္။

မအင္ၾကင္းႏုိင္။ ။ ဒီခရီးစဥ္မွာ မဟာဗ်ဴဟာေျမာက္ ခရီးစဥ္လို႔ သံုးသပ္ခ်က္ေတြရွိပါတယ္။ အထူးသျဖင့္ တရုတ္နဲ႔ ခ်ိန္ခြင္လ်ာ ထိန္းညိွဖို႔ ဆိုတဲ့ကိစၥကေရာ ဘယ္ေလာက္ထိ ထိေရာက္မႈ ရွိမလဲရွင့္။

ဦး အမရာသီဟ။ ။ တရုတ္-အိႏိၵယ- ျမန္မာႏို္င္ငံတို႔ ဆက္ဆံပံု တူညီမႈ မရွိဘူးေပါ့။ ဥပမာ တရုတ္ႏိုင္ငံက ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံတဲ့အခါမွာ စီးပြားေရးကို အေျခခံတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ၊ ၿပီးေတာ့ နယ္စပ္တေလွ်ာက္မွာရွိတဲ့ အင္အားစုေတြနဲ႔ ဒီ တဆင့္ခံ ဆက္သြယ္မႈေတြေၾကာင့္ တရုတ္- ျမန္မာဆက္ဆံမႈက ပံုစံတမ်ိဳးေပါ့ ။ အိႏိၵယနဲ႔ေတာ့ ျမန္မာက ကုန္သြယ္မႈ အဲေလာက္မရွိဘူး။ ဒါေပမယ့္ အိႏိၵယ- ျမန္မာႏို္င္ငံၾကားမွာ ထူးျခားတဲ့ အေလ့အထက ဘာလဲဆိုေတာ့ အိႏိၵယႏို္င္ငံ အစိုးရနဲ႔ တပ္မေတာ္က ျမန္မာႏိုင္ငံအစိုးရနဲ႔ ဆက္ဆံေရးရွိခဲ့တယ္ေပါ့။ ၿပီးေတာ့ အရင္အစိုးရ လက္ထက္တေလွ်ာက္မွာလည္း ျမန္မာ့တပ္မေတာ္ကို အဆင္ျမင့္တင္ဖို႔ သူတို႔ဘက္က အကူအညီေပးတာရွိတယ္။

ၿပီးေတာ့ အိႏိၵယႏိုင္ငံရဲ႕ လက္နက္ကိုင္တပ္တခ်ိဳ႕ေပါ့ ျပန္လည္ဖြဲ႔စည္းေပးတဲ့ အခ်ိန္မွာလည္း ကူညီေပးတယ္ဆိုတဲ့ ပံုစံမ်ိဳးေတြရွိတယ္။ တခ်ိန္တည္းမွာပဲ ျမန္မာ့တပ္မေတာ္ဟာ တရုတ္ႏိုင္ငံနဲ႔ အဆက္အဆံ အဲဒီေလာက္မေကာင္းေပမယ့္ အိႏိၵယႏိုင္ငံနဲ႔ အေတာ္ေလးေကာင္းတာရွိပါတယ္။ အိႏိၵယႏိုင္ငံ ရဲ႕ လက္နက္ေတြ၀ယ္ယူတာမ်ိဳး အိႏိၵယႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ အရာရွိသင္တန္းေတြ ေပးတာမ်ိဳး ၿပီးေတာ့ အိႏိၵယက ေရငုပ္သေဘာၤေတြ ၀ယ္တဲ့ကိစၥေတြမ်ိဳးမွာ ျမန္မာတပ္မေတာ္ကအိႏိၵယကို အေနာက္ကို ထိေတြ႔ဖို႔အတြက္ တံခါးေပါက္ပံုစံမ်ိဳးသံုးတယ္ဆိုတာမ်ိဳးရွိတဲ့အတြက္ ဒါက စီးပြားေရးအေျချပဳ မဟာဗ်ဴဟာ စဥ္းစားတာထက္စာရင္ ႏိုင္ငံေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ အတြက္ အဓိက ထားတယ္လို႔ ျမင္ပါတယ္။

မအင္ၾကင္းႏုိင္။ ။ အဲဒီေတာ့ ျမန္မာအေနနဲ႔ အိႏိၵယကို လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈမွာ ဘယ္ေလာက္အထိ အားကိုးလို႔ရမလဲ။

ဦး အမရာသီဟ။ ။ ျမန္မာ့တပ္မေတာ္က သူ႔ရဲ႕ standard army respond ကို အနည္းဆံုး ၅ ႏွစ္ေလာက္က စေျပာခဲ့တယ္။ ဒါေပမယ့္ standard army respond မွာ ဘာေတြပါသလဲဆိုေတာ့ အတိအက် ဘာမွ မသိေသးဘူး။ ဒါေပမယ့္ ကာခ်ဳပ္မိန္႔ခြန္းေတြၾကည့္တဲ့အခါမွာေတာ့ conventional army ေပါ့ သမာရိုးက်စစ္ကို ဆင္ႏြဲဖို႔အတြက္ စြမ္းရည္ျပည့္တဲ့ တပ္ကိုတည္ေဆာက္မယ္ဆိုတာမ်ိဳးရွိပါတယ္။ အဲဒါမ်ိဳးအတြက္ Training ေတြလုပ္ဖို႔ အိႏိၵယ တပ္မေတာ္က ျမန္မာနဲ႔ အနီးစပ္ဆံုး သေဘာမွာရွိတဲ့အတြက္ သူက လိုအပ္တဲ့ Training ေတြေပးတာတို႔ လိုအပ္တဲ့ လက္နက္၀ယ္ယူမႈေတြလည္းရွိမယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာ က်ေနာ္တို႔ ၾကည့္ရမွာကေတာ ့ ျမန္မာ့တပ္မေတာ္ဟာ တရုတ္ႏိုင္ငံနဲ႔ ပူးေပါင္းတဲ့အခါမွာ ေစ်းေပါေပါနဲ႔ လက္နက္ေတြ ရႏို္င္တယ္လို႔ ျဖစ္ေပမယ့္ ျမန္မာ့ တပ္မေတာ္ဟာ တရုတ္ႏိုင္ငံကို မွီခိုရမွာ ျဖစ္တဲ့အတြက္ အိႏိၵယဘက္ကို စၿပီးေတာ့ လက္နက္၀ယ္ယူဖို႔ ႀကိဳးစားတာေတြ ေတြ႔ရမွာျဖစ္ပါတယ္။ ခ်ိန္ခြင္လ်ာညိွဖို႔ ၊ မဟာဗ်ဴဟာအရနဲ႔ ျမန္မာႏိုင္ငံတပ္မေတာ္ အစိုးရဟာ အိႏိၵယကို ဆက္ဆံတာက တရုတ္လို မဟုတ္ပဲနဲ႔ အေနာက္ႏိုင္ငံတခုကို ဆက္သြယ္ဖို႔ ဒါမွမဟုတ္ လက္ရွိ တရုတ္အင္အားၾကီးထြား လာတာကို ထိန္းညိွ ေပးဖို႔ဆိုတာကို ေတြ႔ရပါတယ္။

မအင္ၾကင္းႏုိင္။ ။ ျမန္မာသမၼတ ဦး၀င္းျမင့္ ခရီးစဥ္က အိႏိၵယ ၀န္ႀကီးခ်ဳပ္ မိုဒီရဲ႕ ဖိတ္ေခၚခ်က္ အရ သြားတဲ့ ခရီးစဥ္မွာေရာ ရလဒ္ေတြက ဘာေတြျဖစ္လာမလဲရွင့္။

ဦး အမရာသီဟ။ ။ ၁ အခ်က္က က်ေနာ္တို႔က အိႏိၵယက က်ေနာ္တို႔ လံုၿခံဳေရးကို ဆက္ၿပီးေတာ့ အေထာက္အကူ ျပဳဖို႔အတြက္ေသာ္လည္းေကာင္း ၊ ဒီ ျမန္မာႏို္င္ငံ ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္အေရးမွာ အိႏိၵယရဲ႕ knowledge sharing ကို ေသာ္လည္းေကာင္း ဆက္ၿပီးေတာ့ သြားဖို႔ရွိလိမ့္မယ္။ ၿပီးေတာ့ လက္ရွိရပ္ေနတဲ့ ကုလားတန္စီမံကိန္း အဲဒါေတာ္ေတာ္ၾကာၿပီ အဲဒါကို ဆက္ၿပီးေတာ့ ဘယ္လိုဆက္ၿပီး ေရွ႕ဆက္သြားမလဲ ။ အခု ေလာေလာဆည္က ရခိုင္ပဋိပကၡနဲ႔ ပတ္သက္ၿပီးေတာ့ အဲဒါက ရပ္ေနတာေပါ့ ။ အဲဒါကို ဆက္ၿပီးေတာ့ ေရွ႕ဆက္သြားဖို႔ ၊ ေနာက္ၿပီး ခ်င္းျပည္နယ္မွာ လမ္းေဖာက္ဖို႔ကိစၥေပါ့ မီဇိုရမ္နဲ႔ ခ်င္းျပည္နယ္မွာ ဆက္ၿပီးေတာ့ ဖြံ႔ၿဖိဳးတိုးတက္ေရးကိစၥေတြ ေျပာမယ္ဆိုရင္လည္း မွန္ပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးဆုိင္ရာ ျမန္မာအင္စတီက်ဳ (MIPS) ရဲ႕ အႀကီးတန္းသုေတသီ အမရာသီဟ ကို မအင္ၾကင္းႏိုင္က ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


..............

သမ္မတ ဦးဝင်းမြင့်ရဲ့ အိန္ဒိယခရီးစဉ် ဘာမျှော်လင့်နိုင်မလဲ

(Unicode)

သမ္မတဦးဝင်းမြင့်ရဲ့ အိန္ဒိယခရီးစဉ်ရလာဒ်အဖြစ် မြန်မာနိုင်ငံရဲ့ အနောက်ဘက် လုံခြုံရေးမှာ အိန္ဒိယဘက်က အကူအညီ အပြည့်အဝ ရနိုင်ဖို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အကြီးတန်းသုတေသီ အမရာသီဟ က ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၂၆ ရက်၊ ဒီကနေ့ကနေ ၂၉ ရက် စနေနေ့အထိ ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ ကို သမ္မတဦးဝင်းမြင့် သွားတာပါ။ တနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် အိန္ဒိယခရီးစဉ်အကြောင်းကို မအင်ကြင်းနိုင်က မေးမြန်းခဲ့ရာမှာ ဦး အမရာသီဟက အခုလို စပြောပါတယ်။

ဦး အမရာသီဟ။ ။ ပထမအကြိမ်သွားတုန်းက အခုလက်ရှိ မိုဒီ အာဏာရတဲ့အချိန်မှာ တခါပေါ့။ အခုအခါမှာတော့ မိုဒီရဲ့ ဖိတ်ခေါ်ချက် အရ သွားတယ်လို့ တရားဝင် စာထုတ်ထားပါတယ်။ ဒီတော့ ဖိတ်ခေါ်ချက်အရဆိုပေမယ့် အိန္ဒိယ နိုင်ငံမှာ သမ္မတ Xi လာပြီးတဲ့ နောက်ပိုင်းမှာ ဖိတ်ခေါ်တယ်လို့ ကြားသိရတဲ့အတွက် အိန္ဒိယ မြန်မာ ဆက်ဆံရေးကို အဆင့်မြှင့်ဖို့ပေါ့ ။ မဟာဗျူဟာအဆင့်မှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်ဖက် ဆက်ဆံရေးကို ပြန်ပြီးအဆင့်မြင့်ဖို့ ပြီးတော့ မြန်မာနိုင်ငံက မတ်လနဲ့ ဧပြီလထဲမှာ သွားနိုင်ခြေရှိတဲ့ US ခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ကြားထဲမှ တဆင့် အိန္ဒိယနိုင်ငံ က US နဲ့ ဆက်သွယ်မှု တိုးမြှင့်ပေးဖို့အတွက် စတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဒီခရီးစဉ်မှာ မဟာဗျူဟာမြောက် ခရီးစဉ်လို့ သုံးသပ်ချက်တွေရှိပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ချိန်ခွင်လျာ ထိန်းညှိဖို့ ဆိုတဲ့ကိစ္စကရော ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲရှင့်။

ဦး အမရာသီဟ။ ။ တရုတ်-အိန္ဒိယ- မြန်မာနိုင်ငံတို့ ဆက်ဆံပုံ တူညီမှု မရှိဘူးပေါ့။ ဥပမာ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေးကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၊ ပြီးတော့ နယ်စပ်တလျှောက်မှာရှိတဲ့ အင်အားစုတွေနဲ့ ဒီ တဆင့်ခံ ဆက်သွယ်မှုတွေကြောင့် တရုတ်- မြန်မာဆက်ဆံမှုက ပုံစံတမျိုးပေါ့ ။ အိန္ဒိယနဲ့တော့ မြန်မာက ကုန်သွယ်မှု အဲလောက်မရှိဘူး။ ဒါပေမယ့် အိန္ဒိယ- မြန်မာနိုင်ငံကြားမှာ ထူးခြားတဲ့ အလေ့အထက ဘာလဲဆိုတော့ အိန္ဒိယနိုင်ငံ အစိုးရနဲ့ တပ်မတော်က မြန်မာနိုင်ငံအစိုးရနဲ့ ဆက်ဆံရေးရှိခဲ့တယ်ပေါ့။ ပြီးတော့ အရင်အစိုးရ လက်ထက်တလျှောက်မှာလည်း မြန်မာ့တပ်မတော်ကို အဆင်မြင့်တင်ဖို့ သူတို့ဘက်က အကူအညီပေးတာရှိတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံရဲ့ လက်နက်ကိုင်တပ်တချို့ပေါ့ ပြန်လည်ဖွဲ့စည်းပေးတဲ့အချိန်မှာလည်း ကူညီပေးတယ်ဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်ဟာ တရုတ်နိုင်ငံနဲ့ အဆက်အဆံ အဲဒီလောက်မကောင်းပေမယ့် အိန္ဒိယနိုင်ငံနဲ့ အတော်လေးကောင်းတာရှိပါတယ်။ အိန္ဒိယနိုင်ငံ ရဲ့ လက်နက်တွေဝယ်ယူတာမျိုး အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ အရာရှိသင်တန်းတွေ ပေးတာမျိုး ပြီးတော့ အိန္ဒိယက ရေငုပ်သဘောၤတွေ ဝယ်တဲ့ကိစ္စတွေမျိုးမှာ မြန်မာတပ်မတော်ကအိန္ဒိယကို အနောက်ကို ထိတွေ့ဖို့အတွက် တံခါးပေါက်ပုံစံမျိုးသုံးတယ်ဆိုတာမျိုးရှိတဲ့အတွက် ဒါက စီးပွားရေးအခြေပြု မဟာဗျူဟာ စဉ်းစားတာထက်စာရင် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် အဓိက ထားတယ်လို့ မြင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ မြန်မာအနေနဲ့ အိန္ဒိယကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ ဘယ်လောက်အထိ အားကိုးလို့ရမလဲ။

ဦး အမရာသီဟ။ ။ မြန်မာ့တပ်မတော်က သူ့ရဲ့ standard army respond ကို အနည်းဆုံး ၅ နှစ်လောက်က စပြောခဲ့တယ်။ ဒါပေမယ့် standard army respond မှာ ဘာတွေပါသလဲဆိုတော့ အတိအကျ ဘာမှ မသိသေးဘူး။ ဒါပေမယ့် ကာချုပ်မိန့်ခွန်းတွေကြည့်တဲ့အခါမှာတော့ conventional army ပေါ့ သမာရိုးကျစစ်ကို ဆင်နွဲဖို့အတွက် စွမ်းရည်ပြည့်တဲ့ တပ်ကိုတည်ဆောက်မယ်ဆိုတာမျိုးရှိပါတယ်။ အဲဒါမျိုးအတွက် Training တွေလုပ်ဖို့ အိန္ဒိယ တပ်မတော်က မြန်မာနဲ့ အနီးစပ်ဆုံး သဘောမှာရှိတဲ့အတွက် သူက လိုအပ်တဲ့ Training တွေပေးတာတို့ လိုအပ်တဲ့ လက်နက်ဝယ်ယူမှုတွေလည်းရှိမယ်။ ဒါပေမယ့် တချိန်တည်းမှာ ကျနော်တို့ ကြည့်ရမှာကတော့ မြန်မာ့တပ်မတော်ဟာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းတဲ့အခါမှာ ဈေးပေါပေါနဲ့ လက်နက်တွေ ရနိုင်တယ်လို့ ဖြစ်ပေမယ့် မြန်မာ့ တပ်မတော်ဟာ တရုတ်နိုင်ငံကို မှီခိုရမှာ ဖြစ်တဲ့အတွက် အိန္ဒိယဘက်ကို စပြီးတော့ လက်နက်ဝယ်ယူဖို့ ကြိုးစားတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ချိန်ခွင်လျာညှိဖို့ ၊ မဟာဗျူဟာအရနဲ့ မြန်မာနိုင်ငံတပ်မတော် အစိုးရဟာ အိန္ဒိယကို ဆက်ဆံတာက တရုတ်လို မဟုတ်ပဲနဲ့ အနောက်နိုင်ငံတခုကို ဆက်သွယ်ဖို့ ဒါမှမဟုတ် လက်ရှိ တရုတ်အင်အားကြီးထွား လာတာကို ထိန်းညှိ ပေးဖို့ဆိုတာကို တွေ့ရပါတယ်။

မအင်ကြင်းနိုင်။ ။ မြန်မာသမ္မတ ဦးဝင်းမြင့် ခရီးစဉ်က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ခေါ်ချက် အရ သွားတဲ့ ခရီးစဉ်မှာရော ရလဒ်တွေက ဘာတွေဖြစ်လာမလဲရှင့်။

ဦး အမရာသီဟ။ ။ ၁ အချက်က ကျနော်တို့က အိန္ဒိယက ကျနော်တို့ လုံခြုံရေးကို ဆက်ပြီးတော့ အထောက်အကူ ပြုဖို့အတွက်သော်လည်းကောင်း ၊ ဒီ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးမှာ အိန္ဒိယရဲ့ knowledge sharing ကို သော်လည်းကောင်း ဆက်ပြီးတော့ သွားဖို့ရှိလိမ့်မယ်။ ပြီးတော့ လက်ရှိရပ်နေတဲ့ ကုလားတန်စီမံကိန်း အဲဒါတော်တော်ကြာပြီ အဲဒါကို ဆက်ပြီးတော့ ဘယ်လိုဆက်ပြီး ရှေ့ဆက်သွားမလဲ ။ အခု လောလောဆည်က ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ အဲဒါက ရပ်နေတာပေါ့ ။ အဲဒါကို ဆက်ပြီးတော့ ရှေ့ဆက်သွားဖို့ ၊ နောက်ပြီး ချင်းပြည်နယ်မှာ လမ်းဖောက်ဖို့ကိစ္စပေါ့ မီဇိုရမ်နဲ့ ချင်းပြည်နယ်မှာ ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ပြောမယ်ဆိုရင်လည်း မှန်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အကြီးတန်းသုတေသီ အမရာသီဟ ကို မအင်ကြင်းနိုင်က မေးမြန်းထားတာပါ။

XS
SM
MD
LG