သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အၾကပ္အတည္း ေျပလည္ေရးလမ္းစအျဖစ္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေအာင္ ဂ်ပန္တိုက္တြန္းေဆာင္႐ြက္ 


ျမန္မာႏုိင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး Mr. Ichiro Maruyama

(Zawgyi/Unicode)

ျမန္မာ့ေရြးေကာက္ပြဲအၿပီး အႀကီးမားဆံုးျပႆနာတစ္ခုအျဖစ္ အမ်ားသံုးသပ္ထားတဲ့၊ ရခုိင္ပဋိပကၡအၾကပ္အတည္းကို ေျဖရွင္းႏိုင္ေရးလမ္းစပြင့္ႏိုင္ဖို႔၊ ဂ်ပန္အစိုးရဖက္က ဘယ္လိုကူညီခဲ့တာကို၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama ကို ကိုဝင္းမင္းကေမးရာမွာ၊ ဂ်ပန္အစိုးရအထူးကိုယ္စားလွယ္ Mr. Sasakawa ကေနတဆင့္၊ အစိုးရနဲ႔တပ္ထိပ္ဆံုးေခါင္းေဆာင္ ၂ ဦးကိုေတြ႔ၿပီး တိုက္တြန္းခဲ့ေၾကာင္း ခုလိုစရွင္းျပပါတယ္။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ရခုိင္ျပည္နယ္ၿငိမ္ခ်မ္းေရးက အင္မတန္မွာ ရႈပ္တဲ့သမိုင္းရွိတဲ့ ကိစၥျဖစ္ပါတယ္။ AA အဖြဲ႔နဲ႔ တပ္မေတာ္ၾကားမွာ ျပင္းျပင္းထန္ထန္တုိက္ပြဲ ရွိခဲ့ပါတယ္။ ႏို၀င္ဘာ ၈ ရက္ေန႔မွာ အဓိကက လံုၿခံဳေရးအေျခအေနေၾကာင့္ ေရြးေကာက္ပြဲကို မက်င္းပႏိုင္ခဲ့တဲ့ေနရာဆိုတာ ရွိခဲ့ပါတယ္။ ရခိုင္ျပည္နယ္ ေဒသခံေတြရဲ႕ အသံက ႏိုင္ငံေရးမွာ ပါႏိုင္ေတာ့မွာမဟုတ္ပါဘူးခင္ဗ် ။ ဒါေၾကာင့္မို႔လို႔ ရခိုင္ျပည္နယ္အေျခအေန တဆင့္ျပီးတဆင့္ အေကာင္းဘက္ကို သြားေစခ်င္တဲ့သေဘာနဲ႔ ဆိုင္းငံ့ထားတဲ့ေရြးေကာက္ပြဲကို ျမန္ျမန္ဆန္ဆန္ က်င္းပႏိုင္တာက အေရးႀကီးတယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ေနပါတယ္။ အဲဒီလိုစကားကို၊ အဲ့ဒီလိုကိစၥကို Mr. Sasakawa က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေရာ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ နဲ႔ စကားေျပာတဲ့အခါမွာ ေခါင္ေဆာင္ႀကီး ၂ ေယာက္စလံုးက အဲဒီေရြးေကာက္ပြဲကို ျမန္ျမန္ဆန္ဆန္ က်င္းပႏိုင္တာက အေရးႀကီးတယ္ဆိုတာက အဲဒီ ၂ ေယာက္လည္း အဲဒီသေဘာရွိခဲ့တာကို ေတြ႔ခဲ့ရပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေရြးေကာက္ပြဲျပန္လုပ္ေပးဖို႔ေပါ့ေနာ္ AA ရခိုင္တပ္မေတာ္နဲ႔ တပ္မေတာ္တို႔ၾကား ေၾကညာခ်က္ေတြထုတ္၊ ႏို၀င္ဘာ ၁၂ ရက္ေန႔ေလာက္မွာထင္တယ္၊ ေတာင္းဆိုၾက ႀကိဳဆိုၾကတာေတြမွာေရာ ၀င္ကူခဲ့တာရွိေသးလား သံအမတ္ႀကီး။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ က Mr. Sasakawa ကို အဲဒီေရြးေကာက္ပြဲ ျမန္ျမန္ဆန္ဆန္ က်င္းပႏိုင္ေအာင္ အကူအညီေပးဖို႔ ေမတၱာရပ္ခံ ခဲ့ပါတယ္။ ဒါေၾကာင့္မို႔လို႔ Mr. Sasakawa သူကိုယ္တိုင္ ေရြးေကာက္ပြဲအၿပီးမွာ Araken Army (AA) နဲ႔ ဆက္သြယ္ၿပီးေတာ့၊ Araken Army ဖက္ကလည္း ေရြးေကာက္ပြဲျမန္ျမန္ဆန္ဆန္ျဖစ္ေစခ်င္တဲ့ သေဘာရွိတာကို ေတြ႔ရခဲ့တဲ့အတြက္၊ အဲဒီသေဘာေၾကညာခ်က္ထုတ္ေအာင္ တိုက္တြန္းခဲ့ပါတယ္။ ၿပီးေတာ့ AA က အဲဒါကို လံုးဝသေဘာတူတယ္ ။ အဲဒီလို သေဘာတူတဲ့အတြက္ သေဘာတူတဲ့အေၾကာင္းကို တပ္မေတာ္ဘက္ကို Mr. Sasakawa ကအေၾကာင္းၾကားတယ္၊ ေနာက္ သူ အၾကံအဥာဏ္ေပးတာက ၊တကယ္ကို AA က ဒီေရြးေကာက္ပြဲအတြက္ ေၾကညာခ်က္ထုတ္တယ္ဆိုရင္၊ တပ္မေတာ္ဘက္ကလည္း ေၾကညာခ်က္ထုတ္ဖို႔ ေကာင္းတယ္ဆိုတာ တပ္ခ်ဳပ္ႀကီးကို အဆိုျပဳခဲ့တယ္။ ကၽြန္ေတာ္တို႔ တကယ္အျမန္ဆံုး ေရြးေကာက္ပြဲလုပ္ႏိုင္တယ္ဆိုရင္ ရခုိင္ျပည္နယ္ကိစၥအကုန္လံုးေျဖရွင္းႏိုင္မယ္လို႔ေတာ့ က်ေတာ္မထင္ပါဘူး ။ ဒါေပမယ့္ ရခုိင္ျပည္နယ္ကိစၥကို အေကာင္းဘက္ကုိ သြားႏိုင္တဲ့အဆင့္နား ပို႔ေဆာင္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အားရစရာပါ။ အခုလို ရခိုင္အက်ပ္အတည္းကို ဒီေရြးေကာက္ပြဲအၿပီး ရလာတဲ့ အခ်ိန္ေကာင္းေလးအတြင္းမွာ အမိအရဆုပ္ကိုင္ၿပီးေတာ့ အခုလို လမ္းစဖြင့္ေပးဖို႔ ကူညီခဲ့ရကေနၿပီးေတာ့ ေရွ႕ဆက္တိုးတက္မႈေတြအတြက္ေရာ ဒီေရြးေကာက္ပြဲ ျပန္ျဖစ္လာဖို႔မွာေပါ့ေနာ္။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။တကယ္ေရြးေကာက္ပြဲဆုိတာက ျပည္တြင္းကိစၥျဖစ္တယ္ေနာ္။ အဓိက တိုက္ရိုက္တာ၀န္ရွိတာကေတာ့ ျမန္မာအစိုးရ ၊ ေရြးေကာက္ပြဲေကာ္မရွင္ေရာ၊ ရခိုင္ျပည္နယ္အစိုးရတို႔ ေဒသခံအဖြဲ႔အစည္းမ်ားျဖစ္ပါတယ္။ ျဖစ္ေအာင္ႀကိဳးစားဖို႔ အင္မတန္မွ ေမွ်ာ္လင့္ေနပါတယ္။ က်ေနာ္တို႔ ႏိုင္ငံျခားအစိုးရအေနနဲ႔ ဆက္ၿပီးေတာ့ လိုအပ္တဲ့အကူအညီမ်ားရွိတယ္ဆိုရင္ ကၽြန္ေတာ္တို႔လုပ္ေပးပါမယ္။ အဲဒါကေတာ့ ျမန္မာအစိုးရ၊ လံုၿခံဳေရးတာ၀န္ယူထားတဲ့ တပ္မေတာ္ေရာ ၊ ေဒသခံ သေဘာထားေရာ မူတည္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ တပ္မေတာ္နဲ႔ AA တို႔က အျပန္အလွန္ႀကိဳဆိုၾက၊ လံုၿခံဳေရးအတြက္ ပူးေပါင္းေဆာင္ရြက္ၾကမယ္ဆိုေတာ့ ခုနက သံအမတ္ႀကီးေျပာသလိုပဲ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အစိုးရဘက္ကေရာ။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ က်ေနာ္တို႔ သိသေလာက္ဆိုရင္ ျမန္မာအစိုးရနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ေရာပဲ၊ တတ္ႏိုင္သေလာက္ျမန္ျမန္ ေရြးေကာက္ပြဲကို ရခိုင္ျပည္နယ္မွာ က်င္းပေပးဖို႔ ဆႏၵရွိတယ္လို႔ ျမင္ပါတယ္။ အဲဒါကို အေကာင္အထည္ေဖာ္ေစခ်င္တယ္။ ေနာက္တခုက အဲဒီ ရခိုင္လက္နက္ကိုင္တပ္က ၁၂ ရက္ေန႔မွာ၊ ၿပီးေတာ့ တပ္မေတာ္ကေရာ ၁၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ၿပီးေနာက္ပိုင္းမွာ၊ သိသေလာက္ဆိုရင္ ၂ ဖက္ျပင္းျပင္းထန္ထန္တိုင္ပြဲ တခါမွ ရွိခဲ့တယ္ဆိုတဲ့သတင္းကို မၾကားခဲ့ရပါဘူး။ အဲဒါ အင္မတန္မွ ေကာင္းတဲ့အလားအလာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရြးေကာက္ပြဲ ျမန္ျမန္ဆန္ဆန္ျဖစ္ပါေစလို႔ က်ေနာ္တုိ႔ ဆုေတာင္းေနပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သံအမတ္ႀကီး Maruyama ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


............

ရခိုင်အကြပ်အတည်း ပြေလည်ရေးလမ်းစအဖြစ် ရွေးကောက်ပွဲကျင်းပနိုင်အောင် ဂျပန်တိုက်တွန်းဆောင်ရွက်

(Unicode)

မြန်မာ့ရွေးကောက်ပွဲအပြီး အကြီးမားဆုံးပြဿနာတစ်ခုအဖြစ် အများသုံးသပ်ထားတဲ့၊ ရခိုင်ပဋိပက္ခအကြပ်အတည်းကို ဖြေရှင်းနိုင်ရေးလမ်းစပွင့်နိုင်ဖို့၊ ဂျပန်အစိုးရဖက်က ဘယ်လိုကူညီခဲ့တာကို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ကိုဝင်းမင်းကမေးရာမှာ၊ ဂျပန်အစိုးရအထူးကိုယ်စားလှယ် Mr. Sasakawa ကနေတဆင့်၊ အစိုးရနဲ့တပ်ထိပ်ဆုံးခေါင်းဆောင် ၂ ဦးကိုတွေ့ပြီး တိုက်တွန်းခဲ့ကြောင်း ခုလိုစရှင်းပြပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ရခိုင်ပြည်နယ်ငြိမ်ချမ်းရေးက အင်မတန်မှာ ရှုပ်တဲ့သမိုင်းရှိတဲ့ ကိစ္စဖြစ်ပါတယ်။ AA အဖွဲ့နဲ့ တပ်မတော်ကြားမှာ ပြင်းပြင်းထန်ထန်တိုက်ပွဲ ရှိခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ အဓိကက လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို မကျင်းပနိုင်ခဲ့တဲ့နေရာဆိုတာ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဒေသခံတွေရဲ့ အသံက နိုင်ငံရေးမှာ ပါနိုင်တော့မှာမဟုတ်ပါဘူးခင်ဗျ ။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်အခြေအနေ တဆင့်ပြီးတဆင့် အကောင်းဘက်ကို သွားစေချင်တဲ့သဘောနဲ့ ဆိုင်းငံ့ထားတဲ့ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ကျင်းပနိုင်တာက အရေးကြီးတယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ အဲဒီလိုစကားကို၊ အဲ့ဒီလိုကိစ္စကို Mr. Sasakawa က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့ စကားပြောတဲ့အခါမှာ ခေါင်ဆောင်ကြီး ၂ ယောက်စလုံးက အဲဒီရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ကျင်းပနိုင်တာက အရေးကြီးတယ်ဆိုတာက အဲဒီ ၂ ယောက်လည်း အဲဒီသဘောရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီရွေးကောက်ပွဲပြန်လုပ်ပေးဖို့ပေါ့နော် AA ရခိုင်တပ်မတော်နဲ့ တပ်မတော်တို့ကြား ကြေညာချက်တွေထုတ်၊ နိုဝင်ဘာ ၁၂ ရက်နေ့လောက်မှာထင်တယ်၊ တောင်းဆိုကြ ကြိုဆိုကြတာတွေမှာရော ဝင်ကူခဲ့တာရှိသေးလား သံအမတ်ကြီး။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က Mr. Sasakawa ကို အဲဒီရွေးကောက်ပွဲ မြန်မြန်ဆန်ဆန် ကျင်းပနိုင်အောင် အကူအညီပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Mr. Sasakawa သူကိုယ်တိုင် ရွေးကောက်ပွဲအပြီးမှာ Araken Army (AA) နဲ့ ဆက်သွယ်ပြီးတော့၊ Araken Army ဖက်ကလည်း ရွေးကောက်ပွဲမြန်မြန်ဆန်ဆန်ဖြစ်စေချင်တဲ့ သဘောရှိတာကို တွေ့ရခဲ့တဲ့အတွက်၊ အဲဒီသဘောကြေညာချက်ထုတ်အောင် တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ AA က အဲဒါကို လုံးဝသဘောတူတယ် ။ အဲဒီလို သဘောတူတဲ့အတွက် သဘောတူတဲ့အကြောင်းကို တပ်မတော်ဘက်ကို Mr. Sasakawa ကအကြောင်းကြားတယ်၊ နောက် သူ အကြံအဉာဏ်ပေးတာက ၊တကယ်ကို AA က ဒီရွေးကောက်ပွဲအတွက် ကြေညာချက်ထုတ်တယ်ဆိုရင်၊ တပ်မတော်ဘက်ကလည်း ကြေညာချက်ထုတ်ဖို့ ကောင်းတယ်ဆိုတာ တပ်ချုပ်ကြီးကို အဆိုပြုခဲ့တယ်။ ကျွန်တော်တို့ တကယ်အမြန်ဆုံး ရွေးကောက်ပွဲလုပ်နိုင်တယ်ဆိုရင် ရခိုင်ပြည်နယ်ကိစ္စအကုန်လုံးဖြေရှင်းနိုင်မယ်လို့တော့ ကျတော်မထင်ပါဘူး ။ ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စကို အကောင်းဘက်ကို သွားနိုင်တဲ့အဆင့်နား ပို့ဆောင်နိုင်တယ်လို့ မျှော်လင့်နေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အားရစရာပါ။ အခုလို ရခိုင်အကျပ်အတည်းကို ဒီရွေးကောက်ပွဲအပြီး ရလာတဲ့ အချိန်ကောင်းလေးအတွင်းမှာ အမိအရဆုပ်ကိုင်ပြီးတော့ အခုလို လမ်းစဖွင့်ပေးဖို့ ကူညီခဲ့ရကနေပြီးတော့ ရှေ့ဆက်တိုးတက်မှုတွေအတွက်ရော ဒီရွေးကောက်ပွဲ ပြန်ဖြစ်လာဖို့မှာပေါ့နော်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။တကယ်ရွေးကောက်ပွဲဆိုတာက ပြည်တွင်းကိစ္စဖြစ်တယ်နော်။ အဓိက တိုက်ရိုက်တာဝန်ရှိတာကတော့ မြန်မာအစိုးရ ၊ ရွေးကောက်ပွဲကော်မရှင်ရော၊ ရခိုင်ပြည်နယ်အစိုးရတို့ ဒေသခံအဖွဲ့အစည်းများဖြစ်ပါတယ်။ ဖြစ်အောင်ကြိုးစားဖို့ အင်မတန်မှ မျှော်လင့်နေပါတယ်။ ကျနော်တို့ နိုင်ငံခြားအစိုးရအနေနဲ့ ဆက်ပြီးတော့ လိုအပ်တဲ့အကူအညီများရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်ပေးပါမယ်။ အဲဒါကတော့ မြန်မာအစိုးရ၊ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်ရော ၊ ဒေသခံ သဘောထားရော မူတည်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ တပ်မတော်နဲ့ AA တို့က အပြန်အလှန်ကြိုဆိုကြ၊ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတော့ ခုနက သံအမတ်ကြီးပြောသလိုပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရဘက်ကရော။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ကျနော်တို့ သိသလောက်ဆိုရင် မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ရောပဲ၊ တတ်နိုင်သလောက်မြန်မြန် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ ကျင်းပပေးဖို့ ဆန္ဒရှိတယ်လို့ မြင်ပါတယ်။ အဲဒါကို အကောင်အထည်ဖော်စေချင်တယ်။ နောက်တခုက အဲဒီ ရခိုင်လက်နက်ကိုင်တပ်က ၁၂ ရက်နေ့မှာ၊ ပြီးတော့ တပ်မတော်ကရော ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီးနောက်ပိုင်းမှာ၊ သိသလောက်ဆိုရင် ၂ ဖက်ပြင်းပြင်းထန်ထန်တိုင်ပွဲ တခါမှ ရှိခဲ့တယ်ဆိုတဲ့သတင်းကို မကြားခဲ့ရပါဘူး။ အဲဒါ အင်မတန်မှ ကောင်းတဲ့အလားအလာဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မြန်မြန်ဆန်ဆန်ဖြစ်ပါစေလို့ ကျနော်တို့ ဆုတောင်းနေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သံအမတ်ကြီး Maruyama ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG