သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump နဲ႔ Narendra Modi အိႏၵိယလူထုနဲ႔ ေတြ႔ဆံု


Donald Trump နဲ႔ Narendra Modi အိႏၵိယလူထုနဲ႔ ေတြ႔ဆံု

(Zawgyi/Unicode)

အိႏၵိယႏုိင္ငံကုိ ၂ ရက္ၾကာ တရား၀င္ခရီးစဥ္အျဖစ္နဲ႔ ေရာက္ရွိေနတဲ့ အေမရိကန္သမၼတ Donald Trump ဟာ ပထမေန႔မွာဘဲ ေထာင္ေပါင္းမ်ားစြာေသာ ေဒသခံျပည္သူေတြကုိ Cricket အားကစားကြင္းအတြင္း မိန္႔ခြန္းေျပာၾကားတာ၊ ေဒၚလာ ၃ ဘီလီယံတန္ဖုိးရွိတဲ့ လက္နက္ေတြ ေရာင္းခ်မယ့္အေၾကာင္း သေဘာတူလုိက္တာေတြနဲ႔ အဆုံးသတ္လုိက္ပါၿပီ။ ဒီအေၾကာင္း ဗီြအုိေအ အိမ္ျဖဴေတာ္ သတင္းေထာက္ Patsy Widakuswara သတင္းေပးပုိ႔ထားတာကုိ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi က Namaste Trump ဆုိတဲ့ ေခါင္းစဥ္နဲ႔ ေပးထားတဲ့ ကတိအတုိင္း သမၼတ Donald Trump ကုိ ခရီးစဥ္ ပထမေန႔မွာ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြနဲ႔အတူ ႀကိဳဆုိခဲ့ပါတယ္။

“က်ေနာ္ ၀ါရွင္တန္မွာ သမၼတ Trump ပထမဆုံးအႀကိမ္ေတြ႔တုန္းက အိႏၵိယအတြက္ အေမရိကန္မွာ စစ္မွန္တဲ့ မိတ္ေဆြေကာင္းရွိပါတယ္လုိ႔ ေျပာခဲ့တာကုိ မွတ္မိပါတယ္။ သမၼတ Trump ဟာ အိႏၵိယအေပၚထားတဲ့ ထူးျခားတဲ့ ေမတၱာကုိ အၿမဲတမ္း ျပသခဲ့ပါတယ္။”

ေခါင္းေဆာင္ ၂ ေယာက္စလုံးက ႏွစ္ႏုိင္ငံဆက္ဆံေရး အေရးပါေၾကာင္း ေျပာခဲ့သလုိ တဦးကုိတဦးလည္း အျပန္အလွန္ ခ်ီးမြမ္းခဲ့ၾကပါတယ္။

“၀န္ႀကီးခ်ဳပ္ကုိ လူတုိင္း ခ်စ္ပါတယ္။ ဒါေပမယ့္ သူဟာ ျပတ္သားစြာ လုပ္ေဆာင္တတ္သူ ျဖစ္ပါတယ္။”

သမၼတ Trump နဲ႔ ေတြ႔ဆုံတဲ့ပြဲကုိေတာ့ ၀န္ႀကီးခ်ဳပ္ Modi ရဲ႕ျပည္နယ္ျဖစ္တဲ့ Gujarat မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး လူေပါင္း တသိန္းေက်ာ္ေလာက္ တက္ေရာက္ခဲ့တယ္လုိ႔ ခန္႔မွန္းၾကပါတယ္။

ေခါင္းေဆာင္ ၂ ဦးရဲ႕ ႏုိင္ငံေရးရပ္တည္ခ်က္နဲ႔ပတ္သက္လုိ႔ Hudson Institute က Aparna Pande က အခုလုိ သုံးသပ္ပါတယ္။

“ႏွစ္ေယာက္စလုံးက အမ်ဳိးသား၀ါဒီ၊ လူအမ်ားႀကိဳက္ လုိက္လုပ္သူေတြျဖစ္ပါတယ္။ သူတုိ႔အတြက္ကေတာ့ လူအမ်ားနဲ႔ ေတြ႔ခြင့္ရတဲ့ ခ်ီတက္ပြဲေတြကုိ ႀကိဳက္ႏွစ္သက္ၾကပါတယ္။”

သမၼတ Trump ကေတာ့ အေမရိကန္က Apache ရဟတ္ယာဥ္ ေဒၚလာ ၃ ဘီလီယံဖုိးနဲ႔ တျခား စစ္လက္နက္ေတြ အိႏၵိယကုိ ေရာင္းခ်မယ့္ သေဘာတူညီခ်က္ကုိ ေၾကညာခဲ့ေပမယ့္ ကုန္သြယ္ေရး သေဘာတူညီခ်က္ေတာ့ ေၾကညာခဲ့ျခင္း မရွိပါဘူး။

အိႏၵိယက သန္းေပါင္း ၂၀၀ ရွိတဲ့ မြတ္ဆလင္ေတြရဲ႕ အခြင့္အေရးကုိ ကန္႔သတ္တယ္လုိ႔ ေ၀ဖန္ ေျပာဆုိေနတဲ့ ဖြဲ႔စည္းပုံ ျပင္ဆင္မႈအေပၚ ကန္႔ကြက္ ဆႏၵျပပြဲေတြ ျဖစ္ေပၚေနခ်ိန္ သမၼတ Trump အိႏၵိယကုိ ေရာက္သြားတာ ျဖစ္ပါတယ္။ အဲဒီ စြပ္စြဲခ်က္ေတြကုိေတာ့ ၀န္ႀကီးခ်ဳပ္ Modi အစုိးရက ျငင္းထားပါတယ္။

အိႏၵိယဟာ လူမ်ဳိးစုံ၊ ဘာသာစုံ အတူယွဥ္တြဲေနထုိင္တဲ့ တုိင္းျပည္အျဖစ္ သမၼတ Trump က ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ားတုိ႔ႏုိင္ငံမွာ ဟိႏၶဴေတြ၊ မြတ္ဆလင္ေတြ၊ Sikhs ေတြ၊ ဂ်ိန္းေတြ ယွဥ္တြဲေနထုိင္ၿပီး ကုိယ္ယုံၾကည္ရာကုိ ကုိးကြယ္ေနၾကတဲ့ တုိင္းျပည္အျဖစ္ တကမၻာလုံးက ေလးစား အသိအမွတ္ျပဳၾကပါတယ္။”

ဒါဟာ ဖြဲ႔စည္းပုံျပဳျပင္ေရးအပါအ၀င္ အိႏၵိယနဲ႔ ပါကစၥတန္ ၂ ႏုိင္ငံစလုံးက ပုိင္ဆုိင္ေၾကာင္း အျငင္းပြားေနတဲ့ Kashmir ေဒသကိစၥေတြကုိ သမၼတ Trump အေနနဲ႔ အမ်ားဆုံး ေျပာဆုိျခင္းျဖစ္လိမ့္မယ္လုိ႔ Aparna Pande လုိ သုေတသီေတြက သုံးသပ္ပါတယ္။

“အိႏၵိယအေနနဲ႔ ဒီထက္ပုိၿပီး လုပ္ေပးဖုိ႔၊ ဖြဲ႔စည္းပုံမွာျပဌာန္းထားတဲ့အတုိင္း လူနည္းစုေတြရဲ႕ အခြင့္အေရးကုိ ကာကြယ္ေပးဖုိ႔တုိ႔ကုိ ႏုိင္ငံျခားေရးဌာနက ေျပာထားပါတယ္။ ဒါေပမယ့္ အေမရိကန္ အဆင့္ျမင့္ အရာရွိေတြက ႏုိင္ငံသားဥပေဒနဲ႔ လူ႔အခြင့္အေရးကိစၥ၊ Kashmir ကိစၥေတြကုိ မေျပာၾကပါဘူး။ အဲဒီကိစၥကေတာ့ ဒီအတုိင္းဘဲ ရွိေနမယ္ထင္ပါတယ္။”

သမၼတ Trump နဲ႔ ဇနီး Melania Trump တုိ႔ဟာ အိႏၵိယရဲ႕ လႊတ္လပ္ေရးဖခင္ႀကီး Mahatma Gandhi ရဲ႕အိမ္ကုိလည္း သြားခဲ့ၾကပါတယ္။

တခ်ိန္က New Jersey ျပည္နယ္၊ Atlantic ၿမိဳ႕မွာ Taj Mahal ဆုိတဲ့အမည္နဲ႔ ကာဆီႏုိ ေလာင္းကစားဟုိတယ္ ပုိင္ဆုိင္ခဲ့တဲ့ သမၼတ Trump ဟာ သူ႔ရဲ႕ ပထမေန႔ ခရီးစဥ္အတြင္း အိႏၵိယက ကမၻာေက်ာ္ Taj Mahal အေဆာက္အဦးအစစ္ကုိ သြားေရာက္ ၾကည့္ရႈခဲ့ပါတယ္။

Donald Trump နဲ႔ Narendra Modi အိႏၵိယလူထုနဲ႔ ေတြ႔ဆံု
please wait

No media source currently available

0:00 0:03:29 0:00
တိုက္႐ိုက္ လင့္ခ္


..............

Donald Trump နဲ့ Narendra Modi အိန္ဒိယလူထုနဲ့ တွေ့ဆုံ

(Unicode)

အိန္ဒိယနိုင်ငံကို ၂ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ပထမနေ့မှာဘဲ ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတွေကို Cricket အားကစားကွင်းအတွင်း မိန့်ခွန်းပြောကြားတာ၊ ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့်အကြောင်း သဘောတူလိုက်တာတွေနဲ့ အဆုံးသတ်လိုက်ပါပြီ။ ဒီအကြောင်း ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က Namaste Trump ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးထားတဲ့ ကတိအတိုင်း သမ္မတ Donald Trump ကို ခရီးစဉ် ပထမနေ့မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေနဲ့အတူ ကြိုဆိုခဲ့ပါတယ်။

“ကျနော် ဝါရှင်တန်မှာ သမ္မတ Trump ပထမဆုံးအကြိမ်တွေ့တုန်းက အိန္ဒိယအတွက် အမေရိကန်မှာ စစ်မှန်တဲ့ မိတ်ဆွေကောင်းရှိပါတယ်လို့ ပြောခဲ့တာကို မှတ်မိပါတယ်။ သမ္မတ Trump ဟာ အိန္ဒိယအပေါ်ထားတဲ့ ထူးခြားတဲ့ မေတ္တာကို အမြဲတမ်း ပြသခဲ့ပါတယ်။”

ခေါင်းဆောင် ၂ ယောက်စလုံးက နှစ်နိုင်ငံဆက်ဆံရေး အရေးပါကြောင်း ပြောခဲ့သလို တဦးကိုတဦးလည်း အပြန်အလှန် ချီးမွမ်းခဲ့ကြပါတယ်။

“ဝန်ကြီးချုပ်ကို လူတိုင်း ချစ်ပါတယ်။ ဒါပေမယ့် သူဟာ ပြတ်သားစွာ လုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။”

သမ္မတ Trump နဲ့ တွေ့ဆုံတဲ့ပွဲကိုတော့ ဝန်ကြီးချုပ် Modi ရဲ့ပြည်နယ်ဖြစ်တဲ့ Gujarat မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူပေါင်း တသိန်းကျော်လောက် တက်ရောက်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

ခေါင်းဆောင် ၂ ဦးရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ပတ်သက်လို့ Hudson Institute က Aparna Pande က အခုလို သုံးသပ်ပါတယ်။

“နှစ်ယောက်စလုံးက အမျိုးသားဝါဒီ၊ လူအများကြိုက် လိုက်လုပ်သူတွေဖြစ်ပါတယ်။ သူတို့အတွက်ကတော့ လူအများနဲ့ တွေ့ခွင့်ရတဲ့ ချီတက်ပွဲတွေကို ကြိုက်နှစ်သက်ကြပါတယ်။”

သမ္မတ Trump ကတော့ အမေရိကန်က Apache ရဟတ်ယာဉ် ဒေါ်လာ ၃ ဘီလီယံဖိုးနဲ့ တခြား စစ်လက်နက်တွေ အိန္ဒိယကို ရောင်းချမယ့် သဘောတူညီချက်ကို ကြေညာခဲ့ပေမယ့် ကုန်သွယ်ရေး သဘောတူညီချက်တော့ ကြေညာခဲ့ခြင်း မရှိပါဘူး။

အိန္ဒိယက သန်းပေါင်း ၂၀၀ ရှိတဲ့ မွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကန့်သတ်တယ်လို့ ဝေဖန် ပြောဆိုနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုအပေါ် ကန့်ကွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေချိန် သမ္မတ Trump အိန္ဒိယကို ရောက်သွားတာ ဖြစ်ပါတယ်။ အဲဒီ စွပ်စွဲချက်တွေကိုတော့ ဝန်ကြီးချုပ် Modi အစိုးရက ငြင်းထားပါတယ်။

အိန္ဒိယဟာ လူမျိုးစုံ၊ ဘာသာစုံ အတူယှဉ်တွဲနေထိုင်တဲ့ တိုင်းပြည်အဖြစ် သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

“ခင်ဗျားတို့နိုင်ငံမှာ ဟိန္ဓူတွေ၊ မွတ်ဆလင်တွေ၊ Sikhs တွေ၊ ဂျိန်းတွေ ယှဉ်တွဲနေထိုင်ပြီး ကိုယ်ယုံကြည်ရာကို ကိုးကွယ်နေကြတဲ့ တိုင်းပြည်အဖြစ် တကမ္ဘာလုံးက လေးစား အသိအမှတ်ပြုကြပါတယ်။”

ဒါဟာ ဖွဲ့စည်းပုံပြုပြင်ရေးအပါအဝင် အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ Kashmir ဒေသကိစ္စတွေကို သမ္မတ Trump အနေနဲ့ အများဆုံး ပြောဆိုခြင်းဖြစ်လိမ့်မယ်လို့ Aparna Pande လို သုတေသီတွေက သုံးသပ်ပါတယ်။

“အိန္ဒိယအနေနဲ့ ဒီထက်ပိုပြီး လုပ်ပေးဖို့၊ ဖွဲ့စည်းပုံမှာပြဌာန်းထားတဲ့အတိုင်း လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့တို့ကို နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ ဒါပေမယ့် အမေရိကန် အဆင့်မြင့် အရာရှိတွေက နိုင်ငံသားဥပဒေနဲ့ လူ့အခွင့်အရေးကိစ္စ၊ Kashmir ကိစ္စတွေကို မပြောကြပါဘူး။ အဲဒီကိစ္စကတော့ ဒီအတိုင်းဘဲ ရှိနေမယ်ထင်ပါတယ်။”

သမ္မတ Trump နဲ့ ဇနီး Melania Trump တို့ဟာ အိန္ဒိယရဲ့ လွှတ်လပ်ရေးဖခင်ကြီး Mahatma Gandhi ရဲ့အိမ်ကိုလည်း သွားခဲ့ကြပါတယ်။

တချိန်က New Jersey ပြည်နယ်၊ Atlantic မြို့မှာ Taj Mahal ဆိုတဲ့အမည်နဲ့ ကာဆီနို လောင်းကစားဟိုတယ် ပိုင်ဆိုင်ခဲ့တဲ့ သမ္မတ Trump ဟာ သူ့ရဲ့ ပထမနေ့ ခရီးစဉ်အတွင်း အိန္ဒိယက ကမ္ဘာကျော် Taj Mahal အဆောက်အဦးအစစ်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

XS
SM
MD
LG