သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေရြးေကာက္ပြဲေတြက်င္းပဖို႔ ေဒသခံေတြေမ ွ်ာ္လင့္ေန


ရခိုင္ျပည္နယ္ မဲရံုတရံုမွာ ဆႏၵမဲေပးေနၾကသူမ်ား (ႏို၀င္ဘာလ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

လြတ္လပ္မွ်တဲ့ အေျခအေနမရွိဘူးဆိုၿပီးေတာ့ ေရြးေကာက္ပြဲေတြ က်င္းပခ်ိန္မွာ ခ်န္ထားခဲ့တဲ့ ရခိုင္ျပည္နယ္က ေနရာေတာ္ေတာ္မ်ားမ်ားမွာ အခုအခါ ျပန္လည္က်င္းပႏုိင္တဲ့ အေျခအေနမွာ ရွိေနၿပီလုိ႔ ေဒသခံႏုိင္ငံေရး အသုိင္းအ၀န္းက ေျပာဆုိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

ကပ္ေဘးနဲ႔ စစ္ေဘးဒဏ္ၾကား က်င္းပခဲ့တဲ့ ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြမွာ ခ်န္ထားခဲ့တဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၉ ခုနဲ႔ ေက်းရြာအုပ္စု တခ်ိဳ႕မွာ ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏုိင္တဲ့ အေျခအေနရွိတယ္လုိ႔ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာေနၾကတာပါ။

ေရြးေကာက္ပဲြ မက်င္းပႏုိင္ခဲ့တဲ့ ေနရာေတြမွာ ဒီႏွစ္မကုန္ခင္ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔က တုိက္တြန္းလုိက္တာကုိ တပ္မေတာ္က ႀကိဳဆုိလုိက္ၿပီးေနာက္ ရခုိင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြ ေလ်ာ့ပါးလာေနရာက ေရြးေကာက္ပဲြက်င္းပဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာသူ ေသာင္းခ်ီရွိေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဆိုရင္လည္း တိုက္ပြဲေတြေၾကာင့္ ပ်က္စီးသြားတဲ့ ေက်းရြာတခ်ိဳ႕ကလြဲရင္ အခုအခါ ေရြးေကာက္ပြဲ က်င္းပလို႔ရတဲ့ အေျခအေနရွိတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းဝင္းကေျပာပါတယ္။

“ႏွစ္ဘက္လက္ကိုင္တပ္ဖြဲ႔ ႏွစ္ခုလံုးက statement ေတြ ထုတ္ၿပီးေတာ့ တည္ၿငိမ္ေအာင္ထိန္းထားႏိုင္တဲ့ အခါက်ေတာ့ အရင္ထက္ေတာ့ လူေတြက စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုင္ရာေတြ ပိုၿပီးေတာ့ လံုၿခံဳမႈရွိလာတယ္လို႔ ခံစားလာရတယ္။ အတိုင္းအတာတစ္ခုအထိလည္း သြားလာလႈပ္ရွားလို႔ရတဲ့ အေနအထားမွာ ရွိေနၿပီေပါ့။ ျပည္သူေတြကလည္း ေရြးေကာက္ပြဲကို ေမ်ာ္လင့္ေနၾကတယ္ေပါ့။ ေရြးေကာက္ပြဲ မက်င္းပရတာေၾကာင့္ ေတာ္ေတာ္စိတ္ မေကာင္းျဖစ္ရတဲ့ အေနအထားရွိေနတယ္ဆိုေတာ့ တကယ္တမ္း လုပ္မယ္ဆိုရင္ ေက်ာက္ေတာ္ၿမိဳ႕အေနအထားကေတာ့ အဆင္သင့္ရွိေနတယ္လို႔ ေျပာလို႔ရတယ္။”

မၾကာေသးခင္ အခ်ိန္အထိ စစ္ေရးပဋိပကၡေတြ ျဖစ္ပြားခဲ့တဲ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာဆုိရင္လည္း ပစ္ခတ္တိုက္ခုိက္မႈေတြ ရပ္ဆုိင္းေနတာေၾကာင့္ ေရြးေကာက္ပြဲလုပ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚေနပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကေတာ့ စစ္ရွိန္ေလ်ာ့ေနတာေၾကာင့္ ေရြးေကာက္ပဲြေတြ က်င္းပမယ္ဆုိရင္ ျဖစ္ႏုိင္တယ္လုိ႔ ေျပာပါတယ္။

