သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံ ဟိန္ဒူ - မွတ်ဆလင် အဓိကရုဏ်း ၂၀ ထက်မနည်း သေဆုံး


အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြသူများ
အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြသူများ

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံံ New Delhi မြို့ မှာ အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ အနည်းဆုံး ၂၀ လောက် ရှိပါတယ်။

အိန္ဒိယနိုင်ငံံမှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်ဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ် ဆိုပြီး အငြင်းပွားမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်နေခဲ့တာပါ။

အင်္ဂါနေ့ကတော့ ဟိန္ဒူဘာသာဝင် ကန့်ကွက် ဆန္ဒပြသူတွေက New Delhi အရှေ့မြောက်ပိုင်းမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေအပြင် မူဆလင်ဘုရားကျောင်း တခုကိုလည်း မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။

အဓိကရုဏ်းအတွင်း အနည်းဆုံး အရပ်သား ၁၈၀ ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရကပြောပါတယ်။ အဓိကရုဏ်း ဖြစ်နေတဲ့ဒေသတွင်းက ကျောင်းတွေကိုလည်း အာဏာပိုင်တွေက ပိတ်ထားတာပါ။

ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူ ၁ ဦးကို ရဲကဖမ်းဆီးထားပြီး နောက်ထပ် ၂၀ လောက်ကိုတော့ စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ Press Trust of India သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေသစ်အရ အိမ်နီးချင်း နိုင်ငံတွေကနေ ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာသူတွေကို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့အထဲမှာ မွတ်ဆလင်တွေကိုတော့ ချန်လှပ်ထားတာကြောင့် ဆန္ဒပြပွဲတွေ အိန္ဒိယနိုင်ငံတဝှမ်း လနဲ့ချီ ပေါ်ပေါက်နေခဲ့တာပါ။

အမေရိကန်သမ္မတ Donald Trump အိန္ဒိယ နိုင်ငံ ခရီးစဉ် စတင်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အခု အကြမ်းဖက်မှုတွေ တဖန် ပြန်ပြီးတော့ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG