သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတပ္ခ်ဳပ္နဲ႔ ဒုတပ္ခ်ဳပ္ကုိ ၿဗိတိန္ စီးပြားေရးအရ ဒဏ္ခတ္ပိတ္ဆုိ႔မည္


တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္

(Zawgyi/Unicode)

လူ႔အခြင့္အေရး ခ်ိဳးေဖါက္က်ဴးလြန္တဲ့ စပြ္စြဲခ်က္နဲ႔ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒုတပ္ခ်ဳပ္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ကို ၿဗိတိန္အစိုးရက တနလၤာေန႔မွာ ဒဏ္ခတ္အေရးယူလိုက္တဲ့ အေၾကာင္းကို ကိုဉာဏ္ဝင္းေအာင္ က တင္ျပေပးမွာပါ။

ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာေတြအပါအဝင္ အျခားတိုင္းရင္းသားေဒသေတြမွာ ျမန္မာစစ္တပ္က က်ဴးလြန္ခဲ့တဲ့ လူအခြင့္အေရး ခ်ိဳးေဖါက္မႈေတြအတြက္ တာဝန္အရွိဆုံး ျမန္မာစစ္ေခါင္းေဆာင္ ႏွစ္ဦးျဖစ္တဲ့ ကာကြယ္ေရး ဦးစီခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဒုတပ္ခ်ဳပ္ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ကို ၿဗိတိန္အစိုးရက ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္ေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Dominic Raab က ဇူလိုင္(၆)ရက္ တနလၤာေန႔မွာ ေၾကညာသ ြားပါတယ္။

" ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာေတြအေပၚ လူမဆန္တဲ့ အၾကမ္းဖက္မႈေတြကို အစီအစဥ္တက်နဲ႔ က်ဳးလြန္ခဲ့တဲ့အတြက္ သူတို႔ကိုလည္း အခု အေရးယူဒဏ္ခတ္မႈမွာ ထည့္သြင္းပါတယ္" လို႔ ၿဗိတိန္ဝန္ႀကီးက ေျပာသ ြားတာပါ။

ျမန္မာ ထိပ္တန္းစစ္ေခါင္းေဆာင္ ႏွစ္ဦးကို ၿဗိတိန္အစိုးရက Magnitsky Act အရ အေရးယူလိုက္တာ ျဖစ္ပါတယ္။ စစ္တပ္ကေရာ ျမန္မာအစိုးရကပါ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

ၿဗိတိန္ႏိုင္ငံဟာ EU ဥေရာပသမဂၢ အဖဲြ႔၀င္ ျဖစ္ေနခ်ိန္တုန္းက EU တခုလုံးရဲ႕မူဝါဒအရ ျမန္မာစစ္တပ္နဲ႔ စစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ပိတ္ဆို႔ေရး အဆိုဟာ ရႈံးနိမ့္ခဲ့ရတာေၾကာင့္ အခုအခါ ၿဗိတိန္က EU ကေန ခြဲထြက္လာၿပီမို႔ ျမန္မာ စစ္ေခါင္းေဆာင္ေတြကို အခုလို အေရးယူလာတာျဖစ္တယ္လို႔ Burma Campaign UK ျမန္မာ့အေရး လႈပ္ရွားမႈအဖြဲ႔ ဒါ႐ိုက္တာ Mark Farmaner က VOA ျမန္မာပိုင္းကို ေျပာပါတယ္။ ဒါေပမဲ့ ၿဗိတိန္ရဲ႕ အခုပိတ္ဆို႔မႈဟာ ဟန္ျပသက္သက္သာ ျဖစ္တယ္လို႔ သူက ေ၀ဖန္လိုက္ပါတယ္။

" ၿဗိတိသွ်အစိုးရရဲ႕ ဆုံးျဖတ္ခ်က္က ဟန္ျပ အေရးယူ ပိတ္ဆို႔မႈသာျဖစ္ၿပီး လုံေလာက္တဲ့ အေရးယူမႈ မဟုတ္ပါဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ ဒီႏိုင္ငံကို အလည္အပတ္ခရီး လာေရာက္မွာ မဟုတ္သလို၊ ဒီႏိုင္ငံမွာ သူ႔စီးပြားေရးလုပ္ငန္းေတြလည္း မရွိပါဘူး။ သူ႔ ဘဏ္ေငြစာရင္းလည္း မရွိပါဘူး။ ဒါေၾကာင့္ ထိေရာက္မႈ မရွိႏိုင္ပါဘူး။ "

ျမန္မာစစ္တပ္ဟာ ႐ိုဟင္ဂ်ာေတြ အေပၚမွာသာမက တိုင္းရင္းသားေဒသေတြမွာပါ စစ္ရာဇဝတ္မႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ က်ဴးလြန္ေနဆဲ ျဖစ္တာေၾကာင့္ ဒါကို ထိေရာက္စြာ တားျမစ္ဖို႔လိုတယ္လို႔ Mark Farmaner ကေထာက္ျပပါတယ္။

" က်ေနာ္တို႔အေနနဲ႔ကေတာ့ ျမန္မာစစ္တပ္အေပၚ ျပင္းထန္တဲ့ ပိတ္ဆို႔ အေရးယူမႈမ်ိဳးကို ခ်မွတ္ေစခ်င္တာပါ။ ျမန္မာစစ္တပ္နဲ႔ ပတ္သက္သမွ် စီပြားေရးလုပ္ငန္း အားလုံးကို ပိတ္ဆို႔ဖို႔ လိုပါတယ္။ ဥပမာ- ျမန္မာစစ္တပ္ပိုင္ ဦးပိုင္လီမီတက္လိုဟာမ်ိဳး၊ MEC (ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း)၊ Mytel ၊ ျမန္မာဘီယာ စတဲ့လုပ္ငန္းေတြက ျမန္မာစစ္တပ္နဲ႔ ေခါင္းေဆာင္ေတြအတြက္ ဝင္ေငြ ရေနတာပါ။ ဒီဝင္ေငြေတြနဲ႔ ျမန္မာစစ္တပ္က လက္နက္သစ္ေတြ စုေဆာင္းၿပီး တိုင္းရင္းသားေဒသ စစ္ပြဲေတြမွာသုံးရင္း လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ ျဖစ္လာတာပါ။ "

ၿဗိတိသွ်အစိုးရက ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ အေရးယူပိတ္ဆို႔ ေပမယ့္ ၊ ၿဗိတိသွ်ကုမၸဏီေတြကေတာ့ ျမန္မာစစ္တပ္ပိုင္ လုပ္ငန္းေတြနဲ႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံမွာ စီးပြားေရး လုပ္ေနတာကိုေတာ့ မတားဆီးဘူးလို႔ Mark Farmaner ကေထာက္ျပ အျပစ္တင္ပါတယ္။ အဲဒီထဲမွာ ထင္ရွားတာက ရန္ကုန္ၿမိဳ႕က ျမန္မာစစ္တပ္ပိုင္ TMT ဆိပ္ကမ္းလည္ပတ္မႈမွာ Portia Management Services ဆိုတဲ့ ၿဗိတိန္ကုမၸဏီက အက်ိဳးတူလုပ္ခဲ့တာကို ေထာက္ျပပါတယ္။

Global Magnitsky Human Rights Accountability Act (Magnitsky Act) ဟာ ကမာၻလုံးဆိုင္ရာ ဥပဒေျဖစ္ၿပီး လူ႔အခငြ႕္အေရး ခ်ိဳးေဖာက္မႈမွာ တာဝန္ရွိသူေတြကို ဒဏ္ခတ္ပိတ္ဆို႔ အေရးယူတဲ့ ဥပဒေအျဖစ္ သမၼတ အိုဘားမားလက္ထက္ ၂၀၁၂ ဒီဇင္ဘာလက အေမရိကန္ ေအာက္လႊတ္ေတာ္မွာ ျပဌာန္းခဲ့တာျဖစ္ပါတယ္။

႐ုရွားအာဏာပိုင္ေတြရဲ႕ အခြန္ေရွာင္လြဲမႈကို ေဖၚထုတ္ခဲ့တဲ့ ေရွ႕ေန Sergei Magnitsky အက်ဥ္းေထာင္တြင္းမွာ ေသဆုံးခဲ့ရတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈအတြက္ ႐ုရွားအစိုးရ တာဝန္ရွိသူေတြကို အေရးယူဖို႔ ျပဌာန္းခဲ့ရာက ၂၀၁၆ မွာ ကမာၻလုံးဆိုင္ရာ ဥပေဒအျဖစ္ က်င့္သုံးလာၾကတာပါ။ Magnitsky Act ျပဌာန္းခ်က္အရ လူအခြင့္အေရးခ်ိဳးေဖါက္မႈ က်ဴးလြန္သူေတြရဲ႕ ပိုင္ဆိုင္မႈ၊ ဘဏ္စာရင္းေတြကို ထိန္းခ်ဳပ္တာ သိမ္းဆည္းတာေတြ လုပ္ပိုင္ခြင့္ရွိၿပီး ၊ အဲဒီလူေတြရဲ႕ ျပည္ဝင္ခြင့္ဗီဇာကို ပိတ္ပင္ထားမွာ ျဖစ္ပါတယ္။

၂၀၁၉ ဒီဇင္ဘာလတုန္းကလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ အမွတ္ ၉၉ ေျခလ်င္တပ္မမႉး ဗိုလ္ခ်ဳပ္သန္းဦးနဲ႔ အမွတ္ ၃၃ ေျခလ်င္တပ္မမႉး ဗိုလ္ခ်ဳပ္ ေအာင္ေအာင္တို႔ကို ရခိုင္ျပည္နယ္နဲ႔ တျခားတိုင္းရင္းသားေဒသေတြက လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ တာဝန္ရွိတယ္ဆိုၿပီး Magnitsky Act နဲ႔ အေမရိကန္အစိုးရက ဒဏ္ခတ္ အေရးယူမႈ ခ်မွတ္ထားပါတယ္။

အလားတူ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈမွာ တာဝန္ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ဆင္ေရး အထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာ၊ ဘူးသီးေတာင္ အေျခစိုက္ အမွတ္ ၁၅ စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္မႉး ဗိုလ္မႉးခ်ဳပ္ ခင္ေမာင္စိုး၊ နယ္ျခားေစာင့္ တပ္ဖြဲ႕မႉးအျဖစ္ ကြပ္ကဲခဲ့ရတဲ့ ရဲမႉးခ်ဳပ္ သူရစန္းလြင္ ၊ ေျချမန္တပ္မ ၉၉ နဲ႔ ၃၃ တို႔ကို Magnitsky Act အရ ၂၀၁၈ ၾသဂုတ္လမွာ အေမရိကန္အစိုးရက ဒဏ္ခတ္ အေရးယူခဲ့ပါတယ္။

ဇူလိုင္လ(၆)ရက္ တနလၤာေန႔တုန္းက Magnitsky Act နဲ႔ ၿဗိတိန္ႏိုင္ငံက ဒဏ္ခတ္ပိတ္ဆို႔တဲ့အထဲမွာ ျမန္မာစစ္ေခါင္းေဆာင္ ႏွစ္ဦးသာမက ႐ုရွား ၊ ေဆာ္ဒီ၊ ေျမာက္ကိုရီးယားႏိုင္ငံေတြက လူပုဂၢိဳလ္တဦးခ်င္းနဲ႔ အဖြဲ႕အစည္း အားလုံးစုစုေပါင္း ၄၉ ခု ပါဝင္တာျဖစ္ပါတယ္။ ႐ုရွားအာဏာပိုင္ေတြကိုေတာ့ ေရွ႕ေန Sergei Magnitsky ေသဆုံးခဲ့မႈမွာ ပတ္သက္ ဆက္ႏႊယ္မႈ အတြက္ အေရးယူတာျဖစ္ၿပီး ၊ ေဆာ္ဒီ ထိပ္တန္း ေထာက္လွမ္းေရးအရာရွိေတြကိုေတာ့ သတင္းေထာက္ Khashoggi ေသဆုံးခဲ့မႈမွာ ပါဝင္ခဲ့တဲ့အတြက္လို႔ အေကာင္းျပပါတယ္။ ေျမာက္ကိုရီးယား ႏိုင္ငံေတာ္ လုံၿခဳံေရးဗ်ဴ႐ိုနဲ႔ ျပည္သူ႔လုံၿခဳံေရး အက်ဥ္းဦးစီးဌာန ေတြကိုေတာ့ အက်ဥ္းစခန္းေတြဖြင့္ၿပီး အဓမၼ လုပ္အားခိုင္းေစမႈ ေတြေၾကာင့္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

မြန်မာတပ်ချုပ်နဲ့ ဒုတပ်ချုပ်ကို ဗြိတိန် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မည်

(Unicode)

လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်တဲ့ စပွ်စွဲချက်နဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက တနင်္လာနေ့မှာ ဒဏ်ခတ်အရေးယူလိုက်တဲ့ အကြောင်းကို ကိုဉာဏ်ဝင်းအောင် က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် အခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူအခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တာဝန်အရှိဆုံး မြန်မာစစ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဇူလိုင်(၆)ရက် တနင်္လာနေ့မှာ ကြေညာသ ွားပါတယ်။

" မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျနဲ့ ကျုးလွန်ခဲ့တဲ့အတွက် သူတို့ကိုလည်း အခု အရေးယူဒဏ်ခတ်မှုမှာ ထည့်သွင်းပါတယ်" လို့ ဗြိတိန်ဝန်ကြီးက ပြောသ ွားတာပါ။

မြန်မာ ထိပ်တန်းစစ်ခေါင်းဆောင် နှစ်ဦးကို ဗြိတိန်အစိုးရက Magnitsky Act အရ အရေးယူလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်ကရော မြန်မာအစိုးရကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ဗြိတိန်နိုင်ငံဟာ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် ဖြစ်နေချိန်တုန်းက EU တခုလုံးရဲ့မူဝါဒအရ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး အဆိုဟာ ရှုံးနိမ့်ခဲ့ရတာကြောင့် အခုအခါ ဗြိတိန်က EU ကနေ ခွဲထွက်လာပြီမို့ မြန်မာ စစ်ခေါင်းဆောင်တွေကို အခုလို အရေးယူလာတာဖြစ်တယ်လို့ Burma Campaign UK မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ Mark Farmaner က VOA မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမဲ့ ဗြိတိန်ရဲ့ အခုပိတ်ဆို့မှုဟာ ဟန်ပြသက်သက်သာ ဖြစ်တယ်လို့ သူက ဝေဖန်လိုက်ပါတယ်။

" ဗြိတိသျှအစိုးရရဲ့ ဆုံးဖြတ်ချက်က ဟန်ပြ အရေးယူ ပိတ်ဆို့မှုသာဖြစ်ပြီး လုံလောက်တဲ့ အရေးယူမှု မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဒီနိုင်ငံကို အလည်အပတ်ခရီး လာရောက်မှာ မဟုတ်သလို၊ ဒီနိုင်ငံမှာ သူ့စီးပွားရေးလုပ်ငန်းတွေလည်း မရှိပါဘူး။ သူ့ ဘဏ်ငွေစာရင်းလည်း မရှိပါဘူး။ ဒါကြောင့် ထိရောက်မှု မရှိနိုင်ပါဘူး။ "

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာသာမက တိုင်းရင်းသားဒေသတွေမှာပါ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေဆဲ ဖြစ်တာကြောင့် ဒါကို ထိရောက်စွာ တားမြစ်ဖို့လိုတယ်လို့ Mark Farmaner ကထောက်ပြပါတယ်။

" ကျနော်တို့အနေနဲ့ကတော့ မြန်မာစစ်တပ်အပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုမျိုးကို ချမှတ်စေချင်တာပါ။ မြန်မာစစ်တပ်နဲ့ ပတ်သက်သမျှ စီပွားရေးလုပ်ငန်း အားလုံးကို ပိတ်ဆို့ဖို့ လိုပါတယ်။ ဥပမာ- မြန်မာစစ်တပ်ပိုင် ဦးပိုင်လီမီတက်လိုဟာမျိုး၊ MEC (မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း)၊ Mytel ၊ မြန်မာဘီယာ စတဲ့လုပ်ငန်းတွေက မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေအတွက် ဝင်ငွေ ရနေတာပါ။ ဒီဝင်ငွေတွေနဲ့ မြန်မာစစ်တပ်က လက်နက်သစ်တွေ စုဆောင်းပြီး တိုင်းရင်းသားဒေသ စစ်ပွဲတွေမှာသုံးရင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်လာတာပါ။ "

ဗြိတိသျှအစိုးရက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့ ပေမယ့် ၊ ဗြိတိသျှကုမ္ပဏီတွေကတော့ မြန်မာစစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေတာကိုတော့ မတားဆီးဘူးလို့ Mark Farmaner ကထောက်ပြ အပြစ်တင်ပါတယ်။ အဲဒီထဲမှာ ထင်ရှားတာက ရန်ကုန်မြို့က မြန်မာစစ်တပ်ပိုင် TMT ဆိပ်ကမ်းလည်ပတ်မှုမှာ Portia Management Services ဆိုတဲ့ ဗြိတိန်ကုမ္ပဏီက အကျိုးတူလုပ်ခဲ့တာကို ထောက်ပြပါတယ်။

Global Magnitsky Human Rights Accountability Act (Magnitsky Act) ဟာ ကမ္ဘာလုံးဆိုင်ရာ ဥပဒဖြေစ်ပြီး လူ့အခငွ့်အရေး ချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ ဥပဒအေဖြစ် သမ္မတ အိုဘားမားလက်ထက် ၂၀၁၂ ဒီဇင်ဘာလက အမေရိကန် အောက်လွှတ်တော်မှာ ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ရုရှားအာဏာပိုင်တွေရဲ့ အခွန်ရှောင်လွဲမှုကို ဖေါ်ထုတ်ခဲ့တဲ့ ရှေ့နေ Sergei Magnitsky အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ရုရှားအစိုးရ တာဝန်ရှိသူတွေကို အရေးယူဖို့ ပြဌာန်းခဲ့ရာက ၂၀၁၆ မှာ ကမ္ဘာလုံးဆိုင်ရာ ဥပဒေအဖြစ် ကျင့်သုံးလာကြတာပါ။ Magnitsky Act ပြဌာန်းချက်အရ လူအခွင့်အရေးချိုးဖေါက်မှု ကျူးလွန်သူတွေရဲ့ ပိုင်ဆိုင်မှု၊ ဘဏ်စာရင်းတွေကို ထိန်းချုပ်တာ သိမ်းဆည်းတာတွေ လုပ်ပိုင်ခွင့်ရှိပြီး ၊ အဲဒီလူတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလတုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်သန်းဦးနဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ် အောင်အောင်တို့ကို ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး Magnitsky Act နဲ့ အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူမှု ချမှတ်ထားပါတယ်။

အလားတူ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် တပ်ဖွဲ့မှူးအဖြစ် ကွပ်ကဲခဲ့ရတဲ့ ရဲမှူးချုပ် သူရစန်းလွင် ၊ ခြေမြန်တပ်မ ၉၉ နဲ့ ၃၃ တို့ကို Magnitsky Act အရ ၂၀၁၈ သြဂုတ်လမှာ အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူခဲ့ပါတယ်။

ဇူလိုင်လ(၆)ရက် တနင်္လာနေ့တုန်းက Magnitsky Act နဲ့ ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့တဲ့အထဲမှာ မြန်မာစစ်ခေါင်းဆောင် နှစ်ဦးသာမက ရုရှား ၊ ဆော်ဒီ၊ မြောက်ကိုရီးယားနိုင်ငံတွေက လူပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့အစည်း အားလုံးစုစုပေါင်း ၄၉ ခု ပါဝင်တာဖြစ်ပါတယ်။ ရုရှားအာဏာပိုင်တွေကိုတော့ ရှေ့နေ Sergei Magnitsky သေဆုံးခဲ့မှုမှာ ပတ်သက် ဆက်နွှယ်မှု အတွက် အရေးယူတာဖြစ်ပြီး ၊ ဆော်ဒီ ထိပ်တန်း ထောက်လှမ်းရေးအရာရှိတွေကိုတော့ သတင်းထောက် Khashoggi သေဆုံးခဲ့မှုမှာ ပါဝင်ခဲ့တဲ့အတွက်လို့ အကောင်းပြပါတယ်။ မြောက်ကိုရီးယား နိုင်ငံတော် လုံခြုံရေးဗျူရိုနဲ့ ပြည်သူ့လုံခြုံရေး အကျဉ်းဦးစီးဌာန တွေကိုတော့ အကျဉ်းစခန်းတွေဖွင့်ပြီး အဓမ္မ လုပ်အားခိုင်းစေမှု တွေကြောင့် ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG