သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရးတိုးတက္ဖုိ႔ ဂ်ပန္ဆက္ကူညီမည္


ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama

[Zawgyi/Unicode]

ျမန္မာ့ေရြးေကာက္ပြဲအၿပီး လက္ရွိအကူအညီေပးေနတဲ့ ဂ်ပန္အစိုးရအေနနဲ႔ ဘယ္လိုဆက္လက္ပူးေပါင္းေဆာင္ရြက္ဖို႔ရွိတာကို ျမန္မာႏိုင္ငံမွာ တာဝန္ ငါး ႀကိမ္အတြက္ စုစုေပါင္း ၂၅ ႏွစ္တိုင္ေအာင္ ထမ္းေဆာင္လာတဲ့ လက္ရွိ ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama ကို ကိုဝင္းမင္းကေမးရာမွာ အခုဒုတိယအေက်ာ့ ေရြးေကာက္ပြဲရဲ့ ထူးျခားမႈကို အခုလိုစရွင္းျပပါတယ္။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ဒီအစိုးရက ျပည္သူလူထုအမ်ားစုရဲ႕ ေမွ်ာ္လင့္ခ်က္၊ ေထာက္ခံမႈကို ရေနတဲ့ အစိုးရလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ လံုးဝ ေအာင္ျမင္ေစခ်င္တယ္။ ၿပီးေတာ့ ေနာက္တခုကေတာ့ NLD အစိုးရက ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ဖဲြ႔စည္းလာတဲ့ အစိုးရနဲ႔ အခု ဖဲြ႔စည္းမယ့္ အစိုးရ မတူတာက လြန္ခဲ့တဲ့ ၅ ႏွစ္ အေတြ႔ အႀကဳံေတြ ရေနၿပီ။ ဒါေၾကာင့္မို႔လို႔ ပိုၿပီးေတာ့ ေပၚလစီ ေအာင္ေအာင္ျမင္ျမင္ ဖဲြ႔စည္းႏိုင္တယ္လို႔ က်ေနာ္ေမွ်ာ္လင့္ေနပါတယ္ ခင္ဗ်။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ အခုလိုေအာင္ျမင္ဖို႔ အတြက္ေပါ့ေနာ္... အဓိက သတိထား ကိုင္တြယ္ရမယ့္ စိန္ေခၚမႈၾကီးေတြေရာ ဘယ္လို ရွိေနပါသလဲ သံအမတ္ၾကီးခင္ဗ်။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ပထမတခ်က္က စီးပြားေရး။ စီးပြားေရးဟာ အခု COVID 19 ေၾကာင့္ ထိခိုက္မႈ နည္းမွာတင္ မဟုတ္ပါဘူး။ ၿပီးေတာ့ COVID 19 ေၾကာင့္ အလုပ္လုပ္ပိုင္ခြင့္ရဖို႔လည္း ပိုၿပီးေတာ့ အေရးၾကီးပါတယ္ ခင္ဗ်။ ေနာက္တခုက ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး ျဖစ္ပါတယ္ ခင္ဗ်ာ။ အမ်ားစုနဲ႔ ၿငိမ္းခ်မ္းမႈ ရေတာ့ ရခဲ့ေပမဲ့ လက္နက္ကိုင္နဲ႔ တိုင္းရင္းသား အဖဲြ႔အစည္းမ်ားနဲ႔ ယံုၾကည္မႈ အခ်င္းခ်င္း ရွိမွာ မဟုတ္ေသးပါဘူး ခင္္ဗ်ာ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ အဲဒီေတာ့ ပထမတခု ျဖစ္တဲ့ COVID 19 စီးပြားေရး ျပႆနာကို ရင္ဆိုင္ဖို႔အတြက္ ဂ်ပန္အစိုးရအေနနဲ႔ ဘယ္လိုမ်ိဳး အခန္းက႑ကေနၿပီးေတာ့ ကူညီေပးဖို႔ရွိလဲ။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ျမန္မာ့ႏိုင္ငံစီးပြားေရး ထူးခြ်န္တိုးတက္ဖို႔အတြက္ အဓိက အကူအညီေပးမယ္ဆိုတာက က်ေနာ္တို႔ ဂ်ပန္အစိုးရည္ရြယ္ခ်က္ပဲ ျဖစ္ပါတယ္။ အဲဒီ ေရြးေကာက္ပဲြက်င္းပၿပီး ၂ ႏွစ္ ေလာက္အၾကာမွာ က်ေနာ္တို႔ (ဦးစီးခ်ဳပ္) ဝန္ႀကီးခ်ဳပ္ Mr. Suga သူ႔ကိုယ္တိုင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂိၢဳလ္ ေရြးေကာက္ပဲြအႏိုင္ရတဲ့အတြက္ ဂုဏ္ျပဳတဲ့ သဝဏ္လႊာကိုေပးခဲ့ပါတယ္။

အဲဒီအထဲမွာပဲ က်ေနာ္တို႔ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံ ထူးခြ်န္တိုးတက္ဖို႔အတြက္ ဆက္ၿပီးေတာ့ အျပည့္အဝ အကူအညီေပးပါမယ္ဆိုတဲ့ အဲ့ဒါကို ေရးထားပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ၿပီးခဲ့တဲ့ တေခါက္တုန္းကေတာ့ ၂၀၁၅ အၿပီးမွာေပါ့ေနာ္.... ဂ်ပန္ႏိုင္ငံကေန စီးပြားေရးကူညီမႈအတြက္ ယမ္း ဘီလီယံ ၈၀၀ ထင္တယ္။ အကူညီေပးဖို႔ ဂတိေပးခဲ့ပါတယ္။ ဒီတေခါက္မွာေရာ။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ဟုတ္ကဲ့ပါခင္ဗ်။ အဲဒီလို ၂၀၁၅ မွာ ေရြးေကာက္ပဲြအၿပီးမွာ ၂၀၁၆ ခုႏွစ္က ခုနကေျပာတဲ့အတိုင္းေပါ့... ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တရားဝင္ ဂ်ပန္ျပည္ ခရီးစဥ္ကို သြားခဲ့ပါတယ္။ က်ေနာ္တို႔ ဝန္ၾကီးခ်ဳပ္ Mr. Abe သူ႔ကိုယ္တိုင္ ဒီ NLD အစိုးရ သက္တမ္း ၅ နွစ္မွာ အေမရိကန္ ေဒၚလာနဲ႔ ေျပာမယ္ဆိုရင္ ၈ ဘီလီယံ အကူအညီေပးမယ္ဆိုတာကို တိုက္ရိုက္အတည္ျပဳပါတယ္။ အတည္ျပဳတဲ့အတုိင္း က်ေနာ္စာေရးခဲ့ပါတယ္ ခင္ဗ်။ အခု အဲဒီတက္မယ့္ သက္တမ္းမွာ ကၽြန္ေတာ္တို႔ အဲဒီသတ္မွတ္ထားတဲ့ ဂဏန္းေတြမရွိေပမဲ့ အဲဒီထက္ပိုၿပီး အကူအညီေပးဖို႔ ေသခ်ာတယ္လို႔ က်ေနာ္ေျပာႏိုင္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ အထူးဝမ္းသာမိပါတယ္ ျမန္မာျပည္အတြက္။ အထူးလည္း ေက်းဇူးတင္ပါတယ္ သံအမတ္ၾကီးခင္ဗ်။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

ကိုဝင္းမင္း။ ။ စီးပြားေရး ဖံြ႔ၿဖိဳးမႈလုပ္ဖို႔ ဂ်ပန္ႏိုင္ငံရဲ႕ အကူအညီအျပင္ေပါ့ေနာ္.... ျမန္မာႏိုင္ငံအစိုးရဘက္ကေရာ ဘာေတြ လုပ္ဖို႔ လိုလည္းခင္ဗ်။

ဂ်ပန္သံအမတ္ႀကီး Ichiro Maruyama။ ။ အခုေတာ့ အေတြ႔အႀကဳံေတြ ရွိေနပါၿပီ။ ဒါေၾကာင့္ လက္ရွိအစိုးရ ဒုတိယအၾကိမ္မွာ ဖြံ႔ၿဖိဳးေရးစီမံကိန္းကို ေဆြးေႏြးတဲ့အခါမွာ ဘာမွ အခက္အခဲ မရွိဘူးလို႔ က်ေနာ္ ထင္ပါတယ္ ခင္ဗ်။ ေနာက္တခုက က်ေနာ္တို႔ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာ့ႏိုင္ငံ စီးပြားေရး ထူးခြ်န္တိုးတက္ဖို႔အတြက္ က႑အကုန္လံုး အမ်ဳိးစံုမွာ ပူးေပါင္းေဆာင္ရြတ္ဖို႔ အျပည့္ရွိပါတယ္။ ဟို အေျခခံ အေဆာက္အဦး ဥပမာ လမ္းေဖာက္ဆက္သြယ္ေရး၊ လွွ်ပ္စစ္မီး၊ ေဆးခန္းတို႔ ေလဆိပ္တို႔ အဲဒါေတြကို ဆက္ၿပီးေတာ့ အကူအညီေပးပါမယ္။ အဲဒါေတြမက .. ဆင္းရဲမႈ ပေပ်ာက္ေရးဆိုၿပီးေတာ့ အထူးသျဖင့္ ေက်းလက္ေဒသ က်န္းမာေရးက႑ေရာ၊ ပညာေရးက႑ေရာ လူ႔စီမံဖြံ႕ၿဖဳိးေရး က႑ေရာ အဲဒါေတြကို ပူးေပါင္းေဆာင္ရြက္ေပးပါမယ္။ ဒါေၾကာင့္ ျမန္မာ့အစိုးရအေနနဲ႔ ဘာအကူညီမ်ားလုိအပ္သလဲ က်ေနာ္တို႔နဲ႔ ညိွလိုက္တယ္ဆိုရင္ က်ေနာ္တို႔ ခ်က္ခ်င္းထိေရာက္စြာေပးႏိုင္ေအာင္ ေဆာင္ရြက္ပါမယ္ ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့စီးပွားရေးတိုးတက်ဖို့ ဂျပန်ဆက်ကူညီမည်

မြန်မာ့ရွေးကောက်ပွဲအပြီး လက်ရှိအကူအညီပေးနေတဲ့ ဂျပန်အစိုးရအနေနဲ့ ဘယ်လိုဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ရှိတာကို မြန်မာနိုင်ငံမှာ တာဝန် ငါး ကြိမ်အတွက် စုစုပေါင်း ၂၅ နှစ်တိုင်အောင် ထမ်းဆောင်လာတဲ့ လက်ရှိ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို ကိုဝင်းမင်းကမေးရာမှာ အခုဒုတိယအကျော့ ရွေးကောက်ပွဲရဲ့ ထူးခြားမှုကို အခုလိုစရှင်းပြပါတယ်။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဒီအစိုးရက ပြည်သူလူထုအများစုရဲ့ မျှော်လင့်ချက်၊ ထောက်ခံမှုကို ရနေတဲ့ အစိုးရလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လုံးဝ အောင်မြင်စေချင်တယ်။ ပြီးတော့ နောက်တခုကတော့ NLD အစိုးရက ၂၀၁၆ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းလာတဲ့ အစိုးရနဲ့ အခု ဖွဲ့စည်းမယ့် အစိုးရ မတူတာက လွန်ခဲ့တဲ့ ၅ နှစ် အတွေ့ အကြုံတွေ ရနေပြီ။ ဒါကြောင့်မို့လို့ ပိုပြီးတော့ ပေါ်လစီ အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်တယ်လို့ ကျနော်မျှော်လင့်နေပါတယ် ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အခုလိုအောင်မြင်ဖို့ အတွက်ပေါ့နော်... အဓိက သတိထား ကိုင်တွယ်ရမယ့် စိန်ခေါ်မှုကြီးတွေရော ဘယ်လို ရှိနေပါသလဲ သံအမတ်ကြီးခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ပထမတချက်က စီးပွားရေး။ စီးပွားရေးဟာ အခု COVID 19 ကြောင့် ထိခိုက်မှု နည်းမှာတင် မဟုတ်ပါဘူး။ ပြီးတော့ COVID 19 ကြောင့် အလုပ်လုပ်ပိုင်ခွင့်ရဖို့လည်း ပိုပြီးတော့ အရေးကြီးပါတယ် ခင်ဗျ။ နောက်တခုက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပါတယ် ခင်ဗျာ။ အများစုနဲ့ ငြိမ်းချမ်းမှု ရတော့ ရခဲ့ပေမဲ့ လက်နက်ကိုင်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ယုံကြည်မှု အချင်းချင်း ရှိမှာ မဟုတ်သေးပါဘူး ခင်ဗျာ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ပထမတခု ဖြစ်တဲ့ COVID 19 စီးပွားရေး ပြဿနာကို ရင်ဆိုင်ဖို့အတွက် ဂျပန်အစိုးရအနေနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍကနေပြီးတော့ ကူညီပေးဖို့ရှိလဲ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ မြန်မာ့နိုင်ငံစီးပွားရေး ထူးချွန်တိုးတက်ဖို့အတွက် အဓိက အကူအညီပေးမယ်ဆိုတာက ကျနော်တို့ ဂျပန်အစိုးရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကျင်းပပြီး ၂ နှစ် လောက်အကြာမှာ ကျနော်တို့ (ဦးစီးချုပ်) ဝန်ကြီးချုပ် Mr. Suga သူ့ကိုယ်တိုင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရွေးကောက်ပွဲအနိုင်ရတဲ့အတွက် ဂုဏ်ပြုတဲ့ သဝဏ်လွှာကိုပေးခဲ့ပါတယ်။

အဲဒီအထဲမှာပဲ ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ထူးချွန်တိုးတက်ဖို့အတွက် ဆက်ပြီးတော့ အပြည့်အဝ အကူအညီပေးပါမယ်ဆိုတဲ့ အဲ့ဒါကို ရေးထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ပြီးခဲ့တဲ့ တခေါက်တုန်းကတော့ ၂၀၁၅ အပြီးမှာပေါ့နော်.... ဂျပန်နိုင်ငံကနေ စီးပွားရေးကူညီမှုအတွက် ယမ်း ဘီလီယံ ၈၀၀ ထင်တယ်။ အကူညီပေးဖို့ ဂတိပေးခဲ့ပါတယ်။ ဒီတခေါက်မှာရော။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဟုတ်ကဲ့ပါခင်ဗျ။ အဲဒီလို ၂၀၁၅ မှာ ရွေးကောက်ပွဲအပြီးမှာ ၂၀၁၆ ခုနှစ်က ခုနကပြောတဲ့အတိုင်းပေါ့... နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားဝင် ဂျပန်ပြည် ခရီးစဉ်ကို သွားခဲ့ပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ် Mr. Abe သူ့ကိုယ်တိုင် ဒီ NLD အစိုးရ သက်တမ်း ၅ နှစ်မှာ အမေရိကန် ဒေါ်လာနဲ့ ပြောမယ်ဆိုရင် ၈ ဘီလီယံ အကူအညီပေးမယ်ဆိုတာကို တိုက်ရိုက်အတည်ပြုပါတယ်။ အတည်ပြုတဲ့အတိုင်း ကျနော်စာရေးခဲ့ပါတယ် ခင်ဗျ။ အခု အဲဒီတက်မယ့် သက်တမ်းမှာ ကျွန်တော်တို့ အဲဒီသတ်မှတ်ထားတဲ့ ဂဏန်းတွေမရှိပေမဲ့ အဲဒီထက်ပိုပြီး အကူအညီပေးဖို့ သေချာတယ်လို့ ကျနော်ပြောနိုင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အထူးဝမ်းသာမိပါတယ် မြန်မာပြည်အတွက်။ အထူးလည်း ကျေးဇူးတင်ပါတယ် သံအမတ်ကြီးခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကိုဝင်းမင်း။ ။ စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ဖို့ ဂျပန်နိုင်ငံရဲ့ အကူအညီအပြင်ပေါ့နော်.... မြန်မာနိုင်ငံအစိုးရဘက်ကရော ဘာတွေ လုပ်ဖို့ လိုလည်းခင်ဗျ။

ဂျပန်သံအမတ်ကြီး Ichiro Maruyama။ ။ အခုတော့ အတွေ့အကြုံတွေ ရှိနေပါပြီ။ ဒါကြောင့် လက်ရှိအစိုးရ ဒုတိယအကြိမ်မှာ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆွေးနွေးတဲ့အခါမှာ ဘာမှ အခက်အခဲ မရှိဘူးလို့ ကျနော် ထင်ပါတယ် ခင်ဗျ။ နောက်တခုက ကျနော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံ စီးပွားရေး ထူးချွန်တိုးတက်ဖို့အတွက် ကဏ္ဍအကုန်လုံး အမျိုးစုံမှာ ပူးပေါင်းဆောင်ရွတ်ဖို့ အပြည့်ရှိပါတယ်။ ဟို အခြေခံ အဆောက်အဦး ဥပမာ လမ်းဖောက်ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ဆေးခန်းတို့ လေဆိပ်တို့ အဲဒါတွေကို ဆက်ပြီးတော့ အကူအညီပေးပါမယ်။ အဲဒါတွေမက .. ဆင်းရဲမှု ပပျောက်ရေးဆိုပြီးတော့ အထူးသဖြင့် ကျေးလက်ဒေသ ကျန်းမာရေးကဏ္ဍရော၊ ပညာရေးကဏ္ဍရော လူ့စီမံဖွံ့ဖြိုးရေး ကဏ္ဍရော အဲဒါတွေကို ပူးပေါင်းဆောင်ရွက်ပေးပါမယ်။ ဒါကြောင့် မြန်မာ့အစိုးရအနေနဲ့ ဘာအကူညီများလိုအပ်သလဲ ကျနော်တို့နဲ့ ညှိလိုက်တယ်ဆိုရင် ကျနော်တို့ ချက်ချင်းထိရောက်စွာပေးနိုင်အောင် ဆောင်ရွက်ပါမယ် ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG