သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၅ ႏွစ္အတြင္း ေျမျမႇဳပ္မိုင္း အႏၱရာယ္ကင္းဖို႔ ကေမာၻဒီးယား လုပ္ေဆာင္


ကေမၻာဒီးယားမွာ ေျမျမႇဳပ္မုိင္း သတိေပးဆုိင္းဘုတ္နဲ႔ မုိင္းရြာေဖြေရး စစ္သားအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၀၉)

(Zawgyi / Unicode)

ကေမၻာဒီးယားႏုိင္ငံဟာ လာမယ့္ ၅ ႏွစ္အတြင္း ေျမျမႇဳပ္မုိင္း ကင္းစင္ရမယ္လို႔ ရည္မွန္းထားပါတယ္။

တခ်ိန္က စစ္ေျမျပင္ျဖစ္ခဲ့တဲ့ ဒီႏုိင္ငံတြင္းမွာ မေပါက္ကဲြေသးဘဲ က်န္ေနတဲ့ ေျမျမႇဳပ္မိုင္းေတြ ရွင္းလင္းဖယ္ရွားႏုိင္ဖို႔ အေမရိကန္ဦးေဆာင္တဲ့ အေနာက္ႏုိင္ငံေတြရဲ႕ ေထာက္ပံ့မႈနဲ႔ ကေမၻာဒီးယားစစ္သား ၂,၀၀၀ ကို မုိင္းဖယ္ရွားေရး ေလ့က်င့္ေပးမွာ ျဖစ္ပါတယ္။

ႏွစ္ေပါင္း ၃၀ ၾကာ ျပည္တြင္းစစ္အတြင္း ကေမၻာဒီးယားႏုိင္ငံဟာ ေျမျမႇဳပ္မုိင္း အမ်ားဆုံးသုံးတဲ့ႏိုင္ငံ ျဖစ္ခဲ့ၿပီး ႏုိင္ငံတဝန္းမွာ ေပါက္ကဲြေစတဲ့ စစ္လက္နက္ကိရိယာ ခန္႔မွန္းေျခ ၄ သန္းကေန ၆ သန္းထိ ေျမေအာက္မွာ ရွိပါတယ္။ ၁၉၉၆ ခုႏွစ္ စာရင္းအရ ေျမျမႇဳပ္မုိင္းေၾကာင့္ ေသဆုံးသူ ၄,၃၀၀ ေက်ာ္အထိ စံခ်ိန္တင္ခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ကေလးေတြ၊ စူးစမ္းလိုသူေတြနဲ႔ သံတုိသံစ ရွာသူေတြက ေျမႀကီးကို တူးဆြမိရာက ေျမျမႇဳပ္မိုင္း ေပါက္ကဲြၿပီး ဒဏ္ရာရ ေသဆုံးတဲ့အႏၱရာယ္ ရွိေနေသးသလို တဖက္မွာ တုိင္းျပည္စီးပြားေရးအတြက္ စိုက္ပ်ဳိးေျမ လိုအပ္လာတာေၾကာင့္ ခုလို မိုင္းရွင္းလင္းေရးလုပ္ဖို႔ ျဖစ္လာတာပါ။

ကိုဗစ္ကာလ ႀကဳံလာခ်ိန္မွာ ျပည္တြင္း ကမၻာလွည့္ခရီးသြားလုပ္ငန္း က်ဆင္းလာၿပီး တဖက္မွာ ကေမၻာဒီးယားရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေၾကာင့္ EU ဥေရာပသမဂၢက ကုန္သြယ္ေရး အထူးခံစားခြင့္ ျပန္႐ုပ္သိမ္းခဲ့တဲ့အတြက္ တခ်ိန္က ဝင္ေငြေကာင္းခဲ့တဲ့ အထည္ခ်ဳပ္လုပ္ငန္း ထိခိုက္လာခ်ိန္မွာ တုိင္းျပည္စီးပြားေရးကို စိုက္ပ်ဳိးေရးဘက္ ျပန္လွည့္ဖို႔ ကေမၻာဒီးယားအစုိးရက စဥ္းစားခဲ့ပုံရတယ္လို႔ အကဲခတ္ေတြက သုံးသပ္ပါတယ္။ အထူးသျဖင့္ ဆန္စပါး မ်ားမ်ားထုတ္ႏုိင္ေအာင္ ရည္ရြယ္ပုံရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

၅ နှစ်အတွင်း မြေမြှုပ်မိုင်း အန္တရာယ်ကင်းဖို့ ကမ္ဘောဒီးယား လုပ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံဟာ လာမယ့် ၅ နှစ်အတွင်း မြေမြှုပ်မိုင်း ကင်းစင်ရမယ်လို့ ရည်မှန်းထားပါတယ်။

တချိန်က စစ်မြေပြင်ဖြစ်ခဲ့တဲ့ ဒီနိုင်ငံတွင်းမှာ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖယ်ရှားနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ကမ္ဘောဒီးယားစစ်သား ၂,၀၀၀ ကို မိုင်းဖယ်ရှားရေး လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကြာ ပြည်တွင်းစစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံဟာ မြေမြှုပ်မိုင်း အများဆုံးသုံးတဲ့နိုင်ငံ ဖြစ်ခဲ့ပြီး နိုင်ငံတဝန်းမှာ ပေါက်ကွဲစေတဲ့ စစ်လက်နက်ကိရိယာ ခန့်မှန်းခြေ ၄ သန်းကနေ ၆ သန်းထိ မြေအောက်မှာ ရှိပါတယ်။ ၁၉၉၆ ခုနှစ် စာရင်းအရ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄,၃၀၀ ကျော်အထိ စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကလေးတွေ၊ စူးစမ်းလိုသူတွေနဲ့ သံတိုသံစ ရှာသူတွေက မြေကြီးကို တူးဆွမိရာက မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ဒဏ်ရာရ သေဆုံးတဲ့အန္တရာယ် ရှိနေသေးသလို တဖက်မှာ တိုင်းပြည်စီးပွားရေးအတွက် စိုက်ပျိုးမြေ လိုအပ်လာတာကြောင့် ခုလို မိုင်းရှင်းလင်းရေးလုပ်ဖို့ ဖြစ်လာတာပါ။

ကိုဗစ်ကာလ ကြုံလာချိန်မှာ ပြည်တွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကျဆင်းလာပြီး တဖက်မှာ ကမ္ဘောဒီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် EU ဥရောပသမဂ္ဂက ကုန်သွယ်ရေး အထူးခံစားခွင့် ပြန်ရုပ်သိမ်းခဲ့တဲ့အတွက် တချိန်က ဝင်ငွေကောင်းခဲ့တဲ့ အထည်ချုပ်လုပ်ငန်း ထိခိုက်လာချိန်မှာ တိုင်းပြည်စီးပွားရေးကို စိုက်ပျိုးရေးဘက် ပြန်လှည့်ဖို့ ကမ္ဘောဒီးယားအစိုးရက စဉ်းစားခဲ့ပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ အထူးသဖြင့် ဆန်စပါး များများထုတ်နိုင်အောင် ရည်ရွယ်ပုံရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG