သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အေျခအေန အေကာင္းဆုံး ဘယ္အထိ ေမွ်ာ္လင့္ႏိုင္အလဲ


တိုက္႐ိုက္ လင့္ခ္

ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ဘူးလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားတဲ့ ရခိုင္ျပည္နယ္က ေဒသတခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ AA ရကၡိဳင္တပ္ေတာ္က ေတာင္းဆိုတာကို တပ္မေတာ္က ႀကိဳဆိုလိုက္ပါတယ္။ တခ်ိန္တည္းမွာလည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကလည္း သူတို႔အေနနဲ႔ အစိုးရသစ္ ျပန္လည္ဖြဲ႕စည္းတဲ့အခါ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအစိုးရကို ဖြဲ႕စည္းမယ္လို႔ ေျပာထားတာ ရွိပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ရခိုင္ျပည္နယ္ရဲ႕ ေရွ႕အလားအလာကို အေကာင္းဆုံး ဘယ္ေလာက္အထိ ေမွ်ာ္လင့္ႏိုင္ပါသလဲ။ ရခိုင္ျပည္နယ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးထားပါတယ္။

ေမး ။ ။ ေရွ႕ဦးစြာ ေလာေလာဆယ္ ျဖစ္ထြန္းလာႏိုင္တဲ့ အလားအလာကို ဦးစံေက်ာ္လွက အခုလို စတင္သုံးသပ္ျပပါတယ္။

ေျဖ ။ ။ ေလာေလာဆယ္မွာေတာ့ တဘက္နဲ႔တဘက္ ေၾကညာခ်က္ေတြ ထုတ္ၿပီးတဲ့ေနာက္မွာ အေျခအေနက ေတာ္ေတာ္ေလး ေအးခ်မ္းသြားတဲ့ အေနအထား ရွိပါတယ္။ ပစ္သံခတ္သံလည္း မၾကားရေတာ့ဘူး။ ဒီအတိုင္းသာ အျပဳသေဘာေဆာင္ၿပီး သြားၾကမယ္ဆိုရင္ ေ႐ြးေကာက္ပြဲႀကီးအလြန္ ကာလမွာလည္း ေအးေအးေဆးေဆး ျဖစ္သြားႏိုင္တဲ့ အေနအထား ရွိပါတယ္။

ေမး ။ ။ ေအးေအးေဆးေဆးဆိုတာ သူတို႔ ေတာ္ေတာ္ေလး ညႇိရမွာေပါ့ေနာ္။ AA ဘက္က ေတာင္းဆိုတဲ့ အေနအထားနဲ႔ ဒီဘက္က လိုက္ေလ်ာႏိုင္တဲ့ အေနအထား။ အဲဒီေတာင္းဆိုမႈ ႏွစ္ခုကေရာ ညႇိႏိႈင္းေစ့စပ္ႏိုင္မယ့္အဆင့္အထိ ေရာက္ႏိုင္မလား။ အပစ္အခတ္ရပ္စဲေရးေလာက္ပဲ ျဖစ္မယ္ထင္တယ္ ပထမအဆင့္ကေတာ့။

ေျဖ ။ ။ အခုထိေတာ့ ျမင္သာထင္သာ ေတာင္းဆိုမႈေတာ့ တစ္ခုမွ မရွိေသးဘူး။ သို႔ေသာ္ ညႇိႏိႈင္းေဆြးေႏြးတဲ့အခါေတာ့ တဘက္နဲ႔တဘက္ေတာ့ ေျပာၾကမွာပဲ။ အဲဒီလို ေျပာၾကတဲ့အခါ၊ လိုတာရွိမယ္၊ ပိုတာရွိမယ္။ အလြယ္တကူ ေခ်ာေခ်ာေမာေမာ ျဖစ္ဖို႔ဆိုတာကေတာ့ အခ်ိန္ကာလတစ္ခုကို ေစာင့္ရပါမယ္။

ေမး ။ ။ ဒါကေတာ့ တိုက္ပြဲနဲ႔ ပတ္သက္တဲ့ကိစၥ။ အထူးသျဖင့္ AA နဲ႔ တပ္မေတာ္ၾကားကိစၥေပါ့။ ေနာက္တခါ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကလည္း ေ႐ြးေကာက္ပြဲ ႏိုင္ၿပီးတဲ့အခါမွာ ဒီတစ္ခါေတာ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ အမ်ိဳးသားညီၫႊတ္ေရးအစိုးရမ်ိဳး ဖြဲ႕စည္းမယ္လို႔ ၾကားေနပါတယ္။ NLD လူႀကီးတစ္ေယာက္ကဆို ဘယ္ေလာက္အထိ ေျပာထားသလဲဆိုရင္ ျပည္နယ္ေတြမွာ အမတ္မဲ အမ်ားစုရတဲ့ ပါတီကို ဝန္ႀကီးခ်ဳပ္ေ႐ြးခြင့္ - အဲဒီပါတီကေ႐ြးၿပီး တင္ျပတဲ့ ဝန္ႀကီးခ်ဳပ္ကို ခန႔္မယ္ဆိုတဲ့သေဘာကိုေတာင္ သူကေတာ့ အတိအက် မေျပာႏိုင္ေသးဘူးလို႔ ေျပာပါတယ္။ အဲဒါ တကယ္ျဖစ္လာႏိုင္ပါသလား။ အဲဒီအထိ ေမွ်ာ္မွန္းႏိုင္ပါသလား။

ေျဖ ။ ။ က်ေနာ္တို႔ေတြ သိခဲ့တဲ့ ၂၀၁၅ အေတြ႕အႀကဳံအရဆိုရင္ အဲဒီေလာက္ထိ ယုံၾကည္လို႔ မရေသးဘူး။ အခု ရခိုင္ျပည္မွာ အခုလက္ရွိ အေနအထားမ်ိဳးမွာ NLD က (၅) ေနရာ ႏိုင္ထားတယ္။ တကယ္လို႔မ်ား ေ႐ြးေကာက္ပြဲဆက္ၿပီးေတာ့ လုပ္မယ္ဆိုရင္ ရခိုင္ပါတီေတြက ႏိုင္လာစရာအေၾကာင္း ရွိပါတယ္။ က်န္တဲ့ေနရာ ျပည္နယ္အဆင့္မွာဆိုရင္ (၂၀) ေလာက္ က်န္တယ္။ အဲဒီေတာ့ ဒီေနရာေတြမွာ ေ႐ြးေကာက္ပြဲလုပ္လိုက္လို႔ ရခိုင္ပါတီေတြ မ်ားမ်ားစားစား ႏိုင္လာရင္ေတာ့ NLD အေနနဲ႔ စဥ္းစားဖို႔ေကာင္းပါတယ္။ အခုအေနအထားမ်ိဳးမွာေတာ့ သိပ္ၿပီးေတာ့ မသိရေသးပါဘူး။ ေျပာတာဆိုတာလည္း က်ေနာ္တို႔အေပၚမွာ တစ္ခုမွ မရွိေသးပါဘူး။

ေမး ။ ။ ANP ပါတီအေနနဲ႔ မဲအမ်ားစု ႏိုင္လာခဲ့ၿပီဆိုရင္ ေမွ်ာ္မွန္းခ်က္က ဘယ္အထိ ထားပါသလဲ။ ပါတီက ေ႐ြးခ်ယ္တဲ့ ဝန္ႀကီးခ်ဳပ္ကို သမၼတက အတည္ျပဳေပးေစခ်င္လား။ သို႔တည္းမဟုတ္ ဒီအဆင့္ထိမရဘဲနဲ႔ ညိွႏိႈင္းသြားမယ္ဆိုတဲ့ ျပင္ဆင္ခ်က္မ်ား ရွိပါသလား။

ေျဖ ။ ။ ဒါကေတာ့ သူတို႔နဲ႔ ညႇိႏိႈင္းမယ္ဆိုတာကေတာ့ ေျပာဖို႔ အခ်ိန္ေစာပါေသးတယ္။ ဒါကေတာ့ ၾကားကာလမွာ ျဖစ္ေပၚလာတဲ့ အခင္းအက်င္းေပၚမွာ အသီးသီးေတာ့ ေျပာရမွာပဲ။

ေမး ။ ။ ဆိုေတာ့ ႏိုင္ဖို႔ေတာ့ လုံးဝေမွ်ာ္မွန္းခ်က္ ထားႏိုင္တယ္ေပါ့။ အခု ေ႐ြးေကာက္ပြဲ ျပန္လည္ျပဳလုပ္လာမယ္ဆိုရင္ ANP က အမ်ားဆုံး ႏိုင္သြားႏိုင္မယ္လို႔ ဆိုတာေပါ့။

ေျဖ ။ ။ အခုက်န္တဲ့ေနရာေတြမွာ ေ႐ြးေကာက္ပြဲကို ဆက္ၿပီးေတာ့ လုပ္မယ္ဆိုရင္ ေနရာေတာ္ေတာ္မ်ားမ်ားကို ရခိုင္ပါတီေတြ ႏိုင္ၾကမွာပဲ။ အထူးသျဖင့္ က်ေနာ္တို႔ ANP က ႏိုင္မွာပါ။ အျခားအျခားေသာ ရခိုင္ပါတီေတြကလည္း ႏိုင္ေခ်အမ်ားႀကီး ရွိပါတယ္။

ေမး ။ ။ အဲဒီေတာ့ တကယ္လို႔ ညႇိႏိႈင္းျဖစ္မယ္ဆိုရင္ ေအာက္ေျခအဆင့္ အနည္းဆုံး ငါတို႔ ဒီအဆင့္ရရင္ေတာ့ လက္ခံညႇိႏိႈင္းမယ္ဆိုတဲ့ bottom line အဲဒီလို သတ္မွတ္ထားခ်က္ ရွိပါသလား။ ေအာက္ေျခအဆင့္ကို သေဘာတူညီမႈရရင္ေတာ့ ငါတို႔ လက္ခံမယ္ဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳး ရွိပါသလား။ စဥ္းစားထားၿပီးၿပီလား။

ေျဖ ။ ။ ေလာေလာဆယ္ မရွိေသးပါဘူး။

ေမး ။ ။ ဆိုေတာ့ ျဖစ္ႏိုင္ေခ်ကေတာ့ အျမင္ဆုံးကေတာ့ ဝန္ႀကီးခ်ဳပ္ ျဖစ္ႏိုင္မယ္။ အခ်ိဳ႕ကလဲ ေျပာၾကတယ္ ဒီအစိုးရထဲမွာ အစိုးရအဖြဲ႕ဝင္ေတြက ရခိုင္ပါတီေတြက အဖြဲ႕ဝင္ေတြလည္း ပါဝင္လာႏိုင္တယ္။ ယုတ္စြအဆုံး အဲဒီေလာက္အထိ ေျပာၾကပါတယ္။ ဆိုေတာ့ က်ေနာ္က အဲဒါကို သိခ်င္လို႔ အဲဒီေလာက္ဆို ေက်နပ္ေလာက္တယ္လို႔ ေျပာရမလား။ ပါတီတြင္းမွာ မညႇိရေသးဘူး ထင္ပါတယ္။

