သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာမွာ အဖမ္းခံထားရသူ ၅ ဦး သတင္းအစေပ်ာက္ေနဆဲ


ေမာင္ေတာၿမိဳ႕ဆုိင္းဘုတ္။

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ပုစြန္ကန္အလုပ္သမား မြတ္စလင္အမ်ိဳးသား ၅ ဦးကို အမည္မသိ အဖြဲ႔အစည္းတခုကေန ဖမ္းဆီးေခၚေဆာင္တာ ခံေနရပါတယ္။ အျပည့္အစုံကုိ ႏုိင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ေတာင္ပိုင္း ဥေဒါင္းေက်းရြာမွာရွိတဲ့ ပုစြန္ကန္အလုပ္သမားေတြကို အမည္မသိ အဖြဲ႔တခုကေန ဖမ္းဆီးေခၚေဆာင္သြားတာ ၂ ရက္ျပည့္ၿပီးျဖစ္ေပမယ့္ သတင္းမရရွိေသးေၾကာင္း ဥေဒါင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္က်န္က အခုလိုေျပာပါတယ္။

“ျဖစ္စဥ္ေတြက ၂၆ ရက္ေန႔မနက္ ၃ နာရီမွာ ဖမ္းေခၚသြားတယ္ ေျပာတာပဲ။ ပုစြန္ကန္ထဲမွာ အဲဒီမွာအိပ္ေနတာ ၉ ေယာက္။ ၅ ေယာက္ဖမ္းေခၚသြားတယ္။ မြတ္စလင္အမ်ိဳးသားေတြေပါ့ေနာ္။ ၄ ေယာက္ ျပန္လြတ္လာတယ္။ ထြက္ေျပးလာတာေပါ့ေနာ္။ အခုက ေငြေတာင္းတာလည္း မရွိေသးဘူးေနာ္။ ဘာသတင္းမွ မရေသးဘူး။ ေဒသခံတေယာက္ပါတယ္။ က်န္တဲ့သူေတြက ေမာင္ေတာက အလုပ္သမားေတြပါ။ သူတို႔က တုတ္ေတြနဲ႔ လာ႐ုိက္တယ္လို႔ ေျပာတာပဲ။ တေယာက္ကေတာ့ နည္းနည္း ဒဏ္ရာရသြားတယ္။ ေနာက္ ၃ ေယာက္က ထြက္ေျပးလာတယ္။ သူတို႔ ေသနတ္ေတြေတာ့မပါဘူး၊ အဲဒီလိုေျပာတာပဲ။”

ဥေဒါင္းေက်းရြာက ဦးတင္ေမာင္ ပုစြန္ကန္မွာ ေနထိုင္ၾကတဲ့ အလုပ္သမား ၉ ဦး အဖမ္းခံရၿပီး အဲဒီအထဲက ၄ ဦး ထြက္ေျပးလြတ္ေျမာက္လာၿပီးေတာ့ ၅ ဦး အဖမ္းခံေနရတာပါ။

ဥေဒါင္းေက်းရြာ ပုစြန္ကန္ပိုင္ရွင္ ဦးတင္ေမာင္ကေတာ့ ပုစြန္ကန္လုပ္သား ၅ ဦးကို ဖမ္းဆီးသြားတဲ့အဖြဲ႔ဟာ နယ္စပ္ပ်ံက် ဓားျပအဖြဲ႔လို႔ ယူဆေၾကာင္း ေျပာပါတယ္။

“ပ်ံက်ဓားျပအဖြဲ႔ထင္တယ္။ အဲဒီေကာင္ေတြက ဘဂၤလားမွာလည္း ေနလို႔မရဘူး။ ဒီမွာ ဗမာကမ့္ပ္မွာလည္း ေနလို႔မရဘူး။ အဲဒီမွာ ေတာင္တန္းတေနရာမွာ ေနေနတာနဲ႔ တူပါတယ္။ ေတာင္ေျခရင္းေလးမွာ ေနရာတခုမွာ အဲဒီလို လိုတာေလး ဆြဲေစ့သြားမယ္။ ေငြေတာင္းခံမယ္။ ျပန္လႊတ္လိမ့္မယ္ အဲဒီလိုမ်ိဳးေတြ။”

ဖမ္းဆီးသြားတဲ့ အဖြဲ႔ေတြဟာ တုတ္ခၽြန္ေတြသာ ကိုင္ေဆာင္ထားၿပီး အလုပ္သမားေတြရဲ႕ အဝတ္အစား၊ ဆိုလာျပား၊ လွ်ပ္စစ္ႀကိဳးေတြကိုလည္း ယူေဆာင္သြားတယ္လို႔ ပုစြန္ကန္ပိုင္ရွင္ ဦးတင္ေမာင္က ဆိုပါတယ္။

ဖမ္းဆီးခံရမႈ ျဖစ္စဥ္အတြက္ အလယ္သံေက်ာ္ေက်းရြာ ရဲစခန္းကို တိုင္ၾကားထားတယ္လို႔ ဆိုပါတယ္။

အလယ္သံေက်ာ္ေက်းရြာ ရဲစခန္း စခန္းမွဴးကေတာ့ ဘယ္အဖြဲ႔က ဖမ္းဆီးထားတယ္ဆုိတာ စုံစမ္းေနဆဲလို႔ ဆိုပါတယ္။

“ေနာက္ဆုံးအေျခအေနက ကၽြန္ေတာ္တို႔ စုံစမ္းေနဆဲပဲ ရွိတယ္ေလ သတင္းက။ အမႈရဲ႕အတြင္း ဟိုဥစၥာ ေျပာလို႔မရေသးဘူးေလ။”

ၿပိီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလအတြင္းကလည္း ဥေဒါင္းေက်းရြာ ပုစြန္ကန္လုပ္သား မြတ္စလင္အမ်ိဳးသားတဦးကို ေဒသတြင္း ဓားျပအဖြဲ႔က ဖမ္းဆီးသြားတဲ့ျဖစ္စဥ္ ရွိခဲ့တယ္လို႔ ဥေဒါင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ဆိုပါတယ္။

ျမန္မာအစိုးရကေန အုပ္ခ်ဳပ္ေရး လက္လွမ္းမမီတဲ့ ေမာင္ေတာနယ္စပ္ေဒသမွာ ARSA အဖြဲ႔ေတြအျပင္ ေဒသတြင္း ဓားျပအုပ္စုေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာနယ္စပ္ေဒသမွာ တပ္မေတာ္ယာဥ္တန္း အပါအဝင္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔ေတြ မၾကာခန တိုက္ခိုက္ခံရေလ့ရွိသလို ျမန္မာစစ္တပ္ကေတာ့ ARSA အဖြဲ႔လက္ခ်က္လို႔ သတင္းထုတ္ျပန္ေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

မောင်တောမှာ အဖမ်းခံထားရသူ ၅ ဦး သတင်းအစပျောက်နေဆဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပုစွန်ကန်အလုပ်သမား မွတ်စလင်အမျိုးသား ၅ ဦးကို အမည်မသိ အဖွဲ့အစည်းတခုကနေ ဖမ်းဆီးခေါ်ဆောင်တာ ခံနေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာမှာရှိတဲ့ ပုစွန်ကန်အလုပ်သမားတွေကို အမည်မသိ အဖွဲ့တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ ရက်ပြည့်ပြီးဖြစ်ပေမယ့် သတင်းမရရှိသေးကြောင်း ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က အခုလိုပြောပါတယ်။

“ဖြစ်စဉ်တွေက ၂၆ ရက်နေ့မနက် ၃ နာရီမှာ ဖမ်းခေါ်သွားတယ် ပြောတာပဲ။ ပုစွန်ကန်ထဲမှာ အဲဒီမှာအိပ်နေတာ ၉ ယောက်။ ၅ ယောက်ဖမ်းခေါ်သွားတယ်။ မွတ်စလင်အမျိုးသားတွေပေါ့နော်။ ၄ ယောက် ပြန်လွတ်လာတယ်။ ထွက်ပြေးလာတာပေါ့နော်။ အခုက ငွေတောင်းတာလည်း မရှိသေးဘူးနော်။ ဘာသတင်းမှ မရသေးဘူး။ ဒေသခံတယောက်ပါတယ်။ ကျန်တဲ့သူတွေက မောင်တောက အလုပ်သမားတွေပါ။ သူတို့က တုတ်တွေနဲ့ လာရိုက်တယ်လို့ ပြောတာပဲ။ တယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။ နောက် ၃ ယောက်က ထွက်ပြေးလာတယ်။ သူတို့ သေနတ်တွေတော့မပါဘူး၊ အဲဒီလိုပြောတာပဲ။”

ဥဒေါင်းကျေးရွာက ဦးတင်မောင် ပုစွန်ကန်မှာ နေထိုင်ကြတဲ့ အလုပ်သမား ၉ ဦး အဖမ်းခံရပြီး အဲဒီအထဲက ၄ ဦး ထွက်ပြေးလွတ်မြောက်လာပြီးတော့ ၅ ဦး အဖမ်းခံနေရတာပါ။

ဥဒေါင်းကျေးရွာ ပုစွန်ကန်ပိုင်ရှင် ဦးတင်မောင်ကတော့ ပုစွန်ကန်လုပ်သား ၅ ဦးကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ နယ်စပ်ပျံကျ ဓားပြအဖွဲ့လို့ ယူဆကြောင်း ပြောပါတယ်။

“ပျံကျဓားပြအဖွဲ့ထင်တယ်။ အဲဒီကောင်တွေက ဘင်္ဂလားမှာလည်း နေလို့မရဘူး။ ဒီမှာ ဗမာကမ့်ပ်မှာလည်း နေလို့မရဘူး။ အဲဒီမှာ တောင်တန်းတနေရာမှာ နေနေတာနဲ့ တူပါတယ်။ တောင်ခြေရင်းလေးမှာ နေရာတခုမှာ အဲဒီလို လိုတာလေး ဆွဲစေ့သွားမယ်။ ငွေတောင်းခံမယ်။ ပြန်လွှတ်လိမ့်မယ် အဲဒီလိုမျိုးတွေ။”

ဖမ်းဆီးသွားတဲ့ အဖွဲ့တွေဟာ တုတ်ချွန်တွေသာ ကိုင်ဆောင်ထားပြီး အလုပ်သမားတွေရဲ့ အဝတ်အစား၊ ဆိုလာပြား၊ လျှပ်စစ်ကြိုးတွေကိုလည်း ယူဆောင်သွားတယ်လို့ ပုစွန်ကန်ပိုင်ရှင် ဦးတင်မောင်က ဆိုပါတယ်။

ဖမ်းဆီးခံရမှု ဖြစ်စဉ်အတွက် အလယ်သံကျော်ကျေးရွာ ရဲစခန်းကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

အလယ်သံကျော်ကျေးရွာ ရဲစခန်း စခန်းမှူးကတော့ ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

“နောက်ဆုံးအခြေအနေက ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ရှိတယ်လေ သတင်းက။ အမှုရဲ့အတွင်း ဟိုဥစ္စာ ပြောလို့မရသေးဘူးလေ။”

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဥဒေါင်းကျေးရွာ ပုစွန်ကန်လုပ်သား မွတ်စလင်အမျိုးသားတဦးကို ဒေသတွင်း ဓားပြအဖွဲ့က ဖမ်းဆီးသွားတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

မြန်မာအစိုးရကနေ အုပ်ချုပ်ရေး လက်လှမ်းမမီတဲ့ မောင်တောနယ်စပ်ဒေသမှာ ARSA အဖွဲ့တွေအပြင် ဒေသတွင်း ဓားပြအုပ်စုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဒေသမှာ တပ်မတော်ယာဉ်တန်း အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ မကြာခန တိုက်ခိုက်ခံရလေ့ရှိသလို မြန်မာစစ်တပ်ကတော့ ARSA အဖွဲ့လက်ချက်လို့ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG