သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဆႏၵျပပြဲ ေသဆံုးသူ ၂၀ ေက်ာ္ၿပီ


နယူးေဒလီၿမိဳ႕တြင္ ဆႏၵျပသူမ်ားအား တားဆီးေနသည့္ အိႏၵိယရဲတပ္ဖြဲ႔ဝင္မ်ား။ (ဒီဇင္ဘာ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံ ေျမာက္ပိုင္းမွာ ရဲနဲ႔ ဆႏၵျပသူေတြၾကား စေနေန႔က အဓိက႐ုဏ္း ျဖစ္ခဲ့ၿပီး လူ ၉ ဦး ေသဆံုးခဲ့ရပါတယ္။

ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒသစ္ကို ဆန္႔က်င္ ဆႏၵျပမႈအတြင္း တႏုိင္ငံလံုး အတိုင္းအတာအရ ေသဆံုးသူ ၂၃ ဦး ရွိသြားၿပီလို႔လည္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒသစ္က မြတ္စလင္ေတြအေပၚ ခြဲျခားဆက္ဆံတယ္လို႔ ဆႏၵျပသူေတြက ေျပာဆိုၿပီး ဒီဥပေဒကို ဆန္႔က်င္ ဆႏၵျပမႈအတြင္း Uttar Pradesh ျပည္နယ္တြင္းမွာ စေနေန႔က ၉ ဦး ေသဆံုးခဲ့တာေၾကာင့္ ျပည္နယ္တြင္း ေသဆံုးသူ ၁၅ ဦး ရွိသြားၿပီလို႔လည္း ျပည္နယ္ရဲတပ္ဖြဲ႔ ေျပာခြင့္ရ Pravin Kumar က ေျပာပါတယ္။

ေသဆံုးသူ အမ်ားစုက လူငယ္ေတြ ျဖစ္တယ္လို႔လည္း ရဲတပ္ဖြဲ႔ ေျပာခြင့္ရက ေျပာပါတယ္။ တခ်ိဳ႕ကေတာ့ က်ည္သင့္ဒဏ္ရာေတြနဲ႔ ေသဆံုးတာျဖစ္ၿပီး ရဲတပ္ဖြဲ႔ဘက္က ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ ရတဲ့ဒဏ္ရာေတာ့ မဟုတ္ပါဘူး။ ရဲတပ္ဖြဲ႔ဘက္က မ်က္ရည္ယိုဗံုး တမ်ိဳးတည္းကိုပဲ အသံုးျပဳတယ္လုိ႔လည္း သူက ေျပာပါတယ္။

အိႏၵိယ ေျမာက္ပိုင္းၿမိဳ႕ေတြျဖစ္တဲ့ Rampur၊ Sambhal၊ Muzaffarnagar၊ Bijnore နဲ႔ Kanpur ၿမိဳ႕တို႔မွာလည္း ဆႏၵျပသူေတြ မေက်နပ္ခ်က္ေတြ ျပင္းထန္ခဲ့တာနဲ႔အတူ ကားတဒါဇင္ေလာက္ မီး႐ႈိ႕ခံခဲ့ရၿပီး ရဲစခန္းတခုလည္း မီး႐ႈိ႕ခံခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

အိႏၵိယရဲ႕ ႏုိင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒ ျပင္ဆင္ခ်က္က အိႏၵိယမွာ တရားမ၀င္ ျဖစ္ေနၾကတဲ့ ဟိႏၵဴ၊ ခရစ္ယာန္နဲ႔ ဘာသာေရးအရ လူနည္းစု ျဖစ္ရသူေတြကို ႏုိင္ငံသားျဖစ္ေရး ပိုၿပီး ျမန္ဆန္သြားေစမွာ ျဖစ္ေပမယ့္လည္း မြတ္စလင္ေတြ အတြက္ေတာ့ ခ်န္လွပ္ထားတာ ျဖစ္ပါတယ္။

------------------------------------

(Unicode)

အိန္ဒိယဆန္ဒပြပွဲ သေဆုံးသူ ၂၀ ကျော်ပြီ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား စနေနေ့က အဓိကရုဏ်း ဖြစ်ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ရပါတယ်။

နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်ကို ဆန့်ကျင် ဆန္ဒပြမှုအတွင်း တနိုင်ငံလုံး အတိုင်းအတာအရ သေဆုံးသူ ၂၃ ဦး ရှိသွားပြီလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်က မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပြီး ဒီဥပဒေကို ဆန့်ကျင် ဆန္ဒပြမှုအတွင်း Uttar Pradesh ပြည်နယ်တွင်းမှာ စနေနေ့က ၉ ဦး သေဆုံးခဲ့တာကြောင့် ပြည်နယ်တွင်း သေဆုံးသူ ၁၅ ဦး ရှိသွားပြီလို့လည်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရ Pravin Kumar က ပြောပါတယ်။

သေဆုံးသူ အများစုက လူငယ်တွေ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ တချို့ကတော့ ကျည်သင့်ဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ရတဲ့ဒဏ်ရာတော့ မဟုတ်ပါဘူး။

ရဲတပ်ဖွဲ့ဘက်က မျက်ရည်ယိုဗုံး တမျိုးတည်းကိုပဲ အသုံးပြုတယ်လို့လည်း သူက ပြောပါတယ်။
အိန္ဒိယ မြောက်ပိုင်းမြို့တွေဖြစ်တဲ့ Rampur၊ Sambhal၊ Muzaffarnagar၊ Bijnore နဲ့ Kanpur မြို့တို့မှာလည်း ဆန္ဒပြသူတွေ မကျေနပ်ချက်တွေ ပြင်းထန်ခဲ့တာနဲ့အတူ ကားတဒါဇင်လောက် မီးရှို့ခံခဲ့ရပြီး ရဲစခန်းတခုလည်း မီးရှို့ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

အိန္ဒိယရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်က အိန္ဒိယမှာ တရားမဝင် ဖြစ်နေကြတဲ့ ဟိန္ဒူ၊ ခရစ်ယာန်နဲ့ ဘာသာရေးအရ လူနည်းစု ဖြစ်ရသူတွေကို နိုင်ငံသားဖြစ်ရေး ပိုပြီး မြန်ဆန်သွားစေမှာ ဖြစ်ပေမယ့်လည်း မွတ်စလင်တွေ အတွက်တော့ ချန်လှပ်ထားတာ ဖြစ်ပါတယ်။

အိႏၵိယဆႏၵျပပြဲ ေသဆံုးသူ ၂၀ ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:26 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG