သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမုန္းစကားေလာင္မီးပြား


အမုန္းစကားေလာင္မီးပြား
please wait

No media source currently available

0:00 0:05:13 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္မွာ အမုန္းစကား၊ သတင္းအမွားနဲ႔ အစြန္းေရာက္ အမ်ဳိးသားဝါဒ ျပန္႔ပြားတာေၾကာင့္ ဖိႏိွပ္မႈနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ျဖစ္ေပၚေနပံုကို သံုးသပ္ထားတဲ့စာတမ္း လြန္ခဲ့တဲ့ ေအာက္တိုဘာလက ထြက္လာပါတယ္။ ျပည္တြင္းအရပ္ဘက္အဖြဲ႔အစည္း (၁၈) ခုနဲ႔ Harvard တကၠသိုလ္ ဥပေဒမဟာဌာနရဲ ႔ လူ႔အခြင့္အေရးအဖြဲ႔တို႔ စုေပါင္းျပဳစုထားတဲ့ Hate Speech Ignited အမုန္းစကားေလာင္မီးပြား ဆိုတဲ့ စာတမ္းပါပဲ။ စာမ်က္ႏွာတရာေက်ာ္ (၁၂၂) ရိွပါတယ္။ ျမန္မာ ဗုဒၶဘာသာဝင္ေတြ ႀကီးစိုးႏိုင္ေအာင္ အာဏာအရိွန္အဝါ ရိွသူေတြက တမင္တကာ မီးေမႊးလို႔ ေပၚထြက္လာတဲ့ အမုန္းစကားလို႔ ဆိုပါတယ္။

အမုန္းစကားေတာက္ေလာင္ေအာင္ မီးေမႊးေပးသူကို အေရးယူေလ့ မရိွပါဘူး။ ဒါေၾကာင့္ လူနည္းစု ရပိုင္ခြင့္အေၾကာင္း ေဆြးေႏြးတဲ့ အမ်ဳိးသမီးေတြကို အမုန္းစကားနဲ႔ ထိုးႏွက္တိုက္ခုိက္တာမ်ဳိးေတြ လုပ္ၾကပါတယ္။ ရခိုင္ျပည္နယ္စစ္ပြဲကို ကန္႔ကြက္ဆႏၵျပတဲ့ ေက်ာင္းသားေတြကိုေတာ့ အေရးယူပါတယ္။ အစိုးရနဲ႔ စစ္တပ္ကို ေဝဖန္ရင္ ပုဒ္မအမ်ဳိးမ်ဳိးနဲ႔ ေထာင္သြင္းအက်ဥ္းခ်တတ္ပါတယ္။ အမ်ဳိးဘာသာနဲ႔ တိုင္းျပည္ဟာ မြတ္စလင္အႏၱရာယ္ကို ရင္ဆိုင္ေနရတယ္လို႔ ေျခာက္လွန္႔တာမ်ဳိးလည္း ရိွပါတယ္။

မဘသနဲ႔ ၉၆၉ လႈပ္ရွားမႈေတြဟာ တပ္မေတာ္နဲ႔ ခရိုနီေတြရဲ ႔ အေထာက္အပံ့ အမ်ားႀကီးရရိွတယ္လို႔ အရပ္ဘက္အဖြဲ႔အစည္း အေတာ္မ်ားမ်ားက ယံုၾကည္ၾကပါတယ္။ စစ္ေခါင္းေဆာင္ေတြရဲ ႔ လွဳဖြယ္ဝတၳဳ အမ်ားအျပား လက္ခံထားတဲ့ ဘုန္းႀကီးေတြဟာ စစ္တပ္ဝါဒျဖန္႔တာကို ေထာက္ခံေျပာဆိုတယ္လုိ႔ ၂၀၁၃ မွာ ထုိင္းႏုိင္ငံကို ထြက္ခြါခဲ့တဲ့ ဘုန္းႀကီးလူထြက္ ဦးဂမီၻရ က ေျပာဖူးပါတယ္။ ဒါေၾကာင့္ မဘသ ဟာ တပ္မေတာ္လက္ေအာက္ခံ လက္နက္မကိုင္တဲ့ တပ္ဖြဲ႔ျဖစ္တယ္လို႔ ေျပာသူေတြလည္း ရိွပါတယ္။ မဘသ ဟာ ေဒၚေအာင္ဆန္းစုၾကည္၊ NLD နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေတြကို ေဝဖန္ရႈတ္ခ်ၿပီး စစ္တပ္ကို ေထာက္ခံအားေပးေနတဲ့ သံဃာအဖြဲ႔အစည္း ျဖစ္တယ္လို႔ ဆုိပါတယ္။ မြတ္စလင္ဆန္႔က်င္ေရး လံႈေဆာ္ရာမွာ ဦးဝိရသူဟာ ထင္ရွားပါတယ္။ စစ္တပ္နဲ႔ အစြန္းေရာက္ အမ်ဳိးသားဝါဒီေတြဟာ Facebook ကို သံုးၿပီး၊ အမုန္းစကားနဲ႔ သတင္းအမွား ျဖန္႔ေဝၾကတယ္လို႔ အရပ္ဘက္အဖြဲ႔အစည္းအခ်ဳိ ႔က ေျပာပါတယ္။

