သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွေးနွေးဖို့ ဂျပန်သံအမတ်ကြီးမေ ျှာ်လင့်


 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama

[Zawgyi/Unicode]

အမျိုးသားပြန်လည်သင့်မြတ်ရေး စတင်အကောင်အထည်ဖော်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်တို့ ဆွေးနွေးပြောဆိုဖို့ မေ ျှာ်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama က ဗွီအိုအေကိုပြောပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်သံအမတ်ကြီးရဲ့အမြင်တွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာအစိုးရနဲ့ တပ်ထိပ်ပိုင်းကို အတွင်းကျကျသိရှိထားတဲ့ ဂျပန်သံအမတ်ကြီး Ichiro Maruyama က လောလောဆယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦးထဲ သီးသန့်တွေ့ဆုံဖို့ အရေးကြီးဆုံး အချိန်ရောက်နေပြီလို့ဆိုခါ ဂျပန်ဘက်က ကူညီနေတာကို ခုလိုစရှင်းပြပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုပြီးတော့ ဂျပန် နိပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုအဲအိ ဆာဆာကာဝါကို ခန့်အပ်လိုက်ပါတယ်။ သူကိုယ်တိုင် မြန်မာ့နိုင်ငံကို အကြိမ်ကြိမ်ရောက်ပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဲဒါတွေမက လက်နက်ကိုင် တိုင်ရင်းသားအဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ငြိမ်းချမ်းရေးရနိုင်အောင် ဘာအကူအညီများပေးဖို့ လိုသလဲ၊ ဘာညာကို ဆွေးနွေးနေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အခု ဒီရွေးကောက်ပွဲအပြီးမှာပဲပေါ့နော်... ထူးထူးခြားခြား လုပ်ဆောင်နိုင်တဲ့အနေအထား ဘာတွေရှိခဲ့သလဲ။ မြန်မာ့ငြိမ်းချမ်းရေးအတွက်လေ။

သံအမတ်ကြီး Maruyama။ ။ ခုနကပြောတဲ့ ဂျပန်အစိုးရအထူးကိုယ်စားလှယ် မစ္စတာ ယိုအဲအိ ဆာဆာကာဝါ က ဂျပန်အစိုးရက လွှတ်လိုက်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ခေါင်းဆောင်အနေနဲ့ မြန်မာ့နိုင်ငံကို ရောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာရော၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဓိက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ အဲဒါတင်မက ရွေးကောက်ပွဲအပြီးမှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ အေးအေးဆေးဆေး နိုင်ငံရေးအစီအစဉ်များ၊ အထူးသဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ ဆွေးနွေးခဲ့ပါတယ်။ မစ္စတာဆာဆာကာဝါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သူ ရှင်းရှင်းလင်းလင်းပြောခဲ့တာက အဲဒီငြိမ်းချမ်းရေးဖြစ်အောင် ဆက်ပြီးတော့ အသစ်ထောက်ပံ့မယ်ဆိုတာ သူကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။ အဲဒီအတိုင်း သူဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ နောက်တခုက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးတကြီး ကိစ္စ.... ကျနော်တို့ အမြင်ဆိုရင် NLD အစိုးရနဲ့ တပ်မတော်ကြားမှာ ဆက်ဆံမှု အဆင်ပြေဖို့လိုပါတယ်ခင်ဗျ။ အဲဒီလို အဆင်ပြေအောင် အရေးတကြီးကိစ္စက အစိုးရကို ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်ယောက်က ဒီရွေးကောက်ပွဲ ပြီးတဲ့ အခြေအနေကို မူတည်ပြီးတော့ တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဘယ်တော့ စပြီး အကောင်အထည်ဖော်မလဲဆိုတာ နှစ်ယောက် အေးအေးဆေးဆေး ပြောဖို့ ကျနော် အင်မတန်မှ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဘာကြောင့်အခုလို ဒီအစိုးရနဲ့ တပ် ထိပ်ဆုံးက ခေါင်းဆောင်နှစ်ဦး တွေ့ဖို့ အရမ်းအရေးကြီးနေတာလဲ သံအမတ်ကြီးခင်ဗျ။

သံအမတ်ကြီး Maruyama။ ။ NLD အစိုးရက ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရ အာဏာရပြီးတော့ အဲဒီ ငြိမ်းချမ်းရေးဆိုတာက ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် အားလုံးက မျှော်လင့်သလောက် တိုးတက်မှုရှိသလားလို့ မေးရင် တိုးမတက်ပါဘူး။ အဲဒီတော့ အခုက အချိန်ကောင်းပဲလေ... NLD က လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အတွေ့အကြုံလည်း ရခဲ့ပါပြီ။ ဒါကြောင့်မို့လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်ဖို့အတွက် NLD အစိုးရနဲ့ တပ်မတော်က တည်တည်ငြိမ်ငြိမ် အသေးစိတ် ဆွေးနွေးပြီးမှ တကယ် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆတဲ့အတွက် ဒီလိုပြောတာပါ။

[Unicode Version]









XS
SM
MD
LG