သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေျမျမႇဳပ္မိုင္းနဲ႔ စစ္လက္က်န္ေတြေၾကာင့္ အရပ္သားေတြ ထိခိုက္မႈရွိ


ရခုိင္ျပည္နယ္တြင္း ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံမ်ား။ (ဇန္နဝါရီ ၄၊ ၂၀၁၉)

(Zawgyi / Unicode)

စစ္ပြဲပဋိပကၡေတြ ႀကံဳေနရတဲ့ ရခိုင္ျပည္နယ္တြင္း ေျမျမႇဳပ္မုိင္းနဲ႔ စစ္လက္က်န္လက္နက္ေတြေၾကာင့္ အရပ္သားထိခိုက္မႈေတြ ရွိေနပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ေျမပုံၿမိဳ႕နယ္ လီသြန္ေက်းရြာနဲ႔ စညင္းရြာဘက္ကိုသြားတဲ့ ကားလမ္းေဘး စစ္လက္က်န္ဗုံးလို႔ ယူဆရတဲ့ ဗုံးေပါက္ကြဲလို႔ လမ္းျပင္လုပ္သားတခ်ိဳ႕ ေသဆုံး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ လီသြန္ရြာအနီး ကမ္းေထာင္းႀကီးၿမိဳ႕ခံ ကိုစံေမာင္ထြန္းက ေျပာပါတယ္။

“တေယာက္ေသတယ္၊ ႏွစ္ေယာက္က ဒဏ္ရာရတယ္တဲ့။ လူနာေတြေတာ့ အမ္းေဆး႐ုံကို ပါသြားၿပီထင္တယ္။ ေသတဲ့သူက အသက္ ၂၀ တဲ့။ လက္ပစ္ဗုံးကို သူကမေပါက္ဆိုၿပီးေတာ့ ထုတဲ့အခါ ေပါက္တာတဲ့။ လမ္းျပင္တဲ့သူေတြ။ အဲဒီနားကသူေတြ အဲဒီလိုရြက္က် အလုပ္လုပ္ၾကတာ ရွိတယ္ေလ။”

မေန႕ကေပါက္ကြဲမႈအတြင္း ေသဆုံးသြားသူကေတာ့ ေျမပုံၿမိဳ႕နယ္၊ လီသြန္ေက်းရြာက ေမာင္သန္းေအာင္ ၂ဝ ႏွစ္ျဖစ္ၿပီး ဒဏ္ရာရရွိသြားသူ ၂ ဦးကေတာ့ ဦးျမင့္သန္းနဲ႔ ကိုျမင့္စိုး သားအဖႏွစ္ေယာက္တို႔ ျဖစ္ၾကပါတယ္။

ဒဏ္ရာရသူႏွစ္ဦးကိုေတာ့ အမ္းၿမိဳ႕ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

မေန႔ကမနက္ပိုင္း အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းေက်းရြာအုပ္စု နတ္ေမာ္ေက်းရြာက ေဒသခံသက္ႀကီးတဦး ၿခံထဲမွာ မိုင္းနင္းမိလို႔ ဒဏ္ရာအျပင္းအထန္ ရရွိသြားတယ္လို႔ အမ္းၿမိဳ႕နယ္ လူသားခ်င္းစာနာမႈဆိုင္ရာ ေစတနာ့ဝန္ထမ္း ကိုမ်ိဳးလြင္က ေျပာပါတယ္။

“နတ္ေမွာ္ေက်းရြာမွာေပါ့ေနာ္။ သီဟိုၿခံကို ေပါင္းရွင္းတာေပါ့။ အဲဒီေပါင္းရွင္းေနတုန္းမွာပဲ အဲဒီေျမျမႇဳပ္မုိင္း ေပါက္တယ္ေပါ့။ မေန႔ကေစာေစာ ၇ နာရီေလာက္ကိုေပါ့။ ဥယ်ာဥ္ပိုင္ရွင္က ဦးေဖဝင္း အသက္ ၇၃ ႏွစ္ရွိၿပီေပါ့။ ေျခေထာက္တဖက္ ျပတ္သြားတယ္လို႔ေတာ့ သိရတယ္။ လက္ေမာင္းေတြ ရင္ဘတ္ေတြမွာ ဒဏ္ရာျပင္းထန္တယ္ေပါ့ေနာ္။”

ဒီေပါက္ကြဲမႈမွာ ဘယ္အဖြဲ႕ေထာင္ထားတဲ့မိုင္းဆိုတာ မသိရေသးသလို မိုင္းနင္းမိ ဒဏ္ရာရရွိသူ ဦးေဖဝင္းဟာ အလယ္ကၽြန္းေက်းရြာအနီး ဘုရားႀကီးေတာင္မွာ တပ္စြဲထားတဲ့ တပ္မေတာ္က ေဆးကုသေပးေနတာျဖစ္ၿပီး အမ္းေဆး႐ုံကို ပို႕ေဆာင္ႏုိင္ျခင္း မရွိေသးဘူးလို႔ ဒလက္ေခ်ာင္းေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္ စစ္ေရးပဋိပကၡ ကာလအတြင္း ေျမျမႇဳပ္မုိင္းနဲ႔ စစ္လက္က်န္ဗုံးေတြေၾကာင့္ ေဒသခံေတြ ထိခိုက္မႈေတြ မ်ားေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ဒီရက္ပိုင္းေတြမွာ တိုက္ပြဲေတြ ႀကီးႀကီးမားမားမရွိတဲ့ အဲဒီဘက္ေတြမွာ မိုင္းကြဲတာေတြ ခနခန စစ္လက္နက္ပစၥည္း ထိခိုက္တာေတြ ခနခန ကၽြန္ေတာ္တို႔ ၾကားပါတယ္။ ျပည္သူလူထုအေနနဲ႔ ပဋိပကၡၾကားမွာေပါ့ေလ။ ေျမျမႇဳပ္မုိင္းအႏၱရာယ္ကို သူတို႔ သတိမထားမိတဲ့အခါမွာ သူတို႔ ပုံမွန္သြားရင္းလာရင္းနဲ႔ပဲ ထိခိုက္တာေတြမ်ားတာ ေတြ႔ပါတယ္ဗ်။”

ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား ၂ ႏွစ္တာ စစ္ေရးတင္းမာမႈ ကာလအတြင္း ေျမျမႇဳပ္မုိင္းနဲ႔ စစ္လက္က်န္ဗုံးေတြ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ေသဆုံးတာ ၃၃ ဦးရွိေနၿပီလို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးကေန စာရင္းျပဳစုထားပါတယ္။

ၿပီးခဲ့တဲ့ ႏုိဝင္ဘာ ၁၀ ရက္ေန႔တုန္းက အမ္းၿမိဳ႕နယ္ ကဇုကိုင္းအုပ္စု၊ ေရွာက္ၿခဳံေက်းရြာမွာ လက္နက္ႀကီးက်ည္ ထိမွန္ရာက ကေလးငယ္ ၃ ဦး အပါအဝင္ ေဒသခံရြာသား ၆ ဦး ထိခိုက္ဒဏ္ရာရခဲ့သလို ေအာက္တိုဘာလ ဒုတိယအပတ္မွာလည္း အမ္းၿမိဳ႕နယ္ ဒလက္ရြာေဟာင္းက ရြာသား ၂ ဦး ငါးဖမ္းေနစဥ္ လက္နက္ႀကီးက်ည္ က်ေရာက္ရာက တဦးေသဆုံးၿပီး ေနာက္တဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္က စစ္ေရးပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြ ပိုမ်ားလာသလို စစ္ေရွာင္ေနရသူ ၂၃၀,၀၀၀ ေက်ာ္ ရွိေနၿပီလို႔လည္း ရခိုင္လူမႈအဖြဲ႔အစည္းေတြက စာရင္းျပဳစုထားပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet ကေတာ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြက လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြဟာ စစ္ရာဇဝတ္မႈေျမာက္ႏုိင္ေၾကာင္း စက္တင္ဘာလထဲ က်င္းပခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်တွေကြောင့် အရပ်သားတွေ ထိခိုက်မှုရှိ

စစ်ပွဲပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်လက်နက်တွေကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

မြေပုံမြို့နယ် လီသွန်ကျေးရွာနဲ့ စညင်းရွာဘက်ကိုသွားတဲ့ ကားလမ်းဘေး စစ်လက်ကျန်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲလို့ လမ်းပြင်လုပ်သားတချို့ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လီသွန်ရွာအနီး ကမ်းထောင်းကြီးမြို့ခံ ကိုစံမောင်ထွန်းက ပြောပါတယ်။

“တယောက်သေတယ်၊ နှစ်ယောက်က ဒဏ်ရာရတယ်တဲ့။ လူနာတွေတော့ အမ်းဆေးရုံကို ပါသွားပြီထင်တယ်။ သေတဲ့သူက အသက် ၂၀ တဲ့။ လက်ပစ်ဗုံးကို သူကမပေါက်ဆိုပြီးတော့ ထုတဲ့အခါ ပေါက်တာတဲ့။ လမ်းပြင်တဲ့သူတွေ။ အဲဒီနားကသူတွေ အဲဒီလိုရွက်ကျ အလုပ်လုပ်ကြတာ ရှိတယ်လေ။”

မနေ့ကပေါက်ကွဲမှုအတွင်း သေဆုံးသွားသူကတော့ မြေပုံမြို့နယ်၊ လီသွန်ကျေးရွာက မောင်သန်းအောင် ၂ဝ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူ ၂ ဦးကတော့ ဦးမြင့်သန်းနဲ့ ကိုမြင့်စိုး သားအဖနှစ်ယောက်တို့ ဖြစ်ကြပါတယ်။ ဒဏ်ရာရသူနှစ်ဦးကိုတော့ အမ်းမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့ကမနက်ပိုင်း အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု နတ်မော်ကျေးရွာက ဒေသခံသက်ကြီးတဦး ခြံထဲမှာ မိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ အမ်းမြို့နယ် လူသားချင်းစာနာမှုဆိုင်ရာ စေတနာ့ဝန်ထမ်း ကိုမျိုးလွင်က ပြောပါတယ်။

“နတ်မှော်ကျေးရွာမှာပေါ့နော်။ သီဟိုခြံကို ပေါင်းရှင်းတာပေါ့။ အဲဒီပေါင်းရှင်းနေတုန်းမှာပဲ အဲဒီမြေမြှုပ်မိုင်း ပေါက်တယ်ပေါ့။ မနေ့ကစောစော ၇ နာရီလောက်ကိုပေါ့။ ဥယျာဉ်ပိုင်ရှင်က ဦးဖေဝင်း အသက် ၇၃ နှစ်ရှိပြီပေါ့။ ခြေထောက်တဖက် ပြတ်သွားတယ်လို့တော့ သိရတယ်။ လက်မောင်းတွေ ရင်ဘတ်တွေမှာ ဒဏ်ရာပြင်းထန်တယ်ပေါ့နော်။”

ဒီပေါက်ကွဲမှုမှာ ဘယ်အဖွဲ့ထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးသလို မိုင်းနင်းမိ ဒဏ်ရာရရှိသူ ဦးဖေဝင်းဟာ အလယ်ကျွန်းကျေးရွာအနီး ဘုရားကြီးတောင်မှာ တပ်စွဲထားတဲ့ တပ်မတော်က ဆေးကုသပေးနေတာဖြစ်ပြီး အမ်းဆေးရုံကို ပို့ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ဒလက်ချောင်းဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခ ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေကြောင့် ဒေသခံတွေ ထိခိုက်မှုတွေ များနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမားမရှိတဲ့ အဲဒီဘက်တွေမှာ မိုင်းကွဲတာတွေ ခနခန စစ်လက်နက်ပစ္စည်း ထိခိုက်တာတွေ ခနခန ကျွန်တော်တို့ ကြားပါတယ်။ ပြည်သူလူထုအနေနဲ့ ပဋိပက္ခကြားမှာပေါ့လေ။ မြေမြှုပ်မိုင်းအန္တရာယ်ကို သူတို့ သတိမထားမိတဲ့အခါမှာ သူတို့ ပုံမှန်သွားရင်းလာရင်းနဲ့ပဲ ထိခိုက်တာတွေများတာ တွေ့ပါတယ်ဗျ။”

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်တာ စစ်ရေးတင်းမာမှု ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတာ ၃၃ ဦးရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းပြုစုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့တုန်းက အမ်းမြို့နယ် ကဇုကိုင်းအုပ်စု၊ ရှောက်ခြုံကျေးရွာမှာ လက်နက်ကြီးကျည် ထိမှန်ရာက ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အောက်တိုဘာလ ဒုတိယအပတ်မှာလည်း အမ်းမြို့နယ် ဒလက်ရွာဟောင်းက ရွာသား ၂ ဦး ငါးဖမ်းနေစဉ် လက်နက်ကြီးကျည် ကျရောက်ရာက တဦးသေဆုံးပြီး နောက်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်နေရသူ ၂၃၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG