သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရသစ္ဖဲြ႔ဖုိ႔ NLD ရဲ႕ ျပင္ဆင္မႈ


NLD ပါတီ ေျပာခြင့္ရ ေဒါက္တာမ်ဳိးညြန္႔။ (ဓာတ္ပုံ - NLD)

(Zawgyi / Unicode)

ႏုိဝင္ဘာလ ၈ ရက္ေန႔ အေထြေထြေရြးေကာက္ပြဲမွာ အမ်ားစုအႏိုင္ရရွိထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေနနဲ႔ အစိုးရဖြဲ႔စည္းေရးအတြက္ အဖြဲ႔ခ်ဳပ္ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ ဦးေဆာင္တဲ့ NLD ဗဟိုအလုပ္အမႈေဆာင္ေတြအျပင္ အုပ္ခ်ဳပ္ေရးပိုင္းမွာ အေတြ့အႀကံဳရိွသူေတြရဲ႕ အႀကံဉာဏ္ကိုပါယူၿပီး အသင့္ေလ်ာ္ဆံုးပုဂိၢဳလ္မ်ား ေရြးခ်ယ္ႏိုင္ဖို႔ စတင္လုပ္ေဆာင္ေနပါၿပီ။

လတ္တေလာ ျပည္တြင္းသတင္းဌာနေတြမွာ ထင္ေၾကးေပး ေျပာဆိုေနတဲ့ ေဗဒါအင္စတီက်ဳအဖြဲ႔က ဦးမ်ိဳးရန္ေနာင္သိန္းရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ သံုးသပ္ေျပာဆိုခ်က္မ်ားဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ လံုးဝ သက္ဆိုင္ျခင္း မရွိပါေၾကာင္း အဖြဲ႔ခ်ဳပ္ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က ဗြီအိုေအကို ေျပာပါတယ္။ ဦးသားညြန္႔ဦးက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားတာပါ။

ဦးသားညြန္႔ဦး - NLD ပါတီက အစုိးရသစ္အတြက္ ျပည္ေထာင္စုေရာ ျပည္နယ္နဲ႔ တုိင္းေတြမွာပါ လူေရြးၿပီးေတာ့ ျပင္ရမွာေပါ့။ အဲဒီေတာ့ အဲဒီလုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ လုပ္ငန္းစဥ္ေတြ စေနၿပီလား၊ အဲဒါနဲ႔ပတ္သက္လုိ႔ ဘယ္သူေတြက ႀကီးၾကပ္ၿပီး ဦးေဆာင္လုပ္မလဲ။

ေဒါက္တာမ်ဳိးညြန္႔ - “ဒါကေတာ့ လုပ္ငန္းစဥ္ေတြ စေနၿပီလုိ႔ ေျပာလို႔ရပါတယ္။ အားလုံးဆုံးျဖတ္ခ်က္ကေတာ့ ေနာက္ဆုံးမွ ခ်မွာပါ။ ဒါကို ဘယ္သူက ႀကီးၾကပ္မလဲဆုိေတာ့ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔၊ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ရဲ႕ အခု ဦးေဆာင္ေနတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္၊ သူက ဦးေဆာင္ပါမယ္။ ဒါေတြလည္း က်ေနာ္တို႔ နာမည္ႀကီးမဟုတ္ဘဲနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ေတြ ေရြးမွာျဖစ္တဲ့အတြက္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြကလည္း ဒီေနရာမွာ အႀကံဉာဏ္ေပးတာ၊ ပါဝင္ဆုံးျဖတ္တာေတြမွာေတာ့ ပါပါလိမ့္မယ္။”

ဦးသားညြန္႔ဦး - ဆုိလိုတဲ့သေဘာက NLD CEC တင္မကဘဲ တျခား အုပ္ခ်ဳပ္ေရးပိုင္းမွာ တာဝန္ရွိတဲ့ အေရးပါတဲ့လူေတြပါ ထည့္ၿပီးစဥ္းစား ပါဝင္မယ့္သေဘာေပါ့။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေနာ္ဆိုလိုတာက အုပ္ခ်ဳပ္ေရးတာဝန္ႀကီးႀကီး ယူထားတဲ့ လူေတြကလည္း ႏုိင္ငံေရးအေနနဲ႔ မဟုတ္ဘဲနဲ႔ အုပ္ခ်ဳပ္ေရးပုိင္း ျဖစ္တဲ့အတြက္ သူတုိ႔ရဲ႕အႀကံဉာဏ္လည္း ပါမယ္လို႔ ေျပာတာပါ။ သူတို႔ကလည္း ဗဟို CEC လည္း ျဖစ္ပါတယ္။”

ဦးသားညြန္႔ဦး - ဒီလို လူေတြေရြးခ်ယ္တဲ့ေနရာမွာ ဘယ္လုိ ဦးစားေပး ေရြးခ်ယ္ဖို႔အတြက္ CEC အေနနဲ႔ ေဆြးေႏြး ဆုံးျဖတ္ထားလဲခင္ဗ်။

ေဒါက္တာမ်ဳိးညြန္႔ - “အဲဒါအတြက္ေတာ့ က်ေန္ာတုိ႔ ဒုတိယဥကၠ႒ ၂ ဆရာ ေဒါက္တာေဇာ္ျမင့္ေမာင္ အက်ယ္တဝင့္ ေျပာၿပီးသြားၿပီ။ အဓိကအားျဖင့္ ႏုိင္ငံေရးအရ အေတြ႔အႀကဳံ အရည္အခ်င္း ျပည့္ဝတဲ့သူ ျဖစ္မယ္။ ၿပီးေတာ့ ေပးအပ္တဲ့ တာဝန္ကုိ ထမ္းေဆာင္ႏိုင္မယ့္ အရည္အခ်င္း ျပည့္ဝတဲ့သူ ျဖစ္မယ္။ ဒီႏွစ္ခ်က္အေပၚမွာ အဓိကထားၿပီး ေရြးမယ္လို႔ ဆရာ ေျပာသြားပါတယ္။ အဲ့ေတာ့ အဲဒီႏွစ္ခ်က္ကုိ မွ်ေအာင္ ဘယ္လိုလူမ်ဳိး ပါသင့္တယ္ဆုိတာကုိ မွ်မွ်တတ ပါဝင္ေအာင္ ညိႇႏႈိင္းၿပီး ေရြးခ်ယ္သြားမယ္လို႔ ေျပာထားပါတယ္။”

ဦးသားညြန္႔ဦး - က်ေနာ္ ေနာက္တခုေမးခ်င္တာက အစုိးရသစ္ရဲ႕ အခုေနရာအေျပာင္းအလဲေတြ ခန္႔ထားေရးနဲ႔ ပတ္သက္လို႔ ေဗဒါအင္စတီက်ဳက ဒါ႐ုိက္တာ ကုိမ်ဳိးရန္ေနာင္သိန္းကလည္း အင္တာဗ်ဴးမွာ ေျပာဆုိေနတာ ရွိပါတယ္။ ေဗဒါအင္စတီက်ဳဆုိတာလည္း NLD က ဖြဲ႔ထားတယ္ဆုိတာ က်ေနာ္တုိ႔ သိထားပါတယ္။ ဒီေျပာဆုိခ်က္ေတြ သေဘာထားေတြက လူထုကို သြယ္ဝုိက္ၿပီးေတာ့ NLD ဘက္က သတင္းေပးေနတယ္လို႔ ယူဆႏုိင္မလား။

ေဒါက္တာမ်ဳိးညြန္႔ - “ဒါေတာ့ လုံးဝမဟုတ္ပါဘူးခင္ဗ်။ ဒါ ဦးမ်ဳိးရန္ေနာင္သိန္းရဲ႕ ပုဂၢိဳလ္ေရး သေဘာထားေတြပဲ ျဖစ္ပါတယ္။ အဖြဲ႔ရဲ႕သေဘာထား လုံးဝ မဟုတ္ပါဘူး။”

ဦးသားညြန္႔ဦး - လက္ရွိေတာ့ NLD မွာ ကိုမ်ဳိးရန္ေနာင္သိန္းက တာဝန္မရွိဘူးဆိုတဲ့ သေဘာေပါ့။

ေဒါက္တာမ်ဳိးညြန္႔ - “ဟုတ္ပါတယ္ခင္ဗ်။”

ဦးသားညြန္႔ဦး - ေဗဒါအင္စတီက်ဳကေရာ Report ေတြ အစီရင္ခံစာေတြ သုံးသပ္ခ်က္ေတြ ထုတ္ထားတာရွိေတာ့ NLD အယူအဆက အဲဒီမွာ ထင္ဟပ္တယ္လို႔ က်ေနာ္တုိ႔ မွတ္ယူလုိ႔ရမလား။

ေဒါက္တာမ်ဳိးညြန္႔ - “မဟုတ္ပါဘူး၊ ဒါ ေဗဒါအင္စတီက်ဳရဲ႕ သီးသန္႔သေဘာထားပဲ ျဖစ္ပါတယ္။”

ဦးသားညြန္႔ဦး - အဲဒီေတာ့ NLD နဲ႔ ေဗဒါအင္စတီက်ဳက ပတ္သက္လား။

ေဒါက္တာမ်ဳိးညြန္႔ - “က်ေနာ္တို႔ရဲ႕ ပညာေပးလုပ္ငန္း တခ်ဳိ႕မွာေတာ့ ပါဝင္ၿပီး ကူညီခဲ့တာ ရွိပါတယ္။”

ဦးသားညြန္႔ဦး - ဟုတ္ကဲ့၊ လက္ရွိေတာ့။

ေဒါက္တာမ်ဳိးညြန္႔ - “ဟုတ္ကဲ့၊ အဖြဲ႔ရဲ႕ ဖြဲ႔စည္းပုံထဲမွာေတာ့ ဘယ္ေနရာမွ မပါပါဘူး။”

ဦးသားညြန္႔ဦး - ကုိမ်ဳိးရန္ေနာင္သိန္း အင္တာဗ်ဴးတခုမွာ သမၼတဦးဝင္းျမင့္နဲ႔ ပတ္သက္လို႔ ေသေသခ်ာခ်ာ မရွိဘူး၊ လာမယ့္ ဖြဲ႔စည္းမႈထဲမွာ ရွမ္းဝန္ႀကီးခ်ဳပ္ မပါႏုိင္ဘူး၊ ဒီလိုေျပာဆုိခ်က္ေတြ ရွိပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဒါက ေဗဒါရဲ႕ သေဘာထားပဲလား၊ NLD က ဒါနဲ႔ပတ္သက္လို႔ ဘာေျပာႏုိင္မလဲခင္ဗ်။

ေဒါက္တာမ်ဳိးညြန္႔ - “ဒါကေတာ့ ဦးမ်ဳိးရန္ေနာင္သိန္းရဲ႕ သေဘာထားပါခင္ဗ်။ က်ေနာ္တုိ႔ရဲ႕သေဘာထား လုံးဝမဟုတ္ဘူးလို႔ ျငင္းဆုိပါတယ္။”

အစိုးရသစ္ဖဲြ႔ဖုိ႔ NLD ရဲ႕ ျပင္ဆင္မႈ
please wait

No media source currently available

0:00 0:04:06 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

အစိုးရသစ်ဖွဲ့ဖို့ NLD ရဲ့ ပြင်ဆင်မှု

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ အများစုအနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်တွေအပြင် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုပါယူပြီး အသင့်လျော်ဆုံးပုဂ္ဂိုလ်များ ရွေးချယ်နိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ။

လတ်တလော ပြည်တွင်းသတင်းဌာနတွေမှာ ထင်ကြေးပေး ပြောဆိုနေတဲ့ ဗေဒါအင်စတီကျုအဖွဲ့က ဦးမျိုးရန်နောင်သိန်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သုံးသပ်ပြောဆိုချက်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို ပြောပါတယ်။ ဦးသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာပါ။

ဦးသားညွန့်ဦး - NLD ပါတီက အစိုးရသစ်အတွက် ပြည်ထောင်စုရော ပြည်နယ်နဲ့ တိုင်းတွေမှာပါ လူရွေးပြီးတော့ ပြင်ရမှာပေါ့။ အဲဒီတော့ အဲဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ လုပ်ငန်းစဉ်တွေ စနေပြီလား၊ အဲဒါနဲ့ပတ်သက်လို့ ဘယ်သူတွေက ကြီးကြပ်ပြီး ဦးဆောင်လုပ်မလဲ။

ဒေါက်တာမျိုးညွန့် - “ဒါကတော့ လုပ်ငန်းစဉ်တွေ စနေပြီလို့ ပြောလို့ရပါတယ်။ အားလုံးဆုံးဖြတ်ချက်ကတော့ နောက်ဆုံးမှ ချမှာပါ။ ဒါကို ဘယ်သူက ကြီးကြပ်မလဲဆိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အခု ဦးဆောင်နေတဲ့ ဒေါက်တာဇော်မြင့်မောင်၊ သူက ဦးဆောင်ပါမယ်။ ဒါတွေလည်း ကျနော်တို့ နာမည်ကြီးမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရွေးမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း ဒီနေရာမှာ အကြံဉာဏ်ပေးတာ၊ ပါဝင်ဆုံးဖြတ်တာတွေမှာတော့ ပါပါလိမ့်မယ်။”

ဦးသားညွန့်ဦး - ဆိုလိုတဲ့သဘောက NLD CEC တင်မကဘဲ တခြား အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိတဲ့ အရေးပါတဲ့လူတွေပါ ထည့်ပြီးစဉ်းစား ပါဝင်မယ့်သဘောပေါ့။

ဒေါက်တာမျိုးညွန့် - “ကျနော်ဆိုလိုတာက အုပ်ချုပ်ရေးတာဝန်ကြီးကြီး ယူထားတဲ့ လူတွေကလည်း နိုင်ငံရေးအနေနဲ့ မဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးပိုင်း ဖြစ်တဲ့အတွက် သူတို့ရဲ့အကြံဉာဏ်လည်း ပါမယ်လို့ ပြောတာပါ။ သူတို့ကလည်း ဗဟို CEC လည်း ဖြစ်ပါတယ်။”

ဦးသားညွန့်ဦး - ဒီလို လူတွေရွေးချယ်တဲ့နေရာမှာ ဘယ်လို ဦးစားပေး ရွေးချယ်ဖို့အတွက် CEC အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ထားလဲခင်ဗျ။

ဒေါက်တာမျိုးညွန့် - “အဲဒါအတွက်တော့ ကျနေ်ာတို့ ဒုတိယဥက္ကဋ္ဌ ၂ ဆရာ ဒေါက်တာဇော်မြင့်မောင် အကျယ်တဝင့် ပြောပြီးသွားပြီ။ အဓိကအားဖြင့် နိုင်ငံရေးအရ အတွေ့အကြုံ အရည်အချင်း ပြည့်ဝတဲ့သူ ဖြစ်မယ်။ ပြီးတော့ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့သူ ဖြစ်မယ်။ ဒီနှစ်ချက်အပေါ်မှာ အဓိကထားပြီး ရွေးမယ်လို့ ဆရာ ပြောသွားပါတယ်။ အဲ့တော့ အဲဒီနှစ်ချက်ကို မျှအောင် ဘယ်လိုလူမျိုး ပါသင့်တယ်ဆိုတာကို မျှမျှတတ ပါဝင်အောင် ညှိနှိုင်းပြီး ရွေးချယ်သွားမယ်လို့ ပြောထားပါတယ်။”

ဦးသားညွန့်ဦး - ကျနော် နောက်တခုမေးချင်တာက အစိုးရသစ်ရဲ့ အခုနေရာအပြောင်းအလဲတွေ ခန့်ထားရေးနဲ့ ပတ်သက်လို့ ဗေဒါအင်စတီကျုက ဒါရိုက်တာ ကိုမျိုးရန်နောင်သိန်းကလည်း အင်တာဗျူးမှာ ပြောဆိုနေတာ ရှိပါတယ်။ ဗေဒါအင်စတီကျုဆိုတာလည်း NLD က ဖွဲ့ထားတယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒီပြောဆိုချက်တွေ သဘောထားတွေက လူထုကို သွယ်ဝိုက်ပြီးတော့ NLD ဘက်က သတင်းပေးနေတယ်လို့ ယူဆနိုင်မလား။

ဒေါက်တာမျိုးညွန့် - “ဒါတော့ လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒါ ဦးမျိုးရန်နောင်သိန်းရဲ့ ပုဂ္ဂိုလ်ရေး သဘောထားတွေပဲ ဖြစ်ပါတယ်။ အဖွဲ့ရဲ့သဘောထား လုံးဝ မဟုတ်ပါဘူး။”

ဦးသားညွန့်ဦး - လက်ရှိတော့ NLD မှာ ကိုမျိုးရန်နောင်သိန်းက တာဝန်မရှိဘူးဆိုတဲ့ သဘောပေါ့။

ဒေါက်တာမျိုးညွန့် - “ဟုတ်ပါတယ်ခင်ဗျ။”

ဦးသားညွန့်ဦး - ဗေဒါအင်စတီကျုကရော Report တွေ အစီရင်ခံစာတွေ သုံးသပ်ချက်တွေ ထုတ်ထားတာရှိတော့ NLD အယူအဆက အဲဒီမှာ ထင်ဟပ်တယ်လို့ ကျနော်တို့ မှတ်ယူလို့ရမလား။

ဒေါက်တာမျိုးညွန့် - “မဟုတ်ပါဘူး၊ ဒါ ဗေဒါအင်စတီကျုရဲ့ သီးသန့်သဘောထားပဲ ဖြစ်ပါတယ်။”

ဦးသားညွန့်ဦး - အဲဒီတော့ NLD နဲ့ ဗေဒါအင်စတီကျုက ပတ်သက်လား။

ဒေါက်တာမျိုးညွန့် - “ကျနော်တို့ရဲ့ ပညာပေးလုပ်ငန်း တချို့မှာတော့ ပါဝင်ပြီး ကူညီခဲ့တာ ရှိပါတယ်။”

ဦးသားညွန့်ဦး - ဟုတ်ကဲ့၊ လက်ရှိတော့။

ဒေါက်တာမျိုးညွန့် - “ဟုတ်ကဲ့၊ အဖွဲ့ရဲ့ ဖွဲ့စည်းပုံထဲမှာတော့ ဘယ်နေရာမှ မပါပါဘူး။”

ဦးသားညွန့်ဦး - ကိုမျိုးရန်နောင်သိန်း အင်တာဗျူးတခုမှာ သမ္မတဦးဝင်းမြင့်နဲ့ ပတ်သက်လို့ သေသေချာချာ မရှိဘူး၊ လာမယ့် ဖွဲ့စည်းမှုထဲမှာ ရှမ်းဝန်ကြီးချုပ် မပါနိုင်ဘူး၊ ဒီလိုပြောဆိုချက်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါက ဗေဒါရဲ့ သဘောထားပဲလား၊ NLD က ဒါနဲ့ပတ်သက်လို့ ဘာပြောနိုင်မလဲခင်ဗျ။

ဒေါက်တာမျိုးညွန့် - “ဒါကတော့ ဦးမျိုးရန်နောင်သိန်းရဲ့ သဘောထားပါခင်ဗျ။ ကျနော်တို့ရဲ့သဘောထား လုံးဝမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG