သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအ၀င္ ပဋိပကၡျဖစ္ေနတဲ႔ ႏိုင္ငံေတြမွာ ေျမျမႇုပ္မိုင္းေၾကာင္႔ ေသဆံုးမႈမ်ားျပား


ေျမျမႇုပ္မိုင္း- Karen News

(Zawgyi/Unicode)

ေျမျမႇုပ္မိုင္းဗုံးေတြကို သူပုန္အုပ္စုေတြက အသုံးျပဳမႈေတြ မ်ားျပားလာတာနဲ႔ စစ္ပြဲလက္က်န္ ေပါက္ကြဲေရး ပစၥည္းေတြေၾကာင့္ အရပ္သားေတြ ေသဆုံး ဒဏ္ရာရရွိမႈႏႈန္း ပိုမ်ားလာတယ္လို႔ ေျမျမႇုပ္ဗုံးအသုံးျပဳမႈကို ေစာင့္ၾကည့္ေလ့လာတဲ့ Landmine Monitor အဖြဲ႕ ရဲ႕ ေနာက္ဆုံး ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲေတြ ရွိခဲ့ေပမယ့္ ၁၉၉၉ ခုႏွစ္ ေျမျမႇုပ္မိုင္းဗုံးဆိုင္ရာ နိုင္ငံတကာ သေဘာတူစာခ်ဳပ္ဟာ ေအာင္ ျမင္မႈေတြ ရွိေနတယ္လို႔လည္း Landmine Monitor အဖြဲ႕ က ေျပာပါတယ္။ ကမၻာ့နိုင္ငံေတြရဲ့ ၈၀ ရာခိုင္ႏႈန္းျဖစ္တဲ့ နိုင္ငံေပါင္း ၁၆၄ နိုင္ငံက ေျမျမႇုပ္မိုင္း ထုတ္လုပ္၊ သိုေလွာင္၊ အသုံးျပဳမႈကို ပိတ္ပင္တဲ့ ဒီစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတာပါ။ ဒါ့အျပင္စာခ်ဳပ္ ကို လက္မွတ္ေရးထိုးမထားတဲ့ နိုင္ငံ ၃၃ နိုင္ငံကလည္း လိုက္နာမႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။

စာခ်ဳပ္ကို လက္မွတ္ေရး မထိုးထားတဲ့ နိုင္ငံေတြထဲက ျမန္မာနိုင္ငံ တစ္နိုင္ငံတည္းမွာသာ ၂၀၁၉ ခုႏွစ္လယ္က ၂၀၂၀ ေအာက္တိုဘာ လအထိ ေျမျမႇုပ္ဗုံး အသုံးျပဳမႈကို ေတြ႕ရွိရတယ္လို႔ အစီရင္ခံထားတာပါ။

အဲဒီ ကာလအတြင္းကမၻာတစ္ဝွမ္း ေျမျမႇုပ္ဗုံးေတြေၾကာင့္ ေသဆုံး ဒဏ္ရာရသူ ခန္႔မွန္းေၿခ အေယာက္ ၅,၅၀၀ ထဲက ၂,၂၀၀ အသက္ ေသဆုံးရၿပီး လူ ၃,၃၅၇ ဦးဒဏ္ရာရတယ္လို႔ Landmine Monitor ရဲ့သုေတသနအဖြဲ႕ ေခါင္းေဆာင္ Lorne Persi က VOA ကိုေျပာ ပါတယ္။

“ေသဆုံးသူနဲ႔ ဒဏ္ရာရရွိသူ အခ်ိဳးကို ၾကည့္မယ္ဆိုရင္ ဒဏ္ရာရသူ ဦးေရက အဆမတန္ မ်ားျပားတာကို ရွင္းရွင္းလင္းလင္းေတြ႕ ျမင္နိုင္ေၾကာင္း၊ေျမျမႇုပ္မိုင္းနဲ႔ စစ္ပြဲ လက္က်န္ ေပါက္ကြဲေစတဲ့ ပစၥည္းေတြေၾကာင့္ ဒဏ္ရာရရွိသူေတြကို အျပည့္အဝ မွတ္တမ္းတင္ ထားနိုင္ျခင္း မရွိေၾကာင္း” Landmine Monitor အဖြဲ႕က သုေတသနပညာရွင္ Persi က ေျပာပါတယ္။

ေသဆုံး ဒဏ္ရာရသူ ၅,၅၀၀ ဟာ Afghanistan, Colombia, Iraq, Mali, Niger, Ukraine နဲ႔ Yemen နိုင္ငံေတြ အပါအဝင္ ကမၻာ တစ္လႊားက ပဋိပကၡေတြေၾကာင့္လို႔ ဆိုပါတယ္။

ေျမျမႇုပ္မိုင္း ပိတ္ပင္တဲ့ စာခ်ဳပ္ အသက္ဝင္ကတည္းက စာခ်ဳပ္ အဖြဲ႕ဝင္နိုင္ငံေတြ သိုေလွာင္သိမ္းဆည္းထားတဲ့ လူေထာင္ ေျမျမႇုပ္ မိုင္း ၅၅ သန္းေက်ာ္ကို ဖ်က္ဆီးနိုင္ခဲ့ၿပီး မိုင္းရွင္းလင္း ဖ်က္ဆီးေရး လုပ္ငန္းေတြမွာလည္း တိုးတက္မႈေတြ ရရွိေနတယ္လို႔လည္း Landmine Monitor က အစီရင္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုများပြား

(Unicode)

မြေမြှုပ်မိုင်းဗုံးတွေကို သူပုန်အုပ်စုတွေက အသုံးပြုမှုတွေ များပြားလာတာနဲ့ စစ်ပွဲလက်ကျန် ပေါက်ကွဲရေး ပစ္စည်းတွေကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရရှိမှုနှုန်း ပိုများလာတယ်လို့ မြေမြှုပ်ဗုံးအသုံးပြုမှုကို စောင့်ကြည့်လေ့လာတဲ့ Landmine Monitor အဖွဲ့ ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ် မြေမြှုပ်မိုင်းဗုံးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ဟာ အောင် မြင်မှုတွေ ရှိနေတယ်လို့လည်း Landmine Monitor အဖွဲ့ က ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြှုပ်မိုင်း ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုကို ပိတ်ပင်တဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတာပါ။ ဒါ့အပြင်စာချုပ် ကို လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံ ၃၃ နိုင်ငံကလည်း လိုက်နာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

စာချုပ်ကို လက်မှတ်ရေး မထိုးထားတဲ့ နိုင်ငံတွေထဲက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာ ၂၀၁၉ ခုနှစ်လယ်က ၂၀၂၀ အောက်တိုဘာ လအထိ မြေမြှုပ်ဗုံး အသုံးပြုမှုကို တွေ့ရှိရတယ်လို့ အစီရင်ခံထားတာပါ။

အဲဒီ ကာလအတွင်းကမ္ဘာတစ်ဝှမ်း မြေမြှုပ်ဗုံးတွေကြောင့် သေဆုံး ဒဏ်ရာရသူ ခန့်မှန်းခြေ အယောက် ၅,၅၀၀ ထဲက ၂,၂၀၀ အသက် သေဆုံးရပြီး လူ ၃,၃၅၇ ဦးဒဏ်ရာရတယ်လို့ Landmine Monitor ရဲ့သုတေသနအဖွဲ့ ခေါင်းဆောင် Lorne Persi က VOA ကိုပြော ပါတယ်။

“သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အချိုးကို ကြည့်မယ်ဆိုရင် ဒဏ်ရာရသူ ဦးရေက အဆမတန် များပြားတာကို ရှင်းရှင်းလင်းလင်းတွေ့ မြင်နိုင်ကြောင်း၊မြေမြှုပ်မိုင်းနဲ့ စစ်ပွဲ လက်ကျန် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် ဒဏ်ရာရရှိသူတွေကို အပြည့်အဝ မှတ်တမ်းတင် ထားနိုင်ခြင်း မရှိကြောင်း” Landmine Monitor အဖွဲ့က သုတေသနပညာရှင် Persi က ပြောပါတယ်။

သေဆုံး ဒဏ်ရာရသူ ၅,၅၀၀ ဟာ Afghanistan, Colombia, Iraq, Mali, Niger, Ukraine နဲ့ Yemen နိုင်ငံတွေ အပါအဝင် ကမ္ဘာ တစ်လွှားက ပဋိပက္ခတွေကြောင့်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်း ပိတ်ပင်တဲ့ စာချုပ် အသက်ဝင်ကတည်းက စာချုပ် အဖွဲ့ဝင်နိုင်ငံတွေ သိုလှောင်သိမ်းဆည်းထားတဲ့ လူထောင် မြေမြှုပ် မိုင်း ၅၅ သန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး မိုင်းရှင်းလင်း ဖျက်ဆီးရေး လုပ်ငန်းတွေမှာလည်း တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း Landmine Monitor က အစီရင်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG