သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ AA ၾကား ဆက္သြယ္ေျပာဆိုမႈေပၚ အေကာင္းျမင္ႀကိဳဆို


ရခိုင္ျပည္နယ္က ရြာတရြာမွာ လံုျခံဳေရးယူထားတဲ့ ျမန္မာစစ္တပ္တပ္ဖဲြ႔ဝင္မ်ား။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္အေရး တပ္မေတာ္နဲ႔ တုိက္႐ုိက္လူခ်င္းေတြ႔ေဆြးေႏြးဖုိ႔ ညိွႏိႈင္းေနေၾကာင္း AA ရခိုင္လက္နက္ကိုင္အဖဲြ႔က ဒီကေန႔ သတင္းထုတ္ျပန္လိုက္တဲ့အေပၚ ႏိုင္ငံေရးပါတီနဲ႔ ေလ့လာသူေတြက ၾကိဳဆုိလိုက္ၾကတဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး၊ ႏုိင္ငံေရးနဲ႔ က်န္းမာေရး လုိအပ္ခ်က္ေတြအတြက္ တပ္မေတာ္နဲ႔ လူခ်င္းေတြ႔ဆုံေဆြးေႏြးဖို႔ ညွိႏႈိင္းေနတဲ့အေၾကာင္း AA ရခုိင္လက္နက္ကုိင္အဖဲြ႔က ဒီေန႔ပဲ သတင္းထုတ္ျပန္ခဲ့တာပါ။

ရခိုင္ျပည္နယ္အတြင္း ေရြးေကာက္ပဲြက်င္းပႏိုင္ေရး၊ ခက္ခဲတဲ့ေဒသေတြကို ေဆး၀ါးရိကၡာပို႔ေဆာင္ေရး၊ အျပန္အလွန္ယံုၾကည္မႈကို ဆက္လက္ထိန္းသိမ္းဖို႔တြက္ ႏို၀င္ဘာလ ၂၅ ရက္ေန႔မွာ တပ္မေတာ္အဆင့္ျမင့္အရာရွိေတြနဲ႔ Online က ေဆြးေႏြးခဲ့ၾကေၾကာင္းနဲ႔ ႏွစ္ဖက္ လူခ်င္းေတြ႔ဆံုေဆြးေႏြးဖို႔ကို ညိွႏိႈင္းေနေၾကာင္း AA က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ရခုိင္အမ်ိဳးသားပါတီရဲ့ ပါတီမူ၀ါဒေရးရာ ဦးေဆာင္အဖဲြ႔၀င္ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ဒီေၾကညာခ်က္ဟာ ၿငိမ္းခ်မ္းေရးအတြက္ ပထမေျခလွမ္းျဖစ္တဲ့အတြက္ ၾကိဳဆိုေၾကာင္း VOA ကို ေျပာပါတယ္။

“ၿခံဳၿပီးေျပာရရင္ေတာ့ဗ်ာ၊ ၿငိမ္းခ်မ္းေရးကို သြားမယ့္ အစပ်ိဳးေျခလွမ္းအျဖစ္ က်ေနာ္တုိ႔က ျမင္ပါတယ္။ အဲဒါေၾကာင့္လည္း ဒီလုိ သတင္းမ်ိဳးေတြ တက္လာတာကို ေတာ္ေတာ္ကို အားရ၀မ္းသာနဲ႔ ၾကိဳဆိုပါတယ္။ ေနာက္ပိုင္းမွာ ေတြ႔ဆံုေဆြးေႏြးမယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ ရခုိင္ျပည္မွာ အေကာင္းဆံုးၿငိမ္းခ်မ္းေရးကို ေရာက္လာလိမ့္မယ္။ စစ္ပဲြေတြ ရပ္စဲၿပီးေတာ့ တစ္နည္းအားျဖင့္ က်ေနာ္တို႔ ႏိုင္ငံေတာ္ရဲ့ အခက္အခဲတစ္ခု၊ စစ္ေရးျပႆနာတစ္ခုဟာ ေျဖေလ်ာ့ၿပီးေတာ့ သြားမယ္ဆုိရင္ေတာ့ ျဖစ္ႏိုင္ေျခရွိတဲ့ လမ္းေၾကာင္းတစ္ခုကို ေရာက္လာၿပီလို႔ ျမင္ပါတယ္ခင္ဗ်။”

ေရြးေကာက္ပဲြအၿပီး ႏို၀င္ဘာလ ၁၂ ရက္ေန႔မွာ AA ဘက္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေရြးေကာက္ပဲြ က်င္းပႏိုင္ေရးအတြက္ ကမ္းလွမ္းခဲ့သလို တပ္မေတာ္ဘက္ကလည္း ၾကိဳဆုိေၾကာင္း ထုတ္ျပန္ခဲ့တဲ့ေနာက္ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ရပ္ဆိုင္းေနခဲ့တာပါ။ ဒါေပမဲ့လည္း AA ရဲ့ ဒီေန႔ထုတ္ျပန္ခ်က္မွာ ကုန္းလမ္း၊ ေရလမ္းမ်ားမွ လက္နက္ခဲယမ္း ရိကၡာမ်ားကို ယခုရက္မ်ားတြင္ ဆက္တိုက္ပို႔ေဆာင္ေနတာေၾကာင့္ တိုက္ပြဲေတြ ျပန္ျဖစ္မွာကုိ ေဒသခံေတြ စိုးရိမ္ေနေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

တပ္မေတာ္နဲ႔ AA အၾကား လက္ရိွေဆြးေႏြးပဲြေတြက ေရရွည္ၿငိမ္းခ်မ္းေရးအတြက္ ဘယ္ေလာက္ အလားအလာရိွသလဲဆိုတာကိုေတာ့ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက အခုလို ရႈ႔ျမင္ပါတယ္။

“လူခ်င္းေတြ႔ၿပီး ေဆြးေႏြးႏိုင္မယ္ဆုိရင္ေတာ့ အပစ္အခတ္ရပ္စဲေရးက နည္းနည္း ပို အဆင့္ျမင့္ႏိုင္တာေပါ့။ အဲဒီေတာ့ အဲဒါက ဘယ္ေလာက္ခံမလဲဆိုတာက ႏွစ္ဘက္အေနအထားႏိုင္ဆုိင္တယ္ ပထမအခ်က္က။ ဒုတိယအခ်က္က ရခုိင္မွာ ေရြးေကာက္ပဲြ လုပ္ႏိုင္ျခင္း၊ မလုပ္ႏိုင္ျခင္းနဲ႔လည္း ဆုိင္တယ္။ တတိယအခ်က္က တခ်ိဳ ႔ေဒသေတြ တပ္ဘက္က လမ္းပိတ္ထားတာေတြ ဖြင့္ေပးတာနဲ႔လည္း ဆုိင္တယ္။ အဓိကကေတာ့ ပလက္၀ေဒသကို ကုလားတန္ျမစ္ေၾကာင္းအတုိင္း သြားလာခြင့္ကို တပ္က ဒီေန႔ထိ ခြင့္မျပဳေသးတာ တစ္ခ်က္ရိွတယ္ဗ်။ တခ်ိဳ႔ဟာေတြ အျပန္အလွန္သေဘာတူေပမဲ့ အဲဒီ ကုလားတန္ျမစ္ေၾကာင္း ဖြင့္မေပးေသးတာတစ္ခုရိွတယ္။ အဲဒီ အေျခအေနေတြေအာက္မွာ ၾကည့္ရမယ္ပဲ ထင္ပါတယ္။”

ႏို၀င္ဘာလ ၂၇ ရက္ေန႔ကက်င္းပတဲ့ တပ္မေတာ္ သတင္းစာရွင္းလင္းပဲြမွာေတာ့ ၾကား၀င္ ေစ့စပ္ေပးေနတဲ့ အဖဲြ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြကတဆင့္ AA နဲ႔ ေဆြးေႏြးေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆုိထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေတာ့ ၿငိမ္းခ်မ္းေရးအတြက္ ေရရွည္အေျဖရွာဖုိ႔ ၂ ဘက္အၾကား ေစ့စပ္ညွိႏႈိင္းရမယ့္ အခ်က္ေတြ ရွိေနတယ္လုိ႔ အခုလုိ ေျပာပါတယ္။

“တကယ္တမ္း ေရရွည္မွာဆုိရင္ေတာ့ သူတို႔ Biletral ထိုးရမယ္။ ၿပီးေတာ့ တပ္ေနရာခ်ထားမႈေတြေပါ့။ အရင္တုန္းကဆုိရင္ AA ကို ရခုိင္ျပည္နယ္မွာ ရိွတာကို လက္မခံဘူးဆိုတဲ့ တပ္ရဲ့သေဘာထား။ အဲဒါေတြကို ေျပာင္းၿပီးေတာ့ AA ကို တစ္စံုတစ္ရာ အတုိင္းအတာအထိ အသိအမွတ္ျပဳၿပီးေတာ့ ၿငိမ္းခ်မ္းေရးစားပဲြေပၚကို ေရာက္လာေအာင္ Bilateral ထိုးႏိုင္ေအာင္ စီစဥ္ေဆာင္ရြက္ေပးဖို႔ လုိတယ္။ ၿပီးေတာ့ အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္က ျပန္ၿပီးေတာ့ ဖ်က္ဖို႔ လိုမယ္။ အဲဒီလို အဆင့္ဆင့္လုပ္မယ္ဆုိရင္ေတာ့ တရား၀င္ ၿငိမ္းခ်မ္းေရးေဘာင္အတြင္းကို ေရာက္လာၿပီးေတာ့ တည္ၿငိမ္ေအးခ်မ္းမႈက ျဖစ္လာမွာေပါ့။”

ေလာေလာဆယ္ေတာ့ ၂ ႏွစ္နီးပါးၾကာ တုိက္ပဲြေတြ အဆက္မျပတ္ျဖစ္ခဲ့တဲ့ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ ပစ္ခတ္တိုက္ခိုက္တာေတြ မရိွတာ ရက္ ၂၀ ေက်ာ္လာၿပီျဖစ္ပါတယ္။

ရခုိင္ျပည္နယ္အတြင္း ေရြးေကာက္ပဲြေတြ ျပန္လည္စတင္ႏိုင္ေရးအတြက္ ဂ်ပန္အထူးသံတမန္ ဆာဆာကာ၀ါက ၾကား၀င္ေဆာင္ရြက္ေပးေနၿပီး ႏို၀င္ဘာလ ၂၈ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္ကို သြားေရာက္ခဲ့ပါတယ္။

AA အဖဲြ႔ဟာ ကခ်င္၊ တအန္း(ပေလာင္)၊ ကိုးကန္႔ စတဲ့လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ အတူ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔မွာ ပါ၀င္ၿပီး အစိုးရနဲ႔ Bilateral လက္မွတ္ထိုးေရးအတြက္ ေဆြးေႏြးေနဆဲအဖဲြ႔ျဖစ္ပါတယ္။

ဒီေဆြးေႏြးပဲြေတြကေတာ့ ဒီႏွစ္ဆန္းက စတင္ရပ္ဆုိင္းေနခဲ့ရာမွာ အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္ကေတာ့ ဒီဇင္ဘာလအတြင္းမွာ ေဆြးေႏြးပဲြေတြ ျပန္လည္ စတင္ႏိုင္ဖုိ႔ ၾကိဳးစားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်နဲ့ AA ကြား ဆက်သွယ်ပြောဆိုမှုပေါ် အကောင်းမြင်ကြိုဆို

ရခိုင်ပြည်နယ်အရေး တပ်မတော်နဲ့ တိုက်ရိုက်လူချင်းတွေ့ဆွေးနွေးဖို့ ညှိနှိုင်းနေကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်တဲ့အပေါ် နိုင်ငံရေးပါတီနဲ့ လေ့လာသူတွေက ကြိုဆိုလိုက်ကြတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေအတွက် တပ်မတော်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေတဲ့အကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ခက်ခဲတဲ့ဒေသတွေကို ဆေးဝါးရိက္ခာပို့ဆောင်ရေး၊ အပြန်အလှန်ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့တွက် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တပ်မတော်အဆင့်မြင့်အရာရှိတွေနဲ့ Online က ဆွေးနွေးခဲ့ကြကြောင်းနဲ့ နှစ်ဖက် လူချင်းတွေ့ဆုံဆွေးနွေးဖို့ကို ညှိနှိုင်းနေကြောင်း AA က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ပါတီမူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီကြေညာချက်ဟာ ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းဖြစ်တဲ့အတွက် ကြိုဆိုကြောင်း VOA ကို ပြောပါတယ်။

“ခြုံပြီးပြောရရင်တော့ဗျာ၊ ငြိမ်းချမ်းရေးကို သွားမယ့် အစပျိုးခြေလှမ်းအဖြစ် ကျနော်တို့က မြင်ပါတယ်။ အဲဒါကြောင့်လည်း ဒီလို သတင်းမျိုးတွေ တက်လာတာကို တော်တော်ကို အားရဝမ်းသာနဲ့ ကြိုဆိုပါတယ်။ နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ ရခိုင်ပြည်မှာ အကောင်းဆုံးငြိမ်းချမ်းရေးကို ရောက်လာလိမ့်မယ်။ စစ်ပွဲတွေ ရပ်စဲပြီးတော့ တစ်နည်းအားဖြင့် ကျနော်တို့ နိုင်ငံတော်ရဲ့ အခက်အခဲတစ်ခု၊ စစ်ရေးပြဿနာတစ်ခုဟာ ဖြေလျော့ပြီးတော့ သွားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခုကို ရောက်လာပြီလို့ မြင်ပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ AA ဘက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကမ်းလှမ်းခဲ့သလို တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့တဲ့နောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းနေခဲ့တာပါ။ ဒါပေမဲ့လည်း AA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ကုန်းလမ်း၊ ရေလမ်းများမှ လက်နက်ခဲယမ်း ရိက္ခာများကို ယခုရက်များတွင် ဆက်တိုက်ပို့ဆောင်နေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ AA အကြား လက်ရှိဆွေးနွေးပွဲတွေက ရေရှည်ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အလားအလာရှိသလဲဆိုတာကိုတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ရှု့မြင်ပါတယ်။

“လူချင်းတွေ့ပြီး ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးက နည်းနည်း ပို အဆင့်မြင့်နိုင်တာပေါ့။ အဲဒီတော့ အဲဒါက ဘယ်လောက်ခံမလဲဆိုတာက နှစ်ဘက်အနေအထားနိုင်ဆိုင်တယ် ပထမအချက်က။ ဒုတိယအချက်က ရခိုင်မှာ ရွေးကောက်ပွဲ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းနဲ့လည်း ဆိုင်တယ်။ တတိယအချက်က တချို့ဒေသတွေ တပ်ဘက်က လမ်းပိတ်ထားတာတွေ ဖွင့်ပေးတာနဲ့လည်း ဆိုင်တယ်။ အဓိကကတော့ ပလက်ဝဒေသကို ကုလားတန်မြစ်ကြောင်းအတိုင်း သွားလာခွင့်ကို တပ်က ဒီနေ့ထိ ခွင့်မပြုသေးတာ တစ်ချက်ရှိတယ်ဗျ။ တချို့ဟာတွေ အပြန်အလှန်သဘောတူပေမဲ့ အဲဒီ ကုလားတန်မြစ်ကြောင်း ဖွင့်မပေးသေးတာတစ်ခုရှိတယ်။ အဲဒီ အခြေအနေတွေအောက်မှာ ကြည့်ရမယ်ပဲ ထင်ပါတယ်။”

နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာတော့ ကြားဝင် စေ့စပ်ပေးနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကတဆင့် AA နဲ့ ဆွေးနွေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ငြိမ်းချမ်းရေးအတွက် ရေရှည်အဖြေရှာဖို့ ၂ ဘက်အကြား စေ့စပ်ညှိနှိုင်းရမယ့် အချက်တွေ ရှိနေတယ်လို့ အခုလို ပြောပါတယ်။

“တကယ်တမ်း ရေရှည်မှာဆိုရင်တော့ သူတို့ Biletral ထိုးရမယ်။ ပြီးတော့ တပ်နေရာချထားမှုတွေပေါ့။ အရင်တုန်းကဆိုရင် AA ကို ရခိုင်ပြည်နယ်မှာ ရှိတာကို လက်မခံဘူးဆိုတဲ့ တပ်ရဲ့သဘောထား။ အဲဒါတွေကို ပြောင်းပြီးတော့ AA ကို တစ်စုံတစ်ရာ အတိုင်းအတာအထိ အသိအမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးစားပွဲပေါ်ကို ရောက်လာအောင် Bilateral ထိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုတယ်။ ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ပြန်ပြီးတော့ ဖျက်ဖို့ လိုမယ်။ အဲဒီလို အဆင့်ဆင့်လုပ်မယ်ဆိုရင်တော့ တရားဝင် ငြိမ်းချမ်းရေးဘောင်အတွင်းကို ရောက်လာပြီးတော့ တည်ငြိမ်အေးချမ်းမှုက ဖြစ်လာမှာပေါ့။”

လောလောဆယ်တော့ ၂ နှစ်နီးပါးကြာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ပစ်ခတ်တိုက်ခိုက်တာတွေ မရှိတာ ရက် ၂၀ ကျော်လာပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ ပြန်လည်စတင်နိုင်ရေးအတွက် ဂျပန်အထူးသံတမန် ဆာဆာကာဝါက ကြားဝင်ဆောင်ရွက်ပေးနေပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

AA အဖွဲ့ဟာ ကချင်၊ တအန်း(ပလောင်)၊ ကိုးကန့် စတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်ပြီး အစိုးရနဲ့ Bilateral လက်မှတ်ထိုးရေးအတွက် ဆွေးနွေးနေဆဲအဖွဲ့ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကတော့ ဒီနှစ်ဆန်းက စတင်ရပ်ဆိုင်းနေခဲ့ရာမှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကတော့ ဒီဇင်ဘာလအတွင်းမှာ ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

XS
SM
MD
LG