[Zawgyi/Unicode]
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္မွာ ေရာက္ေနတဲ့ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိ္င္ဟာ အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath singh နဲ႔ ဇြန္လ ၂၄ ရက္ေန႔က ေတြ႕ဆုံခဲ့တယ္လုိ႔ နယူးေဒလီအေျခစိုက္ ANI သတင္းဌာနရဲ႕အြန္လိုင္း သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။
ေတြ႔ဆံုပြဲအတြင္း ဘာေတြေဆြးေႏြးတယ္ဆုိတာကိုေတာ့ သတင္းမွာ ေျပာမထားပါဘူး။
႐ုရွားသမၼတ Vladimir Putin ဦးေဆာင္က်င္းပတဲ့ ၇၅ ႏွစ္ေျမာက္ ဒုတိယ ကမာၻစစ္ ေအာင္ပြဲေန႔ အထိမ္းအမွတ္ အခမ္းအနားအတြက္ သူတို႔ ႏွစ္ဦးစလံုး ေမာ္စကိုၿမိဳ႕ေတာ္မွာ ေရာက္ေနတာပါ။
ဇြန္လ ၂၃ ရက္ေန႔ကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ုရွား ဒုတိယ ကာကြယ္ေရးဝန္ႀကီး Colonel General Alexander V. Fomin နဲ႔ ေတြ႔ဆုံခဲ့ၿပီး ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာနက ခ်ီးျမႇင့္တဲ့ Strengthening the Military Commonwealth ဆိုတဲ့ ဂုဏ္ထူးေဆာင္တံဆိပ္ကို လက္ခံရယူခဲ့တယ္လို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕ဟာ ဇြန္လ ၂၄ ရက္ေန႔က က်င္းပတဲ့ ဆိုဗီယက္ ျပည္ေထာင္စုက နာဇီ ဂ်ာမနီကို အႏိုင္ယူ ေအာင္ပြဲခံခဲ့တဲ့ အထိမ္းအမွတ္ စစ္ေရးျပပြဲကိုလည္း ႏိုင္ငံေပါင္း ၂၀ က စစ္ဘက္ အရပ္ဘက္ ေခါင္းေဆာင္ေတြနဲ႔ အတူ တက္ေရာက္ခဲ့ပါတယ္။ ဒုတိယ ကမာၻစစ္အတြင္း နာဇီ ဂ်ာမနီကို ခုခံတိုက္ခိုက္တဲ့ တိုက္ပြဲေတြမွာ ဆိုဗီယက္ ျပည္သူ သန္း ၂၀ ေက်ာ္ အသက္ဆုံးရႈံးခဲ့ရတာပါ။
ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံက တပ္ဖြဲ႕ဝင္ ၁,၄၀၀ ေလာက္ ပါဝင္ဆင္ႏႊဲခဲ့တဲ့ ဒီအထိမ္းအမွတ္ပြဲကို ေမလ ၉ ရက္ေန႔မွာ က်င္းပဖို႔ ကနဦး စီစဥ္ထားတာ ျဖစ္ေပမဲ့ COVID-19 ကပ္ေရာဂါ က်ေရာက္ေနတဲ့အတြက္ အခုလို ဇြန္လေႏွာင္းပိုင္းမွ က်င္းပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီႏွစ္ အထိမ္းအမွတ္ပြဲကို လူခ်င္းခပ္ခြာခြာ ေနရမယ့္ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ က်င္းပခဲ့တာလို႔လည္း သိရပါတယ္။
ဒီအထိမ္းအမွတ္ပြဲ သြားတက္တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ကိုယ္စားလွယ္အဖြဲ႔ ျပန္ေရာက္လာတဲ့အခါ COVID-19 ဆိုင္ရာ ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြအတိုင္း လိုက္နာလုပ္ေဆာင္သြားမယ္လုိ႔ တပ္မေတာ္က ေျပာထားပါတယ္။
[Unicode Version]
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယကာကွယ်ရေးဝန်ကြီးနဲ့ မော်စကိုမှာ တွေ့ဆုံဆွေးနွေး
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ရောက်နေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath singh နဲ့ ဇွန်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနရဲ့အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲအတွင်း ဘာတွေဆွေးနွေးတယ်ဆိုတာကိုတော့ သတင်းမှာ ပြောမထားပါဘူး။
ရုရှားသမ္မတ Vladimir Putin ဦးဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် သူတို့ နှစ်ဦးစလုံး မော်စကိုမြို့တော်မှာ ရောက်နေတာပါ။
ဇွန်လ ၂၃ ရက်နေ့ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Colonel General Alexander V. Fomin နဲ့ တွေ့ဆုံခဲ့ပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ Strengthening the Military Commonwealth ဆိုတဲ့ ဂုဏ်ထူးဆောင်တံဆိပ်ကို လက်ခံရယူခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ဆိုဗီယက် ပြည်ထောင်စုက နာဇီ ဂျာမနီကို အနိုင်ယူ အောင်ပွဲခံခဲ့တဲ့ အထိမ်းအမှတ် စစ်ရေးပြပွဲကိုလည်း နိုင်ငံပေါင်း ၂၀ က စစ်ဘက် အရပ်ဘက် ခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ဆိုဗီယက် ပြည်သူ သန်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရတာပါ။
နိုင်ငံပေါင်း ၁၃ နိုင်ငံက တပ်ဖွဲ့ဝင် ၁,၄၀၀ လောက် ပါဝင်ဆင်နွှဲခဲ့တဲ့ ဒီအထိမ်းအမှတ်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပဖို့ ကနဦး စီစဉ်ထားတာ ဖြစ်ပေမဲ့ COVID-19 ကပ်ရောဂါ ကျရောက်နေတဲ့အတွက် အခုလို ဇွန်လနှောင်းပိုင်းမှ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် အထိမ်းအမှတ်ပွဲကို လူချင်းခပ်ခွာခွာ နေရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကျင်းပခဲ့တာလို့လည်း သိရပါတယ်။
ဒီအထိမ်းအမှတ်ပွဲ သွားတက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့ ပြန်ရောက်လာတဲ့အခါ COVID-19 ဆိုင်ရာ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာလုပ်ဆောင်သွားမယ်လို့ တပ်မတော်က ပြောထားပါတယ်။