“က်မတို႔ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဆိုလို႔ရွိရင္ေတာ့ ေက်ာက္တန္းတိုက္နယ္ျဖစ္တဲ့ အနီးအနား ေက်းရြာ... ငါးရြာ၊ ေျခာက္ရြာေလာက္ကပဲ စစ္ေဘးေရွာင္အမ်ားႀကီးျဖစ္ေနပါတယ္။ အဲဒီစစ္ေဘးေရွာင္ေတြကလည္း ရေသ့ေတာင္ၿမိဳ႕ေပၚေတြမွာ ေနေနၾကတာျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္မို႔ ေက်ာက္တန္းတိုက္နယ္ တစ္ခုမွာပဲ မရွိေတာ့တဲ့ လူေတြကလည္း စစ္ေဘးေရွာင္အျဖစ္... ေစတီျပင္တို႔ ရေသ့ေတာင္ၿမိဳ႕ေပၚေတြမွာ ရွိေနတဲ့ အတြက္ လုပ္မယ္ဆိုရင္ေတာ့ လုုပ္လို႔ရပါတယ္။ အကုန္လံုးလုပ္မယ္ဆိုရင္လည္း အခုအခ်ိန္ မွာ တိုက္ပြဲေတြ ရပ္ထားတဲ့ အတြက္ လုပ္လို႔ရတဲ့ အေျခအေနကိုေတာ့ ေတြ႔ေနရပါတယ္။”

ရခိုင္ျပည္နယ္က ေရြးေကာက္ပြဲ မက်င္းပျဖစ္ခဲ့တဲ့ေနရာေတြမွာ ျပန္လည္က်င္းပဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚေနေပမဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္တာ၀န္ရွိသူေတြကေတာ့ လုံၿခံဳစိတ္ခ်ရတဲ့ အေျခအေနရွိတယ္ဆုိတာကုိ လုံၿခံဳေရးတာ၀န္ရွိသူေတြရဲ႕ အတည္ျပဳခ်က္ရဖုိ႔ လုိအပ္တယ္လုိ႔ ေျပာဆုိထားပါတယ္။ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ေဒၚတင္လႈိင္ကေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္ရရင္ က်င္းပဖုိ႔ အသင့္ရွိတယ္လုိ႔ ေျပာပါတယ္။

“အဲဒါက်ေတာ့ က်မတို႔ကေတာ့ ေရြးေကာက္ပြဲ ကိစၥေဆာင္ရြက္ေပးမယ့္ ေကာ္မရွင္အေန နဲ႔ပဲ ေျပာလို႔ရမယ္။ တကယ္လို႔ ျပည္ေထာင္စုေရႊးေကာက္ပြဲ ေကာ္မရွင္ ေရႊးေကာက္ပြဲ က်င္းပေပးပါလို႔ ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ဆီကို ညႊန္ၾကားလာရင္ေတာ့ ေဆာင္ရြက္ ေပးဖို႔ အဆင္သင့္ပါ။ ဒီမွာ ေရြးေကာက္ပြဲဆိုင္ရာပစၥည္းေတြက အေစာႀကီးကတည္းက အဆင္သင့္ရွိပါတယ္။”

လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆုိၿပီး ရခုိင္ျပည္နယ္ အပါအ၀င္ ျပည္နယ္နဲ႔ တုိင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ဳိ႕ကုိ ပယ္ဖ်က္ခဲ့တဲ့အတြက္ မဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံး႐ႈံးခဲ့ရတာပါ။

ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ က်င္းပႏုိင္ခဲ့တဲ့အေပၚ ေဒသတြင္းနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက ခ်ီးက်ဳးခဲ့ၾကေပမဲ့ မဲဆႏၵနယ္ေျမတခ်ဳိ႕မွာ ေရြးေကာက္ပဲြ အစီအစဥ္ေတြ ပယ္ဖ်က္ခဲ့တာ အပါအ၀င္ စုိးရိမ္စရာ အေျခအေနတခ်ဳိ႕ ရွိေနေၾကာင္းလည္း ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ဒေသခံတွေမေ ျှာ်လင့်နေ

လွတ်လပ်မျှတဲ့ အခြေအနေမရှိဘူးဆိုပြီးတော့ ရွေးကောက်ပွဲတွေ ကျင်းပချိန်မှာ ချန်ထားခဲ့တဲ့ ရခိုင်ပြည်နယ်က နေရာတော်တော်များများမှာ အခုအခါ ပြန်လည်ကျင်းပနိုင်တဲ့ အခြေအနေမှာ ရှိနေပြီလို့ ဒေသခံနိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

ကပ်ဘေးနဲ့ စစ်ဘေးဒဏ်ကြား ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ ချန်ထားခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုနဲ့ ကျေးရွာအုပ်စု တချို့မှာ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောနေကြတာပါ။

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ဒီနှစ်မကုန်ခင် ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်တွန်းလိုက်တာကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ လျော့ပါးလာနေရာက ရွေးကောက်ပွဲကျင်းပဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ သောင်းချီရှိနေတဲ့ ကျောက်တော်မြို့နယ်မှာ ဆိုရင်လည်း တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတချို့ကလွဲရင် အခုအခါ ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့ အခြေအနေရှိတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းကပြောပါတယ်။

“နှစ်ဘက်လက်ကိုင်တပ်ဖွဲ့ နှစ်ခုလုံးက statement တွေ ထုတ်ပြီးတော့ တည်ငြိမ်အောင်ထိန်းထားနိုင်တဲ့ အခါကျတော့ အရင်ထက်တော့ လူတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ ပိုပြီးတော့ လုံခြုံမှုရှိလာတယ်လို့ ခံစားလာရတယ်။ အတိုင်းအတာတစ်ခုအထိလည်း သွားလာလှုပ်ရှားလို့ရတဲ့ အနေအထားမှာ ရှိနေပြီပေါ့။ ပြည်သူတွေကလည်း ရွေးကောက်ပွဲကို မျော်လင့်နေကြတယ်ပေါ့။ ရွေးကောက်ပွဲ မကျင်းပရတာကြောင့် တော်တော်စိတ် မကောင်းဖြစ်ရတဲ့ အနေအထားရှိနေတယ်ဆိုတော့ တကယ်တမ်း လုပ်မယ်ဆိုရင် ကျောက်တော်မြို့အနေအထားကတော့ အဆင်သင့်ရှိနေတယ်လို့ ပြောလို့ရတယ်။”

မကြာသေးခင် အချိန်အထိ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာဆိုရင်လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာကြောင့် ရွေးကောက်ပွဲလုပ်နိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပါတယ်။ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ စစ်ရှိန်လျော့နေတာကြောင့် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ကျမတို့ ရသေ့တောင်မြို့နယ်မှာ ဆိုလို့ရှိရင်တော့ ကျောက်တန်းတိုက်နယ်ဖြစ်တဲ့ အနီးအနား ကျေးရွာ... ငါးရွာ၊ ခြောက်ရွာလောက်ကပဲ စစ်ဘေးရှောင်အများကြီးဖြစ်နေပါတယ်။ အဲဒီစစ်ဘေးရှောင်တွေကလည်း ရသေ့တောင်မြို့ပေါ်တွေမှာ နေနေကြတာဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျောက်တန်းတိုက်နယ် တစ်ခုမှာပဲ မရှိတော့တဲ့ လူတွေကလည်း စစ်ဘေးရှောင်အဖြစ်... စေတီပြင်တို့ ရသေ့တောင်မြို့ပေါ်တွေမှာ ရှိနေတဲ့ အတွက် လုပ်မယ်ဆိုရင်တော့ လုပ်လို့ရပါတယ်။ အကုန်လုံးလုပ်မယ်ဆိုရင်လည်း အခုအချိန် မှာ တိုက်ပွဲတွေ ရပ်ထားတဲ့ အတွက် လုပ်လို့ရတဲ့ အခြေအနေကိုတော့ တွေ့နေရပါတယ်။”

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေမှာ ပြန်လည်ကျင်းပဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေကတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေရှိတယ်ဆိုတာကို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ အတည်ပြုချက်ရဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်ရရင် ကျင်းပဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

“အဲဒါကျတော့ ကျမတို့ကတော့ ရွေးကောက်ပွဲ ကိစ္စဆောင်ရွက်ပေးမယ့် ကော်မရှင်အနေ နဲ့ပဲ ပြောလို့ရမယ်။ တကယ်လို့ ပြည်ထောင်စုရွှေးကောက်ပွဲ ကော်မရှင် ရွှေးကောက်ပွဲ ကျင်းပပေးပါလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဆီကို ညွှန်ကြားလာရင်တော့ ဆောင်ရွက် ပေးဖို့ အဆင်သင့်ပါ။ ဒီမှာ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းတွေက အစောကြီးကတည်းက အဆင်သင့်ရှိပါတယ်။”

လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတာပါ။

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ချီးကျုးခဲ့ကြပေမဲ့ မဲဆန္ဒနယ်မြေတချို့မှာ ရွေးကောက်ပွဲ အစီအစဉ်တွေ ပယ်ဖျက်ခဲ့တာ အပါအဝင် စိုးရိမ်စရာ အခြေအနေတချို့ ရှိနေကြောင်းလည်း ပြောဆိုထားကြပါတယ်။

XS
SM
MD
LG