ေျဖ ။ ။ မညႇိရေသးပါဘူး။ က်ေနာ္တို႔ ဒီကိစၥနဲ႔ ပတ္သက္လို႔ အက်ယ္တဝန႔္ေျပာၿပီးမွ ေဆာင္႐ြက္ရမယ့္ ကိစၥ ျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာ ေျပာလို႔မရႏိုင္ေသးပါဘူး။

ေမး ။ ။ အဲဒါက ႏိုင္ငံေရးပိုင္းေပါ့။ ေနာက္တစ္ခုက ရခိုင္ျပည္နယ္ရဲ႕ ဖြံ႕ၿဖိဳးေရးပိုင္း။ ဒီလို ၿငိမ္းခ်မ္းေရး ရသြားတယ္ဆိုရင္ပဲ ရခိုင္ျပည္နယ္မွာ အင္မတန္ ေအာက္က်ေနာက္က် ျဖစ္ေနတဲ့ ခြၽတ္ၿခဳံက်ေနတဲ့ စီးပြားေရးေတြ ျပန္လည္လုပ္ရမယ့္ကိစၥေတြ အမ်ားႀကီး ရွိေနေသးပါလိမ့္မယ္။ အဲဒါေတြေကာ ဘယ္ေလာက္အထိ လုပ္ႏိုင္မယ္ ထင္ပါသလဲ။ တကယ္လို႔ အပစ္အခတ္ ရပ္စဲတယ္ဆိုတဲ့ အဆင့္ေလာက္ကို စီးပြားေရး ျပန္လည္ထူေထာင္ေရးကို စတင္လုပ္ႏိုင္မယ္ ထင္ပါသလား။ လုံးဝၿငိမ္းခ်မ္းေရး လိုအပ္ပါသလား။ အခ်ိဳ႕ျပည္နယ္ေတြမွာလည္း အပစ္အခတ္ရပ္စဲ႐ုံနဲ႔ အပစ္ရပ္အဖြဲ႕ေတြနဲ႔ ညိွႏိႈင္းၿပီးေတာ့ ျပည္နယ္ဖြံ႕ၿဖိဳးေရးေတြ လုပ္ေနတာေတြကို ဦးစံလွေက်ာ္တို႔ ၾကားမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးေရးနဲ႔ ဆက္စပ္ၿပီး သုံးသပ္ေပးပါ။

ေျဖ ။ ။ အပစ္အခတ္ ရပ္စဲတာေလာက္နဲ႔ေတာ့ ေဒသဖြံ႕ၿဖိဳးေရးေတြ တအားႀကီး တိုးတက္လာမယ္လို႔ အဲဒီလို ေမွ်ာ္လင့္ခ်က္ထားလို႔ မရေသးဘူး။ အခုေတာင္မွ က်ေနာ္တို႔မွာ တိုက္ပြဲေတြကာလအတြင္းမွာ ပ်က္စီးသြားတဲ့ အေျခအေနေတြကို မနည္းႀကိဳးစားၿပီးေတာ့ ေလွ်ာက္လွမ္းသြားရအုံးမယ္။ ၿပီးေတာ့ အပစ္ခတ္ရပ္စဲတာကေနတဆင့္ ၿငိမ္းခ်မ္းေရးကို ေဆာင္႐ြက္ေပးႏိုင္ဖို႔ လိုပါတယ္။ တကယ္ေတာ့ ၿငိမ္းခ်မ္းေရးဆိုတာကလဲ ဒီတိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ့ အေျခအေနမ်ိဳး တစ္ခုခုကို ေရာက္ၿပီးမွ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ျဖစ္လာမွာ ျဖစ္ပါတယ္။ အဲဒီလိုဟာမ်ိဳးေတြကို မေရာက္သေ႐ြ႕ ၿငိမ္းခ်မ္းတယ္ဆိုလို႔ ေျပာလို႔ရေအာင္ အေျခအေနမ်ိဳးက ခက္ခဲတယ္။ အဲဒီေတာ့ က်ေနာ္ေျပာခ်င္တာက က်ေနာ္တို႔ႏိုင္ငံမွာ တိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ့ ဖယ္ဒရယ္ဒီမိုကေရစီ ပုံစံမ်ိဳး ျမန္ျမန္ဆန္ဆန္ ျဖစ္လာႏိုင္ရင္ေတာ့ ၿငိမ္းခ်မ္းေရးလည္း ျဖစ္လာမွာပဲ။ အဲဒီေနာက္ပိုင္းမွာ အားလုံးအားလုံး တည္ၿငိမ္ေအးခ်မ္းစြာနဲ႔ ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံတစ္ခုကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္မွာ ဦးစံေက်ာ္လွ ေျပာသလိုပဲ စစ္ေဘးေရွာင္ေတြကိစၥ။ အဲဒီကိစၥေတြကို အရင္ေျဖရွင္းရမယ္ဆိုေတာ့ အဲဒီကိစၥေတြက ဘယ္ေလာက္ထိ အေျခအေနေတြ ဆိုးေနပါသလဲ။ အခုလက္ရွိ အပူတျပင္း လုပ္စရာ ဘာေတြရွိပါသလဲ။ ဘာလုပ္ရမလဲ။

ေျဖ ။ ။ အခုေတာ့ ဆရာတို႔ သိတဲ့အတိုင္ပဲ စစ္ေဘးေရွာင္ေတြ နည္းတာမဟုတ္ဘူး။ ႏွစ္သိန္းေက်ာ္ေလာက္ ရွိတယ္။ အဲဒီအထဲမွာ ကိုယ္လက္အဂၤါပ်က္သြားတဲ့လူေတြ ရွိတယ္။ ေသဆုံးသြားတဲ့လူေတြ ရွိတယ္။ မေန႔ကပဲ လႊတ္ေတာ္မွာ ေမးခြန္းေမးလို႔ ဒီၾကားထဲမွာ လူေတြအေပၚ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ လူေတြအေပၚမွာ ဘယ္လိုလုပ္ၾကမလဲ။ အဲဒီလိုပုံစံမ်ိဳး က်ေနာ္တို႔မွာ ဒီၾကားကာလထဲမွာကို ဖ်က္ဆီးသြားတာ လုပ္စရာကိုင္စရာေတြ အမ်ားႀကီး ရွိပါတယ္။ အပစ္အခတ္ရပ္စဲတယ္ဆိုရင္ တဘက္ကလဲ အစိုးရဘက္က ပိုမိုႀကိဳးစားတယ္ဆိုရင္ေတာ့ ကယ္ဆယ္ေရးပိုင္း၊ ေလာေလာဆယ္မွာ သူတို႔ေတြ ကိုယ့္ေနရာကိုယ္ ျပန္ၿပီးေတာ့၊ ကိုယ့္ေဒသကိုယ္ သြားၿပီးေတာ့ လုပ္ႏိုင္ကိုင္ႏိုင္တဲ့ အေနအထားမ်ိဳးကိုေတာ့ ေရာက္ရွိလာမွာပါ။

ေမး ။ ။ အခု က်ေနာ္ သတင္းၾကားတာက တပ္မေတာ္ဘက္က စခန္းေတြမွာ အလံျဖဴေတြ ေထာင္ထားတယ္။ ဒါက Cease Fire အပစ္အခတ္ရပ္တယ္ဆိုတဲ့သေဘာ၊ ေနာက္ၿပီးေတာ့ စစ္သေဘၤာေတြေပၚမွာလည္း အလံျဖဴေတြ လႊင့္ထားတယ္လို႔ ၾကားပါတယ္။ တပ္မေတာ္ဘက္က။ အဲဒီေတာ့ AA ရကၡိဳင္တပ္ေတာ္ဘက္ကေရာ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လို တုံ႔ျပန္တဲ့အျပဳအမႈမ်ိဳး သတင္းၾကားရပါလဲ။

ေျဖ ။ ။ ဒီကိစၥေတာ့ ဘာတစ္ခုမွ မၾကားရေသးဘူး။

ေမး ။ ။ ေလာေလာဆယ္ တိုက္ခိုက္မႈေတြ တိုက္ပြဲေတြေတာ့ မရွိဘူးေပါ့။

ေျဖ ။ ။ တိုက္ပြဲေတြကေတာ့ လုံးဝေလာေလာဆယ္ မရွိဘူးလို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ေနာက္တစ္ခု ေမးခ်င္တာကေတာ့ ရခိုင္ျပည္နယ္မွာ ၿငိမ္းခ်မ္းေရး ရၾကၿပီဆိုရင္ AA နဲ႔ ၿငိမ္းခ်မ္းေရး သို႔တည္းမဟုတ္ အပစ္အခတ္ေတြ ရပ္စဲသြားၾကၿပီဆိုရင္ ဟိုဘက္ေရာက္ ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ တစုံတရာ ေျပလည္မႈ ရႏိုင္မယ့္ လမ္းေၾကာင္းပြင့္လာႏိုင္မယ္ ထင္ပါသလား။

ေျဖ ။ ။ ဟိုဘက္ကို ေရာက္သြားတဲ့ ဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔ကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ မစဥ္းစားလို႔ မရဘူး။ က်ေနာ္တို႔အားလုံး စဥ္းစားရမွာပဲ။ ေလာေလာဆယ္ေတာ့ အစိုးရဘက္ကလည္း အေကာင္အထည္ေဖာ္ေနတာေတာ့ ရွိပါတယ္။ သို႔ေသာ္ AA အဖြဲ႕က သာမန္တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ အပစ္ရပ္တာေလာက္နဲ႔ ဒီကိစၥမွာ ထဲထဲဝင္ဝင္ ပါဝင္ေဆာင္႐ြက္ဖို႔ဆိုတာေတာ့ မျဖစ္ႏိုင္ေသးဘူးလို႔ ယူဆပါတယ္။ အဲဒီလိုလုပ္ဖို႔အတြက္ တရားဝင္လုပ္ပိုင္ခြင့္ေတြရဖို႔ လိုအပ္တယ္။ အဲဒီလို တရားဝင္အခြင့္အေရးေတြ ရၿပီးမွ ဒီကိစၥေတြက ေဆာင္႐ြက္လို႔ ရမွာပါ။ ေလာေလာဆယ္ေတာ့ ဒီကိစၥက လက္ရွိတာဝန္ယူထားတဲ့ အစိုးရကိစၥပဲ ျဖစ္ပါတယ္။

ေမး ။ ။ ေနာက္ဆုံးျဖစ္ေပၚတိုးတက္လာတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ဦးစံေက်ာ္လွ ဘယ္ေလာက္အထိ အေကာင္းျမင္ေမွ်ာ္မွန္းထားပါသလဲ။ ဘယ္အထိ ျဖစ္ေပၚလာႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါသလဲ။

ေျဖ ။ ။ က်ေနာ့္အေနနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ နားလည္သေဘာေပါက္ၿပီးေတာ့ အပစ္ခတ္ေတြ ရပ္ထားၾကတယ္။ အဲဒီကေနတဆင့္ တရားဝင္အပစ္ခတ္ရပ္တာမ်ိဳး၊ အဲဒီကေနတဆင့္ ျမန္မာတႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးအထိ ေမွ်ာ္လင့္ပါတယ္။ အခု ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ အဓိက စဥ္းစားေနရတာက ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြ။ အဲဒီေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ သူတို႔က တစုတေဝးတည္းဆိုေတာ့ AA နဲ႔ အစိုးရနဲ႔ နားလည္မႈေပၚ မူတည္ၿပီးေတာ့ တျခားတျခား ပူးေပါင္းပါဝင္ေနတဲ့ အဖြဲ႕အစည္းေတြကလည္း နားလည္မႈ ရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တနည္းေျပာရရင္ေတာ့ ၿငိမ္းခ်မ္းေရးအတြက္ ေရာင္ျခည္ပါပဲ။ ေမွ်ာ္လင့္ခ်က္ထားႏိုင္တဲ့ ၿငိမ္းခ်မ္းေရးေရာင္ျခည္လို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ျမန္မာျပည္မွာက ေမွ်ာ္လင့္ၿပီးေတာ့ ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့ဟာေတြ ႀကဳံခဲ့ဖူးေတာ့ သံသယစိတ္ကေတာ့ တထင့္ထင့္ ရွိေနတုန္း ျဖစ္ပါတယ္။ တကယ္လို႔မ်ား မေအာင္ျမင္ခဲ့ရင္ အဆိုးဆုံးအေျခအေနက ဒုံရင္းျပန္ေရာက္သြားႏိုင္ပါသလား။ အဲဒီထက္ ဆိုးႏိုင္ေသးသလား။

ေျဖ ။ ။ ဘာပဲေျပာေျပာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး အေနအထားမ်ိဳးက အဲဒီလိုသေဘာ ရွိပါတယ္။ ေဆြးေႏြးလိုက္၊ တိုက္ပြဲျဖစ္လိုက္ ျပန္ၿပီးေတာ့ ေျပာလိုက္။ သို႔ေသာ္ အလြန္တရာ ပိုၿပီးေတာ့ ဆိုးဝါးတဲ့ အေျခအေနအထိ ဦးတည္သြားလိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ခ်က္ မထားပါဘူး။ သတိဝီရိယနဲ႔ပဲ က်ေနာ္တို႔က ႀကိဳးစားၿပီးေတာ့ ေဆာင္႐ြက္သြားၾကရမွာပါ။

==Unicode==
ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ ရခိုင်ပြည်နယ်က ဒေသတချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ AA ရက္ခိုင်တပ်တော်က တောင်းဆိုတာကို တပ်မတော်က ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သူတို့အနေနဲ့ အစိုးရသစ် ပြန်လည်ဖွဲ့စည်းတဲ့အခါ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရကို ဖွဲ့စည်းမယ်လို့ ပြောထားတာ ရှိပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ ရှေ့အလားအလာကို အကောင်းဆုံး ဘယ်လောက်အထိ မျှော်လင့်နိုင်ပါသလဲ။ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။

မေး ။ ။ ရှေ့ဦးစွာ လောလောဆယ် ဖြစ်ထွန်းလာနိုင်တဲ့ အလားအလာကို ဦးစံကျော်လှက အခုလို စတင်သုံးသပ်ပြပါတယ်။

ဖြေ ။ ။ လောလောဆယ်မှာတော့ တဘက်နဲ့တဘက် ကြေညာချက်တွေ ထုတ်ပြီးတဲ့နောက်မှာ အခြေအနေက တော်တော်လေး အေးချမ်းသွားတဲ့ အနေအထား ရှိပါတယ်။ ပစ်သံခတ်သံလည်း မကြားရတော့ဘူး။ ဒီအတိုင်းသာ အပြုသဘောဆောင်ပြီး သွားကြမယ်ဆိုရင် ရွေးကောက်ပွဲကြီးအလွန် ကာလမှာလည်း အေးအေးဆေးဆေး ဖြစ်သွားနိုင်တဲ့ အနေအထား ရှိပါတယ်။

မေး ။ ။ အေးအေးဆေးဆေးဆိုတာ သူတို့ တော်တော်လေး ညှိရမှာပေါ့နော်။ AA ဘက်က တောင်းဆိုတဲ့ အနေအထားနဲ့ ဒီဘက်က လိုက်လျောနိုင်တဲ့ အနေအထား။ အဲဒီတောင်းဆိုမှု နှစ်ခုကရော ညှိနှိုင်းစေ့စပ်နိုင်မယ့်အဆင့်အထိ ရောက်နိုင်မလား။ အပစ်အခတ်ရပ်စဲရေးလောက်ပဲ ဖြစ်မယ်ထင်တယ် ပထမအဆင့်ကတော့။

ဖြေ ။ ။ အခုထိတော့ မြင်သာထင်သာ တောင်းဆိုမှုတော့ တစ်ခုမှ မရှိသေးဘူး။ သို့သော် ညှိနှိုင်းဆွေးနွေးတဲ့အခါတော့ တဘက်နဲ့တဘက်တော့ ပြောကြမှာပဲ။ အဲဒီလို ပြောကြတဲ့အခါ၊ လိုတာရှိမယ်၊ ပိုတာရှိမယ်။ အလွယ်တကူ ချောချောမောမော ဖြစ်ဖို့ဆိုတာကတော့ အချိန်ကာလတစ်ခုကို စောင့်ရပါမယ်။

မေး ။ ။ ဒါကတော့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စ။ အထူးသဖြင့် AA နဲ့ တပ်မတော်ကြားကိစ္စပေါ့။ နောက်တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ နိုင်ပြီးတဲ့အခါမှာ ဒီတစ်ခါတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားညီညွှတ်ရေးအစိုးရမျိုး ဖွဲ့စည်းမယ်လို့ ကြားနေပါတယ်။ NLD လူကြီးတစ်ယောက်ကဆို ဘယ်လောက်အထိ ပြောထားသလဲဆိုရင် ပြည်နယ်တွေမှာ အမတ်မဲ အများစုရတဲ့ ပါတီကို ဝန်ကြီးချုပ်ရွေးခွင့် - အဲဒီပါတီကရွေးပြီး တင်ပြတဲ့ ဝန်ကြီးချုပ်ကို ခန့်မယ်ဆိုတဲ့သဘောကိုတောင် သူကတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ အဲဒါ တကယ်ဖြစ်လာနိုင်ပါသလား။ အဲဒီအထိ မျှော်မှန်းနိုင်ပါသလား။

ဖြေ ။ ။ ကျနော်တို့တွေ သိခဲ့တဲ့ ၂၀၁၅ အတွေ့အကြုံအရဆိုရင် အဲဒီလောက်ထိ ယုံကြည်လို့ မရသေးဘူး။ အခု ရခိုင်ပြည်မှာ အခုလက်ရှိ အနေအထားမျိုးမှာ NLD က (၅) နေရာ နိုင်ထားတယ်။ တကယ်လို့များ ရွေးကောက်ပွဲဆက်ပြီးတော့ လုပ်မယ်ဆိုရင် ရခိုင်ပါတီတွေက နိုင်လာစရာအကြောင်း ရှိပါတယ်။ ကျန်တဲ့နေရာ ပြည်နယ်အဆင့်မှာဆိုရင် (၂၀) လောက် ကျန်တယ်။ အဲဒီတော့ ဒီနေရာတွေမှာ ရွေးကောက်ပွဲလုပ်လိုက်လို့ ရခိုင်ပါတီတွေ များများစားစား နိုင်လာရင်တော့ NLD အနေနဲ့ စဉ်းစားဖို့ကောင်းပါတယ်။ အခုအနေအထားမျိုးမှာတော့ သိပ်ပြီးတော့ မသိရသေးပါဘူး။ ပြောတာဆိုတာလည်း ကျနော်တို့အပေါ်မှာ တစ်ခုမှ မရှိသေးပါဘူး။

မေး ။ ။ ANP ပါတီအနေနဲ့ မဲအများစု နိုင်လာခဲ့ပြီဆိုရင် မျှော်မှန်းချက်က ဘယ်အထိ ထားပါသလဲ။ ပါတီက ရွေးချယ်တဲ့ ဝန်ကြီးချုပ်ကို သမ္မတက အတည်ပြုပေးစေချင်လား။ သို့တည်းမဟုတ် ဒီအဆင့်ထိမရဘဲနဲ့ ညှိနှိုင်းသွားမယ်ဆိုတဲ့ ပြင်ဆင်ချက်များ ရှိပါသလား။

ဖြေ ။ ။ ဒါကတော့ သူတို့နဲ့ ညှိနှိုင်းမယ်ဆိုတာကတော့ ပြောဖို့ အချိန်စောပါသေးတယ်။ ဒါကတော့ ကြားကာလမှာ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းပေါ်မှာ အသီးသီးတော့ ပြောရမှာပဲ။

မေး ။ ။ ဆိုတော့ နိုင်ဖို့တော့ လုံးဝမျှော်မှန်းချက် ထားနိုင်တယ်ပေါ့။ အခု ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်လာမယ်ဆိုရင် ANP က အများဆုံး နိုင်သွားနိုင်မယ်လို့ ဆိုတာပေါ့။

ဖြေ ။ ။ အခုကျန်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကို ဆက်ပြီးတော့ လုပ်မယ်ဆိုရင် နေရာတော်တော်များများကို ရခိုင်ပါတီတွေ နိုင်ကြမှာပဲ။ အထူးသဖြင့် ကျနော်တို့ ANP က နိုင်မှာပါ။ အခြားအခြားသော ရခိုင်ပါတီတွေကလည်း နိုင်ချေအများကြီး ရှိပါတယ်။

မေး ။ ။ အဲဒီတော့ တကယ်လို့ ညှိနှိုင်းဖြစ်မယ်ဆိုရင် အောက်ခြေအဆင့် အနည်းဆုံး ငါတို့ ဒီအဆင့်ရရင်တော့ လက်ခံညှိနှိုင်းမယ်ဆိုတဲ့ bottom line အဲဒီလို သတ်မှတ်ထားချက် ရှိပါသလား။ အောက်ခြေအဆင့်ကို သဘောတူညီမှုရရင်တော့ ငါတို့ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိပါသလား။ စဉ်းစားထားပြီးပြီလား။

ဖြေ ။ ။ လောလောဆယ် မရှိသေးပါဘူး။

မေး ။ ။ ဆိုတော့ ဖြစ်နိုင်ချေကတော့ အမြင်ဆုံးကတော့ ဝန်ကြီးချုပ် ဖြစ်နိုင်မယ်။ အချို့ကလဲ ပြောကြတယ် ဒီအစိုးရထဲမှာ အစိုးရအဖွဲ့ဝင်တွေက ရခိုင်ပါတီတွေက အဖွဲ့ဝင်တွေလည်း ပါဝင်လာနိုင်တယ်။ ယုတ်စွအဆုံး အဲဒီလောက်အထိ ပြောကြပါတယ်။ ဆိုတော့ ကျနော်က အဲဒါကို သိချင်လို့ အဲဒီလောက်ဆို ကျေနပ်လောက်တယ်လို့ ပြောရမလား။ ပါတီတွင်းမှာ မညှိရသေးဘူး ထင်ပါတယ်။

ဖြေ ။ ။ မညှိရသေးပါဘူး။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်လို့ အကျယ်တဝန့်ပြောပြီးမှ ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ပြောလို့မရနိုင်သေးပါဘူး။

မေး ။ ။ အဲဒါက နိုင်ငံရေးပိုင်းပေါ့။ နောက်တစ်ခုက ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးပိုင်း။ ဒီလို ငြိမ်းချမ်းရေး ရသွားတယ်ဆိုရင်ပဲ ရခိုင်ပြည်နယ်မှာ အင်မတန် အောက်ကျနောက်ကျ ဖြစ်နေတဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေးတွေ ပြန်လည်လုပ်ရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးပါလိမ့်မယ်။ အဲဒါတွေကော ဘယ်လောက်အထိ လုပ်နိုင်မယ် ထင်ပါသလဲ။ တကယ်လို့ အပစ်အခတ် ရပ်စဲတယ်ဆိုတဲ့ အဆင့်လောက်ကို စီးပွားရေး ပြန်လည်ထူထောင်ရေးကို စတင်လုပ်နိုင်မယ် ထင်ပါသလား။ လုံးဝငြိမ်းချမ်းရေး လိုအပ်ပါသလား။ အချို့ပြည်နယ်တွေမှာလည်း အပစ်အခတ်ရပ်စဲရုံနဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ပြည်နယ်ဖွံ့ဖြိုးရေးတွေ လုပ်နေတာတွေကို ဦးစံလှကျော်တို့ ကြားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဆက်စပ်ပြီး သုံးသပ်ပေးပါ။

ဖြေ ။ ။ အပစ်အခတ် ရပ်စဲတာလောက်နဲ့တော့ ဒေသဖွံ့ဖြိုးရေးတွေ တအားကြီး တိုးတက်လာမယ်လို့ အဲဒီလို မျှော်လင့်ချက်ထားလို့ မရသေးဘူး။ အခုတောင်မှ ကျနော်တို့မှာ တိုက်ပွဲတွေကာလအတွင်းမှာ ပျက်စီးသွားတဲ့ အခြေအနေတွေကို မနည်းကြိုးစားပြီးတော့ လျှောက်လှမ်းသွားရအုံးမယ်။ ပြီးတော့ အပစ်ခတ်ရပ်စဲတာကနေတဆင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကလဲ ဒီတိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အခြေအနေမျိုး တစ်ခုခုကို ရောက်ပြီးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုဟာမျိုးတွေကို မရောက်သရွေ့ ငြိမ်းချမ်းတယ်ဆိုလို့ ပြောလို့ရအောင် အခြေအနေမျိုးက ခက်ခဲတယ်။ အဲဒီတော့ ကျနော်ပြောချင်တာက ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပုံစံမျိုး မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ရင်တော့ ငြိမ်းချမ်းရေးလည်း ဖြစ်လာမှာပဲ။ အဲဒီနောက်ပိုင်းမှာ အားလုံးအားလုံး တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလောလောဆယ်မှာ ဦးစံကျော်လှ ပြောသလိုပဲ စစ်ဘေးရှောင်တွေကိစ္စ။ အဲဒီကိစ္စတွေကို အရင်ဖြေရှင်းရမယ်ဆိုတော့ အဲဒီကိစ္စတွေက ဘယ်လောက်ထိ အခြေအနေတွေ ဆိုးနေပါသလဲ။ အခုလက်ရှိ အပူတပြင်း လုပ်စရာ ဘာတွေရှိပါသလဲ။ ဘာလုပ်ရမလဲ။

ဖြေ ။ ။ အခုတော့ ဆရာတို့ သိတဲ့အတိုင်ပဲ စစ်ဘေးရှောင်တွေ နည်းတာမဟုတ်ဘူး။ နှစ်သိန်းကျော်လောက် ရှိတယ်။ အဲဒီအထဲမှာ ကိုယ်လက်အင်္ဂါပျက်သွားတဲ့လူတွေ ရှိတယ်။ သေဆုံးသွားတဲ့လူတွေ ရှိတယ်။ မနေ့ကပဲ လွှတ်တော်မှာ မေးခွန်းမေးလို့ ဒီကြားထဲမှာ လူတွေအပေါ် မျှော်လင့်ချက်မဲ့နေတဲ့ လူတွေအပေါ်မှာ ဘယ်လိုလုပ်ကြမလဲ။ အဲဒီလိုပုံစံမျိုး ကျနော်တို့မှာ ဒီကြားကာလထဲမှာကို ဖျက်ဆီးသွားတာ လုပ်စရာကိုင်စရာတွေ အများကြီး ရှိပါတယ်။ အပစ်အခတ်ရပ်စဲတယ်ဆိုရင် တဘက်ကလဲ အစိုးရဘက်က ပိုမိုကြိုးစားတယ်ဆိုရင်တော့ ကယ်ဆယ်ရေးပိုင်း၊ လောလောဆယ်မှာ သူတို့တွေ ကိုယ့်နေရာကိုယ် ပြန်ပြီးတော့၊ ကိုယ့်ဒေသကိုယ် သွားပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမျိုးကိုတော့ ရောက်ရှိလာမှာပါ။

မေး ။ ။ အခု ကျနော် သတင်းကြားတာက တပ်မတော်ဘက်က စခန်းတွေမှာ အလံဖြူတွေ ထောင်ထားတယ်။ ဒါက Cease Fire အပစ်အခတ်ရပ်တယ်ဆိုတဲ့သဘော၊ နောက်ပြီးတော့ စစ်သင်္ဘောတွေပေါ်မှာလည်း အလံဖြူတွေ လွှင့်ထားတယ်လို့ ကြားပါတယ်။ တပ်မတော်ဘက်က။ အဲဒီတော့ AA ရက္ခိုင်တပ်တော်ဘက်ကရော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လို တုံ့ပြန်တဲ့အပြုအမှုမျိုး သတင်းကြားရပါလဲ။

ဖြေ ။ ။ ဒီကိစ္စတော့ ဘာတစ်ခုမှ မကြားရသေးဘူး။

မေး ။ ။ လောလောဆယ် တိုက်ခိုက်မှုတွေ တိုက်ပွဲတွေတော့ မရှိဘူးပေါ့။

ဖြေ ။ ။ တိုက်ပွဲတွေကတော့ လုံးဝလောလောဆယ် မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး ။ ။ နောက်တစ်ခု မေးချင်တာကတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရကြပြီဆိုရင် AA နဲ့ ငြိမ်းချမ်းရေး သို့တည်းမဟုတ် အပစ်အခတ်တွေ ရပ်စဲသွားကြပြီဆိုရင် ဟိုဘက်ရောက် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ပြေလည်မှု ရနိုင်မယ့် လမ်းကြောင်းပွင့်လာနိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ ဟိုဘက်ကို ရောက်သွားတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မစဉ်းစားလို့ မရဘူး။ ကျနော်တို့အားလုံး စဉ်းစားရမှာပဲ။ လောလောဆယ်တော့ အစိုးရဘက်ကလည်း အကောင်အထည်ဖော်နေတာတော့ ရှိပါတယ်။ သို့သော် AA အဖွဲ့က သာမန်တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပစ်ရပ်တာလောက်နဲ့ ဒီကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် တရားဝင်လုပ်ပိုင်ခွင့်တွေရဖို့ လိုအပ်တယ်။ အဲဒီလို တရားဝင်အခွင့်အရေးတွေ ရပြီးမှ ဒီကိစ္စတွေက ဆောင်ရွက်လို့ ရမှာပါ။ လောလောဆယ်တော့ ဒီကိစ္စက လက်ရှိတာဝန်ယူထားတဲ့ အစိုးရကိစ္စပဲ ဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဦးစံကျော်လှ ဘယ်လောက်အထိ အကောင်းမြင်မျှော်မှန်းထားပါသလဲ။ ဘယ်အထိ ဖြစ်ပေါ်လာနိုင်မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ ။ ။ ကျနော့်အနေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်သဘောပေါက်ပြီးတော့ အပစ်ခတ်တွေ ရပ်ထားကြတယ်။ အဲဒီကနေတဆင့် တရားဝင်အပစ်ခတ်ရပ်တာမျိုး၊ အဲဒီကနေတဆင့် မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးအထိ မျှော်လင့်ပါတယ်။ အခု ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိက စဉ်းစားနေရတာက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ။ အဲဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ သူတို့က တစုတဝေးတည်းဆိုတော့ AA နဲ့ အစိုးရနဲ့ နားလည်မှုပေါ် မူတည်ပြီးတော့ တခြားတခြား ပူးပေါင်းပါဝင်နေတဲ့ အဖွဲ့အစည်းတွေကလည်း နားလည်မှု ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တနည်းပြောရရင်တော့ ငြိမ်းချမ်းရေးအတွက် ရောင်ခြည်ပါပဲ။ မျှော်လင့်ချက်ထားနိုင်တဲ့ ငြိမ်းချမ်းရေးရောင်ခြည်လို့ ပြောလို့ရပါတယ်။

မေး ။ ။ မြန်မာပြည်မှာက မျှော်လင့်ပြီးတော့ မျှော်လင့်သလို ဖြစ်မလာတဲ့ဟာတွေ ကြုံခဲ့ဖူးတော့ သံသယစိတ်ကတော့ တထင့်ထင့် ရှိနေတုန်း ဖြစ်ပါတယ်။ တကယ်လို့များ မအောင်မြင်ခဲ့ရင် အဆိုးဆုံးအခြေအနေက ဒုံရင်းပြန်ရောက်သွားနိုင်ပါသလား။ အဲဒီထက် ဆိုးနိုင်သေးသလား။

ဖြေ ။ ။ ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အနေအထားမျိုးက အဲဒီလိုသဘော ရှိပါတယ်။ ဆွေးနွေးလိုက်၊ တိုက်ပွဲဖြစ်လိုက် ပြန်ပြီးတော့ ပြောလိုက်။ သို့သော် အလွန်တရာ ပိုပြီးတော့ ဆိုးဝါးတဲ့ အခြေအနေအထိ ဦးတည်သွားလိမ့်မယ်လို့တော့ မျှော်လင့်ချက် မထားပါဘူး။ သတိဝီရိယနဲ့ပဲ ကျနော်တို့က ကြိုးစားပြီးတော့ ဆောင်ရွက်သွားကြရမှာပါ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG