သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္ျပင္ပမဲ႐ံုေတြရဲ႕ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ တပ္မေတာ္စစ္ေဆးေန


ႏိုဝင္ဘာလ ၈ ရက္ေန႔က ၂၀၂၀ ေရြးေကာက္ပဲြအတြက္ မႏၲေလးနန္းတြင္း တပ္မဲ႐ုံအတြင္း တပ္မေတာ္မိသားစုမ်ား မဲေပးေနတဲ့ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲအတြင္း တပ္မေတာ္သားေတြ မဲေပးခဲ့ၾကတဲ့ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္က ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ကို စုံစမ္းစစ္ေဆးသြားမယ္လို႔ တပ္မေတာ္က ေျပာဆိုလိုက္တဲ့ေအၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

အာဏာရ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ အႏိုင္ရခဲ့ေၾကာင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားေပမဲ့လည္း တပ္မေတာ္သားေတြ မဲေပးခဲ့တဲ့ မဲဆႏၵနယ္ေျမေတြမွာ ျပန္စိစစ္မယ္လို႔ တပ္မေတာ္တာဝန္ရွိသူ တစ္ေယာက္က ေျပာလိုက္တာပါ။ ျပင္ပမဲ႐ုံေတြမွာ မဲေပးခဲ့တဲ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ကို စုံစမ္းစစ္ေဆးေနေၾကာင္းတပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ေသာၾကာေန႔ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

"တပ္မေတာ္သားေတြ ျပင္ပမဲ႐ုံေတြမွာ မဲေပးခဲ့တာ ၿမိဳ႕နယ္ ၂၀၀ ေက်ာ္ရွိပါတယ္။ အဲဒီ ၂၀၀ ေက်ာ္မွာေတာ့ အေျခအေနမွန္မ်ား သိႏိုင္ေရးအတြက္ စုံစမ္းစစ္ေဆးေနတာ ျပဳလုပ္တာေတြ ရွိပါတယ္။ စုံစမ္းစစ္ေဆးမႈေတြက ေတြ႕ရွိခ်က္ေတြကို ေျပာသင့္တဲ့ အခ်ိန္၊ ေျပာသင့္တဲ့ အေၾကာင္းအရာ၊ ေျပာသင့္တဲ့ အခ်က္အလက္ေတြ ရွိလာရင္ အသိေပး ေျပာၾကားသြားမွာျဖစ္ပါတယ္။ တရားမွ်တမႈ ရွိျခင္း၊ မရွိျခင္းဆိုတာက ဒီဟာနဲ႔ ပတ္သတ္တဲ့ ဥပေဒပိုင္းေတြ ေဆာင္႐ြက္တာၿပီးေတာ့မွ ဒါေတြက တရားမွ်တတာရွိ၊ မရွိ က်ေနာ္တို႔အေနနဲ႔ ေျပာတာက ပိုၿပီး သင့္ေတာ္တယ္လို႔ထင္ပါတယ္။"

ေ႐ြးေကာက္ပြဲ ရလဒ္အေပၚ အဓိက အတိုက္အခံ ႏိုင္ငံေရးပါတီျဖစ္တဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီတခ်ိဳ႕က အျငင္းပြားေနခ်ိန္မွာပဲ တပ္မေတာ္ကလည္း စုံစမ္းစစ္ေဆးေနတဲ့အေၾကာင္း ေျပာဆိုလိုက္တာပါ။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္က စုံစမ္းတဲ့ အစီအစဥ္ဟာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ဆက္ႏြယ္မႈ မရွိေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း ဘယ္လို အေၾကာင္းအရာေတြကို စုံစမ္းစစ္ေဆးေနသလဲဆိုတာကိုေတာ့ တိတိက်က် ေျပာမသြားပါဘူး။

"က်ေနာ္တို႔ အေနနဲ႔ လုပ္သင့္လုပ္ထိုက္တာကို က်ေနာ္တို႔ စုံစမ္းစစ္ေဆးသင့္တာကို ဒီၿမိဳ႕နယ္ေတြမွာပဲ က်ေနာ္တိုနဲ႔ ပတ္သက္တဲ့ ၿမိဳ႕နယ္ေတြ၊ တပ္ေတြမရွိတဲ့ ၿမိဳ႕နယ္ေတြမွာ စုံစမ္းစရာအေၾကာင္းလည္း မရွိဘူး။ တပ္ေတြရွိတဲ့ ေနရာေတြမွာေတာ့ေ႐ြးေကာက္ပြဲ ျဖစ္စဥ္ေတြနဲ႔ ပတ္သတ္ၿပီး စုံစမ္းစစ္ေဆးေနတာရွိတယ္။ က်ေနာ္တို႔ အေနနဲ႔ ခုနက ေျပာသင့္ေျပာထိုက္တာကို ေျပာသင့္ေျပာထိုက္တဲ့ အခ်ိန္မွာ ေျပာႏိုင္ေအာင္ လုပ္ျခင္းျဖစ္တယ္လို႔ေျပာခ်င္တယ္။"

ေ႐ြးေကာက္ပြဲ အႏိုင္ရပါတီ NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ တပ္မေတာ္က စုံစမ္းတဲ့ အစီအစဥ္ဟာ ေ႐ြးေကာက္ပြဲ လြတ္လပ္မွ်တမႈကို မထိခိုက္ရင္ ကန႔္ကြက္စရာ မရွိေၾကာင္းေျပာပါတယ္။

"သူတို႔ ဘယ္လို စိစစ္မယ္၊ ဘာကို ရည္႐ြယ္ခ်က္နဲ႔ စိစစ္မယ္ဆိုတာေပၚ မူတည္ပါလိမ့္မယ္ခင္ဗ်။ အေရးႀကီးတာကေတာ့ ေ႐ြးေကာက္ပြဲရဲ႕ လြတ္လပ္ၿပီးေတာ့ တရား မွ်တမႈကိုထိခိုက္ေစမယ့္ စုံစမ္းစစ္ေဆးမႈမ်ိဳး မဟုတ္ရင္ ဘာမွ ကန႔္ကြက္စရာ မရွိပါဘူး။ ေ႐ြးေကာက္ပြဲတခုမွာေတာ့ လြတ္လပ္ၿပီးတရားမွ်တမႈကို အဓိကထားရပါမယ္။"

ေ႐ြးေကာက္ပြဲ မက်င္းပခင္ ရက္ပိုင္းအလိုမွာတုန္းကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္ဆိုၿပီး ေဝဖန္ေျပာဆိုခဲ့တဲ့အတြက္ အစိုးရတာဝန္ရွိသူေတြနဲ႔ အျပန္အလွန္ တံု႔ျပန္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။ တေကာင္းႏိုင္ငံေရးေလ့လာမႈအဖြဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ ဦးရဲမ်ိဳးဟိန္းကေတာ့ ေ႐ြးေကာက္ပြဲလြန္ကာလမွာ တပ္မေတာ္နဲ႔ အစိုးရၾကား ဆက္လက္ တင္းမာေနတဲ့ လကၡဏာမ်ိဳးေတာ့ မေတြ႕ရဘူးလို႔ သုံးသပ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြအတြက္ မႏၲေလးနန္းတြင္း တပ္မဲ႐ုံအတြင္း တပ္မေတာ္မိသားစုမ်ား မဲေပးေနတဲ့ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)
၂၀၂၀ ေရြးေကာက္ပဲြအတြက္ မႏၲေလးနန္းတြင္း တပ္မဲ႐ုံအတြင္း တပ္မေတာ္မိသားစုမ်ား မဲေပးေနတဲ့ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

"တပ္မေတာ္ကိုယ္တိုင္လည္း ျပည္သူေတြရဲ႕ မဲေပးေ႐ြးခ်ယ္မႈကို အတိုင္းအတာတခုအထိလက္ခံတယ္ဆိုတဲ့ သေဘာမ်ိဳးေတြ႕ရတယ္။ ေ႐ြးေကာက္ပြဲအလြန္ကာလမွာေတာ့ ေ႐ြးေကာက္ပြဲအလြန္ကာလလိုမ်ိဳး တဘက္နဲ႔တဘက္ အားၿပိဳင္တာမ်ိဳး သိပ္မေတြ႕ရေတာ့ေပမယ့္တင္းမာမႈေတြ နည္းနည္းေလ်ာ့သြားတယ္လို႔ က်ေနာ္ေတာ့ျမင္တယ္။ အထူးသျဖင့္ ျပည္သူေတြ မဲေပးတာ၊ ျပည္သူေတြ ေထာက္ခံတာမ်ိဳးကို တပ္မေတာ္ဘက္က ျငင္းပယ္တာမ်ိဳး မေတြ႕ရဘူး။ အဲဒါကေတာ့ ထူးျခားခ်က္တခုလို႔ျမင္တယ္။ လက္ရွိ အေနအထားအရေတာ့ အရမ္းအဆိုးရြားႀကီးမရွိဘူး။ သို႔ေသာ္ျငားလည္း ဒီလိုစစ္ျဖစ္တာက ဘယ္လိုစစ္ျဖစ္တာလဲဆိုတာမသိေတာ့ က်ေနာ္တို႔ေတာ္ေတာ္ေတာ့ ေျပာရခက္ပါလိမ့္မယ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္မွ်တမႈရွိေၾကာင္း ျပည္တြင္း၊ ျပည္ပ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အဖြဲ႕ေတြက သုံးသပ္ၾကပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆိုၿပီး ျပည္နယ္နဲ႔ တိုင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ိဳ႕ကို ပယ္ဖ်က္ခဲ့တဲ့အတြက္ မဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးခဲ့ရတဲ့ အေပၚမွာေတာ့ ႏိုင္ငံတကာ အသိုင္းအဝန္းက စိုးရိမ္တဲ့ သေဘာထားေတြကိုလည္း ေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်ပြင်ပမဲရုံတွေရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တပ်မတော်စစ်ဆေးနေ

ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း တပ်မတော်သားတွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၀၀ ကျော်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တပ်မတော်က ပြောဆိုလိုက်တဲ့အေကြာင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမဲ့လည်း တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြန်စိစစ်မယ်လို့ တပ်မတော်တာဝန်ရှိသူ တစ်ယောက်က ပြောလိုက်တာပါ။ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို စုံစမ်းစစ်ဆေးနေကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သောကြာနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"တပ်မတော်သားတွေ ပြင်ပမဲရုံတွေမှာ မဲပေးခဲ့တာ မြို့နယ် ၂၀၀ ကျော်ရှိပါတယ်။ အဲဒီ ၂၀၀ ကျော်မှာတော့ အခြေအနေမှန်များ သိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေတာ ပြုလုပ်တာတွေ ရှိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို ပြောသင့်တဲ့ အချိန်၊ ပြောသင့်တဲ့ အကြောင်းအရာ၊ ပြောသင့်တဲ့ အချက်အလက်တွေ ရှိလာရင် အသိပေး ပြောကြားသွားမှာဖြစ်ပါတယ်။ တရားမျှတမှု ရှိခြင်း၊ မရှိခြင်းဆိုတာက ဒီဟာနဲ့ ပတ်သတ်တဲ့ ဥပဒေပိုင်းတွေ ဆောင်ရွက်တာပြီးတော့မှ ဒါတွေက တရားမျှတတာရှိ၊ မရှိ ကျနော်တို့အနေနဲ့ ပြောတာက ပိုပြီး သင့်တော်တယ်လို့ထင်ပါတယ်။"

ရွေးကောက်ပွဲ ရလဒ်အပေါ် အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က အငြင်းပွားနေချိန်မှာပဲ တပ်မတော်ကလည်း စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောဆိုလိုက်တာပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်က စုံစမ်းတဲ့ အစီအစဉ်ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်နွယ်မှု မရှိကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်လို အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးနေသလဲဆိုတာကိုတော့ တိတိကျကျ ပြောမသွားပါဘူး။

"ကျနော်တို့ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့ စုံစမ်းစစ်ဆေးသင့်တာကို ဒီမြို့နယ်တွေမှာပဲ ကျနော်တိုနဲ့ ပတ်သက်တဲ့ မြို့နယ်တွေ၊ တပ်တွေမရှိတဲ့ မြို့နယ်တွေမှာ စုံစမ်းစရာအကြောင်းလည်း မရှိဘူး။ တပ်တွေရှိတဲ့ နေရာတွေမှာတော့ရွေးကောက်ပွဲ ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတာရှိတယ်။ ကျနော်တို့ အနေနဲ့ ခုနက ပြောသင့်ပြောထိုက်တာကို ပြောသင့်ပြောထိုက်တဲ့ အချိန်မှာ ပြောနိုင်အောင် လုပ်ခြင်းဖြစ်တယ်လို့ပြောချင်တယ်။"

ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ တပ်မတော်က စုံစမ်းတဲ့ အစီအစဉ်ဟာ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုကို မထိခိုက်ရင် ကန့်ကွက်စရာ မရှိကြောင်းပြောပါတယ်။

"သူတို့ ဘယ်လို စိစစ်မယ်၊ ဘာကို ရည်ရွယ်ချက်နဲ့ စိစစ်မယ်ဆိုတာပေါ် မူတည်ပါလိမ့်မယ်ခင်ဗျ။ အရေးကြီးတာကတော့ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီးတော့ တရား မျှတမှုကိုထိခိုက်စေမယ့် စုံစမ်းစစ်ဆေးမှုမျိုး မဟုတ်ရင် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ရွေးကောက်ပွဲတခုမှာတော့ လွတ်လပ်ပြီးတရားမျှတမှုကို အဓိကထားရပါမယ်။"

ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလိုမှာတုန်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့တဲ့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းကတော့ ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်နဲ့ အစိုးရကြား ဆက်လက် တင်းမာနေတဲ့ လက္ခဏာမျိုးတော့ မတွေ့ရဘူးလို့ သုံးသပ်ပါတယ်။

"တပ်မတော်ကိုယ်တိုင်လည်း ပြည်သူတွေရဲ့ မဲပေးရွေးချယ်မှုကို အတိုင်းအတာတခုအထိလက်ခံတယ်ဆိုတဲ့ သဘောမျိုးတွေ့ရတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာတော့ ရွေးကောက်ပွဲအလွန်ကာလလိုမျိုး တဘက်နဲ့တဘက် အားပြိုင်တာမျိုး သိပ်မတွေ့ရတော့ပေမယ့်တင်းမာမှုတွေ နည်းနည်းလျော့သွားတယ်လို့ ကျနော်တော့မြင်တယ်။ အထူးသဖြင့် ပြည်သူတွေ မဲပေးတာ၊ ပြည်သူတွေ ထောက်ခံတာမျိုးကို တပ်မတော်ဘက်က ငြင်းပယ်တာမျိုး မတွေ့ရဘူး။ အဲဒါကတော့ ထူးခြားချက်တခုလို့မြင်တယ်။ လက်ရှိ အနေအထားအရတော့ အရမ်းအဆိုးရွားကြီးမရှိဘူး။ သို့သော်ငြားလည်း ဒီလိုစစ်ဖြစ်တာက ဘယ်လိုစစ်ဖြစ်တာလဲဆိုတာမသိတော့ ကျနော်တို့တော်တော်တော့ ပြောရခက်ပါလိမ့်မယ်။"

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG