သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ျပည္နယ္မွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲ က်င္းပႏုိင္မလား


ရခိုင္ျပည္နယ္ မဲရံုတရံုမွာ ဆႏၵမဲေပးေနၾကသူမ်ား (ႏို၀င္ဘာလ ၈၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

က်င္းပျပီးသြားတဲ့ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲၾကီးရဲ႕ ထူးျခားခ်က္ တစ္ခုကေတာ့ မဲဆႏၵနယ္ အေတာ္မ်ားမ်ားမွာ ေရြးေကာက္ပြဲ မက်င္းပႏုိင္ခဲ့ျခင္းပါ။ ျပည္သူ႔လႊတ္ေတာ္ အတြက္ ၁၅ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ အတြက္ ၇ ေနရာ၊ ျပည္နယ္နဲ႔တုိင္းအဆင့္ လႊတ္ေတာ္ အတြက္ ၃၂ ေနရာ စုစုေပါင္း ၅၄ ေနရာ၊ ရာခုိင္ႏွဳန္းအားျဖင့္ ၄.၆% ရွိတာမို႔ အထိုက္အေလ်ာက္ မ်ားတယ္လို႔ ဆုိႏိုင္ပါတယ္။ ဒီအထဲမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြ အျပည့္အ၀ ထိန္းခ်ဳပ္ထားတဲ့ ၀နဲ႔ မိုင္းလားက မဲဆႏၵနယ္ ၁၅ ေနရာမွာ မက်င္းပႏုိင္တာ သိပ္ မထူးျခားေပမယ့္ ရခိုင္ျပည္နယ္ထဲက နယ္ေျမ အမ်ားအျပား က်င္းပႏုိင္ျခင္း မရွိတာကေတာ့ လႊတ္ေတာ္ အသီးသီးအတြက္ ရခုိင္ျပည္သူေတြရဲ႕ ကိုယ္စားျပဳမွဳကို အားနည္းသြားေစပါတယ္။ ရခုိင္ျပည္နယ္မွာ မဲဆႏၵနယ္ စုစုေပါင္း ၆၄ ေနရာရွိတဲ့အထဲ ၃၆ ေနရာ မက်င္းပႏိုင္တာမို႔ ၅၆%အထိ ရွိေနျပီး အရည္အတြက္ မ်ားတယ္လို႔ ဆုိႏုိင္ပါတယ္။ ေရြးေကာက္ပြဲ မက်င္းပႏိုင္တာဟာ လံုျခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္း ဆုိင္ရာေတြရဲ႕ နယ္ေျမ တည္ျငိမ္ေအးခ်မ္းမွဳ မရွိဘူး ဆိုတဲ့ တင္ျပခ်က္ေၾကာင့္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေျဖရွင္းထားပါတယ္။ ခုေတာ့ ရခုိုင္ျပည္နယ္မွာ လက္နက္ကိုင္ လွဳပ္ရွားေနတဲ့ AA ရခိုင္တပ္ဖြဲ႕ဘက္ကေန ေရြးေကာက္ပြဲေတြ က်င္းပေပးေစလိုတယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ဘက္ကို တင္ျပေတာင္းဆိုမွဳ လုပ္လာပါတယ္။ တပ္မေတာ္ဘက္ကလည္း ဒီလို တင္ျပလာတာကို ၾကိဳဆုိတယ္လို႔ ထုတ္ျပန္ထားတဲ့အတြက္ သိပ္မၾကာခင္ ရခုိင္ျပည္နယ္မွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြ က်င္းပႏုိင္မလား ဆုိျပီး ေမွ်ာ္လင့္မွဳေတြ ရွိလာပါတယ္။ ရခုိင္ျပည္နယ္နဲ႔ ေရြးေကာက္ပြဲ ျပသနာအေၾကာင္း ေလ့လာၾကည့္ၾကရေအာင္ပါ။

ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပြဲ က်င္းပေပးႏိုင္ျခင္း ရွိမရွိ ကိစၥေပၚလာတဲ့အခါ ေရြးေကာက္ပြဲ ဆုိင္ရာ ဥပေဒေတြကို ျပန္ၾကည့္လာၾကပါတယ္။ ဥပေဒအရ ၾကားျဖတ္ေရြးေကာက္ပြဲေတြကို လႊတ္ေတာ္ရဲ႕ ပထမ သက္တမ္းနဲ႔ ပဥၥမ သက္တမ္းေတြမွာ မက်င္းပရဘူးလို႔ ေဖာ္ျပထားတာေၾကာင့္ ရခုိင္ျပည္နယ္မွာ ၾကားျဖတ္ေရြးေကာက္ပြဲေတြ လုပ္ဖို႔ အခု ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္ေတြမွာ က်င္းပဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ တစ္ခ်ိဳ႕ ဥပေဒေရးရာ ကၽြမ္းက်င္သူေတြကေတာ့ လက္ရွိ ရခုိင္ျပည္နယ္ မဲဆႏၵနယ္ တစ္ခ်ိဳ႕မွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ျခင္း မရွိတဲ့ ကိစၥ၊ လံုျခံဳေရးေၾကာင့္ ျဖစ္ျပီး လံုျခံဳေရးအေျခအေန စိတ္ခ်ရတယ္ ဆိုရင္ ၾကားျဖတ္ ေရြးေကာက္ပြဲ မဟုတ္ပဲ ေနာက္ဆက္တြဲ အေနနဲ႔ က်င္းပေပးရင္ ျဖစ္ႏိုင္တယ္၊ အဲလို က်င္းပေပးႏိုင္ဖို႔ ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ အစိုးရအေပၚ မူတည္တယ္လို႔ ဆုိၾကပါတယ္။ ဒါေတြက ဥပေဒေရးရာ ရွဳေဒါင့္ကေန ခ်ဥ္းကပ္ ၾကည့္ၾကတာပါ။ တကယ့္တကယ္ ေရြးေကာက္ပြဲ တစ္ခု က်င္းပမယ္ ဆိုရင္ေတာ့ လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပႏုိင္တဲ့ အခင္းအက်င္း ျဖစ္ေနဖို႔ လိုမယ္ ဆိုတာကေတာ့ ျငင္းပယ္လို႔ မရပါဘူး။ ေရြးေကာက္ပြဲ က်င္းပႏုိင္ဖို႔ သက္ဆုိင္ရာ မဲဆႏၵနယ္ေျမေတြမွာ ဘယ္လို အခင္းအက်င္းမ်ိဳး လိုအပ္သလဲ ဆိုတာကလည္း ေလ့လာၾကည့္ဖို႔ ေကာင္းပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ လတ္တေလာ ကိုဗစ္-19 ျဖစ္ပြားဆဲ အေျခအေနေအာက္မွာ က်င္းပျပီးသြားတဲ့ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲကိုပဲ ျပန္ၾကည့္ရပါမယ္။ ေရြးေကာက္ပြဲ တစ္ခု က်င္းပဖို႔ ဆုိရင္ အဓိက ေရြးေကာက္ပြဲ ေကာ္မရွင္က အလုပ္လုပ္ရပါတယ္။ ဒါေၾကာင့္ ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ ျခိမ္းေျခာက္မွဳ ကင္းကင္း၊ အႏၱရာယ္ကင္းကင္း သြားလာ လွဳပ္ရွား အလုပ္လုပ္ႏို္င္ရပါမယ္။

ဒါ့အျပင္ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ အဆင့္ဆင့္အတြက္ ဆုိရင္ေတာ့ ေကာ္မရွင္ တစ္ခုတည္း အလုပ္လုပ္လို႔ ရတာမ်ိဳး မဟုတ္ပါဘူး။ မဲစာရင္းကိစၥ ဆုိရင္ အုပ္ခ်ဳပ္ေရးပိုင္းဆုိင္ရာေတြက ၀ိုင္းကူညီၾကရပါတယ္။ က်င္းပျပီးသြားတဲ့ ေရြးေကာက္ပြဲ ကာလဟာ ကိုဗစ္ ျဖစ္ပြားေနဆဲမို႔ က်န္းမာေရး၀န္ၾကီးဌာနနဲ႔ ၀န္ထမ္းေတြရဲ႕ အကူအညီကိုလည္း ရယူရပါတယ္။

ေရြးေကာက္ပြဲအတြက္ ေနာက္ထပ္ အေရးပါတဲ့သူေတြကေတာ့ ပညာေရး ၀န္ထမ္းေတြပါ။ မဲရံုေတြမွာ ပညာေရး၀န္ထမ္း အမ်ားၾကီး အသံုးျပဳၾကရပါတယ္။ ျပီးခဲ့တဲ့ ေရြးေကာက္ပြဲ နမူနာကိုၾကည့္ရင္ မဲရံုေတြအတြက္ အထူးရဲေတြ ေသာင္းနဲ႔ခ်ီ ခန္႔ထား လံုျခံဳေရး လုပ္ေပးၾကရပါတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ တပ္မေတာ္ အကူအညီ ယူရတာမ်ိဳးလည္း ရွိပါတယ္။ ဥပမာ ကခ်င္ျပည္နယ္ ဘက္မွာ ေ၀းလံေခါင္ဖ်ား ေနရာေတြဆီ မဲပံုးေတြ၊မဲလက္မွတ္ေတြ ပို႔ေဆာင္ေရးမွာ တပ္မေတာ္ ရဟတ္ယာဥ္ေတြ အသံုးျပဳၾကရတာမ်ိဳးပါ။

ဒါတင္မက ေရြးေကာက္ပြဲဆုိတာ ျပည္တြင္း ျပည္ပ ေလ့လာေစာင့္ၾကည့္သူေတြကို လြတ္လြတ္လပ္လပ္ ေစာင့္ၾကည့္ခြင့္ျပဳရပါေသးတယ္။ ဒါေၾကာင့္ ေရြးေကာက္ပြဲ တစ္ခု ေအာင္ေအာင္ျမင္ျမင္ က်င္းပဖို႔ ဆိုရင္ ေကာ္မရွင္ အဖြဲ႕၀င္ေတြ အပါအ၀င္ ကူညီမယ့္၊ ပါ၀င္မယ့္ ဌာနဆိုင္ရာ ၀န္ထမ္းေတြ၊လံုျခံဳေရး ဆုိင္ရာေတြ၊ ေလ့လာေစာင့္ၾကည့္မယ့္သူေတြ လြတ္လြတ္လပ္လပ္ သြားလာ လွဳပ္ရွား၊ ျခိမ္းေျခာက္မွဳ မရွိ အလုပ္လုပ္ႏိုင္၊ ေစာင့္ၾကည့္ႏိုင္ၾကဖို႔ လိုအပ္ပါတယ္။ ေရြးေကာက္ပြဲဆိုတာ ႏိုင္ငံေရးပါတီေတြ၊ အမတ္ေလာင္းေတြ ျပိဳင္ဆုိင္ၾကတာမ်ိဳး ျဖစ္ေလေတာ့ ေရြးေကာက္ပြဲ ၀င္မယ့္ ပါတီေတြ၊ အမတ္ေလာင္းေတြ အားလံုးနဲ႔ သူတုိ႔ရဲ႕ ကိုယ္စားလွယ္ေတြ၊ ပါတီ၀င္ေတြ၊ ၀န္းရံေထာက္ခံၾကသူေတြ ျခိမ္းေျခာက္မွဳကင္းကင္း၊ အႏၱရာယ္ကင္းကင္း၊ လြတ္လြတ္လပ္လပ္ သြားလာလွဳပ္ရွား၊ စည္းရံုးႏုိင္ဖို႔၊ မဲဆြယ္ႏိုင္ဖို႔၊ မဲေပးတဲ့ ျဖစ္စဥ္ေတြမွာ ပါ၀င္ႏိုင္ဖို႔ လိုအပ္ပါတယ္။ အားလံုးကို ျခံဳျပီးေျပာရရင္ ေရြးေကာက္ပြဲ တစ္ခု ေအာင္ေအာင္ျမင္ျမင္ က်င္းပဖို႔ ဆုိတာဟာ တုိက္ပြဲေတြ ျဖစ္မေနရံု အေျခအေနမ်ိဳးေလာက္နဲ႔ မလံုေလာက္ဘူး ဆုိတာပါပဲ။ နမူနာအားျဖင့္ ျပီးခဲ့တဲ့ ေရြးေကာက္ပြဲ ရွမ္းျပည္နယ္ မုိင္းကိုင္ျမိဳ႕နယ္မွာ ေရြးေကာက္ပြဲ က်င္းပေပးဖို႔ ၀င္ျပီးျပိဳင္ၾကမယ့္ NLD, ရွမ္းပါတီေတြျဖစ္တဲ့ SNLD, SNDP နဲ႔ ျပည္ခုိင္ျဖိဳး စုစုေပါင္း (၄) ပါတီက ေတာင္းဆိုေပမယ့္ တအဲန္းအမ်ိဳးသားပါတီကေတာ့ သူတုိ႔ပါတီကို RCSS/SSA ရွမ္းလက္နက္ကိုင္အဖြဲ႕က ျခိမ္းေျခာက္ ဟန္႔တားတယ္ ဆိုျပီး ေရြးေကာက္ပြဲ ေကာ္မရွင္ဆီ ကန္႔ကြက္တုိင္ၾကားမွဳ လုပ္ခဲ့ပါတယ္။ ပါတီ အမ်ားစုက သေဘာတူသည့္တုိင္ ၀င္ျပိဳင္မယ့္ ပါတီတစ္ခု ျခိမ္းေျခာက္ခံရတာေၾကာင့္ ေရြးေကာက္ပြဲ ေကာ္မရွင္ဟာ မုိင္းကိုင္မွာ ေရြးေကာက္ပြဲ က်င္းပေပးျခင္း မရွိခဲ့ပါဘူး။

တကယ္ေတာ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ေရြးေကာက္ပြဲ က်င္းပႏုိင္ျခင္း မရွိတဲ့ ျမိဳ႕နယ္ေတြကိုၾကည့္လိုက္ရင္ ANP ရခိုင္အမ်ိဳးသားပါတီ အားေကာင္းတဲ့ နယ္ေျမေတြ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲသာ က်င္းပျဖစ္ခဲ့ရင္ ရခုိင္အမ်ိဳးသားပါတီက ေနရာ အမ်ားစု အႏိုင္ရဖို႔ ျဖစ္ႏုိင္ေျခ မ်ားသလို ေရြးေကာက္ပြဲ မက်င္းပႏုိင္တဲ့အေပၚ ရခုိင္အမ်ိဳးသားပါတီရဲ႕ ဆံုးရွံုးမွဳ၊ တစ္နည္း ရခုိင္ႏုိင္ငံေရးသမားေတြရဲ႕ ဆံုးရွံုးမွဳအျဖစ္ မွတ္ယူၾကမွာလည္း ျဖစ္ပါတယ္။ AA ရခုိင္ လက္နက္ကိုင္ တပ္ဖြဲ႕အေနနဲ႔ အဲလို အေျခအေန ျဖစ္ေပၚလာရတာဟာ သူတုိ႔တာ၀န္ မကင္းဘူးလို႔ ခံယူရင္း ခုလို ေရြးေကာက္ပြဲ က်င္းပေပးဖို႔ ေတာင္းဆိုတာ ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။

ဒါေပမယ့္ တကယ္တမ္း အေရးၾကီးတာက AA ရခုိင္တပ္ဖြဲ႕အေနနဲ႔ ေရြးေကာက္ပြဲဆိုတာ ဒီမိုကေရစီ စနစ္ဆီ သြားရာလမ္းမွာ အေရးၾကီးတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္တယ္၊ ဒီမိုကေရစီ နဲ႔ ဖက္ဒရယ္စနစ္ ဆုိတာကလည္း ျမန္မာႏုိင္ငံအတြက္ ေခါင္းနဲ႔ ပန္းလို ခြဲျခားလို႔ မရတာမ်ိဳး ျဖစ္တဲ့အတြက္ ဒီမိုကေရစီ ဆုိတာကို ယံုၾကည္ဖုိ႔၊ ဥပေဒတြင္း တို္က္ပြဲရဲ႕ အေရးၾကီးပံုကို နားလည္ဖို႔ လိုအပ္ပါတယ္။ ဒီလို နားလည္မွသာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေရြးေကာက္ပြဲ တစ္ခု ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္မယ့္ ေရခံ ေျမခံ အေျခအေနမ်ိဳး ဖန္တီးေပးႏိုင္မွာ ျဖစ္ျပီး ေနာက္ဆက္တြဲ ေရြးေကာက္ပြဲ မက်င္းပျဖစ္သည့္တုိင္ေအာင္ သင့္ေတာ္တဲ့ကာလမွာ ၾကားျဖတ္ေရြးေကာက္ပြဲ တစ္ခု က်င္းပႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္းပါ။

--------------------------------------

ရခိုင်ပြည်နယ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပနိုင်မလား

ကျင်းပပြီးသွားတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ထူးခြားချက် တစ်ခုကတော့ မဲဆန္ဒနယ် အတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ခြင်းပါ။ ပြည်သူ့လွှတ်တော် အတွက် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် အတွက် ၇ နေရာ၊ ပြည်နယ်နဲ့တိုင်းအဆင့် လွှတ်တော် အတွက် ၃၂ နေရာ စုစုပေါင်း ၅၄ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၄.၆% ရှိတာမို့ အထိုက်အလျောက် များတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အပြည့်အ၀ ထိန်းချုပ်ထားတဲ့ ဝနဲ့ မိုင်းလားက မဲဆန္ဒနယ် ၁၅ နေရာမှာ မကျင်းပနိုင်တာ သိပ် မထူးခြားပေမယ့် ရခိုင်ပြည်နယ်ထဲက နယ်မြေ အများအပြား ကျင်းပနိုင်ခြင်း မရှိတာကတော့ လွှတ်တော် အသီးသီးအတွက် ရခိုင်ပြည်သူတွေရဲ့ ကိုယ်စားပြုမှုကို အားနည်းသွားစေပါတယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် စုစုပေါင်း ၆၄ နေရာရှိတဲ့အထဲ ၃၆ နေရာ မကျင်းပနိုင်တာမို့ ၅၆%အထိ ရှိနေပြီး အရည်အတွက် များတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တာဟာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေရဲ့ နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိဘူး ဆိုတဲ့ တင်ပြချက်ကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းထားပါတယ်။ ခုတော့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ AA ရခိုင်တပ်ဖွဲ့ဘက်ကနေ ရွေးကောက်ပွဲတွေ ကျင်းပပေးစေလိုတယ်လို့ အစိုးရနဲ့ တပ်မတော်ဘက်ကို တင်ပြတောင်းဆိုမှု လုပ်လာပါတယ်။ တပ်မတော်ဘက်ကလည်း ဒီလို တင်ပြလာတာကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားတဲ့အတွက် သိပ်မကြာခင် ရခိုင်ပြည်နယ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မလား ဆိုပြီး မျှော်လင့်မှုတွေ ရှိလာပါတယ်။ ရခိုင်ပြည်နယ်နဲ့ ရွေးကောက်ပွဲ ပြသနာအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်း ရှိမရှိ ကိစ္စပေါ်လာတဲ့အခါ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို ပြန်ကြည့်လာကြပါတယ်။ ဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲတွေကို လွှတ်တော်ရဲ့ ပထမ သက်တမ်းနဲ့ ပဉ္စမ သက်တမ်းတွေမှာ မကျင်းပရဘူးလို့ ဖော်ပြထားတာကြောင့် ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ဖို့ အခု ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ချို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ လက်ရှိ ရခိုင်ပြည်နယ် မဲဆန္ဒနယ် တစ်ချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ ကိစ္စ၊ လုံခြုံရေးကြောင့် ဖြစ်ပြီး လုံခြုံရေးအခြေအနေ စိတ်ချရတယ် ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ မဟုတ်ပဲ နောက်ဆက်တွဲ အနေနဲ့ ကျင်းပပေးရင် ဖြစ်နိုင်တယ်၊ အဲလို ကျင်းပပေးနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင် နဲ့ အစိုးရအပေါ် မူတည်တယ်လို့ ဆိုကြပါတယ်။ ဒါတွေက ဥပဒေရေးရာ ရှုဒေါင့်ကနေ ချဉ်းကပ် ကြည့်ကြတာပါ။ တကယ့်တကယ် ရွေးကောက်ပွဲ တစ်ခု ကျင်းပမယ် ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခင်းအကျင်း ဖြစ်နေဖို့ လိုမယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ ဘယ်လို အခင်းအကျင်းမျိုး လိုအပ်သလဲ ဆိုတာကလည်း လေ့လာကြည့်ဖို့ ကောင်းပါတယ်။

ဒါနဲ့ ပတ်သက်လို့ လတ်တလော ကိုဗစ်-19 ဖြစ်ပွားဆဲ အခြေအနေအောက်မှာ ကျင်းပပြီးသွားတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကိုပဲ ပြန်ကြည့်ရပါမယ်။ ရွေးကောက်ပွဲ တစ်ခု ကျင်းပဖို့ ဆိုရင် အဓိက ရွေးကောက်ပွဲ ကော်မရှင်က အလုပ်လုပ်ရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ ခြိမ်းခြောက်မှု ကင်းကင်း၊ အန္တရာယ်ကင်းကင်း သွားလာ လှုပ်ရှား အလုပ်လုပ်နိုင်ရပါမယ်။

ဒါ့အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ဆိုရင်တော့ ကော်မရှင် တစ်ခုတည်း အလုပ်လုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ မဲစာရင်းကိစ္စ ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေက ဝိုင်းကူညီကြရပါတယ်။ ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲ ကာလဟာ ကိုဗစ် ဖြစ်ပွားနေဆဲမို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဝန်ထမ်းတွေရဲ့ အကူအညီကိုလည်း ရယူရပါတယ်။

ရွေးကောက်ပွဲအတွက် နောက်ထပ် အရေးပါတဲ့သူတွေကတော့ ပညာရေး ဝန်ထမ်းတွေပါ။ မဲရုံတွေမှာ ပညာရေးဝန်ထမ်း အများကြီး အသုံးပြုကြရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နမူနာကိုကြည့်ရင် မဲရုံတွေအတွက် အထူးရဲတွေ သောင်းနဲ့ချီ ခန့်ထား လုံခြုံရေး လုပ်ပေးကြရပါတယ်။ တစ်ချို့နေရာတွေမှာ တပ်မတော် အကူအညီ ယူရတာမျိုးလည်း ရှိပါတယ်။ ဥပမာ ကချင်ပြည်နယ် ဘက်မှာ ဝေးလံခေါင်ဖျား နေရာတွေဆီ မဲပုံးတွေ၊မဲလက်မှတ်တွေ ပို့ဆောင်ရေးမှာ တပ်မတော် ရဟတ်ယာဉ်တွေ အသုံးပြုကြရတာမျိုးပါ။

ဒါတင်မက ရွေးကောက်ပွဲဆိုတာ ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပြုရပါသေးတယ်။ ဒါကြောင့် ရွေးကောက်ပွဲ တစ်ခု အောင်အောင်မြင်မြင် ကျင်းပဖို့ ဆိုရင် ကော်မရှင် အဖွဲ့ဝင်တွေ အပါအဝင် ကူညီမယ့်၊ ပါဝင်မယ့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊လုံခြုံရေး ဆိုင်ရာတွေ၊ လေ့လာစောင့်ကြည့်မယ့်သူတွေ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှား၊ ခြိမ်းခြောက်မှု မရှိ အလုပ်လုပ်နိုင်၊ စောင့်ကြည့်နိုင်ကြဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေ ပြိုင်ဆိုင်ကြတာမျိုး ဖြစ်လေတော့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေ၊ အမတ်လောင်းတွေ အားလုံးနဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ၊ ဝန်းရံထောက်ခံကြသူတွေ ခြိမ်းခြောက်မှုကင်းကင်း၊ အန္တရာယ်ကင်းကင်း၊ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား၊ စည်းရုံးနိုင်ဖို့၊ မဲဆွယ်နိုင်ဖို့၊ မဲပေးတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ အားလုံးကို ခြုံပြီးပြောရရင် ရွေးကောက်ပွဲ တစ်ခု အောင်အောင်မြင်မြင် ကျင်းပဖို့ ဆိုတာဟာ တိုက်ပွဲတွေ ဖြစ်မနေရုံ အခြေအနေမျိုးလောက်နဲ့ မလုံလောက်ဘူး ဆိုတာပါပဲ။ နမူနာအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဝင်ပြီးပြိုင်ကြမယ့် NLD, ရှမ်းပါတီတွေဖြစ်တဲ့ SNLD, SNDP နဲ့ ပြည်ခိုင်ဖြိုး စုစုပေါင်း (၄) ပါတီက တောင်းဆိုပေမယ့် တအဲန်းအမျိုးသားပါတီကတော့ သူတို့ပါတီကို RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက် ဟန့်တားတယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်တိုင်ကြားမှု လုပ်ခဲ့ပါတယ်။ ပါတီ အများစုက သဘောတူသည့်တိုင် ဝင်ပြိုင်မယ့် ပါတီတစ်ခု ခြိမ်းခြောက်ခံရတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ဟာ မိုင်းကိုင်မှာ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မရှိခဲ့ပါဘူး။

တကယ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ်တွေကိုကြည့်လိုက်ရင် ANP ရခိုင်အမျိုးသားပါတီ အားကောင်းတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲသာ ကျင်းပဖြစ်ခဲ့ရင် ရခိုင်အမျိုးသားပါတီက နေရာ အများစု အနိုင်ရဖို့ ဖြစ်နိုင်ခြေ များသလို ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အပေါ် ရခိုင်အမျိုးသားပါတီရဲ့ ဆုံးရှုံးမှု၊ တစ်နည်း ရခိုင်နိုင်ငံရေးသမားတွေရဲ့ ဆုံးရှုံးမှုအဖြစ် မှတ်ယူကြမှာလည်း ဖြစ်ပါတယ်။ AA ရခိုင် လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ အဲလို အခြေအနေ ဖြစ်ပေါ်လာရတာဟာ သူတို့တာဝန် မကင်းဘူးလို့ ခံယူရင်း ခုလို ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်တမ်း အရေးကြီးတာက AA ရခိုင်တပ်ဖွဲ့အနေနဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ စနစ်ဆီ သွားရာလမ်းမှာ အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ် ဆိုတာကလည်း မြန်မာနိုင်ငံအတွက် ခေါင်းနဲ့ ပန်းလို ခွဲခြားလို့ မရတာမျိုး ဖြစ်တဲ့အတွက် ဒီမိုကရေစီ ဆိုတာကို ယုံကြည်ဖို့၊ ဥပဒေတွင်း တိုက်ပွဲရဲ့ အရေးကြီးပုံကို နားလည်ဖို့ လိုအပ်ပါတယ်။ ဒီလို နားလည်မှသာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ တစ်ခု အောင်အောင်မြင်မြင် လုပ်နိုင်မယ့် ရေခံ မြေခံ အခြေအနေမျိုး ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး နောက်ဆက်တွဲ ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်တိုင်အောင် သင့်တော်တဲ့ကာလမှာ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခု ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။

စည်သူအောင်မြင့်။

XS
SM
MD
LG