အမုန္းစကားေလာင္ မီးပြားေနတာကို Facebook ကလည္း ဘာမွ မတတ္ႏိုင္သလို ျဖစ္တယ္လို႔ ၂၀၁၈ ကုလသမဂၢ အစီရင္ခံစာ ေဖာ္ျပတဲ့အထိ အေျခအေန ဆိုးဝါးလာပါတယ္။ တပ္မေတာ္ရဲ ႔ Online ဝါဒျဖန္႔ တိုက္ပြဲကို ရုရွားစစ္တပ္က ကူညီေနတယ္လို႔ ေျပာဆုိတာေတြလည္း ရိွပါတယ္။ Facebook ဟာ စစ္တပ္ေခါင္းေဆာင္အခ်ဳိ ႔ရဲ ႔ စာရင္းကို ပယ္ဖ်က္ၿပီး အေရးယူတာမ်ဳိး လုပ္ျပပါတယ္။ စာနယ္ဇင္းေလာကမွာ မြတ္စလင္ ဆန္႔က်င္တဲ့ အေရးအသား တိုးပြားလာပါတယ္။ အရင္က ပိတ္ထားတဲ့ “အမ်ဳိးေပ်ာက္မွာ စိုးေၾကာက္စရာ” ဆိုတဲ့ စာအုပ္မ်ဳိးေတြ ျပန္႔ထြက္လာပါတယ္။ “လူသတ္ေသာဘုရား ႏွင့္ မိုက္လံုးႀကီးေသာ ဖန္ဆင္းရွင္” ဆိုတဲ့ စာအုပ္ကို မဘသနဲ႔ ဆက္ႏႊယ္တဲ့ အဖြဲ႔တဖြဲ႔က ထုတ္ေဝပါတယ္။ မြတ္စလင္ဆန္႔က်င္မႈ ျပင္းထန္လြန္းတာမို႔ ၂၀၁၅ ေရြးေကာက္ပြဲမွာ မြတ္စလင္ ကိုယ္စားလွယ္တစ္ဦးမွ မပါေတာ့ပါဘူး။

၂၀၁၆ မွာ ဖြဲ႔စည္းတဲ့ NLD အစိုးရဟာ မၾကာမီ တပ္မေတာ္ရဲ ႔ ရပ္တည္ခ်က္ခ်င္း တူလာတယ္လို႔ ဆိုပါတယ္။ တပ္မေတာ္က လူ႔အခြင့္အေရး ခ်ဳိးဖ်က္လို႔ အျပည္ျပည္ဆိုင္ရာက ေဝဖန္ရႈတ္ခ်တာကို ျပည္တြင္းမွာ လက္မခံႏိုင္ၾကတာ ေတြ႔ရပါတယ္။ ရုိဟင္ဂ်ာ ျပႆနာေၾကာင့္ ျပည္ပမွာ တပ္မေတာ္သိကၡာက်လာေပမယ့္ ျပည္တြင္းမွာေတာ့ ေထာက္ခံသူေတြ တုိးပြားေနပါတယ္။ ဗုဒၶဘာသာ ျမန္မာလူမ်ဳိး ကြယ္ေပ်ာက္သြားႏိုင္တယ္ဆိုတာကို အဓိကထား ေဖာ္ျပၾကပါတယ္။ “ေျမမ်ဳိ၍ လူမ်ဳိးမျပဳတ္ လူမ်ဳိမွ လူမ်ဳိးျပဳတ္မည္” ဆိုတဲ့ စာတမ္းကို အလုပ္သမားနဲ႔ လူ႔ဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနမွာ ခ်ိတ္ဆြဲထားပါတယ္။ ဗုဒၶဘာသာ ရခိုင္တပ္နဲ႔ ရိုဟင္ဂ်ာလြတ္ေျမာက္ေရးတပ္ဖြဲ႔ မဟာမိတ္လုပ္ထားတယ္ဆိုတဲ့ သတင္းမ်ဳိးကို ျဖန္႔ေဝၿပီး ရခိုင္တပ္ကို လူမုန္းမ်ားလာေအာင္ နည္းမ်ဳိးစံုနဲ႔ ဝါဒျဖန္႔ၾကပါတယ္။

စစ္တပ္ရဲ ႔ လုပ္ရပ္ေဖာ္ျပတဲ့ လူ႔အခြင့္အေရး ကာကြယ္ေရးသမားနဲ႔ သတင္းသမားေတြကို သစၥာေဖာက္အျဖစ္ စြပ္စြဲတာဟာ လုပ္ရိုးလုပ္စဥ္လို ျဖစ္လာပါတယ္။ ရိုဟင္ဂ်ာ (၁၀) ဦး အသတ္ခံရတာကို ေဖာ္ျပတဲ့ ရိုက္တာသတင္းေထာက္ (၂) ဦး အမႈဟာ ထင္ရွားပါတယ္။ ဝိုင္းဝန္းဖိအားေပးလို႔ ၂၀၁၉ ေမလမွာ လႊတ္ေပးလိုက္ေပမယ့္ ေထာင္ထဲမွာ (၁) ႏွစ္ေက်ာ္ ေနလိုက္ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္၊ NLD နဲ႔ စစ္တပ္ကို ေဝဖန္ရင္ ႏုိင္ငံျခားအလိုေတာ္ရိ သစၥာေဖာက္အျဖစ္ သတ္မွတ္ခံရပါတယ္။ ႏုိင္ငံျခားနဲ႔ ဆက္သြယ္သူကို ေဒၚလာစားတဲ့ အေခ်ာင္သမားအျဖစ္ စြပ္စြဲတိုက္ခိုက္ၾကပါတယ္။

အခုလို အမုန္းစကားေလာင္ မီးပြားေနတာကို NLD အစိုးရကလည္း ဘာမွတတ္ႏိုင္ပံု မရပါဘူး။ အစိုးရက အေရးမယူနိုင္ေလေလ အမုန္းစကားေတြ ေတာက္ေလာင္ေလေလ ျဖစ္ေနပါတယ္။ လူနည္းစုဘက္က ရပ္တည္တဲ့ အရပ္ဘက္အသင္းအဖြဲ႔ေတြကို အစြန္းေရာက္အမ်ဳိးသားေရးဝါဒေတြက တိုက္ခိုက္ေနတာဟာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို ေထာ္ေလာ္ကန္႔လန္႔ လုပ္ေနတဲ့သေဘာ ျဖစ္ပါတယ္။ အမုန္းစကားပြားမ်ားၿပီး တဖတ္သတ္ စြပ္စြဲတိုက္ခိုက္တာကို ရပ္တန္႔သြားေအာင္လုပ္ဖို႔ အစိုးရမွာ တာဝန္ရိွပါတယ္။


==Unicode==

မြန်မာပြည်မှာ အမုန်းစကား၊ သတင်းအမှားနဲ့ အစွန်းရောက် အမျိုးသားဝါဒ ပြန့်ပွားတာကြောင့် ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေပုံကို သုံးသပ်ထားတဲ့စာတမ်း လွန်ခဲ့တဲ့ အောက်တိုဘာလက ထွက်လာပါတယ်။ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း (၁၈) ခုနဲ့ Harvard တက္ကသိုလ် ဥပဒေမဟာဌာနရဲ့ လူ့အခွင့်အရေးအဖွဲ့တို့ စုပေါင်းပြုစုထားတဲ့ Hate Speech Ignited အမုန်းစကားလောင်မီးပွား ဆိုတဲ့ စာတမ်းပါပဲ။ စာမျက်နှာတရာကျော် (၁၂၂) ရှိပါတယ်။ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးနိုင်အောင် အာဏာအရှိန်အဝါ ရှိသူတွေက တမင်တကာ မီးမွှေးလို့ ပေါ်ထွက်လာတဲ့ အမုန်းစကားလို့ ဆိုပါတယ်။

အမုန်းစကားတောက်လောင်အောင် မီးမွှေးပေးသူကို အရေးယူလေ့ မရှိပါဘူး။ ဒါကြောင့် လူနည်းစု ရပိုင်ခွင့်အကြောင်း ဆွေးနွေးတဲ့ အမျိုးသမီးတွေကို အမုန်းစကားနဲ့ ထိုးနှက်တိုက်ခိုက်တာမျိုးတွေ လုပ်ကြပါတယ်။ ရခိုင်ပြည်နယ်စစ်ပွဲကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားတွေကိုတော့ အရေးယူပါတယ်။ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ရင် ပုဒ်မအမျိုးမျိုးနဲ့ ထောင်သွင်းအကျဉ်းချတတ်ပါတယ်။ အမျိုးဘာသာနဲ့ တိုင်းပြည်ဟာ မွတ်စလင်အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ခြောက်လှန့်တာမျိုးလည်း ရှိပါတယ်။

မဘသနဲ့ ၉၆၉ လှုပ်ရှားမှုတွေဟာ တပ်မတော်နဲ့ ခရိုနီတွေရဲ့ အထောက်အပံ့ အများကြီးရရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်း အတော်များများက ယုံကြည်ကြပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ လှုဖွယ်ဝတ္ထု အများအပြား လက်ခံထားတဲ့ ဘုန်းကြီးတွေဟာ စစ်တပ်ဝါဒဖြန့်တာကို ထောက်ခံပြောဆိုတယ်လို့ ၂၀၁၃ မှာ ထိုင်းနိုင်ငံကို ထွက်ခွါခဲ့တဲ့ ဘုန်းကြီးလူထွက် ဦးဂမ္ဘီရ က ပြောဖူးပါတယ်။ ဒါကြောင့် မဘသ ဟာ တပ်မတော်လက်အောက်ခံ လက်နက်မကိုင်တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ မဘသ ဟာ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို ဝေဖန်ရှုတ်ချပြီး စစ်တပ်ကို ထောက်ခံအားပေးနေတဲ့ သံဃာအဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မွတ်စလင်ဆန့်ကျင်ရေး လှုံဆော်ရာမှာ ဦးဝိရသူဟာ ထင်ရှားပါတယ်။ စစ်တပ်နဲ့ အစွန်းရောက် အမျိုးသားဝါဒီတွေဟာ Facebook ကို သုံးပြီး၊ အမုန်းစကားနဲ့ သတင်းအမှား ဖြန့်ဝေကြတယ်လို့ အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောပါတယ်။

အမုန်းစကားလောင် မီးပွားနေတာကို Facebook ကလည်း ဘာမှ မတတ်နိုင်သလို ဖြစ်တယ်လို့ ၂၀၁၈ ကုလသမဂ္ဂ အစီရင်ခံစာ ဖော်ပြတဲ့အထိ အခြေအနေ ဆိုးဝါးလာပါတယ်။ တပ်မတော်ရဲ့ Online ဝါဒဖြန့် တိုက်ပွဲကို ရုရှားစစ်တပ်က ကူညီနေတယ်လို့ ပြောဆိုတာတွေလည်း ရှိပါတယ်။ Facebook ဟာ စစ်တပ်ခေါင်းဆောင်အချို့ရဲ့ စာရင်းကို ပယ်ဖျက်ပြီး အရေးယူတာမျိုး လုပ်ပြပါတယ်။ စာနယ်ဇင်းလောကမှာ မွတ်စလင် ဆန့်ကျင်တဲ့ အရေးအသား တိုးပွားလာပါတယ်။ အရင်က ပိတ်ထားတဲ့ “အမျိုးပျောက်မှာ စိုးကြောက်စရာ” ဆိုတဲ့ စာအုပ်မျိုးတွေ ပြန့်ထွက်လာပါတယ်။ “လူသတ်သောဘုရား နှင့် မိုက်လုံးကြီးသော ဖန်ဆင်းရှင်” ဆိုတဲ့ စာအုပ်ကို မဘသနဲ့ ဆက်နွှယ်တဲ့ အဖွဲ့တဖွဲ့က ထုတ်ဝေပါတယ်။ မွတ်စလင်ဆန့်ကျင်မှု ပြင်းထန်လွန်းတာမို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွတ်စလင် ကိုယ်စားလှယ်တစ်ဦးမှ မပါတော့ပါဘူး။

၂၀၁၆ မှာ ဖွဲ့စည်းတဲ့ NLD အစိုးရဟာ မကြာမီ တပ်မတော်ရဲ့ ရပ်တည်ချက်ချင်း တူလာတယ်လို့ ဆိုပါတယ်။ တပ်မတော်က လူ့အခွင့်အရေး ချိုးဖျက်လို့ အပြည်ပြည်ဆိုင်ရာက ဝေဖန်ရှုတ်ချတာကို ပြည်တွင်းမှာ လက်မခံနိုင်ကြတာ တွေ့ရပါတယ်။ ရိုဟင်ဂျာ ပြဿနာကြောင့် ပြည်ပမှာ တပ်မတော်သိက္ခာကျလာပေမယ့် ပြည်တွင်းမှာတော့ ထောက်ခံသူတွေ တိုးပွားနေပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ကွယ်ပျောက်သွားနိုင်တယ်ဆိုတာကို အဓိကထား ဖော်ပြကြပါတယ်။ “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ စာတမ်းကို အလုပ်သမားနဲ့ လူ့ဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှာ ချိတ်ဆွဲထားပါတယ်။ ဗုဒ္ဓဘာသာ ရခိုင်တပ်နဲ့ ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဖွဲ့ မဟာမိတ်လုပ်ထားတယ်ဆိုတဲ့ သတင်းမျိုးကို ဖြန့်ဝေပြီး ရခိုင်တပ်ကို လူမုန်းများလာအောင် နည်းမျိုးစုံနဲ့ ဝါဒဖြန့်ကြပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်ဖော်ပြတဲ့ လူ့အခွင့်အရေး ကာကွယ်ရေးသမားနဲ့ သတင်းသမားတွေကို သစ္စာဖောက်အဖြစ် စွပ်စွဲတာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်လာပါတယ်။ ရိုဟင်ဂျာ (၁၀) ဦး အသတ်ခံရတာကို ဖော်ပြတဲ့ ရိုက်တာသတင်းထောက် (၂) ဦး အမှုဟာ ထင်ရှားပါတယ်။ ဝိုင်းဝန်းဖိအားပေးလို့ ၂၀၁၉ မေလမှာ လွှတ်ပေးလိုက်ပေမယ့် ထောင်ထဲမှာ (၁) နှစ်ကျော် နေလိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ စစ်တပ်ကို ဝေဖန်ရင် နိုင်ငံခြားအလိုတော်ရိ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရပါတယ်။ နိုင်ငံခြားနဲ့ ဆက်သွယ်သူကို ဒေါ်လာစားတဲ့ အချောင်သမားအဖြစ် စွပ်စွဲတိုက်ခိုက်ကြပါတယ်။

အခုလို အမုန်းစကားလောင် မီးပွားနေတာကို NLD အစိုးရကလည်း ဘာမှတတ်နိုင်ပုံ မရပါဘူး။ အစိုးရက အရေးမယူနိုင်လေလေ အမုန်းစကားတွေ တောက်လောင်လေလေ ဖြစ်နေပါတယ်။ လူနည်းစုဘက်က ရပ်တည်တဲ့ အရပ်ဘက်အသင်းအဖွဲ့တွေကို အစွန်းရောက်အမျိုးသားရေးဝါဒတွေက တိုက်ခိုက်နေတာဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထော်လော်ကန့်လန့် လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ အမုန်းစကားပွားများပြီး တဖတ်သတ် စွပ်စွဲတိုက်ခိုက်တာကို ရပ်တန့်သွားအောင်လုပ်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

XS
SM
MD
LG