သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ခ်ဴပ္၊ ဒုတပ္ခ်ဳပ္နဲ႔ ဗိုလ္ခ်ဳပ္ႏွစ္ဦး အေမရိကန္ဘ႑ာေရးဌာန ဒဏ္ခတ္အေရးယူ


အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ဆိုင္ရာ အခမ္းအနားတခုအတြင္း အတူေတြ႔ရသည့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ (ဝဲ) ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္မွဴဳးႀကီးစိုးဝင္း (ယာ)။ (ျမန္မာ အျပည္ျပည္ဆိုင္ရာ ကြန္ဗန္းရွင္း ဗဟိုဌာန၊ ေနျပည္ေတာ္) (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၁၈)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ဆုိးရြားလွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ အက်င့္ပ်က္ ျခစားမႈေတြအတြက္ တာဝန္ရွိတယ္ဆုိၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ တပ္မေတာ္အရာရွိႀကီးေလးဦးကို အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ဒဏ္ခတ္အေရးယူလိုက္ပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္း၊ အမွတ္ ၉၉ ေျခလ်င္တပ္မမွဴး ဗိုလ္ခ်ဳပ္သန္းဦးနဲ႔ အမွတ္ ၃၃ ေျခလ်င္တပ္မမွဴး ဗိုလ္ခ်ဳပ္ေအာင္ေအာင္တို႔ဟာ ရခိုင္ျပည္နယ္နဲ႔ တျခားတိုင္းရင္းသားေဒသေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ေတြအတြက္ တာဝန္ရွိတယ္ဆုိၿပီး Global Magnitsky Human Rights Accountability Act လုိ႔ေခၚတဲ့ ကမာၻလုံးဆုိင္ရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဥပေဒအရ ဒီဇင္ဘာလ ၁၀ ရက္၊ ႏုိင္ငံတကာလူ႔အခြင့္အေရးေန႔မွာ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဟာ ရခုိင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္အပါအ၀င္ ျမန္မာႏုိင္ငံတ၀န္းမွာရွိတဲဲ့ တုိင္းရင္းသားလူမ်ဳိးစုေတြအေပၚ ဆုိးရြားတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္ခဲ့တဲ့အတြက္ အခုလုိ ဒဏ္ခတ္ အေရးယူမႈ ခ်မွတ္လုိက္ျခင္းျဖစ္ေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ တည္တန္႔ခုိင္ျမဲၿပီး ၿငိမ္းခ်မ္း၊ သာယာ၀ေျပာတဲ့ ဒီမုိကေရစီစနစ္ ေပၚထြန္းလာေရးအတြက္ တပ္မေတာ္အေနနဲ႔ အဲဒီ က်ဴးလြန္မႈေတြနဲ႔ က်ဴးလြန္ထားသူေတြကုိ အျပစ္ေပး အေရးမယူဘဲထားတာကို ရပ္တန္႔ဖုိ႔ လုိအပ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာ့တပ္မေတာ္အေနနဲ႔ ျပစ္မႈက်ဴးလြန္ထားသူေတြကုိ အေရးမယူတဲ့ အစဥ္အလာကုိ ကုိင္တြယ္ေျဖရွင္းဖုိ႔ လုိအပ္တဲ့ အျပင္ ႏုိင္ငံတကာက အသိအမွတ္ျပဳ လက္ခံထားတဲ့ လူ႔အခြင့္အေရးေတြ ခ်ဳိးေဖာက္ေနတာကုိလည္း ရပ္တန္႔ဖုိ႔လုိအပ္ေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္အစုိးရအေနနဲ႔ ညႇဥ္းပန္းႏွိပ္စက္မႈ၊ ျပန္ေပးဆြဲမႈ၊ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ေစာ္ကားမႈ၊ အျပစ္မဲ့ျပည္သူေတြအေပၚ သတ္ျဖတ္မႈနဲ႔ လူမဆန္စြာ ႏွိပ္စက္မႈေတြကုိ လက္ခံမွာမဟုတ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုခ်မွတ္လုိက္တဲ့ ဒဏ္ခတ္အေရးယူမႈမွာ ပါ၀င္သူေတြအေနနဲ႔ အေမရိကန္ႏုိင္ငံအတြင္းမွာရွိတဲ့ သူတုိ႔ရဲ႕ပုိင္ဆုိင္မႈေတြ၊ ဒါမွမဟုတ္ သူတုိ႔အေနနဲ႔ အနည္းဆုံး ၅၀% ပုိင္ဆုိင္တဲ့ ဖက္စပ္လုပ္ငန္းနဲ႔ ပုိင္ဆုိင္မႈေတြ၊ အဲဒီပုိင္ဆုိင္မႈကုိ တျခားသူ တဦး တေယာက္ရဲ႕အမည္နဲ႔ လႊဲေျပာင္းေပးထားတဲ့ ပုိင္ဆုိင္မႈေတြအားလုံးကုိ OFAC လုိ႔ေခၚတဲ့ အေမရိကန္ ႏိုင္ငံရပ္ျခားေငြေၾကးနဲ႔ ပစၥည္းပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာဌာနကုိ သတင္းပုိ႔ၾကရမွာျဖစ္ၿပီး အဲဒီပုိင္ဆုိင္မႈေတြကုိ အေမရိကန္အစုိးရက ထိန္းခ်ဳပ္ လိုက္မွာျဖစ္ပါတယ္။

အခု ဒဏ္ခတ္အေရးယူခံရသူေတြနဲ႔ ဆက္သြယ္လုပ္ေဆာင္လုိသူ အေမရိကန္ႏုိင္ငံသား သုိ႔တည္းမဟုတ္ အေမရိကန္ကုမၸဏီ ေတြအေနနဲ႔ ႏိုင္ငံရပ္ျခား ေငြေၾကးနဲ႔ ပစၥည္းပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာဌာနရဲ႕ အထူးခြင့္ျပဳခ်က္ရမွ ဆက္သြယ္လုပ္ေဆာင္ခြင့္ ရၾကမွာျဖစ္ပါတယ္။

အခု ဒဏ္ခတ္အေရးယူခံရတဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္း၊ ဗိုလ္ခ်ဳပ္သန္းဦးနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ေအာင္တို႔ ၄ ဦးကုိ အေမရိကန္ ႏုိင္ငံျခားေရးဌာနက လည္း အခုႏွစ္ ဇူလုိင္လ ၁၆ ရက္ေန႔မွာ ဒီ Global Magnitsky Human Rights Accountability Act နဲ႔ပဲ ျပည္၀င္ခြင့္ဗီဇာ ပိတ္ပင္တဲ့ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ျပဌာန္းထားတဲ့ Global Magnitsky Human Rights Accountability Act ေခၚ ကမၻာလုံးဆုိင္ရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမွာ တာ၀န္ရွိသူေတြကို အေရးယူဒဏ္ခတ္တဲ့ ဥပေဒအရ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး က်ဴးလြန္ခ်ဳိးေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြျဖစ္တဲ့ စစ္ဆင္ေရးအထူးအဖဲြ႔မွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္ေက်ာ္ေဇာ၊ ဘူးသီး ေတာင္အေျခစိုက္ အမွတ္ ၁၅ စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္မွဴး ဗိုလ္မွဴးခ်ဳပ္ခင္ေမာင္စိုး၊ နယ္ျခားေစာင့္တပ္ဖြဲ႔မွဴးအျဖစ္ ႀကီးၾကပ္ ကြပ္ကဲခဲ့တဲ့ ရဲမွဴးခ်ဳပ္ သူရစန္းလြင္၊ ေျချမန္တပ္မ ၉၉ နဲ႔ ၃၃ တို႔ကို အေမရိကန္အစိုးရက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လက ဒဏ္ခတ္ အေရးယူမႈ ခ်မွတ္ထားပါေသးတယ္။

ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔အတူ ပါကစၥတန္၊ လစ္ဗ်ား၊ ဆလုိဗက္ကီးယား၊ ကြန္ဂုိသမၼတႏုိင္ငံနဲ႔ ေတာင္ဆူဒန္ႏုိင္ငံေတြက လူပုဂၢဳိလ္ ၁၄ ဦးနဲ႔ အဖြဲ႔အစည္း ၆ ခုတုိ႔ကိုလည္း တေန႔ထဲမွာပဲ အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက တပါတည္း ဒဏ္ခတ္ အေရးယူလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------------------------------

(Unicode)

တပ်ချူပ်၊ ဒုတပ်ချုပ်နဲ့ ဗိုလ်ချုပ်နှစ်ဦး အမေရိကန်ဘဏ္ဍာရေးဌာန ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ဟာ ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် တာဝန်ရှိတယ်ဆိုပြီး Global Magnitsky Human Rights Accountability Act လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဥပဒေအရ ဒီဇင်ဘာလ ၁၀ ရက်၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာရှိတဲဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အခုလို ဒဏ်ခတ် အရေးယူမှု ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တည်တန့်ခိုင်မြဲပြီး ငြိမ်းချမ်း၊ သာယာဝပြောတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် တပ်မတော်အနေနဲ့ အဲဒီ ကျူးလွန်မှုတွေနဲ့ ကျူးလွန်ထားသူတွေကို အပြစ်ပေး အရေးမယူဘဲထားတာကို ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ပြစ်မှုကျူးလွန်ထားသူတွေကို အရေးမယူတဲ့ အစဉ်အလာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အပြင် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကိုလည်း ရပ်တန့်ဖို့လိုအပ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ အပြစ်မဲ့ပြည်သူတွေအပေါ် သတ်ဖြတ်မှုနဲ့ လူမဆန်စွာ နှိပ်စက်မှုတွေကို လက်ခံမှာမဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှုမှာ ပါဝင်သူတွေအနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ၊ ဒါမှမဟုတ် သူတို့အနေနဲ့ အနည်းဆုံး ၅၀% ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ၊ အဲဒီပိုင်ဆိုင်မှုကို တခြားသူ တဦး တယောက်ရဲ့အမည်နဲ့ လွှဲပြောင်းပေးထားတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို OFAC လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနကို သတင်းပို့ကြရမှာဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ် လိုက်မှာဖြစ်ပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရသူတွေနဲ့ ဆက်သွယ်လုပ်ဆောင်လိုသူ အမေရိကန်နိုင်ငံသား သို့တည်းမဟုတ် အမေရိကန်ကုမ္ပဏီ တွေအနေနဲ့ နိုင်ငံရပ်ခြား ငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနရဲ့ အထူးခွင့်ပြုချက်ရမှ ဆက်သွယ်လုပ်ဆောင်ခွင့် ရကြမှာဖြစ်ပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ၄ ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနက လည်း အခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဒီ Global Magnitsky Human Rights Accountability Act နဲ့ပဲ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြဌာန်းထားတဲ့ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေဖြစ်တဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ ဘူးသီး တောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးအဖြစ် ကြီးကြပ် ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်၊ ခြေမြန်တပ်မ ၉၉ နဲ့ ၃၃ တို့ကို အမေရိကန်အစိုးရက ၂၀၁၈ ခုနှစ် သြဂုတ်လက ဒဏ်ခတ် အရေးယူမှု ချမှတ်ထားပါသေးတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့အတူ ပါကစ္စတန်၊ လစ်ဗျား၊ ဆလိုဗက်ကီးယား၊ ကွန်ဂိုသမ္မတနိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေက လူပုဂ္ဂိုလ် ၁၄ ဦးနဲ့ အဖွဲ့အစည်း ၆ ခုတို့ကိုလည်း တနေ့ထဲမှာပဲ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တပါတည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

XS
SM
MD
LG